Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တောင်ကိုရီးယားမှာ ကိုဗစ်သက်သာပျောက်ကင်းပြီးသူ ၅၁ယောက်မှာ Positive ပြန်ဖြစ်နေ

by Thutamm
April 10, 2020
Reading Time: 1min read
0
တောင်ကိုရီးယားမှာ ကိုဗစ်သက်သာပျောက်ကင်းပြီးသူ ၅၁ယောက်မှာ Positive ပြန်ဖြစ်နေ
Share on FacebookShare on Twitter

(Uni)

တောင်ကိုရီးယားနိုင်ငံမှာ ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၁၀၄၅၀ ရှိပြီး သက်သာပျောက်ကင်းကာ ပြန်လည်ကျန်းမာလာသူ ၇၁၁၇ ဦးရှိတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့အချက်အလက်တွေအရ သိရပါတယ်။ ဒါပေမယ့် သက်သာပျောက်ကင်းသွားပြီးသူတွေကို နောက်တကြိမ်ပြန်စစ်ဆေးကြည့်တဲ့အခါမှာတော့ လူပေါင်း ၅၁ ယောက်မှာ ကိုဗစ်နိုင်တင်း Positive ပြန်ဖြစ်နေတယ် ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

Daegu မြို့ နဲ့ မြောက် Gyeongsang ပြည်နယ်တွေမှာ သက်သာပျောက်ကင်းသွားသူတွေကို ကွာရန်တင်းလုပ်ပြီး ထပ်မံစောင့်ကြည့်ကာ ပြန်လည်စစ်ဆေးခဲ့ရာမှာ အခုလို Positive ပြန်ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ် တောင်ကိုရီးယားရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာန KCDC က ကြေညာခဲ့တာဖြစ်ပါတယ်။

စောင့်ကြည့်ချိန်ပြည့်လို့ ထွက်သွားတဲ့လူတွေဟာ ဗိုင်းရပ်စ်ပြန်လည်ကူးစက်ခံရတယ်ဆိုတာထက် ဒီဗိုင်းရပ်စ်ဟာ သူတို့ခန္ဓာကိုယ်ထဲမှာ ပြန်လည်ရှင်သန်လာတဲ့ပုံ ရပါတယ် လို့ KCDC ရဲ့ အထွေထွေဒါရိုက်တာ Jeong Eun-kyeong က တောင်ကိုရီးယား Yonhap သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

အစိုးရ သုတေသနပညာရှင်များကလည်း ဒီဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲက စမ်းသပ်ရှာဖွေလို့ မရတဲ့ ဆဲလ်တွေထဲမှာ ရှိနေနိုတယ်လို့ ယုံကြည်နေကြပါတယ်။ မသိနိုင်တဲ့အကြောင်းတချို့ကြောင့် ဗိုင်းရပ်စ်အမှုန်အမွှားလေးတွေကနေ ပြန်လည်အသင်ဝင်လာခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူနာဟာ ထပ်မံကူးစက်ခံရသလားဆိုတာလည်း ရှင်းလင်းခြင်း မရှိသေးပါဘူး လို့ သူတို့ကဆိုပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီဗိုင်းရပ်စ်ဟာ အခုလိုမျိုးပြန်လည်ရှင်သန်လာတယ်ဆိုတာကိုတော့ တိတိကျကျသက်သေအထောက်အထား မရှိသေးဘူး၊ မျောက်တွေမှာ စမ်းသပ်ချက်အရ ဖြစ်လာတဲ့ ရလာဒ်ကတော့ အခုဖြစ်ရပ်နဲ့ ဆန့်ကျင်နေပါတယ် လို့ ဆိုပါတယ်။ တခါတရံ စစ်ဆေးချက်အဖြေတွေဟာ မှားနေနိုင်တဲ့အတွက် လူနာတွေဟာ Positive အဖြေကို နှစ်ကြိမ်ထပ်ထုတ်ပေးရတယ် ဆိုတာ ပုံမှန်ပါပဲ။ ဒီလိုမှားယွင်းမှုမျိုးဟာ ၅ကြိမ်မှာ ၁ကြိမ်ကြုံရနိုင်ပါတယ်လို့ သူတို့ကထပ်ပြောပါတယ်။

ပြန်လည်ပျောက်ကင်းပြီးသူတွေမှာ Positive ပြန်ဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံဝူဟန်က ဆရာဝန်တွေကလည်း ထောက်ခံထားကြပါတယ်။ သူတို့ကတော့ ပြန်လည်ကျန်းမာလာပြီလို့ ယူဆရသူတွေမှာလည်း Positive ပြန်ဖြစ်နေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရတဲ့ အသက် ၃၆နှစ်အရွယ် Li Liang ဆိုတဲ့ လူနာဟာဆိုရင် အားလုံးပျောက်ကင်းသွားပြီးကာမှ ရောဂါပြန်ပေါ်ပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။

အင်္ဂလန် East Anglia တက္ကသိုလ်က ကူးစက်မှုဆိုင်ရာ ပါမောက္ခ Paul Hunter ကတော့ ဗိုင်းရပ်စ်ပြန်လည်ရှင်သန်လာတဲ့အဆိုကို မထောက်ခံပဲ နောက်ဆုံးအကြိမ်စစ်ဆေးရာမှာ မှားယွင်းပြီး Negative ပြခဲ့တာဖြစ်နိုင်ကြောင်း ဆိုပါတယ်။ WHO ကတော့ ဒီဖြစ်ရပ်နဲ့ ပက်သတ်လို့ ဘာမှပြောကြားထားခြင်း မရှိသေးပါဘူး။

အဲဒီတော့ Negatvie ဆိုတိုင်းလည်း မပေါ့သင့်ပါဘူး။ ဗိုင်းရပ်စ်ဟာ အသစ်ဖြစ်တာကြောင့် ယခုထိလည်း လေ့လောစမ်းသပ်မှုတွေ ပြုလုပ်နေကြရဆဲဖြစ်ပြီး ပုံမှန်အားဖြင့် မသိနိုင်သေးတဲ့အချက်အလက်တွေ အများကြီးကျန်နိုင်ပါသေးတယ်။ ဆက်လက်ပြီးလည်း သတိကြီးကြီးထားကာ နေသွားကြဖို့ လိုပါတယ်။

—– ——– ——-

(Zawgyi)

ေတာင္ကိုရီးယားမွာ ကိုဗစ္သက္သာေပ်ာက္ကင္းၿပီးသူ ၅၁ေယာက္မွာ Positive ျပန္ျဖစ္ေန

ေတာင္ကိုရီးယားႏိုင္ငံမွာ ယေန႔အခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူေပါင္း ၁၀၄၅၀ ရွိၿပီး သက္သာေပ်ာက္ကင္းကာ ျပန္လည္က်န္းမာလာသူ ၇၁၁၇ ဦးရွိတယ္လို႔ ဂြၽန္ေဟာ့ကင္းတကၠသိုလ္ရဲ႕အခ်က္အလက္ေတြအရ သိရပါတယ္။ ဒါေပမယ့္ သက္သာေပ်ာက္ကင္းသြားၿပီးသူေတြကို ေနာက္တႀကိမ္ျပန္စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ လူေပါင္း ၅၁ ေယာက္မွာ ကိုဗစ္ႏိုင္တင္း Positive ျပန္ျဖစ္ေနတယ္ ဆိုတာကို ေတြ႕ရွိခဲ့ၾကပါတယ္။

Daegu ၿမိဳ႕ နဲ႔ ေျမာက္ Gyeongsang ျပည္နယ္ေတြမွာ သက္သာေပ်ာက္ကင္းသြားသူေတြကို ကြာရန္တင္းလုပ္ၿပီး ထပ္မံေစာင့္ၾကည့္ကာ ျပန္လည္စစ္ေဆးခဲ့ရာမွာ အခုလို Positive ျပန္ျဖစ္ေနတာကို ေတြ႕ရွိခဲ့ရတယ္ ေတာင္ကိုရီးယားေရာဂါထိန္းခ်ဳပ္ေရး နဲ႔ ကာကြယ္ေရးဌာန KCDC က ေၾကညာခဲ့တာျဖစ္ပါတယ္။

ေစာင့္ၾကည့္ခ်ိန္ျပည့္လို႔ ထြက္သြားတဲ့လူေတြဟာ ဗိုင္းရပ္စ္ျပန္လည္ကူးစက္ခံရတယ္ဆိုတာထက္ ဒီဗိုင္းရပ္စ္ဟာ သူတို႔ခႏၶာကိုယ္ထဲမွာ ျပန္လည္ရွင္သန္လာတဲ့ပုံ ရပါတယ္ လို႔ KCDC ရဲ႕ အေထြေထြဒါ႐ိုက္တာ Jeong Eun-kyeong က ေတာင္ကိုရီးယား Yonhap သတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။

အစိုးရ သုေတသနပညာရွင္မ်ားကလည္း ဒီဗိုင္းရပ္စ္ဟာ လူ႔ခႏၶာကိုယ္ထဲက စမ္းသပ္ရွာေဖြလို႔ မရတဲ့ ဆဲလ္ေတြထဲမွာ ရွိေနႏိုတယ္လို႔ ယုံၾကည္ေနၾကပါတယ္။ မသိႏိုင္တဲ့အေၾကာင္းတခ်ိဳ႕ေၾကာင့္ ဗိုင္းရပ္စ္အမႈန္အမႊားေလးေတြကေန ျပန္လည္အသင္ဝင္လာျခင္းမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ လူနာဟာ ထပ္မံကူးစက္ခံရသလားဆိုတာလည္း ရွင္းလင္းျခင္း မရွိေသးပါဘူး လို႔ သူတို႔ကဆိုပါတယ္။

ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ ဒီဗိုင္းရပ္စ္ဟာ အခုလိုမ်ိဳးျပန္လည္ရွင္သန္လာတယ္ဆိုတာကိုေတာ့ တိတိက်က်သက္ေသအေထာက္အထား မရွိေသးဘူး၊ ေမ်ာက္ေတြမွာ စမ္းသပ္ခ်က္အရ ျဖစ္လာတဲ့ ရလာဒ္ကေတာ့ အခုျဖစ္ရပ္နဲ႔ ဆန႔္က်င္ေနပါတယ္ လို႔ ဆိုပါတယ္။ တခါတရံ စစ္ေဆးခ်က္အေျဖေတြဟာ မွားေနႏိုင္တဲ့အတြက္ လူနာေတြဟာ Positive အေျဖကို ႏွစ္ႀကိမ္ထပ္ထုတ္ေပးရတယ္ ဆိုတာ ပုံမွန္ပါပဲ။ ဒီလိုမွားယြင္းမႈမ်ိဳးဟာ ၅ႀကိမ္မွာ ၁ႀကိမ္ႀကဳံရႏိုင္ပါတယ္လို႔ သူတို႔ကထပ္ေျပာပါတယ္။

ျပန္လည္ေပ်ာက္ကင္းၿပီးသူေတြမွာ Positive ျပန္ျဖစ္တယ္ဆိုတာကို တ႐ုတ္ႏိုင္ငံဝူဟန္က ဆရာဝန္ေတြကလည္း ေထာက္ခံထားၾကပါတယ္။ သူတို႔ကေတာ့ ျပန္လည္က်န္းမာလာၿပီလို႔ ယူဆရသူေတြမွာလည္း Positive ျပန္ျဖစ္ေနႏိုင္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္အကူးစက္ခံရတဲ့ အသက္ ၃၆ႏွစ္အ႐ြယ္ Li Liang ဆိုတဲ့ လူနာဟာဆိုရင္ အားလုံးေပ်ာက္ကင္းသြားၿပီးကာမွ ေရာဂါျပန္ေပၚၿပီး ေသဆုံးသြားတာလို႔ ဆိုပါတယ္။

အဂၤလန္ East Anglia တကၠသိုလ္က ကူးစက္မႈဆိုင္ရာ ပါေမာကၡ Paul Hunter ကေတာ့ ဗိုင္းရပ္စ္ျပန္လည္ရွင္သန္လာတဲ့အဆိုကို မေထာက္ခံပဲ ေနာက္ဆုံးအႀကိမ္စစ္ေဆးရာမွာ မွားယြင္းၿပီး Negative ျပခဲ့တာျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။ WHO ကေတာ့ ဒီျဖစ္ရပ္နဲ႔ ပက္သတ္လို႔ ဘာမွေျပာၾကားထားျခင္း မရွိေသးပါဘူး။

အဲဒီေတာ့ Negatvie ဆိုတိုင္းလည္း မေပါ့သင့္ပါဘူး။ ဗိုင္းရပ္စ္ဟာ အသစ္ျဖစ္တာေၾကာင့္ ယခုထိလည္း ေလ့ေလာစမ္းသပ္မႈေတြ ျပဳလုပ္ေနၾကရဆဲျဖစ္ၿပီး ပုံမွန္အားျဖင့္ မသိႏိုင္ေသးတဲ့အခ်က္အလက္ေတြ အမ်ားႀကီးက်န္ႏိုင္ပါေသးတယ္။ ဆက္လက္ၿပီးလည္း သတိႀကီးႀကီးထားကာ ေနသြားၾကဖို႔ လိုပါတယ္။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!