Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဆော်လမွန်ဘုရင်ကြီးရဲ့ ရတနာသိုက်

by Thutamm
August 5, 2019
Reading Time: 1min read
0
ဆော်လမွန်ဘုရင်ကြီးရဲ့ ရတနာသိုက်
Share on FacebookShare on Twitter

ရေးသားသူ – ဆရာလှမိုး(ပညာရေး)

ကျွန်တော်တို့ငယ်စဉ်က ဘကြီးများ၊ ဦးကြီးများ ပြောပြချက်အရ ပုဂံခေတ်မှယနေ့တိုင် ထင်ရှားသောသိုက်များမှာ (၁)ဘုရားသိုက်၊

(၂)သိကြားသိုက်၊

(၃)ဂဝံပတေ့ရသေ့သိုက်၊

(၄)ငမန်ကန်းသိုက်၊

(၅)တဂရုပုဏ္ဏသိုက်၊

(၆)နတ်စက်ရောင် ဆရာတော်သိုက်၊

(၇)ဘုမ္မိရတ်သိုက်တို့ ရှိသည်ဟု သိရ၏။ ဤသိုက်များတွင် စောင့်ရှောက်ကြရသော အစောင့်အရှောက်များလည်း ရှိသည်ဟု သိရ၏။

မှတ်မှတ်ရရ ဒုတိယကမ္ဘာစစ်ကြိုခေတ် ကျွန် တော်တို့အလယ်တန်းကျောင်းသားဘဝက မင်းဘူး ခရိုင် မန်းစက်တော်ရာသွား ခရီးလမ်းရှိ ကင်မိတ် စခန်း၌ ပျက်စီးနေသော စေတီတစ်ဆူနှင့် ဇရပ်တစ် ဆောင်ရှိသည်။ ယုံတမ်းကောလာဟလ ပါးစပ်ဂေဇက် များအရ မြစ်ဝကျွန်းပေါ်မှ လာရောက်သော သိုက် ဆရာတစ်ဦးနှင့် တပည့်များသည် အထက်ဖော်ပြပါ ကင်မိတ်စခန်းတွင် သိုက်တူးခဲ့ကြသည်ဟု ဆိုသည်။ သိုက်ဆရာ၏တပည့်တစ်ဦး စည်းကမ်းချိုးဖောက်မှု ကြောင့် သိုက်ဆရာဖြစ်သူနှင့် တပည့်များမှာ ရူးသွား ကြသည်ဟု သတင်းများထွက်လာသည်။

ကျွန်တော်တို့ အရှေ့တိုင်း၏ လက်ဆင့်ကမ်း အယူအဆအရ ‘‘သိုက်’’များတွင် အထိုက်အ လျောက် တန်ခိုးတေဇာရှိသော သိုက်စောင့်များ၊ ဥစ္စာစောင့်မများ ရှိသည်ဟုဆိုကြ၏။ ကျွန်တော်တို့ နားထောင်ခဲ့ရသော ဥစ္စာစောင့်ပုံပြင်များတွင် လူသား နှင့် ဥစ္စာစောင့်မတို့၏ လွမ်းမောတသဖွယ် ချစ်မှု ချစ်ရေးများနှင့် လူ့ရပ်လူ့ရွာသို့ သက်ဆိုင်ရာသိုက် များမှ တာဝန်ရှိသူများ ခွင့်ပြုချက်ဖြင့် လူအဖြစ် ခေတ္တလာခဲ့သူများအား သိုက်မှပြန်ခေါ်သည့်ဇာတ်လမ်းများကိုလည်း နားထောင်ခဲ့ရသည်။ သို့ဖြစ်၍ ‘‘သိုက်’’ဟူသော ဝေါဟာရကို ကျွန်တော်တို့သည် ကလေးငယ်ဘဝကပင် ရင်းနှီးခဲ့ကြရပြီးဖြစ်၏။

ဒုတိယကမ္ဘာစစ်ကြီး၏ အရိပ်အငွေ့များ ကျွန် တော်တို့မြန်မာနိုင်ငံသို့ ကိုင်းညွတ်လာသောအခါ ကျွန်တော်မှာ စာစုံဖတ်စပြုသော အလယ်တန်း ကျောင်းသားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ တစ်ရက် တွင် ဆရာကြီးရွေဥဒေါင်း မြန်မာဘာသာပြန်ဆိုသော ဗြိတိသျှအမျိုးသားစာရေးဆရာကြီး ဆာရိုက်ဒါဟက် ဂတ်၏ ‘‘The King Solmon’s Mine’’ဝတ္ထုကြီးကို မြန်မာဘာသာပြန်ဆိုသော ‘‘ဆော်လမွန်သိုက်’’ ဝတ္ထုကြီးကို ဖန်တရေတေအောင် ဖတ်ရှုမိခဲ့သည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆောင်များဖြစ်သော ဗြိတိ သျှအမျိုးသား ဆာဟင်နရီကားတစ်၊ မုဆိုးကြီး အလန်ကွာတာမိန်း၊ ဇူးလူးအမျိုးသား ဘုရင်တွာလာ နှင့် ပစ္စည်းထမ်းသမား အမ်ဘိုးပါတို့ကို ယနေ့ထိ တသသဖြစ်ခဲ့ရသည်။

စစ်ကြီးပြီးဆုံး၍ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာသောအခါ အင်္ဂလိပ်စာကို လူလူသူသူ ဖတ် နိုင်လာခဲ့သဖြင့် ငယ်စဉ်က တသသဖြစ်ခဲ့ရသော ဆော်လမွန်သိုက် မြန်မာဘာသာပြန် အင်္ဂလိပ်စာအုပ် ကို ဖတ်ရှုခဲ့သည်သာမက ထိုဝတ္ထုကြီးအား ရုပ်ရှင် အဖြစ် ရိုက်ကူးပြသခဲ့သောအခါ ယင်းဆော်လမွန် သိုက် ရုပ်ရှင်ကားကြီးကို ဖန်တရာတေအောင် ကြည့် ရှုခဲ့ရသည်။ ထိုဝတ္ထုကြီးသည် စာရေးဆရာကြီး ဆာ ရိုက်ဒါဟက်ဂတ်၏ စိတ်ကူးဉာဏ်ကွန့်မြူး၍ ရေးသား ခဲ့သော စိတ်ကူးယဉ်ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သော်လည်း ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာ အချက် အလက်နှင့် သမိုင်းအထောက်အထားများ၊ အာဖရိက တိုက် ဒေသခံလူမျိုးတို့၏ သူပြောကိုယ်ပြော လက် ဆင့်ကမ်း ပါးစပ်သမိုင်းများကို အခြေခံရေးသားခဲ့ သဖြင့် ထိုဝတ္ထုကြီးမှာ အသက်ဝင်ခဲ့ခြင်းဖြစ်၏။

သာဓကအားဖြင့် ဆော်လမွန်ဘုရင်ကြီးမှာ မြေထဲပင်လယ်ကမ်းခြေတစ်ဝိုက်နှင့် အာဖရိကတိုက် တွင် တစ်ခေတ်က နေလိုလလို ထင်ရှားခဲ့သော ဘုရင်ကြီးဖြစ်၏။ ရှီဗာဘုရင်မကြီးမှာလည်း လှပချော မော၍ ဟိုးဟိုးကျော်ခဲ့သော ဘုရင်မကြီးဖြစ်ရာ သူ တို့၏ လွမ်းမောတသဖွယ် ချစ်မှုချစ်ရေးမှာ သမိုင်းဝင် ဖြစ်ခဲ့သည်။ ထိုစဉ်ကာလက ဆော်လမွန်ဘုရင်ကြီး ဖောက်လုပ်ခဲ့သော လမ်းမကြီးမှာ အထူးထင်ရှား၍ လူသိများခဲ့သည်။ ထို့ပြင် ဆော်လမွန်ဘုရင်ကြီး၏ အများနှင့်မတူ ထူးခြားထက်မြက်သော ဉာဏ်ပညာ ရှိသည်ဟု ထိုစဉ်ကာလက မြေထဲပင်လယ် ကမ္ဘာ့ နိုင်ငံအသီးသီးမှ မင်းအပေါင်းတို့က ယူဆထားကြ ရာ ၎င်းတို့နိုင်ငံအသီးသီးတွင် မဖြေရှင်းနိုင်သောကိစ္စ ရပ်မှန်သမျှကို ဆော်လမွန်ဘုရင်ကြီးအား တင်ပြ၍ ဆုံးဖြတ်လေ့ရှိသည်။

သမ္မာကျမ်းစာနှင့် သမိုင်းမှတ်တမ်းများအရ ဆော်လမွန်ဘုရင်ကြီး၏ နေပြည်တော်မှာ အံ့မခန်း ကြီးမားလှသည်ဟု ဆိုသည်။ မြို့တော်ရှိ ထာဝရ ဘုရားသခင်၏ ကျောင်းတော်ကြီးမှာလည်း ရွေ၊ ငွေ၊ ကြေး၊ ကျောက်သံပတ္တမြား၊ ဆင်စွယ် အမျိုးမျိုးဖြင့် မွမ်းမံခြယ်လှယ်ထား၏။ ဘုရင်ကြီး၏နန်းတော်မှာ လည်း အံ့မခန်းလှပတင့်တယ်၍ မြို့တော်အတွင်းနေ ထိုင်သော မြို့တော်သူ မြို့တော်သားအချို့မှာ အဆင့် မြင့်ဗိသုကာအတတ်ပညာကို တတ်မြောက်ကြသူများ ဖြစ်၏။ မြို့တော်မှာ မြေထဲပင်လယ်နှင့် အာဖရိက တိုက်ရှိ နိုင်ငံများအားလုံးနှင့် ကုန်စည်ရောင်းဝယ်ရေး ကို ချုပ်ကိုင်ထားရာ မြို့သူမြို့သားအပေါင်းမှာ ချမ်းသာကြွယ်ဝကြသည်။

သို့ဖြစ်၍ ထိုစဉ်ကာလက ဆော်လမွန်ဘုရင်ကြီး၏ နိုင်ငံတော်မှာ နိုင်ငံတကာက မော့ကြည့်ရသော ဆူပါပါဝါနိုင်ငံတော်ကြီးဖြစ်ရာ ဤ မျှ ဟိုးဟိုးကျော်၍ အံ့ဖွယ်သူရဲ ချမ်းသာသောနိုင်ငံ တော်ကြီးကို စိုးမိုးအုပ်ချုပ်ရသော ဘုရင်ကြီးအဖို့ သူ၏ဘဏာတိုက်သည် စိန်၊ ရွေ၊ ရတနာများ၊ ဆင် စွယ်များဖြင့်အတိ ပြည့်လျှံနေမည်မှာ ဘာဆန်းသလဲ ဟု ဆိုရမည်ဖြစ်သည်။ မှတ်တမ်းများအရ ဆော်လ မွန်ဘုရင်ကြီး၏ ကျောက်မိုင်းများနှင့် သတ္တုတွင်းများ တွင် အလုပ်သမားပေါင်း ၈ဝ,ဝဝဝ ကျော်ရှိ၍ အင် ဂျင်နီယာ ၃,၃ဝဝ ရှိသည်ဟု ဆိုသည်။ ဤကျောက် တွင်း သတ္တုတွင်းများမှ ထွက်သော ကျောက်သံပတ္တ မြားနှင့် ရွေတုံးရွေခဲများမှာ လက်ဆစ်ချိုး ရေတွက်မရ အောင် ရှိခဲ့၏။ (ယခုခေတ်တွင် ကမ္ဘာကျော် ကင်ဘာ လေ စိန်မိုင်းမှာ တောင်အာဖရိကတိုက်တွင်ရှိ၍ အဖိုး မဖြတ်နိုင်သော စိန်များထွက်ရှိသည်ဟု သိရ၏။)

ဆော်လမွန်ဘုရင်ကြီးအား နိုင်ငံတကာမှ ဆက်သသော လက်ဆောင်ရွေငွေ ကျောက်သံပတ္တ မြားမှာလည်း အံ့ဖွယ်ဖြစ်ရာ သူ၏မြို့တော်ဘဏာ တိုက်တွင် တာဝန်အခက်အခဲရှိလာသည်။ သို့ဖြစ်၍ ဆော်လမွန်ဘုရင်ကြီးသည် သူ၏ဘဏာတိုက်တော် မှ ရွေတုံး၊ ရွေငွေ ကျောက်သံပတ္တမြားများ၊ ရွေစင် ရုပ်တုများ၊ ရာပေါင်းထောင်ပေါင်းများစွာသော ရွေ စင်ရွေသားဖြင့် ပြုလုပ်ထားသော အိမ်သုံးပစ္စည်းများ အား လူအများ အသွားအလာခက်ခဲသော နေရာတွင် အခိုင်အမာ ရတနာသိုက်ပြုလုပ်၍ ထားခဲ့သည်။ ထို ရတနာသိုက်တည်ဆောက်သူများ၊ ရတနာပစ္စည်း များ သယ်ဆောင်ပေးပို့ရသူများကိုလည်း ထုတ်ဖော် မပြောနိုင်ရန် အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ဒေသခံမျိုးနွယ်အများ၏ အဆက် အနွယ်များက သိရှိခဲ့ကြသည်ဟု ဆိုသည်။

ဤထူး ခြားဖြစ်ရပ်များကို အခြေခံ၍ စာရေးဆရာကြီး ဆာ ရိုက်ဒါဟက်ဂတ်က ဆော်လမွန်သိုက်ဝတ္ထုကြီးကို ရေးသားခဲ့ခြင်းဖြစ်၏။ သမိုင်းအဆက်ဆက် ထိုရတ နာသိုက်အား သိုက်ဆရာများက ရှာဖွေခဲ့ကြသည်။ ထိုသိုက်ကို ပထမဆုံးရှာဖွေရန် စီစဉ်ခဲ့သူမှာ ဗြိတိသျှကိုလိုနီဖြစ်သော တောင်အာဖရိကတိုက်၌ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဗြိတိသျှအမျိုးသား နယ်သစ် ရှာဖွေစွန့်စားသွားလာသူ စီစီရုဒ်ဆိုသူဖြစ်၏။ ဒေသခံ လူမျိုးနွယ်အကြီးအကဲတို့ထံမှ စုံစမ်းလေ့လာချက် အရ အထက်ဖော်ပြပါ ဆော်လမွန်ဘုရင်ကြီး၏ သိုက် မှာ အမှန်တကယ်ရှိသည်ဟု အထောက်အထားခိုင် ခိုင်မာမာနှင့် သိရှိခဲ့သည်ဟု သိရ၏။

လူမျိုးနွယ်များ ၏ အကြီးအကဲဖြစ်သော ဘူလာဝါရိုးနှင့် လိုဘင်ဂို လာတို့ထံမှ စုံစမ်းချက် မှတ်တမ်းများအရ ဆော်လမွန် ဘုရင်ကြီး၏ ရတနာသိုက်မှာ အမှန်တကယ်ရှိ ကြောင်း ဒေသခံဇူးလူးမုဆိုးများ၏ သတင်းပေးပို့ချက် အရ ထိုရတနာသိုက်ကြီးမှာ ဆော်လမွန်ဘုရင်ကြီး လက်ထက်တော်အခါက ဖောက်လုပ်ခဲ့သော မဟာ လမ်းမကြီးတည်ရှိရာ ယနေ့ ဇင်ဘာဘွေနိုင်ငံ တောတွင်းတစ်နေရာတွင် ရှိနိုင်သည်ဟု သိရ၏။ သမ္မာ ကျမ်းစာတွင် ရွေတွင်းများရှိရာ ရတနာမြေဖြစ်သော အိုဖီယာဒေသဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံကို ခေါ် ဝေါ်ခြင်းဖြစ်သည်ဟု သိရ၏။

ဗြိတိသျှအမျိုးသား စီစီရုဒ်သည် ဆော်လ မွန်ဘုရင်ကြီး၏ ရတနာသိုက်ကို ရှာဖွေခဲ့သော်လည်း အကြောင်းကြောင့် ရှာဖွေမတွေ့ခဲ့ရပေ။ ဒဏ္ဍာရီလိုလိုဖြစ်နေသော ထိုရတနာသိုက်ကြီးမှာ ယနေ့ထိ ရတနာသိုက်ရှာဖွေသူများအား စိန်ခေါ်လျက်ရှိသည်ဟု ဆိုကြပါကြောင်း …။

လှမိုး(ပညာရေး)
မနောမယဂျာနယ်

ကျမ်းကိုး -Treasure Lost, Found,

 

Tags: amazingknowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ကျောင်းတွေ

ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ကျောင်းတွေ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!