Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ

by Thutamm
October 23, 2020
Reading Time: 4min read
0
ရေငုပ်သင်္ဘော အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ
Share on FacebookShare on Twitter

ရေးသားသူ – Aung Kaung Htet(GAD)

ရေငုပ်သင်္ဘော( Submarines) တွေဟာဆိုရင် ရေပြင်အောက်မှာသာမက ရေပြင်အပေါ် မှာလည်းသွားလာနိုင်ကြပြီး လက်ရှိ ကမ္ဘာ့အင်အားကြီးနိုင်ငံရေတပ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ စစ်အင်္ဂါရပ်တစ်ခုအဖြစ်ရှိနေပြီဖြစ်ပါတယ်။ ရေငုပ်သင်္ဘောတွေကိုတော့ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်လိုကာလတွေမှာ ကတည်းက ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ကြကာ ယနေ့ကာလလိုအချိန်မှာဆိုရင်တော့ ရေငုပ်သင်္ဘောအုပ်စုတွေဟာ ကမ္ဘာ့စူပါ ပါဝါနိုင်ငံကြီးတွေရဲ့ အဆင့်အတန်းကိုဖော်ပြနေတဲ့အမှတ်အသားတွေအဖြစ်လည်း လူသိများပါတယ်။

ပထမကမ္ဘာစစ်ကာလက ဂျာမန်တပ်မတော်ကအသုံးပြုတဲ့ U-boats တွေဖြစ်တဲ့ U-139 ၊ U-151 ၊ U-127 နဲ့ U-3 စတဲ့ ရေငုပ်သင်္ဘောအုပ်စုတွေဟာဆိုရင်မဟာမိတ်ရေတပ်တွေ ကိုအကြီးအကျယ်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးချိန်ကာလမှာဆိုရင်လည်း U-boat မျိုးဆက် ရေငုပ်ရေယာဉ်တွေကို ထပ်မံဆန်းသစ်မှုတွေပြုလုပ်ကာ ဂျာမနီနာဇီက ဆက်လက်သုံးစွဲခဲ့ပြန်ပါတယ်။ ရေငုပ်သင်္ဘောတွေ ကိုစတင်ဆန်းသစ်ခဲ့သူဟာ ဂျာမန်တွေဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ပထမကမ္ဘာစစ်ကာလကဆိုရင် ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီး Alfred Peter Friedrich von Tirpitz ရဲ့ကွပ်ကဲမှု နဲ့ရေငုပ်သင်္ဘောတွေ စတင်တည်ဆောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အဓိကကတော့ကမ္ဘာ ရေတပ်အင်အားမှာ အကောင်းဆုံးဖြစ်နေတဲ့ အင်္ဂလန်ရေတပ်ကိုယှဉ်ပြိုင်နိုင်ဖို့အတွက် ဆန်းပြားတဲ့ရေယာဉ်တွေတည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူရဲ့ ရည်ရွယ်ချက်ကတော့ ပြီးမြောက်အောင်မြင်ခဲ့တာမျိုးတော့မရှိဘဲ နောက်ဆုံးမှာတော့ ဂျာမန်အင်ပါယာရေယာဉ်တွေဟာဆိုရင် မဟာမိတ်ရေတပ်ရဲ့အနိုင်ပိုင်းမှုကို ကမ္ဘာစစ်(၂)ကြိမ်လုံး ခံစားခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာတော့ အမေရိကန်ပြည်ထောင်စုရေတပ်မတော်ဟာ စွမ်းရည်မြင့်ရေငုပ်သင်္ဘောတွေကိုတည်ဆောက်လာနိုင်ခဲ့ပြီး ဂျာမန်အပါအဝင် အာရှအင်အားကြီးဂျပန်တွေအပေါ် အကြီးအကျယ်အသာစီးရယူနိုင်ခဲ့ပါတယ်။

ယင်းကာလအတွင်း အမေရိကန်ရေတပ်ဟာ အမျိုးအစားမတူတဲ့ ရေငုပ်သင်္ဘော(၂၆၃)စင်းကိုအသုံးပြုပြီး ရန်သူစစ်ရေယာဉ်စီးရေ(၁၃၁၄)စီးလောက်ကို နစ်မြုပ်ပစ်ခဲ့ပါတယ်။ အထူးသဖြင့်ဂျပန်ရေတပ်နဲ့ဆင်နွှဲခဲ့တဲ့ ပစိဖိတ်ရေကြောင်းစစ်မျက်နှာအတွင်းမှာဆိုရင်ဂျပန်ရေတပ်ပိုင်စစ် သင်္ဘောစီးရေ(၃၀)ရာခိုင်နှုန်း၊ တိုက်ပွဲဝင်စစ်ရေယာဉ်အရေအတွက်ရဲ့(၅၅)ရာခိုင်နှုန်း လောက်ကို ရေငုပ်သင်္ဘောတွေရဲ့အစွမ်းနဲ့နှစ်မြုပ်ပစ်နိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရေငုပ်သင်္ဘောတွေရဲ့ စစ်မြေပြင်ဆိုင်ရာစွမ်းဆောင်ရည်တွေအပေါ်သုံးသပ်နိုင်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာရေငုပ်သင်္ဘောစီးရေ အများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။

(၄) ရုရှား

ရုရှားနိုင်ငံရဲ့မူရင်းဖြစ်တဲ့ ဆိုဗီယက်နိုင်ငံလုပ် ရေငုပ်သင်္ဘောဒီဇိုင်းများစွာဟာ ယနေ့အချိန်ထိကမ္ဘာပေါ်မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြဆဲဖြစ်ပါတယ်။ တချိန်ကတော့ ဆိုဗီယက်တွေဟာ စစ်လက်နက်၊ယာဉ်ထုတ်လုပ်မှုပိုင်းမှာ ကမ္ဘာ့ထိပ်တန်းနေရာကိုရောက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာဆိုရင် ရုရှားဟာ ရေငုပ်သင်္ဘောစီးရေ (၆၂)စီးအထိ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ ယနေ့ကာလမှာဆိုရင် ရုရှားရေတပ်မှာ တည်ဆောက်ဆဲ ရေငုပ်သင်္ဘော အမျိုးအစား(၆)မျိုးအထိ ရှိနေပါတယ်။

Borei-class ballistic subs ၊ Khabarovsk-class တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ၊ Yasen-class cruise missile ရေငုပ်သင်္ဘောတွေနဲ့ Lada-class တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေလို နည်းပညာမြင့်သင်္ဘောတွေပါဝင်နေပါတယ်။ ရုရှားတွေဟာ အမေရိကန်နဲ့အပြိုင် စစ်လက်နက်တပ်ဆင်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပြီး အထူးသဖြင့်စစ်အေး တိုက်ပွဲကာလကတည်းက ရေတပ်စွမ်းအားကိုမြင့်တင်တည်ဆောက်မှုအပိုင်းဟာ အမြင့်ဆုံးအခြေအနေထိကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

(၃) အမေရိကန်ပြည်ထောင်စု

ကမ္ဘာပေါ်မှ ာတတိယမြောက် ရေငုပ်သင်္ဘောအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့စစ်ဘက်ဆိုင်ရာနည်းပညာပိုင်းဟာ ယခုစာရင်းမှာပါဝင်နေတဲ့ တခြားကမ္ဘာ့အင်အားကြီးနိုင်ငံတွေထက် ခေါင်းတစ်လုံးမက သာလွန်နေဆဲလည်းဖြစ်ပါတယ်။ အမေရိကန်တွေရဲ့ ရေငုပ်သင်္ဘောတည်ဆောက်မှုနည်းပညာဟာ ဒုတိယကမ္ဘာ စစ်နောက်ပိုင်းကာလတွေကတည်းက တဟုန်ထိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ အမေရိကန်တွေဟာ (၁၉၅၄) ခုနှစ်ကတည်းက နျူးကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောတွေကိုတည်ဆောက်နိုင်ခဲ့ကြတာဖြစ်ပြီး ၎င်းယာဉ်တွေဟာဆိုရင် ဒီဇယ်လို လောင်စာသုံး ရေငုပ်သင်္ဘောတွေထက် စွမ်းရည်များစွာ သာလွန်နေခဲ့တာလည်းဖြစ်ပါတယ်။

USS Nautilus ကတော့ ကမ္ဘာ့ပထမဆုံးတဖြစ်လဲ အမေရိကန်တွေပထမဆုံးတည်ဆောက်ခဲ့တဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး (၁၉၅၄)ခုနှစ်၊ဇန်နဝါရီ(၂၁)ရက်မှာရေချခဲ့ပါတယ်။ USS Nautilus ဟာဆိုရင်ရက်သတ္တပတ်(၂)ပတ်လောက်အထိ ရေအောက်မှာတာဝန် ထမ်းဆောင်နိုင်ပါတယ်။ ယနေ့အချိန်မှာဆိုရင်အမေရိကန်ပြည်ထောင်စုဟာနျူးကလီး ယားစွမ်းအင်သုံးရေငုပ်သင်္ဘောစီးရေ(၆၆)စီးအထိပိုင်ဆိုင်ထားပါတယ်။ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောအုပ်စုတွေမှာတော့ 34 Ohio-Class missile ရေငုပ်သင်္ဘောတွေ၊ 34 Los Angeles-class တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ၊ နာမည်ကျော် Seawolf-class တိုက်ခိုက်ရေးရေငုပ်သင်္ဘော (၃)စင်းအပြင်မြန်နှုန်းမြင့် Virginia-class တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေအထိ ပါဝင်နေပါတယ်။

(၂)တရုတ်နိုင်ငံ

ဒီဘက်နှစ်တွေမှာ အဆမတန်ကြီးထွားလာတဲ့စီးပွားရေးနဲ့အတူ တရုတ်စစ်တပ်ဟာလည်း ကမ္ဘာစူပါပါဝါနိုင်ငံတစ်ခုအဖြစ် တဆင့်ချင်းတည်ဆောက်နေတာဖြစ်တာကြောင့် ယခုစာရင်းမှာတရုတ်နိုင်ငံပါဝင်နေတာဟာ သိပ်တော့မဆန်းပါဘူး။ အထူးသဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာဆိုရင် ရေတပ်အင်အားကိုအလွန်အမင်းတိုးချဲ့တည်ဆောက်ခဲ့ရာမှာတော့ မြောက်ပင်လယ်ပိုင်း၊တောင်ပင်လယ်နဲ့ အနောက်ပင်လယ်ပိုင်းဒေသတွေအတွက် တိုက်ပွဲဝင်ရေငုပ်သင်္ဘောအုပ်စုတွေ ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ အထင်ရှားဆုံးလုပ်ရပ်တွေဖြစ်ပါတယ်။

တရုတ်တွေအန်တုဖို့ကြိုးစားနေတဲ့ အမေရိကန်ရေတပ်ပိုင်ရေငုပ်သင်္ဘော တွေနဲ့မတူညီတဲ့အချက်ကတော့ PLANSF ယာဉ်တွေဟာ နျူးကလီးယားနဲ့ဒီဇယ်စွမ်းအင် (၂)မျိုးစလုံးကိုအသုံးပြုနိုင်ကြပြီး ဆိုဗီယက်ပြည်ထောင်စု ကောင်းစားစဉ်ကတည်ဆော က်ခဲ့တဲ့ ရေငုပ်သင်္ဘောတွေရဲ့ဒီဇိုင်းကိုအခြေခံထားတာဖြစ်ပါတယ်။ တရုတ်စစ်တပ်ပိုင် ရေငုပ်သင်္ဘောတွေမှာတော့ ဒီဇယ်စွမ်းအင်ကိုအ သုံးပြုမောင်းနှင်ရတဲ့ Type 039a ၊ Type 039 ၊Type 035 ၊ Kilo-class ရေငုပ်သင်္ဘောတွေ ပါဝင်နေတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ရေငုပ်သင်္ဘောတည်ဆောက်ရေးနည်းပညာကို ကူညီနေတာကတော့ ရုရှားနိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်လည်း ယင်းနိုင်ငံ(၂)နိုင်ငံပူးပေါင်းပြီးနျူးကလီးယား စွမ်းအင်သုံးမဟုတ်တဲ့ နည်းပညာမြင့်ရေငုပ်သင်္ဘောတွေတည်ဆောက်ဖို့ကြိုးပမ်းမှုတွေ ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့တရုတ်နိုင်ငံဟာ နျူးကလီးယားစွမ်းအင်သုံး Shang-classရေငုပ်သင်္ဘောတွေအပြင်ရေငုပ်သင်္ဘောစီးရေ(၇၄)စင်းအထိကို ပိုင်ဆိုင်ထားပါတယ်။

(၁)မြောက်ကိုရီးယား

မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ရေငုပ်သင်္ဘောစီးရေ အများဆုံးပိုင်ဆိုင်ထားပါတယ်။ စစ်လက်နက်နိုင်ငံတစ်ခုကို တည်ဆောက်ထားပြီးဒေသတွင်းငြိမ်းချမ်းရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ စစ်အာဏာရှင် Kim Jong-Un ရဲ့စိတ်ကူးအတိုင်းအများအပြားတည်ဆောက်ခဲ့တာဖြစ်ပြီး အနာဂတ်ကိုရီးယားကျွန်းဆွယ်တိုက်ပွဲ ကိုဦးတည်နေသလားဆိုတဲ့ မေးခွန်းများစွာဟာလည်း မြောက်ကိုရီးယားရဲ့များပြားစွာ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတွေကြောင့် ပိုမိုကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရေတပ်ရဲ့ ရေငုပ်သင်္ဘော အများစုဟာ သက်တမ်းလွန်ယာဉ်တွေဖြစ်တယ်လို့ခန့်မှန်းပြောဆိုမှုတွေရှိနေခဲ့ပေမယ့် မြောက်ကိုရီးယားဟာတိုက်ပွဲဝင်ရေငုပ်သင်္ဘောများစွာ ပိုင်ဆိုင်ထားဆဲဆိုတဲ့အချက်ကတော့ ထင်ရှားနေတာလည်းဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် ကံကောင်းတာကတော့ မြောက်ကိုရီးယားရေတပ်ဟာ နျူးကလီးယားစွမ်းအင်သုံးရေငုပ်ယာဉ်တွေကို လက်ရှိအချိန်ထိပိုင်ဆိုင်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောအမျိုးအစားတွေ ကတော့ Iranian ဒီဇိုင်းလက်ရာ Yono-class midgate ရေငုပ်သင်္ဘောတွေ၊ ဆိုဗီယက် Whiskey-class subs ၊ တရုတ်နိုင်ငံလုပ် Romeo-class ရေငုပ်သင်္ဘောတွေဖြစ်ပါတယ်။ သတင်းတွေအရတော့ မြောက်ကိုရီးယားရဲ့ရေငုပ်သင်္ဘောတွေကတပ်ဆင်ထားတဲ့ ballistic missile (ဒုံးကျည်) တွေဟာဆိုရင် ကုန်းတွင်းပိုင်းနေရာတွေအထိ မိုင်ပေါင်းများစွာအကွာအဝေးကို ပစ်ခတ်နိုင်တယ်လို့သိရပေမဲ့ တိကျတဲ့သတင်းအချက်အလက်တွေကိုတော့ မြောက်ကိုရီးယားဘက်က ထုတ်ပြန်တာမျိုးတော့မရှိပါဘူး။ စာရင်းတွေအရ မြောက်ကိုရီးယားရဲ့ ပိုင်ဆိုင်တဲ့ရေငုပ်သင်္ဘောစီးရေဟာ (၈၃)စီးအထိ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလန်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ယနေ့အချိန် မှာဆိုရင် တောင်အမေရိကတိုက်က ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံရေတပ်တွေဟာလည်း နျူးကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေကို တည်ဆောက်နိုင်ဖို့ကြိုးပမ်းလျက် ရှိနေတယ်လို့လည်းသိရပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ၄နိုင်ငံပြီးရင် အီရန်က ၃၄စီး ၊ တောင်ကိုရီးယားက ၂၂စီး ၊ ဂျပန်က ၂၀စီး ၊ အိန္ဒိယက ၁၆ စီးတို့ အသီးသီးရှိနေပါတယ်။

စာရင်းတွေအရတော့ လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ ရေငုပ်သင်္ဘောပိုင်ဆိုင်ထားတဲ့ နိုင်ငံ ၄၁ နိုင်ငံရှိတယ်လို့ သိရပြီး ဒီစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။ အိန္ဒိယနိုင်ငံကနေ တဆင့် ရုရှားထုတ် ရေငုပ်သင်္ဘောတစီးကို ပြန်လည်ဝယ်ယူနိုင်ခဲ့လို့ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ဗီယက်နမ်က ရေငုပ်သင်္ဘော ပိုင်ဆိုင်မှု ၆စီးနဲ့ အများဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ အင်ဒိုနီးရှားက ၅စီး ၊ မလေးရှားက ၂ စီး တို့နဲ့ အသီးသီး ရပ်တည်နေပါတယ်။

ကမ္ဘာစစ် သမိုင်းကြောင်း မှာဆိုရင်လည်း ရေငုပ်သင်္ဘောတွေရဲ့စွမ်းဆောင်ရည်ဟာ ရေကြောင်းတိုက်ပွဲတွေတလျှောက် အလွန်ကိုအရေးပါခဲ့တာကိုတွေ့ရမှာဖြစ်ပြီး ယနေ့လိုအချိန်မှာလည်း နိုင်ငံလုံခြုံရေးအတွက်သာမက ပင်လယ်ရေအောက်ဆိုင်ရာ သိပ္ပံနည်းပညာလေ့လာမှုနယ်ပယ်တွေမှာ ရေငုပ်သင်္ဘောတွေရဲ့ပါဝင်မှုကဏ္ဍက အလွန် ကိုအရေးပါနေတာခဲ့တာလည်းဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေကတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ ရေငုပ်သင်္ဘော အင်အားချဲ့ထွင်မှုဟာ လာမဲ့နှစ်တွေအတွင်းမှာလည်း အလွန်ကိုများပြားလာနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

—— —– ———

(Zawgyi)

ေရငုပ္သေဘၤာ အမ်ားဆုံး ပုိင္ဆုိင္ထားတဲ့ ႏုိင္ငံမ်ား

ေရးသားသူ – Aung Kaung Htet(GAD)

ေရငုပ္သေဘၤာ( Submarines) ေတြဟာဆိုရင္ ေရျပင္ေအာက္မွာသာမက ေရျပင္အေပၚ မွာလည္းသြားလာနိုင္ၾကျပီး လက္ရွိ ကမာၻ႔အင္အားၾကီးနိုင္ငံေရတပ္ေတြအတြက္ မရွိမျဖစ္ လိုအပ္တဲ့ စစ္အဂၤါရပ္တစ္ခုအျဖစ္ရွိေနျပီျဖစ္ပါတယ္။ ေရငုပ္သေဘၤာေတြကိုေတာ့ ပထမ ကမာၻစစ္နဲ႔ ဒုတိယကမာၻစစ္လိုကာလေတြမွာ ကတည္းက က်ယ္က်ယ္ျပန္႔ျပန္႔သံုးစြဲခဲ့ၾကကာ ယေန႔ကာလလိုအခ်ိန္မွာဆိုရင္ေတာ့ ေရငုပ္သေဘၤာအုပ္စုေတြဟာ ကမာၻ႔စူပါ ပါဝါနိုင္ငံၾကီးေတြရဲ့ အဆင့္အတန္းကိုေဖာ္ျပေနတဲ့အမွတ္အသားေတြအျဖစ္လည္း လူသိမ်ားပါတယ္။

ပထမကမာၻစစ္ကာလက ဂ်ာမန္တပ္မေတာ္ကအသံုးျပဳတဲ့ U-boats ေတြျဖစ္တဲ့ U-139 ၊ U-151 ၊ U-127 နဲ႔ U-3 စတဲ့ ေရငုပ္သေဘၤာအုပ္စုေတြဟာဆိုရင္မဟာမိတ္ေရတပ္ေတြ ကိုအၾကီးအက်ယ္ဒုကၡေပးနိုင္ခဲ့ပါတယ္။ စစ္ၾကီးျပီးဆံုးခ်ိန္ကာလမွာဆိုရင္လည္း U-boat မ်ိဳးဆက္ ေရငုပ္ေရယာဥ္ေတြကို ထပ္မံဆန္းသစ္မႈေတြျပဳလုပ္ကာ ဂ်ာမနီနာဇီက ဆက္လက္သံုးစြဲခဲ့ျပန္ပါတယ္။ ေရငုပ္သေဘၤာေတြ ကိုစတင္ဆန္းသစ္ခဲ့သူဟာ ဂ်ာမန္ေတြျဖစ္တာကို ေတြ႔ရမွာျဖစ္ျပီး ပထမကမာၻစစ္ကာလကဆိုရင္ ဂ်ာမန္ေရတပ္ဗိုလ္ခ်ဳပ္ၾကီး Alfred Peter Friedrich von Tirpitz ရဲ့ကြပ္ကဲမႈ နဲ ႔ေရငုပ္သေဘၤာေတြ စတင္တည္ေဆာက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

အဓိကကေတာ့ကမာၻ ေရတပ္အင္အားမွာ အေကာင္းဆံုးျဖစ္ေနတဲ့ အဂၤလန္ေရတပ္ကိုယွဥ္ျပိဳင္နိုင္ဖို႔အတြက္ ဆန္းျပားတဲ့ေရယာဥ္ေတြတည္ေဆာက္ခဲ့ၾကျခင္းျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူရဲ့ ရည္ရြယ္ခ်က္ကေတာ့ ျပီးေျမာက္ေအာင္ျမင္ခဲ့တာမ်ိဳးေတာ့မရွိဘဲ ေနာက္ဆုံးမွာေတာ့ ဂ်ာမန္အင္ပါယာေရယာဥ္ေတြဟာဆိုရင္ မဟာမိတ္ေရတပ္ရဲ့အနိုင္ပိုင္းမႈကို ကမာၻစစ္(၂)ၾကိမ္လံုး ခံစားခဲ့ရပါတယ္။ ဒုတိယကမာၻစစ္ကာလမွာေတာ့ အေမရိကန္ျပည္ေထာင္စုေရတပ္မေတာ္ဟာ စြမ္းရည္ျမင့္ေရငုပ္သေဘၤာေတြကိုတည္ေဆာက္လာနိုင္ခဲ့ျပီး ဂ်ာမန္အပါအဝင္ အာရွအင္အားၾကီးဂ်ပန္ေတြအေပၚ အၾကီးအက်ယ္အသာစီးရယူနိုင္ခဲ့ပါတယ္။

ယင္းကာလအတြင္း အေမရိကန္ေရတပ္ဟာ အမ်ိဳးအစားမတူတဲ့ ေရငုပ္သေဘၤာ(၂၆၃)စင္းကိုအသံုးျပဳျပီး ရန္သူစစ္ေရယာဥ္စီးေရ(၁၃၁၄)စီးေလာက္ကို နစ္ျမဳပ္ပစ္ခဲ့ပါတယ္။ အထူးသျဖင့္ဂ်ပန္ေရတပ္နဲ႔ဆင္ႏႊဲခဲ့တဲ့ ပစိဖိတ္ေရေၾကာင္းစစ္မ်က္နွာအတြင္းမွာဆိုရင္ဂ်ပန္ေရတပ္ပိုင္စစ္ သေဘၤာစီးေရ(၃၀)ရာခို္င္နႈန္း၊ တိုက္ပြဲဝင္စစ္ေရယာဥ္အေရအတြက္ရဲ့(၅၅)ရာခိုင္ႏႈန္း ေလာက္ကို ေရငုပ္သေဘၤာေတြရဲ့အစြမ္းနဲ ႔ႏွစ္ျမဳပ္ပစ္ႏုိင္ခဲ့ပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ေရငုပ္သေဘၤာေတြရဲ့ စစ္ေျမျပင္ဆိုင္ရာစြမ္းေဆာင္ရည္ေတြအေပၚသံုးသပ္နိုင္ပါတယ္။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ လက္ရွိအခ်ိန္ထိ ကမာၻေပၚမွာေရငုပ္သေဘၤာစီးေရ အမ်ားဆံုးပိုင္ဆိုင္တဲ့ နိုင္ငံေတြအေၾကာင္းပဲျဖစ္ပါတယ္။

(၄) ရုရွား

ရုရွားနိုင္ငံရဲ့မူရင္းျဖစ္တဲ့ ဆိုဗီယက္နိုင္ငံလုပ္ ေရငုပ္သေဘၤာဒီဇိုင္းမ်ားစြာဟာ ယေန႔အခ်ိန္ထိကမာၻေပၚမွာ တြင္တြင္က်ယ္က်ယ္သံုးစြဲေနၾကဆဲျဖစ္ပါတယ္။ တခ်ိန္ကေတာ့ ဆိုဗီယက္ေတြဟာ စစ္လက္နက္၊ယာဥ္ထုတ္လုပ္မႈပိုင္းမွာ ကမာၻ႔ထိပ္တန္းေနရာကုိေရာက္ခဲ့တာျဖစ္ျပီး ယေန႔အခ်ိန္မွာဆိုရင္ ရုရွားဟာ ေရငုပ္သေဘၤာစီးေရ (၆၂)စီးအထိ ပို္င္ဆိုင္ထားဆဲျဖစ္ပါတယ္။ ယေန႕ကာလမွာဆိုရင္ ရုရွားေရတပ္မွာ တည္ေဆာက္ဆဲ ေရငုပ္သေဘၤာ အမ်ိဳးအစား(၆)မ်ိဳးအထိ ရွိေနပါတယ္။

Borei-class ballistic subs ၊ Khabarovsk-class တိုက္ခိုက္ေရးေရငုပ္သေဘၤာေတြ၊ Yasen-class cruise missile ေရငုပ္သေဘၤာေတြနဲ႔ Lada-class တိုက္ခိုက္ေရး ေရငုပ္သေဘၤာေတြလို နည္းပညာျမင့္သေဘၤာေတြပါဝင္ေနပါတယ္။ ရုရွားေတြဟာ အေမရိကန္နဲ႔အျပိဳင္ စစ္လက္နက္တပ္ဆင္မႈေတြျပဳလုပ္ေနခဲ့တာျဖစ္ျပီး အထူးသျဖင့္စစ္ေအး တိုက္ပြဲကာလကတည္းက ေရတပ္စြမ္းအားကိုျမင့္တင္တည္ေဆာက္မႈအပိုင္းဟာ အျမင့္ဆံုးအေျခအေနထိကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

(၃) အေမရိကန္ျပည္ေထာင္စု

ကမာၻေပၚမွ ာတတိယေျမာက္ ေရငုပ္သေဘၤာအမ်ားဆံုးနိုင္ငံအျဖစ္ရပ္တည္ေနေပမဲ့ အေမရိကန္ျပည္ေထာင္စုရဲ့စစ္ဘက္ဆိုင္ရာနည္းပညာပိုင္းဟာ ယခုစာရင္းမွာပါဝင္ေနတဲ့ တျခားကမာၻ႔အင္အားၾကီးနိုင္ငံေတြထက္ ေခါင္းတစ္လံုးမက သာလြန္ေနဆဲလည္းျဖစ္ပါတယ္။ အေမရိကန္ေတြရဲ့ ေရငုပ္သေဘၤာတည္ေဆာက္မႈနည္းပညာဟာ ဒုတိယကမာၻ စစ္ေနာက္ပိုင္းကာလေတြကတည္းက တဟုန္ထိုးတိုးတက္လာခဲ့တာျဖစ္ပါတယ္။ အေမရိကန္ေတြဟာ (၁၉၅၄) ခုႏွစ္ကတည္းက ႏ်ဴးကလီးယားစြမ္းအင္သံုး ေရငုပ္ သေဘၤာေတြကိုတည္ေဆာက္နိုင္ခဲ့ၾကတာျဖစ္ျပီး ၎ယာဥ္ေတြဟာဆိုရင္ ဒီဇယ္လို ေလာင္စာသံုး ေရငုပ္သေဘၤာေတြထက္ စြမ္းရည္မ်ားစြာ သာလြန္ေနခဲ့တာလည္းျဖစ္ပါတယ္။

USS Nautilus ကေတာ့ ကမာၻ႔ပထမဆုံးတျဖစ္လဲ အေမရိကန္ေတြပထမဆံုးတည္ေဆာက္ခဲ့တဲ့ ႏ်ဴးကလီးယားစြမ္းအင္သံုး ေရငုပ္သေဘၤာျဖစ္ျပီး (၁၉၅၄)ခုနွစ္၊ဇန္နဝါရီ(၂၁)ရက္မွာေရခ်ခဲ့ပါတယ္။ USS Nautilus ဟာဆိုရင္ရက္သတၱပတ္(၂)ပတ္ေလာက္အထိ ေရေအာက္မွာတာဝန္ ထမ္းေဆာင္နိုင္ပါတယ္။ ယေန႕အခ်ိန္မွာဆိုရင္အေမရိကန္ျပည္ေထာင္စုဟာႏ်ဴးကလီး ယားစြမ္းအင္သံုးေရငုပ္သေဘၤာစီးေရ(၆၆)စီးအထိပိုင္ဆိုင္ထားပါတယ္။ အေမရိကန္ရဲ့ ေရငုပ္သေဘၤာအုပ္စုေတြမွာေတာ့ 34 Ohio-Class missile ေရငုပ္သေဘၤာေတြ၊ 34 Los Angeles-class တိုက္ခိုက္ေရးေရငုပ္သေဘၤာေတြ၊ နာမည္ေက်ာ္ Seawolf-class တိုက္ခိုက္ေရးေရငုပ္သေဘၤာ (၃)စင္းအျပင္ျမန္ႏႈန္းျမင့္ Virginia-class တိုက္ခိုက္ေရး ေရငုပ္သေဘၤာေတြအထိ ပါဝင္ေနပါတယ္။

(၂) တရုတ္နိုင္ငံ

ဒီဘက္ႏွစ္ေတြမွာ အဆမတန္ၾကီးထြားလာတဲ့စီးပြားေရးနဲ႔အတူ တရုတ္စစ္တပ္ဟာလည္း ကမာၻစူပါပါဝါနိုင္ငံတစ္ခုအျဖစ္ တဆင့္ခ်င္းတည္ေဆာက္ေနတာျဖစ္တာေၾကာင့္ ယခုစာရင္းမွာတရုတ္နိုင္ငံပါဝင္ေနတာဟာ သိပ္ေတာ့မဆန္းပါဘူး။ အထူးသျဖင့္ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ဟာဆိုရင္ ေရတပ္အင္အားကိုအလြန္အမင္းတိုးခ်ဲ႕တည္ေဆာက္ခဲ့ရာမွာေတာ့ ေျမာက္ပင္လယ္ပိုင္း၊ေတာင္ပင္လယ္နဲ႔ အေနာက္ပင္လယ္ပိုင္းေဒသေတြအတြက္ တိုက္ပြဲဝင္ေရငုပ္သေဘၤာအုပ္စုေတြ ဖြဲ႔စည္းတည္ေထာင္ခဲ့တာဟာ အထင္ရွားဆံုးလုပ္ရပ္ေတြျဖစ္ပါတယ္။

တရုတ္ေတြအန္တုဖို႔ၾကိဳးစားေနတဲ့ အေမရိကန္ေရတပ္ပိုင္ေရငုပ္သေဘၤာ ေတြနဲ႔မတူညီတဲ့အခ်က္ကေတာ့ PLANSF ယာဥ္ေတြဟာ ႏ်ဴးကလီးယားနဲ ႔ဒီဇယ္စြမ္းအင္ (၂)မ်ိဳးစလံုးကိုအသံုးျပဳနိုင္ၾကျပီး ဆိုဗီယက္ျပည္ေထာင္စု ေကာင္းစားစဥ္ကတည္ေဆာ က္ခဲ့တဲ့ ေရငုပ္သေဘၤာေတြရဲ့ဒီဇိုင္းကိုအေျခခံထားတာျဖစ္ပါတယ္။ တရုတ္စစ္တပ္ပိုင္ ေရငုပ္သေဘၤာေတြမွာေတာ့ ဒီဇယ္စြမ္းအင္ကိုအ သံုးျပဳေမာင္းနွင္ရတဲ့ Type 039a ၊ Type 039 ၊Type 035 ၊ Kilo-class ေရငုပ္သေဘၤာေတြ ပါဝင္ေနတာလည္းျဖစ္ပါတယ္။

တရုတ္နိုင္ငံရဲ့ေရငုပ္သေဘၤာတည္ေဆာက္ေရးနည္းပညာကို ကူညီေနတာကေတာ့ ရုရွားနိုင္ငံျဖစ္ျပီး လက္ရွိအခ်ိန္မွာဆိုရင္လည္း ယင္းနိုင္ငံ(၂)နိုင္ငံပူးေပါင္းျပီးႏ်ဴးကလီးယား စြမ္းအင္သံုးမဟုတ္တဲ့ နည္းပညာျမင့္ေရငုပ္သေဘၤာေတြတည္ေဆာက္ဖို႔ၾကိဳးပမ္းမႈေတြ ျပဳလုပ္ေနတာကိုလည္းေတြ႔ရပါတယ္။ လက္ရွိအခ်ိိန္မွာေတာ့တရုတ္နိုင္ငံဟာ ႏ်ဴးကလီးယားစြမ္းအင္သံုး Shang-classေရငုပ္သေဘၤာေတြအျပင္ေရငုပ္သေဘၤာစီးေရ(၇၄)စင္းအထိကို ပိုင္ဆိုင္ထားပါတယ္။

(၁)ေျမာက္ကိုရီးယား

ေျမာက္ကိုရီးယားဟာ ကမာၻေပၚမွာ ေရငုပ္သေဘၤာစီးေရ အမ်ားဆံုးပိုင္ဆိုင္ထားပါတယ္။ စစ္လက္နက္နိုင္ငံတစ္ခုကို တည္ေဆာက္ထားျပီးေဒသတြင္းျငိမ္းခ်မ္းေရးကို အၾကီးအက်ယ္ျခိမ္းေျခာက္ေနတဲ့ စစ္အာဏာရွင္ Kim Jong-Un ရဲ့စိတ္ကူးအတိုင္းအမ်ားအျပားတည္ေဆာက္ခဲ့တာျဖစ္ျပီး အနာဂတ္ကိုရီးယားကၽြန္းဆြယ္တိုက္ပြဲ ကိုဦးတည္ေနသလားဆိုတဲ့ ေမးခြန္းမ်ားစြာဟာလည္း ေျမာက္ကိုရီးယားရဲ့မ်ားျပားစြာ တည္ေဆာက္ထားတဲ့ ေရငုပ္သေဘၤာေတြေၾကာင့္ ပိုမိုက်ယ္ေလာင္လာခဲ့တာျဖစ္ပါတယ္။

စစ္ဘက္ဆိုင္ရာ ကၽြမ္းက်င္သူေတြကေတာ့ ေျမာက္ကိုရီးယားေရတပ္ရဲ့ ေရငုပ္သေဘၤာ အမ်ားစုဟာ သက္တမ္းလြန္ယာဥ္ေတြျဖစ္တယ္လို႔ခန္႔မွန္းေျပာဆိုမႈေတြရွိေနခဲ့ေပမယ့္ ေျမာက္ကိုရီးယားဟာတိုက္ပြဲဝင္ေရငုပ္သေဘၤာမ်ားစြာ ပိုင္ဆိုင္ထားဆဲဆိုတဲ့အခ်က္ကေတာ့ ထင္ရွားေနတာလည္းျဖစ္ပါတယ္။ ကိုရီးယားကြ်န္းဆြယ္ျငိမ္းခ်မ္းေရးအတြက္ ကံေကာင္းတာကေတာ့ ေျမာက္ကိုရီးယားေရတပ္ဟာ ႏ်ဴးကလီးယားစြမ္းအင္သံုးေရငုပ္ယာဥ္ေတြကို လက္ရွိအခ်ိန္ထိပိုင္ဆိုင္ထားျခင္းမရွိေသးတာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ေရငုပ္သေဘၤာအမ်ိဳးအစားေတြ ကေတာ့ Iranian ဒီဇိုင္းလက္ရာ Yono-class midgate ေရငုပ္သေဘၤာေတြ၊ ဆိုဗီယက္ Whiskey-class subs ၊ တရုတ္နိုင္ငံလုပ္ Romeo-class ေရငုပ္သေဘၤာေတြျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ေျမာက္ကိုရီးယားရဲ့ေရငုပ္သေဘၤာေတြကတပ္ဆင္ထားတဲ့ ballistic missile (ဒံုးက်ည္) ေတြဟာဆိုရင္ ကုန္းတြင္းပိုင္းေနရာေတြအထိ မိုင္ေပါင္းမ်ားစြာအကြာအေဝးကို ပစ္ခတ္နိုင္တယ္လို႕သိရေပမဲ့ တိက်တဲ့သတင္းအခ်က္အလက္ေတြကိုေတာ့ ေျမာက္ကိုရီးယားဘက္က ထုတ္ျပန္တာမ်ိဳးေတာ့မရွိပါဘူး။ စာရင္းေတြအရ ေျမာက္ကိုရီးယားရဲ့ ပိုင္ဆိုင္တဲ့ေရငုပ္သေဘၤာစီးေရဟာ (၈၃)စီးအထိ ရွိေနပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ တရုတ္၊ ရုရွား၊ ျပင္သစ္၊ အဂၤလန္နဲ႔ အိႏၵိယနိုင္ငံေတြကေတာ့ ႏ်ဴးကလီးယားစြမ္းအင္သံုးေရငုပ္သေဘၤာေတြကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ယေန႔အခ်ိန္ မွာဆိုရင္ ေတာင္အေမရိကတိုက္က ဘရာဇီးနဲ႔ အာဂ်င္တီးနားနိုင္ငံေရတပ္ေတြဟာလည္း ႏ်ဴးကလီးယားစြမ္းအင္သံုးေရငုပ္သေဘၤာေတြကို တည္ေဆာက္နိုင္ဖို႔ၾကိဳးပမ္းလ်က္ ရွိေနတယ္လို႕လည္းသိရပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့တဲ့ ၄ႏုိင္ငံၿပီးရင္ အီရန္က ၃၄စီး ၊ ေတာင္ကုိရီးယားက ၂၂စီး ၊ ဂ်ပန္က ၂၀စီး ၊ အိႏၵိယက ၁၆ စီးတုိ႔ အသီးသီးရွိေနပါတယ္။

စာရင္းေတြအရေတာ့ လက္ရွိအခ်ိန္ထိ ကမာၻေပၚမွာ ေရငုပ္သေဘၤာပုိင္ဆုိင္ထားတဲ့ ႏုိင္ငံ ၄၁ ႏုိင္ငံရွိတယ္လုိ႔ သိရၿပီး ဒီစာရင္းမွာ ျမန္မာႏုိင္ငံလည္း ပါ၀င္လာပါတယ္။ အိႏၵိယႏုိင္ငံကေန တဆင့္ ရုရွားထုတ္ ေရငုပ္သေဘၤာတစီးကို ျပန္လည္၀ယ္ယူႏုိင္ခဲ့လုိ႔ ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွႏုိင္ငံေတြထဲမွာေတာ့ ဗီယက္နမ္က ေရငုပ္သေဘၤာ ပုိင္ဆုိင္မႈ ၆စီးနဲ႔ အမ်ားဆုံးျဖစ္ၿပီး သူ႔ရဲ႕ေနာက္မွာေတာ့ အင္ဒုိနီးရွားက ၅စီး ၊ မေလးရွားက ၂ စီး တို႔နဲ႔ အသီးသီး ရပ္တည္ေနပါတယ္။

ကမာၻစစ္ သမိုင္းေၾကာင္း မွာဆိုရင္လည္း ေရငုပ္သေဘၤာေတြရဲ့စြမ္းေဆာင္ရည္ဟာ ေရေၾကာင္းတိုက္ပြဲေတြတေလ်ွာက္ အလြန္ကိုအေရးပါခဲ့တာကိုေတြ႔ရမွာျဖစ္ျပီး ယေန႔လိုအခ်ိန္မွာလည္း နိုင္ငံလံုျခံဳေရးအတြက္သာမက ပင္လယ္ေရေအာက္ဆိုင္ရာ သိပၸံနည္းပညာေလ့လာမႈနယ္ပယ္ေတြမွာ ေရငုပ္သေဘၤာေတြရဲ့ပါဝင္မႈက႑က အလြန္ ကိုအေရးပါေနတာခဲ့တာလည္းျဖစ္ပါတယ္။ စစ္ေရးကြ်မ္းက်င္သူေတြကေတာ့ ကမာၻအင္အားၾကီးနိုင္ငံေတြရဲ့ ေရငုပ္သေဘၤာ အင္အားခ်ဲ႔ထြင္မႈဟာ လာမဲ့နွစ္ေတြအတြင္းမွာလည္း အလြန္ကိုမ်ားျပားလာႏုိင္တဲ့ အေျခအေနမွာရွိေနတယ္လို႔ ခန္႕မွန္းထားၾကပါတယ္။

Tags: military

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဆွီဒင်နိုင်ငံ အကြောင်း သိကောင်းစရာ

ဆွီဒင်နိုင်ငံ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!