ရေးသားသူ – ထက်ဝန
ကင်ညာဟာ ကမ္ဘာမှာ ဆင်းရဲဒုက္ခအကြီးဆုံး ခံစားနေရတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်သလို စားနပ်ရိက္ခာရှားပါးမူ စစ်ဘေးဒုက္ခနဲ့တရားမဝင်တိရစ္ဆာန်များသတ်ဖြတ်မူ ကုန်ကူးမူများစွာကို ခါးစီးခံနေရတဲ့နိုင်ငံပါ။ ပက်ထရစ် ကီလွန်ဇို မွာလွာ ကို ကင်ညာကဆင်းရဲသားမိသားစုတခုကမွေးဖွားခဲ့သူပါ။ လယ်သမားမိသားစုက မွေးဖွားခဲ့သူပီပီ ၁၄နှစ်သားမှာ လယ်ယာလုပ်ရင်း မိသားစုဝမ်းရေးကို ပါဝင်ရုန်းကန်ခဲ့သူပါ။ သူများလယ်မှာပဲစိုက် စာရင်းငှားအဖြစ်လုပ်ကိုင်ရင်း ဇနီးဖြစ်သူနဲ့ဆုံတွေ့ပြီး ထိုရွာမှာပဲလက်ထပ်ခဲ့ကြပါတယ်။ ဇနီးဖြစ်သူရဲ့ ဖခင်ဖက်ကပါလာတဲ့ လယ်၂ဧကမှာ ပဲစိုက်ရင်းဘဝကို ထပ်မံရုန်းကန်ခဲ့ရတယ်။
ဆင်းရဲပေမယ့် ကီလွန်လို့အများကသိတဲ့ ဒီလူမည်းလေးဟာ ၁၇နှစ်သားထဲက မိဘမဲ့မြင်းကျားပေါက်လေးများကို သူရရှိတဲ့ငွေကြေးတချိူ့နဲ့ အစာရှာကျွေးခဲ့ပြီး အရွယ်ရောက်မှ တောထဲပြန်လွှတ်ပေးခဲ့သူပါ။ ဒါကြောင့်လည်း သစ်တောစောင့်များရဲ့ အရေးယူမူတွေခံခဲ့ရသလို သူ့ရွာကလူအများရဲ့ဝေဖန်မူကိုလည်းခံခဲ့ရသူပါ။ ဒါပေမယ့် ကီလွန်ဟာတိရစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့ဗီဇကို မစွန့်လွှတ်ခဲ့ပဲ ဘဝတစ်လျှောက် တိရစ္ဆာန်တွေကိုကူညီရင်း ဆက်လက်နေ ထိုင်ခဲ့ပါတယ်။
ကီလွန်ဟာသူတင်မကပဲ သူငယ်ချင်းတချို့နဲ့ တိရစ္ဆာန်ကူညီရေးအဖွဲ့လေးတခုကို ထောင်ခဲ့ပါတယ်။ သူအသက် ၂၇နှစ်မှာ ဆာဗိုအစ်အမျိုးသား ဥယာဉ်နားကို သူ့မိသားစုဟာပြောင်းရွေ့ခဲ့ရပြီး ဒီမှာ သူသိရှိသွားခဲ့တာက ကင်ညာရဲ့တရားမဝင်ကျား သစ်မှောင်ခိုဂိုဏ်းတွေအကြောင်းနဲ့ တရားမဝင်တိရစ္ဆာန်သတ် ဖြတ်ရောင်းချတဲ့အဖွဲ့တွေအကြောင်းပါ။ ဆင်များကိုသတ်ဖြတ် ပြီးဆင်ဆွယ်ခိုးတဲ့အဖွဲ့တွေဟာ ဒီသဘာဝဘေးမဲ့ တောထဲ များစွာသောတရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေတာပါပဲ။ အစိုးရကထိန်းသိမ်းမူတွေရှိပေမယ့် ထင်သလောက်ခရီးမရောက်လှဘူး။
၂၀၁၅ခုနှစ်မှာ တော့ဒီတောကတိရစ္ဆာန်တွေဟာ မိုးခေါင်ရေရှားမူ ဒဏ်ကိုအကြီးအကျယ်ခံရပြီး အကောင်ရေများစွာ နေ့စဉ်သေဆုံးလာခဲ့ရပါတယ်။ ထိုအချိန်မှာ ကီလွန်ဟာသူနိုင်သလောက်ငွေကြေးနဲ့ ၄၅ကီလိုမီတာဝေးတဲ့ဒီတောထဲက ရေကန်ကို ၂ရက်တစ်ခါ ရေသွား ဖြည့်ပေးခဲ့ပါတယ်။ အစပိုင်းမှာတစ်ကြိမ်ကိုရေလှည်း တစီးသာသူဖြည့်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူပိုင်တဲ့လယ်တချို့ကိုရောင်းပြီး ရေကားနဲ့ကိုသွား ရောက်ဖြည့်ပေးခဲ့ပါတယ်။ ထူးခြားမူကတော့ဒီ တောထဲက ဆင်၊ ကျားသစ်၊ မြင်းကျားနဲ့ တိရစ္ဆာန် များစွာဟာ သူ့အလာကိုစောင့်တတ်ကြပြီး ရေသောက်တတ်ကြသလို ရန်လည်းမမူခဲ့ပါဘူး။
ဒီ လိုကိုယ်ကျိုးမရှိပဲပြုလုပ်နေတဲ့ ကီလွန်ကိုတွေ့ရှိ သွားတာကတော့ ရစ်ချက် ဆိုတဲ့ ကမ္ဘာ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တခုကဆရာဝန် ပါပဲ။သူကချက်ချင်းဆိုသလို အမေရိကန်ကိုပြန် ရောက်တာနဲ့ တီဗီအစီအစဉ်တစ်ခုမှာ ကီလွန်ကိုရိုက်ကူး ထားတဲ့ ဗီဒီယိုအတိုတစ်ခုကိုပြသခဲ့သလိုသူ့ကိုချီး ကျူးခဲ့ပါတယ်။ ကီလွန်ဟာကင်ညာကပေးတဲ့ Honor man ဆုကိုရရှိခဲ့သလို သူနေထိုင်ရာနဲ့ ၄၅ကီလိုမီတာ ဝေးတဲ့ ဆာဗိုအစ်တောထဲကရေကန်ကို တစ်ပတ်လေးကြိမ်ထိ သွားရောက်ပြီး တစ်ကြိမ်ကို ရေဂါလံ၁သောင်း၂ထောင်ကျော်သွားရောက်ရေ ဖြည့်နေသူပါ။ ရေကားတစ်ကားကို ဒေါ်လာ၂၅၀ မှ ၃၀၀ ကြား ကုန်ကျတာကြောင့် ကီလွန်ဟာဒီလိုလုပ်ဖို့သူ့ရဲ့ ပိုင်ဆိုင်မူများစွာကို ရောင်းချခဲ့သူပါ။
ကင်ညာဟာ မိုးခေါင်မူဒဏ်ကြောင့် နှစ်စဉ်လူ ၂သန်း၃သိန်း ကျော်ဟာ ရေရှားမူဒဏ်ကိုခံနေရပြီး တိရစ္ဆာန် ထောင်ပေါင်းများစွာဟာ တရားမဝင်သတ်ဖြတ်မူ မှောင်ခိုမူတွေကိုခံနေရပါတယ်။ ဒါကတော့ အိန္ဒိယက Forest Manလို မေတ္တာတရားနဲ့ အသက်ရူတဲ့ ကင်ညာက လူမည်းလေးကွီလွန်ရဲ့ အကြောင်းပါပဲ။
ကီလွန်ဟာလက်ရှိမှာ ဆာဗိုအစ် တောထဲရေသွားဖြည့်နေတတ်သူ တစ်ဦးဖြစ်သလို သူနေထိုင်ရမြို့က စာမသင်ရတဲ့ ကလေးသူငယ်တွေကိုလည်း ကျောင်းထားပေးနေသူတစ်ဦး ပါ။ တခါတရံရေဖြည့်ရင်းတိရစ္ဆာန်တွေတိုးဝေ့မူ ကြောင့်ထိခိုက်ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီလက သူထိခိုက်ဒဏ်ရာရလို့ဆေးရုံတက်ချိန် ကင်ညာ ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်အားပေးစကား ပြောရင်းချီးကျူးခဲ့ပါတယ်။
Discussion about this post