Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆေးထိုး၍ သေဒဏ်စီရင်ခြင်း အကြောင်း

by Thutamm
August 14, 2019
Reading Time: 1min read
0
ဆေးထိုး၍ သေဒဏ်စီရင်ခြင်း အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

သေဒဏ်အမိန့်ကျခံထားသူတစ်ဦးကို အပြစ်ဒဏ်စီရင်ရာတွင်အသုံးပြုသည့် နောက်ဆုံးပေါ်စနစ်သည် Lethal injection ဟုခေါ်သည့် ဆေးထိုး၍ သေဆုံးစေခြင်းဖြစ်သည်။ဆေးထိုး စီရင်ခြင်းသည် လူတစ်ဦးအား အသက်သေစေမည့် ဆေးများကို တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ထိုးပေးကာ ချက်ချင်း သေဆုံးစေခြင်းဖြစ်သည်။

ဆေးထိုးစီရင်ခြင်းကို အဓိကအားဖြင့် သေဒဏ်အပြစ်ကျသူများကို စီရင်သည်။သို့သော် ဆေးထိုးစီရင်ခြင်းတွင်မိမိကို မိမိ သေကြောင်းကြံခြင်းနှင့် ညင်သာစွာ ဇီဝိန်ချုပ်လိုခြင်းများလည်း ပါဝင်သည်။ဆေးထိုးခြင်းဖြင့် သေဒဏ်စီရင်ခံရသူသည် ဦးစွာမေ့မျော သွားပြီး အသက်ရှူခြင်းနှင့်နှလုံးခုန်ခြင်းကိုရပ်တံ့ကာ သေဆုံးစေခြင်းဖြင့် ဝေဒနာခံစားရမှုကို အနည်းဆုံးဖြစ်စေရန်ရည်ရွယ်သည်။

ဆေးထိုးစီရင်ရာတွင် အများအားဖြင့် ဆိုဒီယမ်သီယိုပန်တယ် (Sodium thiopental) သို့မဟုတ် ပန်တိုဘာဘီတယ် (pentobarbital)ကို အသုံးပြုကာ မေ့မျောစေပြီးမှ ပါဗျူလွန်(Pavulon) ဖြင့် ကြွက်သားများကို တုံ့ဆိုင်းစေ၍ အသက်ရှူရပ်တံ့သွား စေသည်။နောက်ဆုံးအဆင့်တွင် ပိုတက်ဆီယမ် ကလိုရိုဒ် (potassium chloride)က နှလုံးခုန်ခြင်းကို ရပ်တံ့စေကာ အသက်သေဆုံး သွားပေသည်။ အမေရိကန်ပြည်ထောင်စုသည် ဆေးထိုးစီရင်ခြင်းစနစ်ကို ပထမဆုံးကျင့်သုံးခဲ့ပြီး တရုတ်၊ထိုင်း၊ဂွာတီမာလာနှင့် ဗီယက်နမ် နိုင်ငံ များတွင်လည်း သေဒဏ်ကျခံရသူများကို ဆေးထိုးစီရင်ခဲ့သည်။

ဆေးထိုးစီရင်ခြင်းသမိုင်း

သေဒဏ်ကျ တရားခံတစ်ယောက်ကို ဆေးထိုး၍ ဇီဝိန်ချုပ်စေခြင်းသည် ၂၀ ရာစုနှောင်းပိုင်းတွင် လူသိများထင်ရှား လာခဲ့ သည်။လျှပ်စစ်ကုလားထိုင်တွင်ထိုင်စေ၍ လျှပ်စစ်စီးကာသေစေခြင်း၊ ကြိုးစင်တင်ခြင်း၊သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဓာတ်ငွေ့ ပေး၍ သတ်ခြင်း၊ခေါင်းဖြတ်သတ်ခြင်းအစရှိသည့် သေဒဏ်စီရင်နည်းများတွင် ဆေးထိုးစီရင်ခြင်းကို အစားထိုးရန် ရည် ရွယ်ခဲ့သည်။ ဆေး ထိုးသတ်ခြင်းသည် ညှဉ်းပန်းရာမရောက်သည့် သေစေခြင်းဟုလက်ခံခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုတွင် အများဆုံး ကျင့်သုံး လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှ ဆရာဝန် ဂျူးလီးယပ်စ် မောင့်ဘလယ်ယာက ဆေးထိုး၍သေဒဏ်စီရင်ခြင်း ကို ၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ပထမဆုံး အဆိုပြုခဲ့သည်။ ဘလယ်ယာက သေဒဏ်ကျသူများကို ဆေးထိုး စီရင်ခြင်း သည် ကြိုးစင်တင်ခြင်းထက် ကုန်ကျစရိတ်များစွာ သက်သာကြောင်း ပြောဆိုခဲ့သော်လည်း သူ အဆိုပြုပြီး နှစ် ၅၀ ကြာခဲ့ သည့်တိုင် အမေရိကန်နိုင်ငံတွင် ဆေးထိုးစီရင်သည့် စနစ်ကို မကျင့်သုံးခဲ့ချေ။

နောက်ပိုင်းတွင် သေဒဏ်စီရင်ခြင်းများကို စနစ်တကျ မလုပ်ဆောင်ခဲ့ကြသဖြင့် လျှပ်စစ်ဓာတ်ဖြင့် သေဒဏ်ပေး ခြင်းကို မကျေနပ်မှုများ တိုးတက်လာခဲ့သည်။ဂျာမနီနိုင်ငံတွင်Action 14 ဟု အမည်ပေးထားသည့် ညင်သာစွာ အသက်ထွက်စေ သည့် ဇီဝိန်ခြွေနည်းစနစ်များ တိုးတက်လာခဲ့ချိန်တွင် ဗြိတိသျှ တော်ဝင်ကော်မရှင်သည် ဆေးထိုး သေဒဏ်ပေးသည့်စနစ်ကို ကျင့်သုံး ရန် စဉ်းစားခဲ့သေးသော်လည်း ဗြိတိသျှ ဆေးပညာအသင်း(BMA) က ကန့်ကွက် ခဲ့သဖြင့် ပယ်ဖျက်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု၊အုတ်ကလာဟိုးမားပြည်နယ်မှ ဆေးပညာစစ်ဆေးသူ ဂျေးချက်ပ်မင်းသည် ၁၉၇၇ ခုနှစ် မေလ ၁၁ ရက်တွင် နာကြင်မှုလျော့နည်းကာ သေဒဏ်ပေးသည့်စနစ်တစ်ခုကို တင်ပြခဲ့သည်။ချက်ပ်မင်း ပရိုတိုကော (Chapman’s protocol) ဟု ထင်ရှားသည့် သူ၏ နည်းသစ်သည် အကျဉ်းသား၏ လက်မောင်းတွင် ဆားငန်ဓာတ် ပါဝင်မှု များပြား သည့် အကြော ဆေးကို သွင်းပေးပြီးမှ ဓာတုဆေး ပါရာလိုင်သစ် ပေါင်းစပ်ထားသည့် သေဆေးကို ထိုးပေးသည့် နည်း ဖြစ် သည်။ ချက်ပ်မင်း၏ စနစ်ကို အုတ်ကလာဟိုးမား တက္ကသိုလ်၊ဆေးပညာကောလိပ်က အတည်ပြုခဲ့ပြီးနောက်၂၀၀၄ ခုနှစ်တွင် အုတ်ကလာ ဟိုးမား ပြည်နယ်တွင် ဥပဒေပြဋ္ဌာန်းခဲ့သည်။ဥပဒေ အတည်ပြုပြီးနောက် သေဒဏ်ကျခံထားသူ ၃၈ ဦးအနက် ၃၇ ဦးကို ဆေး ထိုး၍ သေဒဏ် စီရင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကမူ ဆေးထိုးစီရင်သည့် စနစ်ကို ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် အတည်ပြုခဲ့ကာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် ချားစ်ဘရွတ်ဆိုသူကို စီရင်ခြင်း ဖြင့် အမေရိကန်နိုင်ငံတွင် ဆေးထိုးစီရင်ခြင်း ကို ပထမဆုံး ကျင့်သုံးသည့် ပြည်နယ်ဖြစ်လာခဲ့သည်။

သေဒဏ်ကျသူများကို ဆေးထိုး၍ အဆုံးစီရင်သည့် နည်းလမ်းကို တရုတ်နိုင်ငံတွင် ၁၉၉၇ ခုနှစ်၊ဂွာတီမာလာ နိုင်ငံတွင် ၁၉၉၆ ခုနှစ်၊ဖိလစ်ပိုင်တွင် ၁၉၉၉ ခုနှစ်၊ထိုင်းတွင် ၂၀၀၃ ခုနှစ်၊တိုင်ဝမ်တွင် ၂၀၀၅ ခုနှစ်နှင့် ဗီယက်နမ်တွင် ၂၀၀၅ ခုနှစ် များက စတင်သုံးစွဲခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် သေဒဏ်စနစ်ကို ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးကျင့်သုံးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖျက် သိမ်းခဲ့ သည်။ဂွာတီမာလာနိုင်ငံတွင် သေဒဏ်ကို တရားဝင်ဖျက်သိမ်းခြင်းမပြုသော်လည်း ၂၀၀၀ ပြည်နှစ်နောက်ပိုင်းတွင် သေဒဏ် စီရင် ခြင်းမရှိချေ။ထို့အတူ ထိုင်းနိုင်ငံက ဆေးထိုးစီရင်သည့် စနစ်ကို ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

တရုတ်နိုင်ငံနှင့် သေဒဏ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သေဒဏ်ကျခံသူများကို သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်လေ့ရှိခဲ့သော်လည်း မကြာသေး သော နှစ်များမှစ၍ ဆေးထိုးသတ်သည့်နည်းကို ပိုမို အသုံးပြုခဲ့သည်။သို့သော် မည်သို့စီရင်သည်၊ မည်သည့် ဆေးများကို သုံးစွဲ သည်ဆို ခြင်းကို နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်အဖြစ်သတ်မှတ်ကာ အများပြည်သူများ သိရှိခွင့်မပြုချေ။ သေဒဏ်ကျ အကျဉ်းသား ကို ဆေးထိုးမစီရင်မီ အကျဥ်းထောင်တစ်ခုတွင်ထားရှိပြီးနောက် သေဒဏ်ပေးမည့် မော်တော်ယာဉ်သို့ပြောင်းရွှေ့ စီရင်သည်။ယင်းမော်တော်ယာဉ်သည် ရဲတပ်ဖွဲ့သုံး သာမာန် မော်တော်ယာဉ်ကို ပုံပြောင်းထားသည့် ယာဉ်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဆေးထိုးစီရင်ခြင်းသည် ၁၉၉၆ ခုနှစ်တွင် တရားဝင်ဖြစ်လာခဲ့ကာ သေနတ်ဖြင့် သေဒဏ်စီရင်ခံရသူ အရေ အတွက်သည် တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ တရားရုံးချုပ်သည် သေဒဏ်ကျ တရားခံများကို ဆေးထိုးသတ်ခြင်းသည် ပို၍ လူစိတ်ရှိသည်၊ လူဆန်သည်ဟူသည့် အချက်ကို လက်ခံကာ လာမည့်နှစ်များတွင် သေနတ်ဖြင့် ပစ်၍ သေဒဏ်စီရင်ခြင်းကို ဆက်လက် မပြုလုပ်ရန် ညွှန်ကြားခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရားခံတစ်ယောက်ကို ဆေးထိုး သတ်ခြင်းသည် ယွမ် ၃၀၀ သာ ကုန်ကျပြီး သေနတ်ဖြင့်ပစ်သတ်ခြင်းသည် ယွမ် ၇၀၀ ကုန်ကျသည်။

အမေရိကန်နှင့် သေဒဏ်

အမေရိကန်နိုင်ငံတွင် ဆေးထိုးသတ်မည့် တရားခံကို ဘီးတပ်တွန်းလှည်းတစ်ခုပေါ်သို့တင်ပြီးချည်နှောင်ထားကာ လက် မောင်းတစ်ဖက်စီတွင် သွေးကြောထဲသို့ ဆေးထိုးထည့်မည့် ပိုက်ကို တပ်ဆင်သည်။ပိုက်တစ်ချောင်းသည် သေဒဏ်စီရင်မည့် ဆေး ထိုးရန်ဖြစ်ပြီး ကျန်ပိုက်သည် အရံပိုက်ဖြစ်သည်။

ဆေးမထိုးမီ တရားခံ၏ လက်မောင်းကို အရက်ပျံဖြင့်သုတ်လိမ်းပေးကာ ဆေးထိုးအပ်များနှင့် အခြား ဆေးထိုးပစ္စည်းများကို ပိုးသတ်ထားသည်။ထို့ကြောင့်သေဒဏ်ပေးမည့်သူကို အဘယ်ကြောင့် ရောဂါပိုးများ ကူးစက်မှုမှ တားဆီးရပါသနည်းဟူသည့် မေး ခွန်း များ ထွက်ပေါ်လာခဲ့သည်။ပိုးသတ်ဆေးသုံးရခြင်း၏အကြောင်းကို ရှင်းပြချက်များအနက် ပိုးသတ်မထားသည့် ပစ္စည်းများကို သုံးစွဲခြင်းသည် ထောင်ဝန်ထမ်းများအတွက် အန္တရာယ်ရှိနိုင်စေသည်ဟူသည့် အချက် ပါဝင်သည်။

ဆေးထိုးစီရင်ပုံ

ဆေးထိုးစီရင်မည့် တရားခံကို ဘီးတပ်လှည်းပေါ်တွင်ထားရှိပြီး သွေးကြောဖောက်ခြင်းကို လေ့ကျင့်ထားသူ ထောင်ဝန်ထမ်း တစ်ဦးက ဆေးသွင်းမည့် အပ်ကို လက်မောင်းတွင် ထိုးသွင်း ပြီးနောက် ဒုတိယ ထောင်ဝန်ထမ်းက ဆေးရည်များကို ပိုက်များအတွင်း သို့ ဖြည့်သွင်းရသည်။အခြားထောင်ဝန်ထမ်းနှစ်ဦးက ဆေး ရည်များဖြည့်ထားသည့် ပိုက်များကို တရားခံ၏ သွေးကြော အတွင်း ထည့်သွင်းမည့် ပိုက်တွင် အသေအချာ တပ်ဆင်ကြရသည်။

ထို့နောက် တရားခံကို နောက်ဆုံးပြောလိုသည့် စကားကို ပြောခွင့်ပြုပြီးနောက် ထောင်မှူးက ဆေးထိုးရန် အချက်ပြလိုက် သည်နှင့် ထောင်ဝန်ထမ်းသို့မဟုတ် တရားရုံးက အခွင့်အာဏာပေးထားသူ က ဆေးရည်များကို အစဉ်အတိုင်းထိုးသွင်းပေးပြီး သည်နှင့် တရားခံသည် သက်သာစွာ သေဆုံးသွားမည်ဖြစ်ပေသည်။

တရားခံ၏ လက်မောင်းနှစ်ဖက်အတွင်းသို့ ဆေးရည်ကို စတင်သွင်းပေးသည်။ယင်းသို့ ပြုလုပ်ရာတွင် ဆေးပညာလုပ် ထုံးများနှင့် အညီဆောင်ရွက်ပြီး ဆေးသွင်းသည့် ပိုက်လိုင်းများ ပိတ် ဆို့မှုမရှိစေရန်၊ပိုက်အတွင်းသို့ ဆေးရည်များ အလွန်အကျွံ မရောက်ရှိစေရန်၊ဆေးထိုးအပ်များပိတ်ဆို့မှုမရှိစေရန် အသေအချာ ဆောင်ရွက်ကြရသည်။ တရားခံသေဆုံးကြောင်း ဆုံးဖြတ်နိုင်ရန် နှလုံးခုန်မှုကိုပြသသည့် စက်ကိရိယာ တစ်ခုကို တွဲဆက်ထား သည်။ပထမဆုံးဆေး သည် တရားခံကို စက္ကန့် ၃၀ အတွင်း မေ့မျောသွားစေပြီး ဒုတိယဆေးက ကြွက်သားလှုပ်ရှားမှုကို တုံ့ဆိုင်း၍ အသက်ရှူရပ်တံ့သွားစေကာ တတိယဆေးက နှလုံးခုန်ခြင်းကို ရပ်တံ့စေခြင်းဖြင့် အဆင့်သုံးဆင့် ဆောင်ရွက်ကာ ဇီဝိန်ချုပ်စေသည်။

အကယ်၍ ဆေးထိုးစီရင်ခံရသူသည် လုံး၀ မေ့မျောမသွားပါက ပျစ်ချွဲသည့် ပိုတက်ဆီယမ်ကလိုရိုက်က ဆေးထိုးခံရသူအား ပြင်းထန်စွာနာကျင်စေမည်ဖြစ်သည်။ယင်းဆေးရည်သည် သွေးကြောများကိုပေါက်စေကာ နှလုံးကြွက်သားလှုပ်ရှားမှုကို တုံ့ဆိုင်း စေပြီး နှလုံးခုန်နေခြင်းကို ရပ်သွားစေသည်။လက်မောင်းတွင်းသို့ ထိုးသွင်းသည့် ဆေးရည်ကို သေဒဏ်ကျခံရသူနှင့် ကုလားကာ သို့မဟုတ် နံရံကာခြားသော နေရာမှ ပိုက်များဖြင့် လွှတ်ပေးသည်။

နှလုံးခုန်ခြင်းကို ပြသနေသည့် မော်နီတာက နှလုံး အလုပ်မလုပ်တော့ကြောင်းပြသမှသာသေဆုံးကြောင်း အတည်ပြုကြသည်။ဆေးထိုးချိန်မှ နှလုံးရပ်ချိန်သည် ၇ မိနစ်သာကြာမြင့်လေ့ရှိသော်လည်း ပြင်ဆင်ချိန်များအပါအဝင် ဆေးထိုး စီရင်မှု တစ်ခုသည် နှစ်နာရီ အထိကြာမြင့်နိုင်သည်။

ဆေးထိုးစီရင်ခြင်းကို လူဖြင့် မပြုလုပ်ဘဲ စက်ဖြင့်စီရင်ခြင်းများလည်း ရှိလာခဲ့သည်။ဆေးထိုး၍ သေဒဏ်စီရင်စက်ကို မက်ဆာချူးဆက်ပြည်နယ်က တီထွင်ခဲ့ရာ အပိုင်းနှစ်ပိုင်းပါဝင်ခဲ့ပြီး ယင်းစက်ကို နယူးဂျာစီပြည်နယ်တွင် ၂၀၀၇ ခုနှစ်အထိ အသုံးပြုခဲ့သည်။သေဒဏ်စီရင်စက်တွင် ပိုက် ၈ ချောင်းပါဝင်သည်။အီလီနွိုက်စ်ပြည်နယ်က ဆေးထိုးစီရင်ခြင်းကို ကွန်ပျူတာဖြင့် လုပ်ဆောင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၁ ခုက ဆိုဒီယမ် သီအိုပင်တယ် ဆေးတစ်မျိုးတည်းကိုသာ သုံးပြီး သေဒဏ်ပေးရန် စီစဉ်ခဲ့ကြပြီး အိုဟိုင်းရိုး ပြည်နယ်က ယင်းစနစ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ပထမဆုံး ကျင့်သုံးခဲ့ပေသည်။

တွေ့ကြုံရသည့် ခက်ခဲမှုများ

ဆေးထိုးး၍ သေဒဏ်စီရင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကာ တစ်ခါတစ်ရံတွင် ဆေးထိုးရန် သွေးကြောကို မိနစ် ၃၀ ကျော်ရှာရခြင်းမျိုးပင် ရှိခဲ့သည်။အများအားဖြင့် မူးယစ်ဆေးဝါးကို အကြောတွင်းသို့သွင်း၍ သုံးစွဲခဲ့သူများတွင် သေဆေး သွင်း ရမည့် သွေးကြောကို ရှာဖွေရာတွင် ခက်ခဲမှုနှင့် ရင်ဆိုင်ကြရလေ့ရှိသည်။ဆေးထိုးစီရင်ခြင်းကို ဆန့်ကျင်သူများက အချိန်ကြာ မြင့် ခြင်းသည် တရားခံကို ညှဉ်းပန်းနှိပ်စက်ရာရောက်ကြောင်း ထောက်ပြခဲ့ကြသည်။ထို့အတူ ဆေးထိုးသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် သေဆုံးချိန်ကြာမြင့်ခြင်းသည်လည်း ညှဉ်းပမ်းမှုဟု ဆိုခဲ့ကြသည်။

ဖလော်ရီဒါပြည်နယ်တွင် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်က အသက် ၅၅ နှစ်အရွယ်ရှိ လူသတ်တရားခံ ဒိုင်ယာ့ဇ်ကို ဆေးထိုးစီရင်ခဲ့ရာ ၃၅ မိနစ်ကြာသည်အထိ မသေဆုံးခဲ့သဖြင့် သေဆေးများကို ဒုတိယအကြိမ် ထပ်မံ ထိုးပေးခဲ့ရသည်။ သေဆုံး ပြီးနောက် ဒိုင်ယာ့ဇ်၏ အလောင်းကို ခွဲစိတ်ကြည့်ချိန်တွင် သွေးကြောအတွင်းသို့ ထိုးထားသည့် အပ်သည် သွေးကြော ကိုဖောက်၍ အသားထဲသို့ ရောက်ရှိနေသဖြင့် ဆေးက သွေးကြောထဲသို့ မရောက်ရှိခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။

ထို့အတူ အိုဟိုင်းရိုးပြည်နယ်တွင် ရွမ်းမဲလ်ဘရွမ်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဆေးထိုးစီရင်ခဲ့ရာ နှစ် နာရီကျော်ကြာသည့်တိုင် လက်မောင်း၊ခြေထောက်များ၊လက်များနှင့် ခြေချင်းဝတ်တို့တွင် သွေးကြောရှာ၍မတွေ့ခဲ့သဖြင့် ဆေးထိုး စီရင်ခြင်းကို စွန့်လွှတ်ခဲ့ရသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် အိုဟိုင်းရိုးပြည်နယ်၌ လူကက်စ်ဘေးလ် ကို ဆေးထိုးစီရင်ရာတွင် ၁၀ မိနစ်မှ ၁၃ မိနစ်အထိ ဟောဟဲလိုက်နေခဲ့ကာ မိနစ် ၂၀ ကျော်သည့်အထိ အသက်မသေခဲ့ချေ။ အုတ်ကလာဟိုးမားပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ကလေတန်လော့ကက်သည် ဆေးထိုးပြီး ၄၃ မိနစ်ကြာမှ သေဆုံးခဲ့သည်။ သတိမေ့မျောနေသည့် လော့ကက်သည် ဆေးထိုးပြီး ၁၄ မိနစ်တွင် ရုန်းကန်ခဲ့သည်။

သေဒဏ်နှင့် ယနေ့ကမ္ဘာ

ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကြီးမားသောပြစ်ဒဏ်ကျူးလွန်သော ရာဇဝတ်သားများအား သေဒဏ်ချမှတ်စီရင်ခြင်းကို လူ့အခွင့်အရေးသမားများက ရှုထောင့်မျိုးစုံမှ ဝေဖန်ပြစ်တင်နေကြသော်လည်း အမေရိကန် ၊ တရုတ် ၊ အိန္ဒိယ၊ ဂျပန် စသော နိုင်ငံ ၃၁ နိုင်ငံတွင် သေဒဏ်စံနစ်ကို ယနေ့တိုင်ကျင့်ဆုံးနေဆဲပင်ဖြစ်သည်။ ဗြိတိန်၊သြစတြေးလျ၊ ဂျာမနီ၊ ကနေဒါ၊ ဒိန်းမတ်စသော ဥရောပနိုင်ငံအချို့နှင့်အစ္စရေး ၊ ဖိလစ်ပိုင် စသောအာရှတိုက် မှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှာမူ လွန်ခဲ့သော ၁၀နှစ် ကျော်မှစ၍ သေဒဏ်ကို မကျင့် သုံးကြတော့ပါချေ။

ကြီးမားသောရာဇဝတ်ကျူးလွန်သူများကို ဤလောကတွင် ဆက်လက်မထားလိုသောကြောင့်လည်းကောင်း ၊ကြီးမား၊ရက် စက် သောရာဇဝတ်မှုများ မဖြစ်ပွားရန် ဟန့်တားလိုသောကြောင့်လည်းကောင်း သေဒဏ်ချမှတ်သည့် စနစ်ကိုရှေးနှစ်ပေါင်းများစွာက ပင်နိုင်ငံအသီးသီးတွင်ကျင့်သုံးခဲ့ကြသည်။သက်ဦးဆံပိုင်ခေတ်များကမူ ပြစ်မှုကျူးလွန်ခြင်း ၊ မကျူးလွန်ခြင်းက အဓိကမကျဘဲ အုပ်စိုး သူ အာဏာရှင်တို့ အလိုမကျသူများသည် သေဒဏ် စီရင်ခြင်းခံခဲ့ကြရသည်။အထူးသဖြင့် နိုင်ငံရေး၊ ဘာသာရေးအယူကွဲပြားကြ သူများသည် ကမ္ဘာနိုင်ငံ များစွာတို့တွင် သေဒဏ်စီရင်ခြင်းခံခဲ့ကြရသည်။

သေဒဏ်ချမှတ်စီရင်ခြင်းကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထောက်ခံသူများရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိသည်။ သို့သော် သေဒဏ် ကျသူများကို စီရင်ရာတွင် ခံစားမှု အသက်သာဆုံး ဖြင့် သေဆုံးကြစေရန် ကြံဆတီထွင်ခဲ့ကြရာ ဆေးထိုး၍ သေစေခြင်းထက် ပိုမိုကောင်းမွန်သော စီရင်ခြင်းများလည်း ထွက်ပေါ်လာနိုင်ဦးမည်ဖြစ်ပေသည်။

ကိုးကား Lethal Injections

မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Tags: knowledge
Next Post
တူပြိုင်ဂူလိုဏ် နှစ်လောင်းပြိုင် မသာတော်

တူပြိုင်ဂူလိုဏ် နှစ်လောင်းပြိုင် မသာတော်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!