Roraima လို့ အမည်ရတဲ့ တောင်ဟာ တောင်အမေရိက တိုက် မှာ တည်ရှိပြီး ကမ္ဘာ့ အလှဆုံး တောင်စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ ဂိုင်ယာနာ နိုင်ငံ၊ ဘရာဇီး နိုင်ငံ၊ ဗင်နီဇွဲလား နိုင်ငံ ယင်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ထိစပ် ရာမှာ တည်ရှိ နေတဲ့ စားပွဲခုံပုံစံ အထင်ကရတောင် ဖြစ်ပါတယ်။
ဒီတောင်ကို ဗင်နီဇွဲလားက ၈၅% ၊ ဂိုင်ယာနာ က ၁၀% နဲ့ ဘရာဇီးက ၅% အသီးသီးပိုင်ဆိုင်ကြပါတယ်။ ဂိုင်ယာနာ နိုင်ငံ ပိုင်နက် Pacaraima တောင်တန်း ဒေသ ရဲ့ အစွန်းထွက် နေရာ ဖြစ်ပြီး အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။
၁၂ရာသီစလုံး မကြာခဏမိုးရွာလေ့ရှိပြီး မိုးရွာတဲ့အခါ တောင်ပေါ်ကနေ ရေတွေဟာ တောင်အောက်ကို ရေတံခွန်များသဖွယ် ခွဲဖြာစီးဆင်းလေ့ရှိပါတယ်။
ပင်လယ်ရေ မျက်နှာပြင် အထက် ၉၂၂၂ ပေ ရှိပြီး ထူးခြားချက် အနေနဲ့ အပေါ်မှာ မြေပြန့် လွင်ပြင် ပမာ ဖွဲ့စည်း တည်ဆောက် နေခြင်း ဖြစ် ပါတယ်။ ၁၅၉၅ ကျော် ခုနှစ် များက အင်္ဂလိပ်လူမျိုး Sir Walter Raleigh စတင် တွေ့ရှိမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
တကယ်တော့ Sir Walter မတွေ့ခင် နှစ်ပေါင်းများစွာကတည်းက ဗင်နီဇွဲလားက Pemon and Kapon တိုင်းရင်းသားတွေက သိရှိပြီးဖြစ်ပါတယ်။
ဒီတောင်မှာ ထူးခြားချက် များစွာ ရှိပြီး ကမ္ဘာ့မှာ မြင်တွေ့ ရခဲတဲ့ သဘာဝ အပင် ပန်း များ၊ ပိုးမွား နှင့် ငှက်မျိုး များလည်း ရှင်သန် နေထိုင် ပါတယ်။
တောင်ပေါ်ထိ တက်ရောက် လေ့လာ သူများ ရှိပြီး အောက်ကို ပြန်ကြည့်ရင် မြေပြင် မမြင်ရ ပါဘူး။ အကြောင်း ကတော့ တောင်ရဲ့ ခါး ပတ်လည်မှာ တိမ်တိုက် များနဲ့ ဖုံးလွမ်း နေလို့ ဖြစ် ပါတယ်။
တောင်မျက်နှာပြင်ရဲ့အကျယ်အဝန်းကို တိုင်းတာဖို့ ပထမဆုံးတက်ရောက်ခဲ့သူကတော့ ၁၈၈၄ဒီဇင်ဘာမှာတက်ရောက်ခဲ့တဲ့ အင်္ဂလိပ်စူးစမ်းရှာဖွေရေးသမား Sir Everard im Thurn ဖြစ်ပါတယ်။ အဲဒီတုန်းက သူတက်ရောက်ခဲ့တဲ့လမ်းကြောင်းဟာ လက်ရှိတောင်တက်သမားတွေတက်ရောက်နေတဲ့ လမ်းကြောင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
တောင်ရဲ့အမြင့်က ၁၃၀၀ပေဖြစ်ပြီး တောင်ပေါ်က မြေပြန့်ရဲ့အကျယ်အဝန်းဟာ ၁၂စတုရန်းမိုင်ရှိတဲ့ သဲကျောက်မျက်နှာပြင်ဖြစ်ပါတယ်။
လှပလွန်းတဲ့အတွက် သူ့ကို ကမ္ဘာမြေပေါ်မှာ နိဗ္ဗာန်ဘုံ လို့တောင် လည်ပတ်သူ အချို့က တင်စား ထား ပါတယ်။ ယနေ့ အချိန် အထိလည်း တောင်တက် ဝါသနာပါသူများရဲ့ စိတ်ဝင် စားဖွယ် ခရီး တစ်ခု အဖြစ် တည်ရှိ နေပါ သေးတယ်။
Discussion about this post