• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆော်ပေါ်လိုမြို့တော် အကြောင်း သိကောင်းစရာ

by Thutamm
January 5, 2021
Reading Time: 4min read
0
ဆော်ပေါ်လိုမြို့တော် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဆော်ပေါ်လိုမြို့တော်ဟာဆိုရင် ဘရာဇီးနိုင်ငံရဲ့လူနေအထူထပ်ဆုံးသောမြို့တော်ကြီးတစ်ခုအဖြစ်ရှိနေပါတယ်။ ဘရာဇီးကုန်းမြေမြင့်ရဲ့အရှေ့တောင်ဘက်ပိုင်းကုန်းပြင်မြင့်ဒေသမှာတည်ရှိနေတာဖြစ်ပြီး (၂၀၁၉)ခုနှစ်စာရင်းတွေအရတော့ ဆော်ပေါ်လိုမြို့တော်ရဲ့လူဦးရေဟာ ၁၂သန်းကျော် အထိ ရှိနေပါတယ်။ ဘရာဇီးရဲ့ လူဦးရေအထူထပ်ဆုံး နဲ့ စီးပွားရေးအကောင်းဆုံးပြည်နယ်ဖြစ်တဲ့ ဆော်ပေါ်လိုပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။

ဒေသတခုလုံးမှာဆိုရင် လူဦးရေ ၂၁သန်းခန့်ရှိနေတာကြောင့် တောင်အမေရိကတိုက်မှာတော့ ဆော်ပေါ်လိုဟာ လူဦးရေအများဆုံး အကြီးဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၅ ခုမြောက်လူဦးရေအများဆုံးမြို့ ဖြစ်ပါတယ်။ ဆော်ပေါ်လိုဟာမြို့ရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင်(၅၈၇)မိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ(၂၆၂၅)ပေခန့်မှာတည်ရှိပါတယ်။

ဆော်ပေါ်လိုမြို့ကို (၁၅၅၄)ခုနှစ်၊ဇန်နဝါရီ(၂၅)ရက်နေ့က Jesuit ခရစ်ယာန်သာသနာပြုတွေက ခရစ်ယာန်ဘာသာရဲ့တမန်တော် Saint Paul ရဲ့နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသောအားဖြင့် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (၁၇)ရာစုကာလအတွင်းမှာတော့ ဆော်ပေါ်လိုမြို့တော်ဟာ Bandeirantes လို့သိကြတဲ့နယ်မြေသစ်ရှာဖွေရေးသမားတွေရဲ့အခြေစိုက်နေထိုင်ရာနေရာဖြစ်လာခဲ့ပါတယ်။ Bandeirantes တွေမှာတော့ စွန့်စားသွားလာသူတွေ၊ စိန်၊ ရွှေ၊ ကျောက်အမျိုးမျိုးအပြင်ဒေသခံတိုင်းရင်းသားတွေကို ကျွန်အဖြစ်တင်ပို့ရောင်းချတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြသူတွေသာ များပြားပါတယ်။

(၁၈၂၂)ခုနှစ်မှာတော့ ဘရာဇီးနိုင်ငံဟာ ပေါ်တူဂီနိုင်ငံကနေ လွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ ဧကရာဇ်ပထမပတ်ထရိုဘုရင်ကနေဆော်ပေါ်လိုမြို့တော်ကိုအင်ပါယာရဲ့မြို့တော်အဖြစ်ကြေငြာခဲ့ပါတယ်။ ဆော်ပေါ်လိုဆိုတဲ့အမည်ကိုလည်းသူကပဲ သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ယင်းအချိန်ကနေစတင်ပြီး ဆော်ပေါ်လိုမြို့တော်ဟာဘရာဇီးနိုင်ငံရဲ့ယဉ်ကျေးမှု၊ အနုပညာနဲ့နိုင်ငံရေးဆိုင်ရာအချက်အခြာကျတဲ့မြို့တော်တစ်ခုအဖြစ် တဖြည်းဖြည်းပုံပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

(၁၉)ရာစုရဲ့နောက်ဆုံးကာလတွေမှာတော့ ဘရာဇီးနိုင်ငံရဲ့အဓိကတင်ပို့ကုန်ပစ္စည်းဟာကော်ဖီဖြစ်လာခဲ့ပြီးနောက်မှာဆိုရင်လည်း ကော်ဖီထုတ်လုပ်ရေးစိုက်ပျိုးနယ်မြေအများစုဟာ ဆော်ပေါ်လိုမြို့တော်ဝန်းကျင်မှာပဲ ဆက်လက်တည်ရှိနေခဲ့တာဖြစ်ပါတယ်။

၁၉၄၀ နဲ့ ၁၉၅၀ ခုနှစ်ကြားကာလတွေမှာတော့ locomotive မီးရထားလမ်းတွေဖောက်လုပ်ခဲ့ပြီး ဆော်ပေါ်လိုမြို့တော်ကနေဘရာဇီးရဲ့အခြားနယ်မြေတွေကို ပြေးဆွဲတဲ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပေါ်ပေါက်လာခဲ့ကာ ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းထွန်းကားလာခြင်းနဲ့အတူ မြို့ပြဧရိယာများစွာလည်းတိုးများလာခဲ့ပါတယ်။ ယနေ့အချိန်မှာတော့သံမဏိဘောဘာင်တွေ၊ ကွန်ကရစ်နဲ့ ဖန်သားပြင်အကြည်တွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ မိုးမျှော်တိုက်ကြီးတွေဟာ ဆော်ပေါ်လိုမြို့တော်ရဲ့စီးပွားရေးဆိုင်ရာအချက်အချာနေရာအများစုမှာနေရာယူလာခဲ့တာကိုတွေ့ရပါတယ်။

Paullsta Avenue အမည်ရလမ်းပိုင်းကတော့ ဆော်ပေါ်လိုမြို့တော်ရဲ့နာမည်ကျော်မြို့တွင်းလမ်းပိုင်းတွေအနက်ကအထင်ရှားဆုံးသောလမ်းမကြီးဖြစ်ပြီး အနောက်မြောက်ဘက်ပိုင်းကနေအရှေ့တောင်ဘက်ခြမ်းအထိ(၁.၇)မိုင်အရှည်ရှိပါတယ်။ဘဏ္ဍာငွေကြေးဆိုင်ရာနဲ့ယဉ်ကျေးမှုအနုပညာဆိုင်ရာလုပ်ငန်းတွေရဲ့ရုံးချုပ်အများစုဟာ ယင်းလမ်းမပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။

Paullsta Avenue ဟာဆိုရင် ဘရာဇီးရဲ့စီးပွားရေး၊နိုင်ငံရေးကဏ္ဍတွေမှာ အလွန်အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့အပြင်နိုင်ငံနဲ့ချီတဲ့လူထုဆန္ဒပြပွဲလိုဖြစ်စဉ်တွေပေါ်ပေါက်လာခဲ့ရင်လည်း Paullsta Avenue မှာပဲ ဗဟိုပြု ပြုလုပ်ကျင်းပလေ့ရှိခဲ့တာဟာဆိုရင် (၁၉၂၉)ခုနှစ်ကနေ ယနေ့ကာလအထိဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံရဲ့ထင်ရှားတဲ့ Sao Paulo Museum of art ဟာဆိုရင်လည်း Paullsta Avenue မှာပဲတည်ရှိနေတာဖြစ်ပြီးအဓိကအဆောက်အအုံကိုတော့ (၁၉၆၈)ကတည်းက ကွန်ကရစ်နဲ့ဖန်သားတွေကိုအသုံးပြုတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနာမည်ကျော်ဗိသုကာပညာရှင် Lina Bo Bardiကဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီးပင်မအဆောက်အအုံရဲ့ကိုယ်ထည်ကိုတော့(၂၄၃)ပေ အရှည်ရှိတဲ့ beams နှစ်ခုနဲ့ထောက်ပံ့ပေးထားပါတယ်။ ယင်းပြတိုက်ဟာဆိုရင် မြို့တော်ရဲ့အမှတ်အသားနေရာအဖြစ်တောင် သတ်မှတ်နိုင်ပြီး လက်ရှိခေတ်ကာလ ဘရာဇီးရဲ့ဗိသုကာလက်ရာရဲ့သင်္ကေတအဖြစ်တည်ရှိနေပါတယ်။

ဆော်ပေါ်လိုမြို့တော်ရဲ့အခြားထင်ရှားတဲ့နေရာတစ်ခုကိုပြပါဆိုရင်တော့ pinacoteca do Estado de Sao Paulo အမည်ရအနုပညာပြတိုက်ဖြစ်ပြီး မြို့တော်အတွင်းတည်ရှိနေတဲ့ သက်တမ်းအရင့်ဆုံးအဆောက်အအုံတစ်ခုဖြစ်ကာ (၁၉၀၅)ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့ကတည်းကဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။ (၁၉၁၁)ခုနှစ်မှာတော့ တရားဝင်ပြတိုက်တစ်ခုအဖြစ်ရပ်တည်လာနိုင်ခဲ့ပြီး (၁၉)ရာစုကာလအတွင်းကပန်းချီ၊ပန်းပုလက်ရာတွေအပြင်မျက်မှောက်ခေတ်ကာလဘရာဇီးရဲ့နာမည်ကျော်အနုပညာလက်ရာအတော်များများစုစည်းတည်ရှိနေတဲ့အပြင်နိုင်ငံအတွက်အနုပညာတန်ဖိုးအရသာမက ဆောက်လုပ်မှုဒီဇိုင်းပိုင်းမှာပါ အကြီးဆုံးသောပြတိုက်အဖြစ်ရပ်တည်နေပါတယ်။

ဆော်ပေါ်လိုမြို့တော်အတွင်းမှာပဲတည်ရှိနေတဲ့ Municipal Theatrfe of Sao Paulo ပြဇာတ်ရုံကြီးဟာဆိုရင်လည်း တောင်အမေရိကတိုက်ရဲ့နာမည်ကျော်ပြတိုက်ကြီးတွေအနက်က တစ်ခုအဖြစ်ပါဝင်နေခဲ့ကာ တည်ဆောက်ဗိသုကာလက်ရာဒီဇိုင်းအရရောသမိုင်းကြောင်းအရာပါအလွန်အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ယနေ့အချိန်မှာတော့ယင်းအဆောက်အအုံကြီးဟာ နာမည်ကျော်အနုပညာအဖွဲ့များစွာရဲ့ဂီတပွဲတွေကျင်းပတဲ့နေရာအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်မှုများပြားတဲ့ ဆော်ပေါ်လိုမှာတော့ Sao Paulo See Metropolitian Catherdal ဘုရားကျောင်းဟာအထူးထင်ရှားပြီး ယင်းနယ်ပယ်အတွင်းက ရိုမန်ကတ်သလစ်ဘာသာဝင်တွေရဲ့ဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်းထိုင်ရာနေရာဖြစ်ပါတယ်။ယင်းဘုရားကျောင်းကိုတော့ (၁၉၁၃)ခုနှစ်ကနေဆယ်စုနှစ်(၄)စုလောက်ကြာအောင်တည်ဆောက်ခဲ့ပြီး Neo-Gothic ဗိသုကာဒီဇိုင်းပုံဖော်ကျူးထားပါတယ်။

ဆော်ပေါ်လိုမြို့တော်ရဲ့အကြီးဆုံးသောဈေးကြီးကတော့ Municipal Market of Sao Pauloဖြစ်ပြီး ဗိသုကာပညာရှင် Francisco Ramos de Azevedoက (၁၉၃၃)ခုနှစ်၊ ဇန်နဝါရီ(၅)ရက်နေ့က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပါတယ်။ ဈေးအတွင်းမှာတော့သစ်သီး၊ဟင်းသီးဟင်းရွက်၊သား/ငါးနဲ့စားသောက်ကုန်ပစ္စည်းတွေကိုအဓိကထားရောင်းချပါတယ်။

Ibirapuera Park ဟာဆော်ပေါ်လိုမြို့တော်နယ်နိမိတ်အတွင်းပါဝင်နေတဲ့ဥယျာဉ်တစ်ခုဖြစ်ပြီး ဧက(၃၉၀)ကျော်ကျယ်ဝန်းပါတယ်။တောင်အမေရိကတိုက်ရဲ့လာရောက်လည်ပတ်သူအများဆုံးစာရင်းအတွင်းပါဝင်နေတဲ့နာမည်ကျော်ဥယျာဉ်တစ်ခုလည်းဖြစ်ပြီး နှစ်စဉ်လူ(၁၅)သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိတယ်လို့မှတ်တမ်းတွေကဖော်ပြနေပါတယ်။

ဆော်ပေါ်လိုမြို့တော်ဧရိယာအတွင်းမှာအဓိကပေါက်ရောက်တဲ့ Broadleaf evergreens သစ်ပင်မျိုးစိတ်တွေဟာဆိုရင် ဒေသပေါက်ပင်လို့လည်းဆိုနိုင်ပြီး ယင်းအရပ်မှာရှိတဲ့များစွာသောသစ်ပင်မျိုးစိတ်တွေနဲ့ရှားပါးအပင်တွေဖြစ်တဲ့ eucalyptus ပင်တွေရဲ့ ရှင်သန်ကြီးထွားမှုကိုကောင်းကောင်း ထောက်ပံ့မှုပေးနိုင်ပါတယ်။

လေ့လာမှုမှတ်တမ်းတွေမှာတော့ ဆော်ပေါ်လိုမြို့တော်ဟာဆိုရင် အစိုဓာတ်များပြားတဲ့အပူလျော့ပိုင်းရာသီကိုပိုင်ဆိုင်ပြီးနွေရာသီကာလဖြစ်တဲ့ ဇန်နဝါရီကနေမတ်လတွေအတွင်းမှာအနိမ့်ဆုံးအပူချိန်ဟာ(၁၉)ဒီဂရီဆဲစီးယပ် ကနေ(၂၈)ဒီဂရီဆဲစီးယပ်အထိရှိနိုင်ပြီး ဆောင်းတွင်းလိုကာလတွေမှာတော့ အပူချိန်ဟာ(၈)ဒီဂရီကနေ(၂၁)ဒီဂရီအကြားထိရှိနေနိုင်ပါတယ်။

ဆော်ပေါ်လိုမြို့ကြီးဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့မြို့တော်ကြီးဖြစ်ပြီး အာရပ်မျိုးနွယ်စုတွေ၊ အီတလီ နဲ့ ဂျပန်လူမျိုးအများအပြားအခြေချနေထိုင်လေ့ရှိတဲ့အပြင် ဘရာဇီးနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကတိုင်းရင်းသားမျိုးနွယ်စုဝင်တွေဖြစ်တဲ့ Mercado၊ Bixiga နဲ့ Liberdade စတဲ့မျိုးနွယ်စုဝင်တွေလည်း အသီးသီးနေထိုင်ကြပါတယ်။

နှစ်စဉ်မတ်လအတွင်းမှာတော့ဘရာဇီးတစ်နိုင်ငံလုံးမှာရှိနေတဲ့ ပရိုတက်စတင့်ခရစ်ယာန်ဘုရားကျောင်းတွေမှာတော့ ခရစ်ယာန်ဘာသာဝင်တွေဟာအင်နဲ့အားနဲ့စုစည်းပြီး March for Jesus ပွဲတော်ကိုကျင်းပလေ့ရှိရာ ဆော်ပေါ်လိုမြို့တော်ရဲ့ခရစ်ယာန်အသိုင်းအဝိုင်းတွေရဲ့ဝတ်ပြုဆုတောင်းပွဲတွေဟာလည်းခမ်းနားကြီးကျယ်ကြလေ့ရှိပါတယ်။

ကမ္ဘာပေါ်မှာရဟတ်ယာဉ်အများဆုံးတည်ရှိတဲ့မြို့တော်ကြီးတွေစာရင်းမှာလည်း ဆော်ပေါ်လိုဟာ နယူးယောက်နဲ့တိုကျိုမြို့တော်တွေကိုကျော်ဖြတ်ပြီး ပထမနေရာကနေရပ်တည်လျက်ရှိနေပါတယ်။ စာရင်းသွင်းထားတဲ့ ရဟတ်ယာဉ်ကပဲ အစင်း ၅၀၀ ကျော်ရှိနေပြီး တနေ့ကို ရဟတ်ယာဉ်ပျံသန်းမှုပေါင်း ၇၀၀ ထက်မနည်းရှိနေတဲ့မြို့ကြီးလည်းဖြစ်ပါတယ်။

ဘရာဇီးဟာ ဘောလုံးအားကစားနဲ့ ကျော်ကြားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဆော်ပေါ်လိုမြို့မှာလည်း ဘောလုံးကလပ် နဲ့ ဘောလုံးကွင်းပေါင်းများစွာ တည်ရှိနေပါတယ်။ ဒီအထဲမှာ နာမည်အကြီးဆုံးကတော့ ဆော်ပေါ်လိုအသင်း နဲ့ ကော်ရင်သီယန်အသင်းတွေဖြစ်ပြီး ဒီအသင်းတွေဟာ ကမ္ဘာကျော် ဘရာဇီးဘောလုံးသမားများစွာကို မွေးထုတ်ပေးခဲ့တဲ့ ဘောလုံးအသင်းတွေလည်းဖြစ်ပါတယ်။

Tags: cities
Next Post
မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!