• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ

by Thutamm
August 19, 2020
Reading Time: 1min read
0
နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ
Share on FacebookShare on Twitter

ရေးသားသူ – Saya Aung Ko Latt

တကယ်လို့ နောက် ၁၀ နှစ်ကျရင် သင်ဒါတွေကြောင့် နောင်တရမယ်ဆိုတာကို သင်ယခုသိမယ်ဆိုရင် သင်ပြုပြင်နိုင်မလား။ ဆွေးနွေးကြည့်ကြရအောင်……….

၁။ မျက်နာဖုံးစွပ်ပြီး အသက်ရှင်နေထိုင်ခြင်း

သူများရဲ့အထင်အမြင်ကို အထူးအလေးထားမယ်။ သူများဝေဖန်မူကို အမြဲစိုးရိမ်နေမယ်။ သူများအလိုကျ အသက်ရှင်နေထိုင်မယ်။သူများအထင်ကြီးတဲ့ ပုံစံအတိုင်း နေထိုင်ပြမယ် ဆိုရင် နောက်ဆုံးတော့ ဟန်ဆောင်မှန်းမသိ ဟန်ဆောင်မိပြီးသားဖြစ်သွားပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး ဂုဏ်၊ အဆင့်အတန်း၊ အတန်းအစား စတဲ့ အတုအယောင်တွေကြားမှာ ဟိုတူညီဝတ်စုံဝတ်လိုက်၊ ဒီဖွင့်ပွဲသွားလိုက်၊ ဟိုနေ့စုဝေးလိုက် ဟိုဟာဝိုင်းစားလိုက်၊ ဓါတ်ပုံတင်လိုက်၊ ဒီနေ့စုဝေးလိုက့်၊ ဒီဆိုင်မှာစားလိုက်၊ ဓါတ်ပုံတင်လိုက်နဲ့ တဝဲလည်လည်နွံနစ်သလိုပါပဲ နှစ်လေနက်လေ ဖြစ်သွားပါတော့တယ်။ ကိုယ်တကယ်တန်ဖိုးထားရမဲ့ ကိုယ့်အိမ်ထောင်ရေး၊ သားရေးသမီးရေးတွေ အာလုံးလစ်ဟင်းကုန်ပါတော့တယ်။

၂။ အခြားသူများမှ မိမိအိမ်မက်ကို အကောင်အထည်ဖေါ်စေခြင်း

လူဆိုတာ အလွန်အံ့သြစရာကောင်းပါတယ်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်ရင် သူများနိုင်သွားပါလိမ့်မယ်။ ကိုယ့်ဘဝကို ကိုယ်ကပဲ့မကိုင်ရင်၊ သူများပဲ့ကိုင်တဲ့နောက်ကို တကောက်ကောက် လိုက်ရပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ် အရင်မွေးမြူ ရပါလိ်မ့်မယ်။

၃။ အဆိုးမြင် အပျက်သဘော ဆောင်တဲ့လူနဲ့ အဖေါ် ပြုခြင်း

စိတ်ညစ်စရာ၊ ပူဆွေးစရာ ခံစားချက်များဟာ ပတ်ဝန်းကျင်ကို အလွန်ကူးစက်လွယ်ပါတယ်။ အစိုးရ မကောင်းဘူး၊ ခေတ်မကောင်းဘူး၊ ကျောင်းမကောင်းဘူး၊ လူတွေမကောင်းဘူး၊ အိမ်သားများ မကောင်းဘူး၊ စသည်ဖြင့် အဆိုးမြင်သမားတွေ ရဲ့မျက်စိထဲမှာ ဘာတစ်ခုမှ အကောင်းမမြင်တတ်ပါ။ အဲဒီအဆိုးမြင် အပျက်ထင်တဲ့ အကျင့်ကူူးသွားရင် ဘာလုပ်လုပ် အဆင်မပြေတော့ပါ။ အဲဒါကြောင့် အဆိုးမြင်တဲ့လူနဲ့ တွေ့ရင် အမြန်ရှောင်ရှားထားပါ။ အဆိုးမြင်တဲ့စကားများဟာ အမိုက်တွေပါ။ ကိုယ်အမိုက်ပုံးဖြစ်တာကြာသွားရင် အမှိုက်ပုံပါ။ အမှိုက်ကိုက်လို့ အမိုက်ဖြစ်သွားပါတော့တယ်။

၄။ အတ္တဆန်ခြင်း

လူ့ဘဝမှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်အခါဟာ ကိုယ်နှစ်သက်တဲ့ အရာတစ်ခုခုကို သူများနဲ့ အထူးသဖြင့် ကိုယ်ချစ်တဲ့လူများနဲ့ မျှဝေခံစားရခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်အတွက်ချည်းပဲ ကိုယ်ကြည့်တယ်ဆိုရင် အတ္တကြီးပြီး တယူသန်သွားပါတော့တယ်။ လောကကြီးမှာ မိမိအတွက်သော်၎င်း၊ ပတ်ဝန်းကျင်အတွက်သော်၎င်း၊ အကျိုးအယုတ်စေဆုံးသော လူများဟာ ထို အတ္တကြီးတဲ့ လူများသာဖြစ်ပါတယ်။ မည်သည့်အတ္တမျှ လူ့ဘဝကို ကောင်းကျိုးမပေးပါ။

၅။ အလွယ်တကူ အရှုံးပေးခြင်း

အောင်မြင်ဖို့အတွက် အတွေ့အကြုံလိုပါတယ်။ အတွေ့အကြုံဆိုတာ အခက်အခဲ အတားအဆီး နဲ့ ဆုံးရှုံးမူကြားထဲကနေ ရရှိလာတာပါ။ အဲဒါကြောင့် အကြိမ်ကြိမ်ဆုံးရူံးမှ အကြိမ်ကြိမ် အတွေ့အကြုံ ရရှိပြီး နောက်ဆုံးမှ အောင်မြင်သွားတဲ့ ပုံပြင်တွေ ခဏခဏ ကြားဖူးကြမှာပါ။ အလွယ်တကူ အရှုံးပေးလိုက်တော့ ဘယ်ကနေ အတွေ့အကြုံ ရတော့မှာလဲ။

၆။ ရောင့်ရဲလွယ်လွန်းခြင်း

ရောင့်ရဲခြင်းဟာ ဘဝပျော်ရွှင်မူ အတွက် အလွန်အရေးပါတဲ့ အရည်အချင်း တစ်ရပ်လို့ ဆိုပေမဲ့ ရောင့်ရဲလွယ်ခြင်းဟာ အောင်မြင်မူ့အတွက် အဟန့်အတားဖြစ်တတ်ပါတယ်။ နည်းနည်းလေး အဆင်ပြေတာနဲ့၊ နည်းနည်းလေး အောင်မြင်လိုက်တာနဲ့ ကမ္ဘာကြီးက ဤမျှသာဆိုပြီး ရေတွင်းထဲက ဖားသူငယ်လို ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အောင့်မေ့တတ်ပါတယ်။ အဲလို ဘဝင်မြင့်လိုက်တာနဲ့ တိုးတက်မူဟာလည်း ရပ်တန့်သွားပါတော့တယ်။

၇။ အချိန်ဆွဲခြင်း

အချိန်ဆိုတာမျိုးက ကိုယ်ထင်သလောက်မများပါဘူး။ အသက် ၈၀ အထိ အသက်ရှင်တာတောင်မှ ရက်ပေါင်း သုံးသောင်းလောက်ပဲ ရှိပါတယ်။ ငယ်ရွယ်တဲ့အချိန်၊ ကျောင်းတက်တဲ့ အချိန်၊ အိုမင်းတဲ့ အချိန် အားလုံးကို နူတ်လိုက်ရင် အလုပ်လုပ်လို့ ကောင်းတဲ့ အချိန် ဘယ်လောက်မှ မရှိပါဘူး။ မနက်ဖန်ကျမှ၊ မနက်ဖန်ကျမှ ဆိုပြီး အချိန်ဆွဲတတ်တဲ့ သူများဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တော့တဲ့ “ မနက်ဖန်” ထဲမှာပဲ ပြီးဆုံးသွားပါတော့တယ်။

၈။ ပျင်းရိခြင်း

ပျင်းရိခြင်းဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်။ မနက် ၉ နာရီခွဲမှ အလုပ်ဆင်းတယ်။ ၁၀ ခွဲဆိုရင် လ္ဘက်ရည်သောက်ချိန်ရောက်ပြီ။ ၁၁ နာရီမှာ ပြန်အလုပ်ဆင်းတယ်။ ၁၂ မထိုးခင်မှာ ထမင်းစားချိန်ရောက်ပြီ။ နေ့လည် ၂ နာရီကျမှ အလုပ်ပြန်ဆင်းတယ်။ ၄ နာရီကျော်ကျော်ဆိုရင် ရေမိုးချိုးပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပြီ။ ဒါတောင်မှ ဟိုပစ္စည်းပြတ်လို့ ၊ ဒီအသုံးအဆောင်မရှိလို့ တစ်ယောက်ပစ္စည်းထွက်ဝယ်ရင် နောက်ကလူတွေ တစ်ပုံကြီး စောင့်ဆိုင်းနေတာမျိုး ထည့်မတွက်သေးပါ။ ဒီလိုသာ ပျင်းရိနေမယ်ဆိုရင် ဘယ်မှာတိုးတက်နိုင်တဲ့နည်းလမ်း ရှာတွေ့မလဲ။

Aung Ko Latt

——- —— ——-

(Zawgyi)

ေနာက္ ၁၀ ႏွစ္ၾကာလွ်င္ သင့္ကိုေနာင္တရေစမယ့္ အရာမ်ား

ေရးသားသူ – Saya Aung Ko Latt

တကယ္လို႔ ေနာက္ ၁၀ ႏွစ္က်ရင္ သင္ဒါေတြေၾကာင့္ ေနာင္တရမယ္ဆိုတာကို သင္ယခုသိမယ္ဆိုရင္ သင္ျပဳျပင္ႏိုင္မလား။ ေဆြးေႏြးၾကည့္ၾကရေအာင္……….

၁။ မ်က္နာဖုံးစြပ္ၿပီး အသက္ရွင္ေနထိုင္ျခင္း

သူမ်ားရဲ႕အထင္အျမင္ကို အထူးအေလးထားမယ္။ သူမ်ားေဝဖန္မူကို အၿမဲစိုးရိမ္ေနမယ္။ သူမ်ားအလိုက် အသက္ရွင္ေနထိုင္မယ္။သူမ်ားအထင္ႀကီးတဲ့ ပုံစံအတိုင္း ေနထိုင္ျပမယ္ ဆိုရင္ ေနာက္ဆုံးေတာ့ ဟန္ေဆာင္မွန္းမသိ ဟန္ေဆာင္မိၿပီးသားျဖစ္သြားပါတယ္။ ကိုယ့္ကိုယ္ကို ေပ်ာက္ဆုံးၿပီး ဂုဏ္၊ အဆင့္အတန္း၊ အတန္းအစား စတဲ့ အတုအေယာင္ေတြၾကားမွာ ဟိုတူညီဝတ္စုံဝတ္လိုက္၊ ဒီဖြင့္ပြဲသြားလိုက္၊ ဟိုေန႔စုေဝးလိုက္ ဟိုဟာဝိုင္းစားလိုက္၊ ဓါတ္ပုံတင္လိုက္၊ ဒီေန႔စုေဝးလိုက့္၊ ဒီဆိုင္မွာစားလိုက္၊ ဓါတ္ပုံတင္လိုက္နဲ႔ တဝဲလည္လည္ႏြံနစ္သလိုပါပဲ ႏွစ္ေလနက္ေလ ျဖစ္သြားပါေတာ့တယ္။ ကိုယ္တကယ္တန္ဖိုးထားရမဲ့ ကိုယ့္အိမ္ေထာင္ေရး၊ သားေရးသမီးေရးေတြ အာလုံးလစ္ဟင္းကုန္ပါေတာ့တယ္။

၂။ အျခားသူမ်ားမွ မိမိအိမ္မက္ကို အေကာင္အထည္ေဖၚေစျခင္း

လူဆိုတာ အလြန္အံ့ၾသစရာေကာင္းပါတယ္။ ကိုယ့္စိတ္ကို ကိုယ္မႏိုင္ရင္ သူမ်ားႏိုင္သြားပါလိမ့္မယ္။ ကိုယ့္ဘဝကို ကိုယ္ကပဲ့မကိုင္ရင္၊ သူမ်ားပဲ့ကိုင္တဲ့ေနာက္ကို တေကာက္ေကာက္ လိုက္ရပါလိမ့္မယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္တဲ့စိတ္ အရင္ေမြးျမဴ ရပါလိ္မ့္မယ္။

၃။ အဆိုးျမင္ အပ်က္သေဘာ ေဆာင္တဲ့လူနဲ႔ အေဖၚ ျပဳျခင္း

စိတ္ညစ္စရာ၊ ပူေဆြးစရာ ခံစားခ်က္မ်ားဟာ ပတ္ဝန္းက်င္ကို အလြန္ကူးစက္လြယ္ပါတယ္။ အစိုးရ မေကာင္းဘူး၊ ေခတ္မေကာင္းဘူး၊ ေက်ာင္းမေကာင္းဘူး၊ လူေတြမေကာင္းဘူး၊ အိမ္သားမ်ား မေကာင္းဘူး၊ စသည္ျဖင့္ အဆိုးျမင္သမားေတြ ရဲ႕မ်က္စိထဲမွာ ဘာတစ္ခုမွ အေကာင္းမျမင္တတ္ပါ။ အဲဒီအဆိုးျမင္ အပ်က္ထင္တဲ့ အက်င့္ကူူးသြားရင္ ဘာလုပ္လုပ္ အဆင္မေျပေတာ့ပါ။ အဲဒါေၾကာင့္ အဆိုးျမင္တဲ့လူနဲ႔ ေတြ႕ရင္ အျမန္ေရွာင္ရွားထားပါ။ အဆိုးျမင္တဲ့စကားမ်ားဟာ အမိုက္ေတြပါ။ ကိုယ္အမိုက္ပုံးျဖစ္တာၾကာသြားရင္ အမႈိက္ပုံပါ။ အမႈိက္ကိုက္လို႔ အမိုက္ျဖစ္သြားပါေတာ့တယ္။

၄။ အတၱဆန္ျခင္း

လူ႔ဘဝမွာ ေပ်ာ္႐ႊင္စရာ အေကာင္းဆုံးအခ်ိန္အခါဟာ ကိုယ္ႏွစ္သက္တဲ့ အရာတစ္ခုခုကို သူမ်ားနဲ႔ အထူးသျဖင့္ ကိုယ္ခ်စ္တဲ့လူမ်ားနဲ႔ မွ်ေဝခံစားရျခင္းပဲ ျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ ကိုယ့္အတြက္ခ်ည္းပဲ ကိုယ္ၾကည့္တယ္ဆိုရင္ အတၱႀကီးၿပီး တယူသန္သြားပါေတာ့တယ္။ ေလာကႀကီးမွာ မိမိအတြက္ေသာ္၎၊ ပတ္ဝန္းက်င္အတြက္ေသာ္၎၊ အက်ိဳးအယုတ္ေစဆုံးေသာ လူမ်ားဟာ ထို အတၱႀကီးတဲ့ လူမ်ားသာျဖစ္ပါတယ္။ မည္သည့္အတၱမွ် လူ႔ဘဝကို ေကာင္းက်ိဳးမေပးပါ။

၅။ အလြယ္တကူ အရႈံးေပးျခင္း

ေအာင္ျမင္ဖို႔အတြက္ အေတြ႕အႀကဳံလိုပါတယ္။ အေတြ႕အႀကဳံဆိုတာ အခက္အခဲ အတားအဆီး နဲ႔ ဆုံးရႈံးမူၾကားထဲကေန ရရွိလာတာပါ။ အဲဒါေၾကာင့္ အႀကိမ္ႀကိမ္ဆုံး႐ူံးမွ အႀကိမ္ႀကိမ္ အေတြ႕အႀကဳံ ရရွိၿပီး ေနာက္ဆုံးမွ ေအာင္ျမင္သြားတဲ့ ပုံျပင္ေတြ ခဏခဏ ၾကားဖူးၾကမွာပါ။ အလြယ္တကူ အရႈံးေပးလိုက္ေတာ့ ဘယ္ကေန အေတြ႕အႀကဳံ ရေတာ့မွာလဲ။

၆။ ေရာင့္ရဲလြယ္လြန္းျခင္း

ေရာင့္ရဲျခင္းဟာ ဘဝေပ်ာ္႐ႊင္မူ အတြက္ အလြန္အေရးပါတဲ့ အရည္အခ်င္း တစ္ရပ္လို႔ ဆိုေပမဲ့ ေရာင့္ရဲလြယ္ျခင္းဟာ ေအာင္ျမင္မူ႔အတြက္ အဟန႔္အတားျဖစ္တတ္ပါတယ္။ နည္းနည္းေလး အဆင္ေျပတာနဲ႔၊ နည္းနည္းေလး ေအာင္ျမင္လိုက္တာနဲ႔ ကမာၻႀကီးက ဤမွ်သာဆိုၿပီး ေရတြင္းထဲက ဖားသူငယ္လို ကိုယ့္ကိုယ္ကို ဟုတ္လွၿပီလို႔ ေအာင့္ေမ့တတ္ပါတယ္။ အဲလို ဘဝင္ျမင့္လိုက္တာနဲ႔ တိုးတက္မူဟာလည္း ရပ္တန႔္သြားပါေတာ့တယ္။

၇။ အခ်ိန္ဆြဲျခင္း

အခ်ိန္ဆိုတာမ်ိဳးက ကိုယ္ထင္သေလာက္မမ်ားပါဘူး။ အသက္ ၈၀ အထိ အသက္ရွင္တာေတာင္မွ ရက္ေပါင္း သုံးေသာင္းေလာက္ပဲ ရွိပါတယ္။ ငယ္႐ြယ္တဲ့အခ်ိန္၊ ေက်ာင္းတက္တဲ့ အခ်ိန္၊ အိုမင္းတဲ့ အခ်ိန္ အားလုံးကို ႏူတ္လိုက္ရင္ အလုပ္လုပ္လို႔ ေကာင္းတဲ့ အခ်ိန္ ဘယ္ေလာက္မွ မရွိပါဘူး။ မနက္ဖန္က်မွ၊ မနက္ဖန္က်မွ ဆိုၿပီး အခ်ိန္ဆြဲတတ္တဲ့ သူမ်ားဟာ ဘယ္ေတာ့မွ မၿပီးဆုံးႏိုင္ေတာ့တဲ့ “ မနက္ဖန္” ထဲမွာပဲ ၿပီးဆုံးသြားပါေတာ့တယ္။

၈။ ပ်င္းရိျခင္း

ပ်င္းရိျခင္းဟာ အလြန္ေၾကာက္စရာ ေကာင္းတဲ့ ေရာဂါဆိုးတစ္မ်ိဳးျဖစ္ပါတယ္။ မနက္ ၉ နာရီခြဲမွ အလုပ္ဆင္းတယ္။ ၁၀ ခြဲဆိုရင္ လၻက္ရည္ေသာက္ခ်ိန္ေရာက္ၿပီ။ ၁၁ နာရီမွာ ျပန္အလုပ္ဆင္းတယ္။ ၁၂ မထိုးခင္မွာ ထမင္းစားခ်ိန္ေရာက္ၿပီ။ ေန႔လည္ ၂ နာရီက်မွ အလုပ္ျပန္ဆင္းတယ္။ ၄ နာရီေက်ာ္ေက်ာ္ဆိုရင္ ေရမိုးခ်ိဳးၿပီး အိမ္ျပန္ဖို႔ ျပင္ဆင္ၿပီ။ ဒါေတာင္မွ ဟိုပစၥည္းျပတ္လို႔ ၊ ဒီအသုံးအေဆာင္မရွိလို႔ တစ္ေယာက္ပစၥည္းထြက္ဝယ္ရင္ ေနာက္ကလူေတြ တစ္ပုံႀကီး ေစာင့္ဆိုင္းေနတာမ်ိဳး ထည့္မတြက္ေသးပါ။ ဒီလိုသာ ပ်င္းရိေနမယ္ဆိုရင္ ဘယ္မွာတိုးတက္ႏိုင္တဲ့နည္းလမ္း ရွာေတြ႕မလဲ။

Tags: successfulthinking
Next Post
ဟစ်တလာချစ်တဲ့ တောင်ပေါ်စံအိမ်တော်

ဟစ်တလာချစ်တဲ့ တောင်ပေါ်စံအိမ်တော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!