ဘောလုံးကစားနည်းအား ယူဆောင်ခဲ့သူ စာရေးဆရာရွှေရိုး (သို့) ဆာ(ဂျိမ်း)ဂျော့စကော့ - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဘောလုံးကစားနည်းအား ယူဆောင်ခဲ့သူ စာရေးဆရာရွှေရိုး (သို့) ဆာ(ဂျိမ်း)ဂျော့စကော့

by Thutamm
August 12, 2019
1 min read
0
ဘောလုံးကစားနည်းအား ယူဆောင်ခဲ့သူ စာရေးဆရာရွှေရိုး (သို့) ဆာ(ဂျိမ်း)ဂျော့စကော့
Share on FacebookShare on Twitter

မြန်မာ့ဓလေ့ မြန်မာထုံးစံ မြန်မာ့အနေအထိုင် စသည် တို့ကို လေ့လာလိုသောသူသည် ရွှေရိုး၏ ‘မြန်မာလူမျိုးတို့၏ နေထိုင်မှုနှင့် ဓလေ့ထုံးစံ’စာအုပ်ကို ရှာဖွေဖတ်ရှုကြရသည်။ ယင်းစာအုပ်ကို ရေးသားသူ ရွှေရိုးကား မြန်မာလူမျိုးမဟုတ်၊ အင်္ဂလိပ်လူမျိုး နိုင်ငံအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦး ဖြစ်သူ ဆာ (ဂျိမ်း)ဂျော့စကော့ ဖြစ်သည်။ ရွှေရိုးဟူသည်ကား ဆာဂျော့ စကော့၏ ကလောင်အမည်တည်း။

ရွှေရိုးကို ၁၈၅၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စကော့တလန်ပြည်မှ ဖိုက်ရှိုင်ယာနယ် ဒဲယားဆီး မြို့ကလေး တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ၁၈၅ဝ ပြည့်မှ ၁၈၆၁ ခုနှစ်အထိ ဒဲယားဆီးမြို့၏ ဓမ္မဆရာ ဂျော့စကော့ဖြစ်၍ မိခင် ဖြစ်သူမှာ မေရီဖောဆစ် ဖြစ်သည်။ ၁၈၆၁ ခုနှစ်တွင် ဖခင် ကွယ်လွန်ပြီးနောက် ဂျော့စကော့နှင့် သူ၏အစ်ကို ရောဗတ် ဖောဆစ်စကော့ (နောင်ကိမ်းဗရစ်တက္ကသိုလ် စိန်ဂျွန်းကောလိပ် ကျောင်းဆရာ)တို့ကို မိခင်က စတပ်ဂတ်ကျောင်းသို့ ပို့၍ ပညာ သင်စေသည်။

စတပ်ဂတ်ကျောင်းတွင် သုံးနှစ်မျှ ပညာသင်ယူ ပြီးနောက် ဂျော့သည် လန်ဒန်မြို့ ဘုရင့်ကောလိပ်ကျောင်း၊ ထိုမှတစ်ဖန် အက်ဒင်ဗရာတက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် စသည်တို့သို့ တစ်ဆင့်ထက်တစ်ဆင့် တက်ရောက်သင်ယူသည်။ ကော လိပ်နှင့် တက္ကသိုလ်များတွင် ဂျော့သည် ပညာအရာတွင် အထူးချီးကျူးခံရသည်။ နောက်ဆုံးတွင် ငွေကြေး အခြေအနေ အရ အောက်စဖို့တက္ကသိုလ် လင်ကွန်းကောလိပ်ကျောင်းမှ ဘွဲ့မရမီ ထွက်ခဲ့ရသည်။

၁၈၇၅-၇၆ ခုနှစ်အတွင်း ဂျော့သည် မလ္လာယုကျွန်းဆွယ် ပီရက်နယ် အရေးအခင်းတွင် ဗြိတိသျှအစိုးရက စေလွှတ်သော အဖွဲ့တွင် စတင်းဒတ် နေ့စဉ်၏ အထူးသတင်းထောက်အဖြစ် လိုက်ပါသွားရသည်။ ထိုမှ တစ်ဆင့် ၁၈၇၉ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ စေလွှတ်ခြင်းခံရ၍ ရန်ကုန်မြို့ရှိ စိန်ဂျွန်းကောလိပ် ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့ရသည်။ စိန်ဂျွန်းကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်စဉ် ပူအိုက် သောဒေသရှိ လူမျိုးများနှင့် အလျှဉ်းမသင့်တော်ဟု ယူဆထား သည့် ဘောလုံးကန်ကစားခြင်းကို မြန်မာနိုင်ငံ၌ ကစားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထိုအခါမှစ၍ ဘောလုံးကန် ကစားနည်းသည် မြန်မာနိုင်ငံသို့ ရောက်လာ၍ ယခုအခါ ရေပန်းစားသော ကစားနည်း ဖြစ်နေလေပြီ။ သူကိုယ်တိုင်လည်း ဘောလုံး ကန် ဝါသနာပါရာ သူ့တစ်သက်တွင် ဂိုးပေါင်း ၃ဝဝ သွင်းခဲ့ ဖူးကြောင်းဖြင့် ထင်ရှားသည်။

၁၈၈၁ ခုနှစ်တွင် ဂျော့သည် နေရင်းဌာနသို့ပြန်၍ ဥပဒေ ပညာကို လေ့လာသည်။ သို့ရာတွင် ကံအကြောင်းမလှ၍ သူ့ အထက်က လူအထိသာ အရွေးခံရသဖြင့် ဝတ်လုံလိုက်၍ အသက်မွေးရန် လက်လျှော့လိုက်ရသည်။ ၁၈၈၂ ခုနှစ်တွင် ရွှေရိုးဟူသော ကလောင်အမည်ဖြင့် ရေးသားသော သူ၏နာမည်ကျော် မြန်မာလူမျိုးတို့၏နေထိုင်မှုနှင့် ဓလေ့ထုံးစံစာအုပ်ကြီး ထွက်ပေါ်လာသည်။ ယင်းစာအုပ်သည် အုပ်တွဲ နှစ်တွဲရှိ၍ မြန်မာနိုင်ငံနှင့် လူမျိုးတို့အကြောင်းကို မြန်မာနိုင်ငံနှင့် ဆက် စပ်နေသော အင်္ဂလိပ်များအတွက်သာမက အင်္ဂလန်ပြည်၌ အမှု ထမ်းနေသော အစိုးရအမှုထမ်းများအတွက်ပါ အထူး အသုံးဝင်သော စာအုပ်အဖြစ် ကျော်ကြားခဲ့သည်။ မြန်မာလူမျိုးတို့အကြောင်းကို အင်္ဂလိပ်တို့အား ပိုမိုနားလည်စေနိုင်သော စာအုပ်ဟုလည်း ဆိုရပေမည်။

၁၈၈၄ ခုနှစ်တွင် ပြင်သစ်အစိုးရနှင့် အင်ဒိုချိုင်းနားကျွန်း ဆွယ် တုန်ကင်းပြည် တိုက်ပွဲဖြစ်ပွားရာသို့ စတင်းဒတ်နေ့စဉ် ၏ စစ်သတင်းထောက်အဖြစ် သွားရောက် အမှုထမ်းရပြန် သည်။ ပြင်သစ်နှင့် တုန်ကင်းဟူသော ပြင်သစ်-တုန်ကင်း တိုက်ပွဲအကြောင်း စာအုပ်နှင့် ကျော်အိန္ဒိယကို သိမ်းပိုက် ခြင်း (၁၈၈၅) စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ထိုနောက် ကောင်းစွာမကျန်းမမာသဖြင့် ဂျော့စကော့သည် အင်္ဂလန်ပြည်သို့ ပြန်ကာ အနားယူပြီးနောက် ဥပဒေပညာကို ဆက်လက်လိုက်စားရာ ၁၈၈၆ ခုနှစ်တွင် ဝတ်လုံစာမေးပွဲကို အောင်မြင်သည်။

၁၈၉၁ ခုနှစ်တွင် စကော့အား မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်အရေးပိုင်အဖြစ် ခန့်အပ်သည်။ ၁၈၉၃ ခုနှစ်နှင့် ၁၈၉၄ ခုနှစ်များတွင် ယိုးဒယားနိုင်ငံဆိုင်ရာ ဗြိတိသျှ သံမှူးအဖြစ် ထမ်းရွက်ရသည်။ ၁၈၈၉ ခုနှစ်မှ ၁၉ဝဝ ပြည့် နှစ်အထိ ယိုးဒယား၊ ပြင်သစ်နှင့် တရုတ်ပိုင်နယ်မြေများဆိုင်ရာ သုံးနိုင်ငံနယ်စပ်သတ်မှတ်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ရသည်။ ၁၉ဝ၂ ခုနှစ်တွင် တောင်ပိုင်းရှမ်းပြည် အရေးပိုင် အဖြစ် ခန့်အပ်ခံရပြန် သည်။ ၁၈၉၂ ခုနှစ်တွင် ဗြိတိသျှအစိုးရ တို့က ဂျော့စကော့အား စီ-အိုင်-အီးခေါ် အိန္ဒိယအင်ပိုင်ယာ ဆိုင်ရာ အမှုထမ်းကောင်းဘွဲ့ ပေးအပ်၍ ၁၉ဝ၁ ခုနှစ်တွင် ကေ-စီ-အိုင်-အီးခေါ် သူကောင်းဘွဲ့ အပ်နှင်းခံရသဖြင့် ဆာဂျိမ်းဂျော့စကော့သည် ပင်စင်ယူ၍ ဘိလပ်သို့ ပြန်သည်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် အရပ်ရပ် တွင် ဗြိတိသျှအုပ်ချုပ်ရေးကို တော်လှန်ပုန်ကန်နေကြရာ ဆာ ဂျော့စကော့၏ အုပ်ချုပ်ရေးပါးနပ်မှု၊ ဆက်ဆံရေး ကောင်းမှုတို့ ကြောင့် ရှမ်းပြည်နယ် တစ်ခိုတွင် သွေးထွက်သံယိုမှုများ ထင် သလောက် မများခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ တစ်ခါတွင် ဂျော့ စကော့သည် အစောင့်တပ်သားများနှင့်အတူ ရှမ်းပြည် တစ်နေရာတွင် အလုပ်ဝတ္တရားဖြင့် ခရီးသွားစဉ် လမ်း၌ ခုခံတိုက်ခိုက်ရန် စောင့်နေသော ဝလူမျိုးများနှင့် ရင်ဆိုင်တိုး မိနေသည်။ စကော့သည် အခြားအရာရှိများကဲ့သို့ ထွက်ပြေး ခြင်း၊ လက်နက်ဖြင့် ပစ်ခတ်ခြင်းတို့ မပြုမူဘဲ ဝ လူမျိုးတို့ အပါးသို့ လက်နက်မပါ တစ်ကိုယ်တည်းသွား၍ စကားပြန် ငါးယောက်ဖြင့် အဆင့်ဆင့်စကားပြောလိုက်ရာ မိနစ် အနည်း ငယ်အတွင်း၌ပင် အလွန်တိုက်ခိုက်လိုစိတ် ပြင်းထန်နေသော ဝတို့ ပြုံးရယ်ရွှင်မြူးခြင်းဖြစ်ကာ တစ်ဖက်နှင့်တစ်ဖက် ရင်းနှီး သွားခဲ့ကြရသည်ဟု မှတ်တမ်းများအရ သိရသည်။

ဆာ ဂျော့စကော့သည် ၁၈၉ဝ ပြည့်နှစ်တွင် အယ်လစ် ဇဗက်ဒိုရာဆိုသူ အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့၍ ၁၈၉၆ ခုနှစ်တွင် ထိုပထမဇနီး ဆုံးခဲ့ရာ ၁၉ဝ၅ ခုနှစ်တွင် အယ်လီနာ ဆာရာဆိုသူ အမျိုးသမီးနှင့် လက်ဆက်ခဲ့ည်။ ၁၉၁၈ ခုနှစ်တွင် ထိုဒုတိယဇနီးနှင့် ကွာရှင်းပြီးနောက် ၁၉၂ဝ ပြည့်နှစ်တွင် စာရေးဆရာမ ဂျရယ်ဒင်းအီးဒစ်မီလတန်နှင့် အိမ်ထောင်ပြု သည်။ ပထမနှင့် ဒုတိယဇနီးတို့မှ သမီးတစ်ယောက်စီ ရခဲ့ သည်။ အသွင်တူသူ တတိယဇနီးနှင့် အိမ်ထောင်ပြုပြီးနောက် ဆပ်ဆက်နယ် ပက်ဝပ်မြို့အနီး ဂရေဟမ်ရွာကလေးသို့ ပြောင်း ရွေ့နေထိုင်ခဲ့ရာ ထိုအရပ်၌ပင် ၁၉၃၅ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် ကွယ်လွန်သည်။ မကွယ်လွန်မီ ၁၉၂၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၏ လက်တွေ့စီးပွားရေးနှင့် နိုင်ငံရေးလက်စွဲ ကျမ်းကို ပြုစုထုတ်ဝေခဲ့လေသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ မှ

Tags: world people
Next Post
ကြိုးစားပါလျှက် မအောင်မြင်သည့်အခါ ဒီယင်ကောင်ကို သတိရပါ

ကြိုးစားပါလျှက် မအောင်မြင်သည့်အခါ ဒီယင်ကောင်ကို သတိရပါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!