• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မေတ္တာတရားကြီးမားလွန်းသည့် အောက်ချင်းငှက်များအကြောင်း

by Thutamm
July 26, 2019
Reading Time: 1min read
0
မေတ္တာတရားကြီးမားလွန်းသည့် အောက်ချင်းငှက်များအကြောင်း
Share on FacebookShare on Twitter

အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် အမြဲနေထိုင် လေ့ရှိသောငှက် ဖြစ်ပြီး ယင်းအား မြန်မာနိုင်ငံ၌ ကွင်းပြင်နှင့်တောင်ခြေများတွင် အနှံ့အပြားတွေ့ရှိနိုင်လေသည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တွေ့ရလေ့ရှိသည်။ အောက်ချင်းငှက်သည် ပရွက်ပျံများ ၊ လင်းနို့များ နှင့် မြွေသေများကို ဖမ်းယူ စားသောက်လေ့ရှိသည်။ အောက်ချင်းငှက်သည် အခြားအောက်ချင်းငှက်ပေါင်း တစ်ဒါဇင်ခန့်နှင့်အတူ အုပ်ဖွဲ့၍နေလေ့ရှိသည်ကို အတွေ့ရများ သော်လည်း ထိုအရေအတွက်ထက် များပြားစွာအုပ်ဖွဲ့၍နေသော အောက်ချင်းငှက်များကိုလည်း တစ်ခါတစ်ရံ မြင်ရတတ်သည်။

အောက်ချင်းငှက်သည် ပျံသန်းရာတွင်အတောင်များကို ခတ် လိုက် လေဟုန်စီးလိုက်နှင့်ပျံလေ့ရှိသည်။ ကျိုက္ခမီခရိုင်အတွင်း၌ အောက်ချင်းငှက်၏ အသိုက် များကိုတွေ့ရပြီးလျှင် ဥများကို မတ်လစောစောပိုင်းတွင် တွေ့ရ လေ့ရှိသည်။ တစ်မြုံလျှင် နှစ်ဥ၊ သို့မဟုတ် သုံးဥရှိတတ်လေ သည်။

အောက်ချင်းငှက်၏ သိပ္ပံအမည်မှာ အန်သရာကိုဆာရော့ ကိုရိုးနေးတပ် လျူကို ဂက်စတာ ဖြစ်လေသည်။ အောက်ချင်း ငှက်ထီး၏ အလျားမှာ ၂၇ လက်မမှ လက်မ ၃ဝ အထိရှိ၍ ငှက်မ၏အလျားမှာ ၂၆ လက်မမှ ၂၇ လက်မအထိရှိသည်။ ပျံသန်းရာတွင် အောက်ချင်းငှက်၏ ရင်ပတ်နှင့်အတောင်အဖျား ရှိ အဖြူအမှတ်အသားများကို ထင်ရှားစွာမြင်ရသည်။ အောက်ချင်းငှက်သည် စူးရှသောအသံများနှင့် ဆူညံစွာ နေလေ့ရှိသောငှက်မျိုးဖြစ်သည်။

ဆောင်းအကုန်နွေအကူး ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် ဥ အုလေ့ရှိကြသည်။ ဥဝပ်ချိန်သည် တစ်လခွဲမျှ ကြာမြင့်လေ့ရှိကြသည်။ သားပေါက်သောအခါ ဥဝပ်သည့် သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားမှာ အသိုက်လုပ်ပြီး နေလေ့ရှိကြသည်။ ထိုအသိုက်များအားရွံ့ဖြင့် တည်ဆောက်ထားကြသည်။ များသောအားဖြင့် သစ်ခေါင်းအတွင်းတွင် ငှက်မများ ဥ အုရန်ဝင်နေ၍ ငှက်ဖိုများက အပြင်မှ ရွှံ့စေးဖြင့် ပိတ်ထားပေးပြီး နှုတ်သီးထွက်ရန်သာ ဖန်တီးထားကြတတ်သည်။ ငှက်ဖိုများသည် ငှက်မများ သားမွေးသည့်အခါတွင် အစာ ရှာကြွေးလေ့ရှိသည်။

အောက်ချင်းငှက်တို့တွင် ထူးခြားသော နှုတ်သီးတစ်ခုနှင့် အမြီးရှိ၍ ထင်းရှားစွာ မြင်တွေ့နိုင်သည်။ နှုတ်သီးသည် အလွန်ကြီးမား၍ ရှည်လျားသည်။ အဝါရောင် အောက်ခံနှုတ်သီးကြီးပေါ်တွင် အနီရောင် အမောက်ဖုကြီး ရှိသည်။ အမြီးမှာလည်း ရှည်လျားကျယ်ပြန့်သည့်အပြင် အနက်ရောင် ကန့်လန့်စင်းများ ရှိသည်။ ဦးခေါင်း၊ နောက်ကျော၊ အတောင်နှင့် ရင်ဘတ်များတွင် အမည်းရောင် ဖြစ်ပြီး၊ ဝမ်းဗိုက်နှင့် ပေါင်မှာ အဖြူရောင် ဖြစ်၍ ပိုမိုလှပလေသည်။

ဖိုမ နှစ်ကောင်တွဲ၍ အမြဲ ပျံသန်းလေ့ရှိကြသည်။ ထိုငှက်မျိုးသည် တစ်ကောင်နှင့် တစ်ကောင် အလွန်မေတ္တာကြီးကြသည်။ ငှက်မများ သားမွေးသည့်အခါ ငှက်ဖိုမှာ အနားမှ မခွာဘဲ အစာကျွေး စောင့်ရှောက်လေ့ရှိကြသည်။ ငှက်မအသိုက်ပျက်ပြီး အသက်ဘေးနှင့် ကြုံလာပါက ငှက်ဖိုပါ လိုက်လံ သေဆုံးလေ့ရှိသည်မှာလည်း ရင်နင့်စရာကောင်းလှသည်။ ပျံသန်းစဉ်တွင် ဖိုမ မြည်သံမှာ အလွန်စူးရှသည်။ တောင်ပံခတ်သံသည် အဝေးမှပင်ကြားနိုင်အောင် တဝှီးဝှီး ရှိသည်။ နှုတ်သီးဖျားမှ အမြီးထိ ၄ ပေခန့် ရှိပြီး အလေးချိန်မှာ ၆.၅ ကီလိုကျော်ခန့် ရှိတတ်သည်။

အောက်ချင်းငှက် မျိုးစိတ်ပေါင်း ၁၀ မျိုးခန့် ရှိလေသည်။ ထိုအထဲတွင် အောက်ချင်းနှင့် အောင်လောင်ငှက် ဟူသော မျိုးစိတ်နှစ်မျိုးသာ အတွေ့များသည်။ အောင်ချင်းငှက်သည် အကောင်ကြီးပြီး ဖိုမနှစ်ကောင်တည်းသာ နေလေ့ရှိကြသည်။ အောင်လောင်ငှက်မျိုးမှာမူ အုပ်စုဖွဲ့ နေလေ့ရှိကြသည်။ ထို့ပြင် အကောင်လည်းငယ်သည်။ အောက်ချင်းငှက်များ၏ သက်တမ်းမှာ ၃၀ နှစ်ခန့်သာ ရှိလေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
နက္ခတ္တရောင်ခြည် မဂ္ဂဇင်း၊၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊အမှတ်-၂၉၂

Tags: animals
Next Post
ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်းကြီးအကြောင်းသိကောင်းစရာ

ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်းကြီးအကြောင်းသိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!