• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တောရွာစပါးခင်းများထဲမှ ဟောလိဝုဒ်ကို တက်လာခဲ့သော တိုင်းရင်းသားတဦး

by Thutamm
August 14, 2019
Reading Time: 2min read
0
တောရွာစပါးခင်းများထဲမှ ဟောလိဝုဒ်ကို တက်လာခဲ့သော တိုင်းရင်းသားတဦး
Share on FacebookShare on Twitter

ရေးသားသူ – ထက်ဝန

” အောင်မြင်မူဆိုလွယ်လွယ်ကူကူ လုပ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာကို ကျတော်တို့ယုံကြည်နေသ၍ ရှုံးနိမ့်ခြင်းနဲ့အခက်အခဲတွေဟာ သေးသွားလိမ့်မယ်။ “
Tony jaa

ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးမူအနည်းဆုံးလူမျိုးစုထဲကတခု အီစံ။ ထိုင်းနိုင်ငံအစွန်အရှေ့မြောက်အရပ်မှာရှိတဲ့ စီရင်စုနယ်၂၀ရှိတဲ့လူမျိုးစုတစု။ ဒါပေမယ့် ဒီလူမျိုးဟာထိုင်းရဲ့ဧရိယာအကြီးဆုံးလူမျိုးစုဖြစ်သလို တိုးတက်တဲ့နေရာတွေကအရမ်းတိုးတက်ပြီး အစွန်းအဖျားနေရာတွေဟာ ပညာပင်ကောင်းစွာ မသင်ရတဲ့အထိခေါင်ကြတယ်။ အချိန်အားဖြင့် ၁၉၇၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ ထိုင်းနိုင်ငံ မှာ အိစံလူမျိုးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ အီစံပေမယ့် တိုးတက်တဲ့နေရာကတော့ မဟုတ်ဘူး။ ကျန်းမာရေးဆေးပေးခန်းတွေနည်း စာသင်ကျောင်းတွေနည်းတဲ့နေရာတခုကပါ။

သူမွေးဖွားခဲ့တဲ့နေရာက စူရင်မြို့နယ် အီစံလူမျိုးစု  ထိုင်းနိုင်ငံပါ။သာမာန်မိသားစုကဖြစ်တဲ့ သူကဦးလေးနဲ့ ရွာထဲကလူကြီးတချို့ကြောင့်ငယ်စဉ်ထဲက မွေထိုင်းလက်ဝှေ့ကိုသင်ခွင့်ရခဲ့ပြီး၈နှစ် သားကတည်းက ၄ပေအမြင့်ကအရာဝတ္ထုတွေကို ကန်နိုင်တဲ့အထိ တော်ခဲ့တဲ့ကလေးတယောက်ပါ။ မြို့ပြနဲ့အလှမ်းဝှေးသလို သူ၉နှစ်သားမှာပြောင်း ရွေ့ခဲ့ရတဲ့အိမ်တင် ဘန်ကောက်မြို့အစပ်နဲ့၄၀၀ ကီလိုမီတာကျော်ဝေးပါတယ်။ မူလတန်းစတက် ချိန်ကျောင်းနဲ့ဝေးလို့အခက်အခဲတွေဖြစ်ခဲ့ပေမယ့် ထိုကလေးက ရွာကနေကျောင်းကိုနေ့စဉ် လမ်းလျှောက်ပြီးကျောင်းတက်ခဲ့ပါတယ်။

ပညာရေးထက် လက်ဝှေ့ကိုပဲစိတ်ဝင်စားခဲ့တဲ့ ဒီကလေးဟာ မွေထိုင်းစိတ်ဝင်စားတတ်ခဲ့ပါတယ်။ ငယ်စဉ်ထဲကလေ့ကျင့်သင်ယူခဲ့ပြီး သူအပျော်ဆုံးအချိန်ကရွာကTVရှိတဲ့အိမ်မှာTVသွားကြည့်ရတဲ့အချိန်ပေါ့။ ဘရုစ်လီ ဂျက်ကီချမ်း ဂျက်လီ တို့ဟာသူ့ဘဝရဲ့အရူးသွပ်ဆုံးHeroတွေဖြစ်ခဲ့ပြီး ထိုအချိန်ထဲကသရုပ်ဆောင်ပညာကိုစိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် ဒီတောသားလေးအဖို့မင်းသားဖြစ်နိုင်လောက်တဲ့လမ်းစကအလှမ်းဝေးလွန်းအားကြီးခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘဝမှာတော့ မြို့နယ်ပေါင်းစုံမွေထိုင်းပြိုင်ပွဲတွေ ထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်လက်ဝှေ့ပြိုင်ပွဲတွေမှာသူဝင်ပြိုင်ခဲ့ပါပြီ။ထူးထူးခြားခြားပဲဒီကလေးဟာနှစ်တိုင်း အံ့အားသင့်စရာထိုးကွက်တွေနဲ့လူပြောများလာခဲ့တယ်။

သူဒီလိုလက်ဝှေ့ပညာကို ကျွမ်းကျင်လာဖို့ပြိုင်ပွဲတွေထိုးသတ်ဖို့အထိ ဖခင်ကမထင်ထားခဲ့သလိုခွင့်လဲမပြုခဲ့ပါဘူး။ ဘာကြောင့်ခုလိုလူသတ်ကွင်းကြိုးဝိုင်းထဲဒီကလေးရောက်သွားရလဲဆို…သူ့သူငယ်ချင်းကြောင့်ပါပဲ။ သူနဲ့ငယ်စဉ်ထဲကညီကိုလိုခင်ခဲ့လက်ဝှေ့အတူကျင့်ခဲ့တဲ့တရွာထဲသားချီလာ ဟာမိခင်ကျန်းမာရေးကြောင့်တရားမဝင်လက်ဝှေ့ပွဲဝင်ထိုးရင်း ငွေရှာရာကခြေထောက်အချိုးခံလိုက်ရမူက သူ့ကိုနာကျည်းစေခဲ့တာပါပဲ။ သူဝင်ပြိုင်တယ် ဖခင်နဲ့အကြီးအကျယ်ပြသနာဖြစ်တယ်။ ကျောင်းထုတ်လိုက်ပြီးရွာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပို့လိုက်တယ်။ ဒါပေမယ့်မရဘူး ဖခင်ရဲ့လယ်ကွင်းထဲကျောင်းနားရက်တွေစပါးစိုက်ကူရင်း အားတဲ့အချိန်လက်ဝှေ့ကျင့်တယ်။

ပြိုင်ပွဲတွေဝင်ပြိုင်ဖို့အဓိကတွန်းအားဖြစ်ခဲ့တာကလဲ သူတက်တဲ့ကျောင်းကကျောင်းထိုင်ဆရာတော်ကြောင့်ဆိုမမှားဘူး။ လာဘ်စားမူတွေများကြီးနိုင်ငယ်ညှင်းတွေများတဲ့ပြိုင်ပွဲတွေကိုအားမလိုအားမရဖြစ်တတ်တဲ့ဒီဘုန်းကြီးက သူ့ကိုပြိုင်ပွဲတွေဝင်ပြိုင်ဖို့အားပေးခဲ့တယ်။ သူ့ကိုမွေထိုင်းပညာအကြီးအကျယ်တတ်မြှောက်စေခဲ့တာကလဲ ဒီဘုန်းကြီးကျောင်းကြောင့်ပါပဲ။ ၁၀နှစ်သားမှာသူဟာ မွေထိုင်းပညာကိုအသေးစိတ်သင်ခဲ့ရပြီး ၁၅နှစ်သားသူအထက်တန်းကျောင်းသားဘဝမှာတော့ pro တ်စ်ယောက်အဆင့်ထိရောက်ခဲ့ပြီးအငယ်တန်းကလေးပွဲတွေကနေ အကြီးတန်းထိုးသတ်ပွဲတွေအထိဝင်ခဲ့ပါပြီ။

သူဒီဘုန်းကြီးကျောင်းက သင်ခဲ့ရတဲ့ မွေထိုင်းပညာတွေထဲ လူ ၁၀၀၀မှာတယောက်သင်ဖို့ခက်ခဲပြီး အန္တရယ်များတဲ့ ပညာရပ်၃ခုပါခဲ့တယ်။ ဒါတွေကတော့physical inmost ပညာရပ်တွေပါပဲ။ ဒီအထဲမှာတချက်အကန်ခံရရုံနဲ့အသက်ပျောက်နိုင်တဲ့Competition ကန်ချက်လဲပါဝင်ခဲ့ပါတယ်။ Competition Kick တွေဟာမခုခံနိုင်ရင်တန်းသေတတ်တဲ့အထိ ပြင်းထန်သလို တော်ရုံလေ့ကျင့်မူနဲ့မရနိုင်တဲ့ မွေထိုင်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကန်ချက်တွေထဲလည် းပါဝင်တဲ့ကန်ချက်တွေပါ။ အထက်တန်းကျောင်းသားဘဝမှာတော့သူဟာ တကယ့်တန်းဝင်တဲ့လက်ဝှေ့ပွဲတွေကိုထိုးဖို့စိတ်ဝင်စားသွားခဲ့ပါပြီ။ အသက်၁၅နှစ်သာရှိသေးတာကြောင့်ဘုန်းကြီးက ခွင့်မပြုခဲ့သလို ဖခင်ကလဲကြေကွဲခဲ့ရပါတယ်။

ပညာရေးကိုပဲပြီးဆုံးအောင်သင်စေချင်တဲ့အတွက် သူ့ကိုဖခင်ကချော့တခါခြောက်တလှည့်ပြောခဲ့ရတယ်။ ဒီလိုနဲ့တရက် သူတို့ရွာကိုမြို့ကရိုက်ကူးရေးအဖွဲ့တခုရောက်လာတယ်။ ထိုအချိန်သူတို့ရွာမှာလဲလက်ဝှေ့ပွဲကျင်းပနေချိန်ပေါ့။ သူ့ကိုတွေ့သွားတာကတော့ထိုင်းအက်ရှင်ဒါရိုက်တာကြီး Panna Rittikraiပါပဲ။ သူအံ့သြသွားတယ်။ဒီကလေးကသူရိုက်ကူးနေကျ ရုပ်ရှင်ကားတွေထဲက စတန့်မင်းသားတွေထက်တောင် တော်နေတာကြောင့်ဒီကလေးကိုသူမြို့ကိုခေါ်သွားပြီးရုပ်ရှင်ပညာသင်ပေးဖို့ဆုံးဖြတ်လိုက်တယ်။

အဲ့ကလေးကတော့တခြားသူမဟုတ်ဘူး နောင်တချိန်မှာထိုင်းနိုင်ငံကနေ ကမ္ဘာ့No.5 အက်ရှင်မင်းသားအဖြစ် ကမ္ဘာကျော်မင်းသားတဦးဖြစ်လာမယ့် ကျတော် တို့အားလုံးသိကြတဲ့ ဝမ်းဘတ်လို့ခေါ်တဲ့ Tony Jaa ပါပဲ။

” ပထမဆုံးကျတော်တို့ဆုပ်ကိုင်ခွင့်ရမှာက အိမ်မက်တွေပါ။ ဒီအိမ်မက်တွေကပင်ပန်းလို့ မလုပ်ချင်လို့လွှတ်ချလိုက်မယ်ဆို ကျတော်တို့ခပ်ညံ့ညံ့လူပဲဖြစ်သွားလိမ့်မယ်။ ”
Tony jaa

Panna Rittikrai ဟာ Tony Jaaကို မြို့ပေါ်ခေါ်သွားတော့အထက်တန်းကျောင်းသားနောက်ဆုံးနှစ်ပဲရှိပါသေးတယ်။ ဖခင်ဖြစ်သူက မထည့်ချင်ပေမယ့် သားဖြစ်သူဒီလက်ဝှေ့လောကထဲ မဝင်သွားဖို့ဒီတလမ်းပဲရှိတော့တယ်။ ဒါပေမယ့် Tony ဟာ Panna Rittikraiနဲ့လိုက်သွားခဲ့ပြီးအထက်တန်းအောင်အောင်ချင်းပဲ အီစံပြည်နယ်ရဲ့နာမည်ကြီးကောလိပ် Maha SarakhamCollege မှာ Physicalမေဂျာကိုထပ်မံတက်ခွင့်ရခဲ့ပါတယ်။ ဒီကျောင်းကအရှေ့တောင်ထိုင်းဒေသမှာအကြီးဆုံးဖြစ်ပြီးကျောင်းသားဦးရေ၃သောင်းကျော်တက်ရောက်တဲ့ကျောင်းကြီးပါ။

ဒီကျောင်းကလက်ဝှေ့အသင်းဟာလည်း နိုင်ငံဂုဏ်ဆောင်အားကစားသမားတွေထွက်ခဲ့ပြီး fighterတွေတော်တော်များတဲ့ကျောင်းပေါ့။ Tony ဒီကိုစရောက် ရောက်ချင်းပဲ ၁၂ယောက်တယောက်ချပွဲနဲ့ ဒီဘဲလေးကကျောင်းမှာနာမည်ကြီးသွားတယ်။ ဒီလို case က ရုပ်ရှင်မင်းသားထဲ IP manကြီးစား သောက်ဆိုင်မှာအုပ်စုလိုက်နဲ့တယောက်ချပြီး အုပ်စုလိုက်ဆေးရုံပို့လိုက်ရတဲ့ case တစ်ခုပဲရှိ သေးတယ်။ ဒါကမင်းသားမဖြစ်ခင်ထဲကတကယ်တတ် တကယ်လေ့ကျင့်ထားခဲ့တဲ့သူတွေဆိုတာ ကိုပြသမူတခုပါပဲ။ ဒါနဲ့တင်မပြီးဘူး Tony ဟာ ဒီကောလိပ်ကနေတဆင့်မွေထိုင်းလက်ဝှေ့ပြိုင် ပွဲကြီးကိုတက်ပြိုင်ခဲ့ပြီး ရှုံးပွဲမရှိ ၅အုပ်စုနိုင်ခဲ့သူပါ။ ထူးခြားမူကတော့ Tony ဟာ အဲဒီအချိန်ထိ ထိုင်းစကားကိုသေချာမတတ်သူပါ။ မြန်မာမှာဆို တိုင်းရင်းသားစကားပဲတတ်ပြီး အများသုံးဗမာစကားမတတ်သလို ပါပဲ။

“ဆုတောင်းတိုင်းသာအရာရာ အဆင်ပြေမယ်ဆို ကျတော် ဆယ်ကျော်သက်ဘဝထဲက နာမည်ကြီးမင်းသားတယောက်ဖြစ် နေလောက်ပြီ။ ”
Tony Jaa

တချို့Blogs တွေမှာTonyဟာ ၁၄နှစ်သားထဲက စတန့်သမားတယောက်အဖြစ် ထိုင်းမှ ာနာမည်ကြီးခဲ့တယ်လို့ရေးသားမူတွေဖတ်ရတယ်။interviewဖြစ်တဲ့ retro Crush interview မှာတော့ Tony ဟာ၁၅ နှစ်ကျော်မှ Panna Rittikrai ရဲ့ပံ့ပိုးမူနဲ့တချို့ကားလေးတွေ မှာပဲအစားထိုးစတန့်အဖြစ်ပါခဲ့သူပါ။ ကောလိပ် တက်ရင်းTonyဟာ ၄နှစ်လောက် Panna ရဲ့ သင်ကြားပံ့ပိုးမူနဲ့ မွေထိုးနဲ့သရုပ်ဆောင်ပညာကို သင်ယူခဲ့ပါတယ်။ ဒီကြားထဲကြိုကြားကြိုစားလူစား ထိုးစတန့်များသာပါခွင့်ရခဲ့ပြီးအသက်၂၀ကျော် ထိဘာကားမှမရိုက်ခဲ့ရပါဘူး။

ဒီလိုနဲ့short film လေးတစ်ခု ထိုင်းရုပ်သံလိုင်းမှာပြသခဲ့မူကTony ကို ထိုင်းရုပ်ရှင်လောကက အံ့အားသင့်စေခဲ့တဲ့ အက်ရှင်သရုပ်ဆောင်လေးတဦးဖြစ်သွားခဲ့စေတာ ပါပဲ။ ဒီ short film ကြောင့်ပဲTony ဟာ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spirited Killer ကားမှာ စတင်ပါဝင်ခွင့်ရခဲ့တာပါပဲ။ ဒီshort film အတိုလေးကိုကြည့်ရူမိလိုက်သူတွေထဲဒါရိုက်တာကြီး တယောက်လဲပါဝင်ခဲ့တယ်။

သူကတော့နောင် တချိန်မှာ Tony ကို Ong Bak ဆိုတဲ့နာမည် နဲ့ကမ္ဘာကျော်အောင်မြေတောင်မြှောက်ရိုက်ကူး ပေးလာမယ့် ဝမ်းဘတ် ကားဒါရိုက်တာကြီး Prachya Pinkaew ပါပဲ။ ဒါပေမယ့်သူကတန်း မခေါ်ခဲ့ပါဘူး။ Tony ဟာရုပ်ရှင်လောကထဲမအူ မလည်နဲ့ ဗီဒီယိုကားသာသာ ၄ ၅ ကားနဲ့ ၉နှစ် လောက်တိုင်ပတ်နေခဲ့ပါသေးတယ်။ ရုပ်ကလဲမချောတဲ့အပြင်ဆုံး ထိုင်းရုပ်ရှင်လောကထဲကတန်း ဝင်မင်းသားတွေလို သရုပ်ဆောင်ပညာကလည်း ထင်သလောက်မရှိတဲ့အတွက် ဘာမွေထိုင်းပဲတတ် တတ် သူနေရာမရခဲ့ပါဘူး။

” ကျတော်ဒီလောကထဲစဝင်တော့ သိမ်ငယ်စရာတွေသူများထက်ပို များတယ်။အထူးသဖြင့်ရုပ်ရည် အရပ်အမောင်းပေါ့။ ဒါပေမယ့် ကျတော်ကိုယ့်ကိုယ်ကိုယ်တခါမှ မသိမ်ငယ်ခဲ့ဘူး။ သိပ်ငယ်မူက ကျရှုံးမူကိုဦးဆောင်စေတယ်။”
Tony Jaa

#Ong_Bak: #Muay_Thai_Warrior

၂နှစ်လောက်အချိန်ယူခဲ့ပြီးပြင် ဆင်ရိုက်ကူးခဲ့တဲ့ ထိုင်းကားတကား။ ကျတော်တို့ အလယ်တန်းအရွယ်မှာ တရုတ်ဆို ဂျက်ကီချမ်း ဂျက်လီ Hollywood ဆို အာနိုး ရမ်ဘိုစသဖြင့် ပဲနိုင်ငံခြားရုပ်ရှင်ကိုရင်းနှီးခဲ့တယ်။ ဒီအထဲမှာ ထိုင်းရုပ်ရှင်ကားတွေပါဖို့ထား ကိုယ်တွေနိုင်ငံနဲ့ ရုပ်ရှင်လောကထဲထိုင်းကားတွေဟာသိပ်မစီးဝင် စိတ်ဝင်စားစရာသိပ်မပေးနိုင်သေးဘူး။Tony ကလည်း Nuk leng klong yao ကားရိုက်ပြီး၂နှစ် လောက်ဘာကားမှမရိုက်ရချိန်။ Nuk leng klong yao ကလည်းသာမာန်ဗီဒီယိုကားသာသာ ဆိုတော့သူမင်းသားထဲအောက်တန်းကမင်းသား အဆင့်ပဲရှိသေးတယ်။

BaaRam-eweထုတ် လုပ်ရေးက ဒီဝမ်းဘတ်ကားကို ၂၀၀၂ခုနှစ်စထဲက တခြားအက်ရှင်မင်းသားတဦးနဲ့ ၂ပတ်လောက် ရိုက်ခဲ့သေးတယ်။ မင်းသားဖြစ်သူထိခိုက်ဒဏ်ရာ ရပြီးနောက်ပိုင်းအက်ရှင်စတန့်ခန်းတွေကပိုဆိုး လာမှာကြောင့် ဒီကားကိုနားခဲ့တယ်။ ဒီကား က မွေထိုင်းကို ကမ္ဘာတခွင်Promote လုပ်ချင် တဲ့ BaaRam-ewe ထုတ်လုပ်ရေးရဲ့အရင်းအနှီးဒေါ်လာတစ်သန်းထိရင်းမယ့်ကားဖြစ်နေတယ်။

ဒါရိုက်တာ Prachya Pinkaewကဒီကား ကိုသူတချိန်ကတွေ့ထားတဲ့ကောင်လေးတဦးကို ပြန်သတိရသွားတယ်။ သူကတော့Tonyပါပဲ။ Tony ဟာဝမ်းဘတ်ကိုရိုက်ဖို့ပြင်ဆင်မူများစွာ လုပ်ခဲ့ရသလို ဒီကားဟာထိုင်းရုပ်ရှင်ကိုကမ္ဘာထိ တိုးဖို့စတင်လုပ်လာတဲ့ လက်နက်ကြီးတခုပါပဲ။ အစိုးရကလဲ ဒီဝမ်းဘတ်ကိုရိုက်ရာမှာတချို့သ ဘောတူညီမူတွေကို ဖွင့်ပေးခဲ့တယ်။ထူးခြားမူက ဒီကားကိုထိုင်းဘုရင်ရဲ့သမီးသီရိဒုံကိုယ်တိုင်အား ပေးခဲ့တာပါပဲ။ ရိုက်ကြတယ်။

Tony ခါးရိုးအက်တယ်။နားတယ် ပြန်ရိုက်တယ်။ လက်တွေကွဲ ဇာတ်ရံတွေ မတော်တဆထိပြီးကျိုးပဲ့တယ်။ဒီနေရာမှာမြန်မာကလူကြမ်းတွေကိုပြန်တွေးမိပြီးလေး စားမိလေရဲ့။ မင်းသားသိန်း၇၀ လူကြမ်း၂သိန်းပဲ ရတဲ့မြန်မာလူကြမ်းတွေခဗျာ မတော်တဆမူ ကျိုးပဲ့မူတွေအတွက်အာမခံချက်မရှိ ဂုဏ်ပြုမယ့် ပရိတ်သတ်မရှိ အမုန်းပဲပြန်ရတာတောင်သူတို့ အနုပညာကိုချစ်တဲ့စိတ်က အလေးပြုစရာပါပဲ။ ခင်ဗျားတို့တော့မသိဘူး ကျုပ်ဘဝရဲ့မြန်မာရုပ်ရှင် လောကမှာ No.1အလေးစားဆုံးပုဂ္ဂိုလ်တွေက ဗီလိန် နဲ့ လူကြမ်းကြီးတွေပါပဲ။ စိုင်းအောင်တင့် ခင်စိုးပိုင် ကမ္ဘာရှား ကိုကိုဦး တကယ့်အသည်း ရောကျောက်ကပ်ပါ စွဲတဲ့ idolတွေပေါ့ဗျာ။ ဒီ

ဝမ်းဘတ်ကားမှာလည်း ဒီလိုပဲ မင်းသားနဲ့အပြိုင်ချ ရတဲ့လူကြမ်းတွေအဖို့ကျိုးပဲ့မူတွေများခဲ့တယ်။ ခေါင်းကွဲတယ် ဆေးသိပ်ပြီးခေါင်းစည်းနဲ့ပြန်ချ ကြတယ်။ ဒါရိုက်တာကနားပါပြောတာတောင် ကိုယ့်နိုင်ငံကိုကမ္ဘာသိစေဖို့ယုံကြည်မူတခုထဲနဲ့ ဒီကားကိုအသေအကြေရိုက်ကူးခဲ့ကြတယ်။ ဝမ်းဘတ် ဇာတ်အိမ်တော့ပြောစရာလိုတော့မယ် မထင်ဘူး ဘုရားခိုးမူတွေ မှောင်ခိုဂိုဏ်းတွေကို ပွဲကျောင်းသားဆန်ဆန်တောသားတဦးကချေ မှုန်းတဲ့ကားပေါ့ဗျာ။ တော်လှန်ရေးဆန်တယ် စည်းလုံးမူတွေပြထားတယ် ကြက်သီးထစရာမျိုး ချစ်စိတ်တွေပါတယ်။ US UK ထိအကုန်ထိုး ဖောက်တယ်။ Hollywoodအက်ရှင်းမင်းသား တွေပြာပါလေရော။

ထိုင်းရှောင်လင်ကားတွေပြာ ပါလေရော။ ဟောင်ကောင်မှာတလတိတိရုံမချ ရဘူး ဒုတိယ တတိယအကြိမ်ထိပြန်ပြခဲ့ရတယ်။ ဒီကားက ဟောင်ကောင်ရုပ်ရှင်လောကမှာပထမ ဆုံး No.1အောင်မြင်သွားတဲ့ထိုင်းရဲ့ပထမဆုံး ကားပါ။ Bollywood’ထိပြခွင့်ရတယ်။ ဂျပန် ကာဝါဆာကီရုပ်ရှင်ပြပွဲမှာ ဒီကားကVoting တစ် ဖြစ်ခဲ့တယ်။ မြန်မာ အဟဲ ထိုအချိန်ကဗီဒီယို ရုံတွေလျံသွားတဲ့ထိုင်းကားပေါ့ဗျာ။ ဒါတင်မက ဘူး 20th Century Fox ကပါဒီဝမ်းဘတ်ကို Promote လုပ်ခဲ့တယ်။ ပထမအပတ်ပြသမူ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ကနေ ၂၈ရက်နေ့ မှာတင်ဒီကားကအရင်းကြေသွားတယ်။ ဒီဝမ်း ဘတ်က ထိုင်းရုပ်ရှင် Generation တွေအ တွက်လမ်းစဖွင့်လိုက်တဲ့ကားပါပဲ။

” ကြောက်စရာတွေကို ကြောက်နေတတ် ရင် ကျတော်တို့ဘယ်တော့မှရှေ့ရောက် မှာမဟုတ်ဘူး။ ကြိုတွေးထားမူတွေကို ရင်ဆိုင်လိုက်ခြင်းက ပိုသက်တောင့်သက် သာရှိလာလိမ့်မယ်။ ”
Tony Jaa

Ong Bak ကားအပြီးမှာတော့ Tony ကို ဝမ်းဘတ်လို့တကမ္ဘာလုံးသိသွားခဲ့ပါပြီ။ ရုပ်မ ချောဘူး အရပ် ၅ပေ၆ ဗလသိပ်မရှိတဲ့ အသားညိုလေး ၊ ဒါပေမယ့် No.1 Actor အဖြစ်လူငယ်ထဲ ထိုင်းမှာသူနေရာတန်းရသွားတယ်။ တစ်ကားပြီးတကားထွက်လာတယ်။ ဝမ်းဘတ်၂မ လာခင် သူ့ကိုနောက်တကြိမ် ကမ္ဘာကျော်ဦးမယ့် ကားတကားထပ်ထွက်လာတယ်။ အဲ့ဒါကတော့ Tom-Yum-Goongပါပဲ။ သူ့ကျေးဇူးရှင်ဒါရိုက်တာ Prachya Pinkaew ကပဲရိုက်ခဲ့တဲ့၅သန်း ပဲရင်းပြီး ၂၈သန်းနီးပါးပြန်ရခဲ့တဲ့ကားပါ။

ဝမ်းဘတ် ၁ ထက်ပိုအောင်မြင်တဲ့ ဆင်တွေစီးပြီးစပယ်ရှယ် ဝုန်းဒိုင်းကြဲထားတဲ့ မာဖလာနဲ့ကိုရုပ်ဆိုးကားပေါ့ ဗျာ။ လန်ထွက်သလားတော့မမေးနဲ့ ခုန်ချတဲ့အ ခန်းတွေကြိုးမသုံးဘူး စတန့်ခန်းတွေလူစားမထိုး ဘူး။ Tony ကိုယ်တိုင်ဒီကားမှာစတန့်နည်းပြအ ဖြစ်ပါဝင်ကူညီပြီး လူကြမ်းတွေကိုကူညီပေးခဲ့ တယ်။ အမှတ်တရတခုကရိုက်ဖို့ Rehersal လုပ် တုန်းကအကောင်း တကယ်လဲရိုက်ရောသူအထိုး ခံရလို့နှာခေါင်းရိုးပြုတ်သွားတယ်။ ဒူးလေးပွန်း လက်လေးထိမှာစိုးလို့လူစားထိုးတဲ့မင်းသားထဲ မပါတဲ့အပြင် တကယ်အလုပ်ခံအထိုးခံရတဲ့မင်းသားပေါ့ဗျာ။

သူ့ကားတွေကြည့်ရင်း တခါတလေ သူ့သတင်းလေးတွေတက်လာရင် ဖတ်ဖြစ်တယ်။  နာမည်ကသာမင်းသား ဒီကောင့်အလုပ်ကလဲမစားသာပါလားပေါ့။ လက်ဝှေ့ပွဲတောင် တပွဲထိုးပြီးနားလို့ရတယ် ၊ ဒင်းကတကားလုံးအထိုးခံရ အခန့်မသင့်လို့စတန့်လုပ်ရင်လဲသေမယ့် စတန့်တွေခြင်းလုပ်ရ မင်းသားရောဟုတ်သေးရဲ့ လားပေါ့လေ။ ဒီကားမရိုက်ခင် Tonyဟာ ဆိုင်ကယ်စတန့် အလွတ်ခုန်စတန့်တွေကို ထပ်မံသင်ယူခဲ့သေးတယ်လို့သိရတယ်။ နောက်တကားက ရှေ့ကမအောင်မြင်ခဲ့တဲ့ The Bodyguard ရဲ့ အဆက် 2 ။

ဒီကားမှာTony ကသူ့ရွာဘာသာစ ကား အီစံဘာသာနဲ့ပြောဖို့ဒါရိုက်တာကိုတောင်း ဆိုခဲ့တယ်။ ဒီကားလည်းအောင်မြင်တယ်။ဒီကားအပြီးမှာတော့ Tony ကိုဒါရိုက်တာ Panna Rittikraiက ကမ်းလှမ်းမူတခုလုပ်ခဲ့ပါတော့ တယ်။ ဒါကတော့ ဝမ်းဘတ် 2 ကို မင်းကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ဆိုပြီးပြောလိုက်တယ်။ Tony ငြင်းခဲ့တယ်။ သူဒီလိုကားကိုဒါရိုက်တာ လုပ်ရအောင် အဆင့်မရှိဘူးပေါ့။ ဒါပေမယ့်ဆရာ ရဲ့မြှောက်ပေးမူကြောင့် ဒီကားကိုသူတို့၂ယောက် ပေါင်းရိုက်ခဲ့ကြတယ်။ ၁၁လအထိရိုက်ခဲ့ရတယ်။ ဆင်စီးပြီး ခေါင်းစည်းနဲ့ကားပေါ့။

ရှေ့က’၁ထက် ၃ဆလောက်ထိခိုက်တယ် ပင်ပန်းကြတယ်။ဒီ ကြားထဲ Tony ချုပ်လိုက်ရတဲ့ ဒဏ်ရာချုပ်ချက် ၁၂ချက်ထိရိုက်ခဲ့တယ်။ ၂၀၀၈ခုနှစ်ကုန်ခါနီးမှ ရုံတင်ခဲ့ကြတယ်။ ထိုင်းရဲ့ No.1ကားအဖြစ်ယ နေ့ထိအထင်ကရဖြစ်စေတဲ့ကားပါပဲ။ တစ်ကမ္ဘာ လုံးပြသခဲ့ပြီး ဝမ်းဘတ်ဟာလဲ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တယ်။ ၂နှစ်ကြာထပ်ရိုက်ကူးပြီး 3 ကိုတဆက်ထဲထပ်ထုတ်ခဲ့တယ်။ ဝမ်းဘတ် 1.2.3 ဟာဒေါ်လာသန်း၂၀၀နီးပါးအမြတ်ငွေရ ခဲ့ပါတယ်။ ထို့နောက်မှာတော့ Tony ဟာအာ ရှတင်မကပဲ Hollywood ထိတက်ရိုက်လာဖို့ ထိုင်းမင်းသားထဲကပထမဆုံး Hollywood မင်းသားဖြစ်လာခဲ့ပါတော့တယ်။

ဝမ်းဘတ် 3အပြီးမှာတော့Tom Yum Goong 2 ထပ်မံထွက်ခဲ့ပြီး Hollywood ကား တွေမှာ Tony ဟာဟာဝင်တိုးခဲ့ပါတော့တယ်။ A Man Will Rise လိုကား ရုရှားအာနိုးကြီး Dolph Lundgren နဲ့ထိုင်းလူကုန်ကူးမူကား F&F 7 စတဲ့နာမည်ကြီးကားတွေမှာTonyဟာ ထိုင်းလူမျိုးဂုဏ်ကိုဆောင်ခဲ့ပါတယ်။

” ကျတော့်ရဲ့အပင်ပန်းဆုံးအချိန်တွေက အက်ရှင်သရုပ်ဆောင်မလုပ်ရပဲနားနေရတဲ့အားလပ်ရက်တွေပေါ့ဗျာ။ ”
Tony Jaa

” အခုချိန်အောင်မြင်နေလို့ပျော်သလားဆို အဖေရဲ့လယ်ကွင်းထဲက Jaaအအဖြစ်နဲ့နေခဲ့ရတဲ့ အချိန်တွေလောက် မပျော်ဘူး ။ အောင်မြင်မူကအပူအပင်များလှတယ်။ ဒီအပူတွေကိုလျော့စေဖို့အခုကျတော့်ငယ်ဘဝကလိုဖြစ်ခဲ့တဲ့ ကလေးတွေကို မွေထိုင်းသင်ပေးရင်းပဲ ပျော်စရာရှာနေရတာပေါ့။ ”
Tony Jaa

Tony Jaa ရိုက်ခဲ့တဲ့ ထိုင်း Hollywood ကားတကားချင်းစီတော့ပေရှည်မနေတော့ဘူး ဒီဆယ်စုနှစ်ကျော်အတွင်းကမ္ဘာအထိအောင်မြင် လာတဲ့သူ့ကားတွေကိုလဲ အားလုံးကြည့်ဖူးပြီးသား ဖြစ်မှာပါ။ ထိုင်းဟေ့ဆိုတာနဲ့ ပီးမက်မင်းသားလို့ တော့မပြောနဲ့ ဝမ်းဘတ်က No.1ပါ၊ ငွေကြေး အောင်မြင်မူ ကမ္ဘာထိတိုးမူအရပေါ့။ ဝမ်းဘတ်သာ လမ်းမဖောက်ခဲ့ဘူးဆို လက်ရှိထိုင်းFancyကား သရဲကားတွေကလမ်းစတက်ဖို့ရင်လေးစရာပါ။ စီနီယာကောင်းပေါ့ဗျာ။ ၂၀၁၂ခုနှစ် မေလ မှာတော့ ဒီတောသားဟာ သူမင်းသားမဖြစ်ခင်ထဲ ကချစ်တဲ့တဲ့ ချစ်သူလေး Piyarat နဲ့လက်ထပ်ခဲ့ ပါတယ်။ သူတို့RS ကလဲထိုင်းမှာနာမည်ကြီးပါတယ်။ နှစ်အကြာကြီးတွဲခဲ့ သူအောင်မြင်လာခဲ့တာ တောင် ဒီမိန်းမကိုပဲသူယူတယ်။ ဒါကရှာရွန်ခန်း ကြီးနဲ့တူတဲ့အချက်ပေါ့။

Tony ဟာအာရှတင်မ ကပဲ ကမ္ဘာထိပါ ဆုတွေလည်း ရထားသူပါ။ထိုင်းရုပ် ရှင်ဆု / Online Film Critics Societyဆု / Top Awards / Deauville Asian Film Festival Award နဲ့ တခြားဆုတွေလဲရရှိထား သူဖြစ်နေပါပြီ။ 360° ကန်ချက်၂ဆင့်ကန်နိုင် သူ ၆ပေအမြင့်ကပစ္စည်းကိုအလွတ်ကန်နိုင်သူ Competitation ကန်ချက်ကိုကျွမ်းကျင်သူ ကမ္ဘာ့ကိုယ်ခံပညာအမြင့်ဆုံးမင်သား၅ဦးထဲပါဝင် သူ ၊ ကမ္ဘာ့ထိခိုက်ဒဏ်ရာအရဆုံးအက်ရှင်းမင်းသား၃ဦးထဲသူ့ idolကြီးဂျက်ကီချမ်းတို့ဘရုစ်လီ တို့နဲ့ပါဝင်ထားသူပါ။

Tony Jaa တဖြစ်လဲ ဝမ်းဘတ်ဟာ လက်ရှိမှာတော့ အားလုံးမျှော်နေကြတဲ့ကား xXx ကားမှာမင်းသားကြီး Vin Dieselအပြင် Deepika Padukone / IP Man ကြီး Donnie Yen နေမာတို့နဲ့အတူ Talonနေရာ ကနေပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင်ဒီကားရဲ့ အက်ရှင်နည်းပြအကူအဖြစ်လဲ Tonyကပါဝင်ကူ ညီထားပါတယ်။ Vin Diesel တောင်သူသင်ပေး နေတယ်ကြားတယ်။ ထိုင်း တရုတ် အိန္ဒိယ ကို ရီယား ဘရာဇီး ရုရှား အစုံအလုံစုပေါင်းပြီးရိုက် ထားတဲ့ကားပါပဲဗျာ အံ့သြစရာပါ။ သူရဲ့နောက်ဆုံးကား ၃ကားကတော့ Master Z: The Ip Man Legacy ၊ The Gate နဲ့ Monster Hunter တို့ပဲဖြစ်ပါတယ်။

ဆယ်စုနှစ်တစု စာလောက်သာမာန်မင်းသားကနေ ယခုဆယ်စုနှစ်တစုအတွင်း Hollywood’ထိကမ္ဘာကျော် လာတဲ့ ဒီ ဝမ်းဘတ်ဟာ သူ့နိုင်ငံထိုင်းအတွက်ရော အီစံနယ်စွန်ကတိုင်းရင်းသားတွေအတွက်ပါ တကယ်ဂုဏ်ယူစရာကောင်းတဲ့ ဗုဒ္ဓဘာသာ တောသားလေး တစ်ယောက်ပါပဲဗျာ။

*စာရေးသူသုံးသပ်ချက်

* Tony ဟာအီစံ နယ်အစွန်တောရွာတခုကသာမာန်တောသားလေးပါ။

* Tony ဟာ ဖခင်ရဲ့စပါးခင်းထဲငယ်စဉ်ထဲကလက်ဝှေ့လေ့ကျင့်ခဲ့သူပါ။

* Tony ဟာ ၁၀နှစ်သားမှာဘုန်းကြီးကျောင်းကသင်ကြားပေးမူကြောင့် မွေထိုင်းကိုတဖတ်ကမ်းတတ်ခဲ့သူပါ။

* Tony ဟာအသက်၂၅နှစ်ထိထိုင်းစကားကိုသေချာမပြောတတ်ပဲအီစံဘာသာစကားပဲတတ်သူပါ။

* Tony ဟာမွေထိုင်းလက်ဝှေ့မှာရှုံးပွဲမရှိခဲ့သူပါ။

* Tony ဟာလူစားမထိုးတဲ့ထိုင်းရဲ့တယောက်ထဲသောအက်ရှင်မင်းသားပါ။

* Tony ဟာ ၂၁ရာစုအာရှရဲ့ Top 10ဝင်မင်းသားတဦးပါ။

* Tony ဟာOng Bak ၃ကားနဲ့တင်အာရှရဲ့Top 20 ကားထဲအသင်အငယ်ဆုံးActorဖြစ်ဝင်ခဲ့သူပါ။

* Tony ဟာ ကမ္ဘာ့အဆင့် No.5 Actionမင်းသားဖြစ်သလို ဒီ၅ဦးထဲအသက်အငယ်ဆုံးပါ။

* Tony ဟာ ၂၁ရာစုမင်းသားတွေထဲ ကမ္ဘာ့No.1 အက်ရှင်မင်းသားပါ။

* Tony ဟာထိုင်းရဲ့ No.1 မင်းသားအဖြစ်၂၁ရာစုသူ့ကားတွေကစံချိန်ဝင်ခဲ့သူပါ။

* Tony ဟာ လက်ရှိမှာဂျက်ကီချမ်းရဲ့သိုင်းသင်တန်းကျောင်းမှာနည်းပြအဖြစ်ယာထားခြင်းခံရသူပါ။

* Tony ဟာဗန်ဒိန်းအကြိုက်ဆုံး အာရှလူငယ်မင်းသားပါ။

* Tony ဟာယနေ့ချိန်ထိ အီစံလူမျိုးစုကိုမမေ့တဲ့အပြင် ဘုန်းတော်ကြီးသင်ကျောင်းတွေပါလှူတန်းပေးနေသူပါ။

ထက်ဝန

Ref : Twitch Film Website
Thia Movie Star : Tony Jaa
Ong Bak : Mookhood Child

Tags: world people
Next Post
စီအန်ဂျီ ဆိုသည်မှာ

စီအန်ဂျီ ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!