Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စောင်းကောက်သမိုင်း နှင့် မြန်မာ့စောင်းအကြောင်း သိကောင်းစရာ

by Thutamm
August 10, 2019
Reading Time: 1min read
0
စောင်းကောက်သမိုင်း နှင့် မြန်မာ့စောင်းအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

Cover Photo : U Aye Myint Kyu

ရှေးအကျဆုံး ကြိုးတပ်တူရိယာ

စောင်းကောက်သည် ကမ္ဘာပေါ်ရှိ တူရိယာများအနက် ရှေးအကျဆုံး တူရိယာတစ်မျိုး ဖြစ်သည်။ ရှေးပဝေဏီလူတို့ အမဲလိုက်ရာတွင် လေးများတို့ကို အသုံးပြု ကြသည့်အချိန်မှစ၍ စောင်းတူရိယာကို စတင်တီထွင်လာကြ သည်ဟု ကမ္ဘာ့ပန်တျာ သုတေသနပုဂ္ဂိုလ်ကြီးများက ယူဆကြသည်။ ယနေ့ ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးအသုံးပြုနေကြသည့် စောင်းပုံအမျိုးမျိုးကို အကြမ်းအားဖြင့် ခွဲခြားလျှင်၊ လေးကိုင်းပုံ စောင်းနှင့် တြိဂံပုံစောင်းဟူ၍ စောင်းအမျိုးအစား နှစ်မျိုးရှိလေသည်။

စောင်းအမျိုးအစား နှစ်မျိုး ရှိသည့်အနက် လေးကိုင်းပုံ စောင်းအမျိုးအစားသည် တြိဂံပုံ စောင်းအမျိုးအစားထက် ရှေး ကျကြောင်း သိရှိရပေသည်။ ကမ္ဘာပေါ်တွင် လေးကိုင်းပုံသဏ္ဍာန် စောင်းကောက်အမျိုးအစားသည် ရှေးခေတ်အီဂျစ်နိုင်ငံ၊ ရှေးခေတ် အိန္ဒိယတိုင်းနှင့် ရှေးခေတ် ဂျားဗားကျွန်းတို့တွင် ပေါ်ထွန်းခေတ်စားခဲ့ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံ၌မူယခုတိုင် စောင်းကောက်ကို မြတ်နိုးနှစ်သက်စွာ တီးလျက်ရှိကြသည်။

သမိုင်းကြောင်း

စောင်းကောက်များသည် ဘီစီ၃ဝဝဝ ခန့်မှစ၍ ဆူးမားပြည်နှင့် အီဂျစ်ပြည်ရှိ အရပ်ဒေသများမှစတင်၍ ပေါ်ပေါက်ထွန်းကား လာဟန်ရှိသည်။ ရှေးအကျဆုံးအီဂျစ်စောင်းမှာ ကြိုးတစ်ချောင်း သာလျှင်တပ်၍၊ စစ်တိုက်သည့်အချန်အခါများနှင့် ရန်သူများ နောက်သို့ လိုက်သည့်အခါများတွင် တီးကြကြောင်း သိရှိရသည်။ အိန္ဒိယတိုင်း၊ ပါဋလိပုတ်ပြည်၌ ခရစ်နှစ် ၃၃ဝ ပြည့် နှစ်တွင် နန်းတက်စိုးစံသော သမုဒြဂုတ္တမင်းလက်ထက်က သွန်းလုပ်ခဲ့သော ဒင်္ဂါးများပေါ်တွင် စောင်းကောက် တီးနေပုံကို တွေ့ရသည်။

ဂျားဗားကျွန်းသို့ အိန္ဒိယတိုင်းသားတို့ ၅ ရာစု နှစ်လောက်တွင် သွားရောက်နေထိုင်ကြရာ၊ စောင်းကောက် စသော တူရိယာများ ပါရှိသွားဟန်တူ၏။ ဂျားဗားကျွန်းတွင် ၈ ရာစုနှစ်ခန့်လောက်က တည်ထားခဲ့သော borobudur စေတီတော်ကြီး၏ ပစ္စုယာအဆင့် ဆင့်၌ရှိသော ပန်းတမော့ ကျောက်ရုပ်များ တွင် စောင်းကောက်ပုံများကို တွေ့ရသည်။ ထိုစောင်းကောက် ပုံများ အချို့တွင် မြန်မာစောင်းကောက်များမှာကဲ့သို့ စောင်းကြိုး များကို ဘွဲ့ကြိုးဖြင့် ချည်နှောင်သည်ကိုတွေ့ရသည်။

အလယ်ခေတ်က စောင်းပုံစံ

အခေါ်အဝေါ်

ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်လောက်က အာရပ်လူမျိုးများ သည် စောင်းတူရိယာကို ‘စက်က’ဟု ခေါ်ဝေါ်ကြ၏။ ထို ဝေါဟာရသည် ရှေးအကျဆုံးခေါ်ဝေါ်သော ဝေါဟာရဖြစ်ရုံ မျှမက၊ ယင်းဝေါဟာရမှတစ်ဆင့် စောင်းတူရိယာကို ဂရိ ဘာသာအားဖြင့် ‘စန် ဘိ ကီ’ဟူ၍၎င်း၊ လက်တင်ဘာသာ အားဖြင့် ‘စန်ဘုက’ဟူ၍၎င်း၊ ပါးရှင်းဘာသာအားဖြင့် ‘ချန်း (ခ)’ဟူ၍၎င်း ယခုအာရပ်ဘာသာအားဖြင့် ‘စဲ(န်)’ဟူ၍ အသီးသီး ဆင်းသက်လာခဲ့လေသည်။

မြန်မာလူမျိုးများ၏ ‘စောင်း’ဟူသော ဝေါဟာရမှာလည်း အဆိုပါအာရပ်နှင့် ပါးရှင်း ဝေါဟာရများမှတစ်ဆင့် ဆင်းသက်လာသည်ဟု ယူဆရသဖြင့် ယနေ့မြန်မာ့ စောင်းကောက်များသည် အာရပ်နှင့် ပါးရှင်းလူမျိုး များထံမှ အိန္ဒိယမှတစ်ဆင့် လက်ခံရရှိလိုက်ဟန်ရှိသည်။

မြန်မာ့စောင်း

ယနေ့ မြန်မာ့စာပေကျမ်းဂန်များတွင် ဖော်ပြပါရှိသော ဗေလုဝစောင်း၊ ဂုတ္တိလစောင်း၊ ဥတိန္နစောင်း၊ မင်းကုသစောင်း များသည် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မြန်မာစောင်း ကောက်မျိုးများ မဟုတ်ဘဲ၊ အိန္ဒိယပြည်တွင် ရှေးပဝေဏီမှ ပေါ်ပေါက်ခေတ်စားလာခဲ့၍၊ ယနေ့တိုင် သုံးစွဲနေသော ကြိုး ၇-ချောင်းတပ် ‘ဝီဏာ’ခေါ် အိန္ဒိယတူရိယာတစ်မျိုးပင် ဖြစ်ဟန် တူသည်။ မြန်မာနိုင်ငံတော်တွင် ကျန်စစ်မင်းတည်ထားခဲ့သော ပုဂံအာနန္ဒာ စေတီတော်အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတော် များတွင် စောင်းကောက်ပုံ တစ်ပုံကို အစောဆုံး တွေ့ရှိရခြင်း အားဖြင့်၊ ပုဂံခေတ်အခါကတည်းကပင် မြန်မာနိုင်ငံ၌ စောင်း ကောက်များ ခေတ်စားခဲ့သည်မှာ ထင်ရှားပေသည်။

ယနေ့ မြန်မာ့ပန်တျာလောက၌ မြန်မာစောင်းကောက်များ တွင် ရှေးအခါက ကြိုး ၇-ချောင်းဖြင့်သာ တီးခဲ့ကြသည်ဟူ သော ယုံကြည်ချက်နှင့် ကြိုး၇-ချောင်းမှ ကြိုး ၁၃-ကြိုးတီး သော စနစ်ကို မြဝတီမင်းကြီး တီထွင်ခဲ့သည်ဟူသော ယုံကြည် ချက်နှစ်ရပ်မှာ မခိုင်မာသော ယုံကြည်ချက်များသာဖြစ်ပေသည်။ ရှေးအခါက မြန်မာစောင်းများ၌ ကြိုး ၇-ချောင်းတပ်ဆင် ၍ တီးမှုတ်ကြသည်ဟူ၍ ယုံကြည်ချက် ဖြစ်ပေါ်လာခဲ့ခြင်း အကြောင်းအရင်းမှာ ပုဂံခေတ်အခါက အိန္ဒိယပန်တျာနှင့် စပ်ဆိုင်သည့် အကြောင်းအရာများပါရှိသော အိန္ဒိယကျမ်းများမှ တစ်ဆင့် မြန်မာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ဆိုကြစဉ်က ‘ဝီဏာ’ခေါ် ကြိုး ၇-ချောင်းတပ် အိန္ဒိယတူရိယာ တစ်မျိုးကို ‘စောင်း’ဟူ၍ ဘာသာပြန်ဆိုခဲ့သောကြောင့်ဖြစ်သည်။

မြန်မာ့စောင်း နှင့် ရွာစားကြီး စိန်ဗေဒါ

ကြိုးချည်နည်း

လွန်ခဲ့သောနှစ်ပေါင်း ၃၅ဝဝ လောက်ကတည်းကပင် အီဂျစ်စောင်းကောက်များတွင် ကြိုး ၈-ချောင်းကို ဘွဲ့ကြိုးများဖြင့် ချည်လျက် တီးခဲ့သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အိန္ဒိယပြည်ဘာရဟုတ်မြို့ ဘုရားရှိခိုးကျောင်း ရုပ်လုံးတုများတွင် တွေ့ရှိရသည့် အိန္ဒိယစောင်း ကောက်များ၌ ကြိုးအများအပြားပါရှိဩည်ကို တွေ့ရခြင်းအားဖြင့်၊ အိန္ဒိယစောင်းကောက်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းကပင် ကြိုးအများအပြားတပ်လျက် တီးခဲ့ သည်ကို တွေ့ရှိရသည်တစ်ကြောင်း၊ အာရပ်လက်အောက်ခံ အယ်လဟီးရော့နယ်၌ တွေ့ရှိသည့် ၆-ရာစုခေတ်အခါလောက် က စောင်းများ၌ ကြိုး ၁၃-ကြိုးမှ ကြိုး ၄ဝ အထိ တပ်ဆင် ထားသည်ကို သိရှိရသည့်တစ်ကြောင်းကြောင့်၊ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါလောက်ကတည်းကပင် စောင်းကောက်များ၌ ကြိုး ၁၃ ကြိုးတပ်လျက် တီးနေကြပြီဟူ၍ ယူဆရသည်။

စောင်းကောက်လက်ရုံးတွင် ကြိုးများချည်ရာ၌ ဘွဲ့ကြိုးဖြင့် ၎င်း၊ သို့မဟုတ် လက်ရုံးကိုအပေါက် ဖောက်၍ ဒလက်များ တပ်၍၎င်း ချည်ကြသည်။ ကြိုးချည်နည်းများအနက် စောင်း လက်ရုံးကြိုး လျော့မကျ စေရန် အထစ်များပြုလုပ်၍ ချည်နည်း မှာ ရှေးအကျဆုံး ချည်နည်းဖြစ်သည်။ ထိုချည်နည်းမှတစ်ဖန် ယခုမြန်မာ့ စောင်းများတွင် ဘွဲ့ကြိုးဖြင့် ဗူးလည်သီးခတ်ချည်နည်းသို့ ကူးပြောင်းလာခဲ့သည်။ မြန်မာနိုင်ငံအနီးအနားတစ်ဝိုက် တိုင်းပြည်များတွင် တွေ့ရှိရသော ရှေးစောင်းကောက်များမှာ အများအားဖြင့် ဘွဲ့ကြိုးများ ဖြင့်သာလျှင် ချည်ကြလေသည်။

မြန်မာနိုင်ငံတွင် စောင်းလက်ရုံးကို အပေါက်ဖောက်၍ ဒလက် များတပ်လျက် ကြိုးချည်ထားသည့် စောင်းမျိုး တစ်မျိုးတွေ့ရှိရသည်။ ထိုစောင်းမျိုးကို ပဲခူးရိုးမတစ်ဝိုက်ရှိ စကောကကရင် လူမျိုးများနှင့် ရှမ်းပြည်နယ်အချို့အရပ်ဒေသများရှိ ရှမ်းလူမျိုး များတီးကြသည်။

မှတ်တမ်း

ပုဂံခေတ်အခါ၌ စောင်းတူရိယာနှင့်ယှဉ်တွဲ၍၊ ငြင်း၊ ကန့် လန့်ဖြတ်ပြွေများဖြင့် တီးမှုတ်လေ့ရှိကြောင်းလည်းသိရပေသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီး၊ ပထမတွဲစာအုပ်၊ စာမျက်နှာ ၂ဝ၅၊ ရတန သိဒ္ဓိပထမတွဲစာအုပ် စာမျက်နှာ ၂၂၄ တွင် သုမုန္ဒရီဖြိုကြွင်းသက္ကရာဇ် ၈၉ခုနှစ် နန်းတက်တော်မူသော ပျူစောထီးမင်း နန်းတက်ပွဲအခမ်းအနား၌ စောင်းတူရိယာတီးကြောင်း တွေ့ရှိရသည်။

သက္ကရာဇ် ၄၅၄ခုနှစ် နန်းတက်တော်မူသော အလောင်းစည်သူမင်းကြီး၏ မိဖုရားကြီး ၄ပါးတို့၏ နန်းတော် ဆောင်များ၌ မိန်းမစည်၊ မိန်းမပတ်၊ မိန်းမစောင်း၊ မိန်းမငြင်း တို့ဖြင့် မပြတ်ဖျော်ဖြေတီးကြရကြောင်း တွေ့ရှိရသဖြင့်၊ ပုဂံ ခေတ်မင်းခမ်းမင်းနားများတွင် စောင်းတူရိယာများ တီးကြောင်း သိရှိရ၏။ ‘ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းငယ်ကောင်း ယောင်း မတို့တော်၊ မဲလည်ပင်နှင့် ဒန်းပင်နွဲ့နှောင်း၊ ယှက်ခါငယ်ပေါင်း’ အစချီသုံးထောင့် အိုင်ချင်းတစ်ပုဒ်၌ ‘စုန်မဲ့ဆို စုံမဲ့ရက်၊ ဆက် ဆက်မစုန်လို၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို ပိုက် လို့ငယ်ငို၊ မောင့်ကိုကုန်သွား၊ ထဲ့သလားတော်’ဟူ၍ ရေးသား ထားခဲ့ခြင်းဖြင့်၊ ရှေးအခါကပင် စောင်းတူရိယာများကို မင်းခမ်း မင်းနားသဘင်များတွင် တီးကြရုံသာမက၊ တောင်သူလယ်သမား ဆင်းရဲသားပိုင်း များ၌လည်း ခေတ်စားလျက်ရှိကြောင်း သိရှိရ ပေသည်။

ရှေးအစဉ်အဆက်မှ ဆင်းသက်၍ ကုန်းဘောင်ခေတ်ဦးပိုင်း တွင် မိမိတို့တီးသော စောင်းတူရိယာများကို ‘ကရဝိက်သံ၊ မြ ခြူသံ၊ ဇီဝစိုး၊ သစ်ကနက်၊ သန်းခေါင်ကျူး၊ သန်းခေါင်မောင်း၊ စံရှား’ အစရှိသည့် အမည်နာမမျိုးများ မှည့်၍ စောင်းအိုး၏ အနောက်ဘက်၌ ကမ္ပည်းစာတမ်းထိုးလေ့ရှိကြသည်။ ၄့ရတွင်း တော်များ၌ စောင်းတူရိယာများကို လက်ဝဲစောင်း၊ လက်ျာစောင်းဟူ၍ ခွဲခြားတီးကာ ဖျော်ဖြေကြရသည်။ သက္ကရာဇ် ၉၇၁ ခုနှစ်တွင် နန်းတက်တော်မူသော တောင်ငူဘုရင် နတ်ရှင်နောင်၊ သက္ကရာဇ် ၁၁၈၁ ခုနှစ် နန်းတက်တော် မူသော ဘကြီးတော် ဘုရား၊ သက္ကရာဇ် ၁၁၉၉ ခုနှစ် နန်းတက်တော်မူသော သာယာဝတီမင်းခေါ် ရွှေဘိုမင်း၊ အနောက်နန်းမတော်မမြလေး၊ မြဝတီဝန်ကြီးဦးစတို့သည် စောင်းအတီးပညာကို ကိုယ်တိုင် လေ့လာလိုက်စား ဆည်းပူးခဲ့သည်များကို အထောက်အထားပြု လျက် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်အခါ၌ ရှင်ဘုရင်မှစ၍ မင်းညီမင်းသားများကိုယ်တိုင် စောင်းတီးခြင်းကို အမြတ်တနိုး လေ့လာလိုက်စားခဲ့ကြောင်း သိသာထင်ရှားပေသည်။

မြန်မာ့စောင်း အမျိုးအစားများ

မြန်မာစောင်းကောက်မှာ အရွယ်အားဖြင့် နှစ်စားရှိသည်။ ယောက်ျားတီးစောင်းမှာ ကြီး၍၊ မိန်းမတီး စောင်းမှာငယ်သည်။ မြန်မာစောင်းကောက်များတွင် တပ်ဆင်ထားသောကြိုး ၁၃ကြိုး ကို အထက်ဆုံးမှ အောက်ဆုံးကြိုးအထိ အသံကြီးစဉ်ငယ်လိုက် (၁)အထက်ဒုန်း (၂)နှစ်ပင်ဒုန်း (၃)သုံးပင်ဒုန်း (၄)လေးပင်ဒုန်း (၅)ငါးပင်(၆)ဒုန်းလက်ညှိုး (၇)နှစင်ဒုန်း (နှစ်ပင် ဒုန်းလက်ညှိုး (၈)သုံးပင်ဒုန်းလက်ညှိုး (၉)တျောကြိုး (၁ဝ)တျေကြိုး (၁၁) တျာကြိုး (၁၂)သံကျပ်ကြိုး (၁၃)သံဖြားကြိုးဟု ညှင်းလုံးသံစဉ် ညှိ၍ တီးသည့်အခါ ခေါ်ဝေါ်ကြသည်။

ယင်းကြိုးအခေါ်အဝေါ် များသည် ညှင်းလုံးသံစဉ်ဖြင့်ညှိထားသော အခါ၌သာ ခေါ်သော အမည်များ ဖြစ်၏။ အခြားသံစဉ်များဖြင့် ညှိသောအခါတွင် ကြိုးအခေါ်အဝေါ်များ ပြောင်းလွှဲသွားတတ်သည်။ ယခုအခါ များသောအားဖြင့် အပေါ်ဆုံးတွင် တစ်ကြိုးတင်ကာ ၁၄ကြိုး တပ်၍တီးကြသည်။ ရှေးအခါက စောင်းအတီးပညာကိုသင်ကြား ရာ၌ ရှေးဦးစွာ ကြိုးရှိအသံအနေအထားနှင့် ကြိုးအတွဲအဖက် များကို လေ့လာသင်ကြားနိုင်ရန် သီချင်းအားဖြင့် ဖွဲ့နွဲ့စီကုံး သော အလေ့အထမှစတင်၍၊ ကြိုးသီချင်းဟူသော သီချင်းအမျိုးအစားများ မြန်မာ့ပန်တျာလောကတွင် ပေါ်ထွန်းခဲ့ရလေ သည်။

စောင်းကို သင်ရာတွင် အသံတူကြိုး တွဲတို့အပြင် အသံမတူဘဲတွဲဖက်ရသော ၃ ကြိုးတွဲဌာန်၊ ၄ ကြိုးတွဲဌာန်၊ ၅ ကြိုး တွဲဌာန်၊ ၇ ကြိုးတွဲဌာန်၊ ၉ ကြိုးတွဲ ဌာန်ဟူ၍ အမျိုးမျိုးရှိသည့်အပြင်၊ ဒျန့်ခေါ် ကြိုးတွဲနည်းလည်း ရှိလေသည်။

စောင်းသံစဉ်

စောင်းတီးရာ၌ ‘ညှင်းလုံးသံစဉ်၊ အောက်ပြန်သံစဉ်၊ ပုလဲ သံစဉ်၊ မြင်စိုင်းသံစဉ်၊ ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့်သံစဉ်၊ ပြည်တော်ပြန်သံစဉ်’ဟူ၍ သံစဉ် ၇ မျိုးခွဲခြားလျက် ကြိုးများ ကို ပြုပြင်ပြောင်းလွှဲတီးကြ၏။ ဤကဲ့သို့စောင်းများတွင် သံစဉ် ၇ မျိုးဖြင့် ခွဲခြားတီးသော အစဉ်အလာတစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းလေးရာကျော်က ပေါ်ထွန်းခဲ့ကြောင်း ခိုင်မာစွာသိရှိရ သည်။ ထိုသံစဉ် ၇မျိုးအနက် ဒူရကသံစဉ်၊ ခြောက်သွယ်ညွန့် သံစဉ်၊ ပြည်တော်ပြန် သံစဉ် ၃ မျိုးတီးသည့် အလေ့အထမှာ ကွယ်ပျောက် တိမ်ကောခဲ့လေပြီ။ သံစဉ် ၃မျိုးတီးသည့် အလေ့ အထ ကွယ်ပျောက်သွားခဲ့သော်လည်း၊အဆိုပါ သံစဉ် ၃မျိုး တီးနည်းမှာ ကျန်ရှိနေသော ညှင်းလုံး၊ အောက်ပြန်၊ ပုလဲ၊ မြင်စိုင်းသံစဉ်များ၌ တီးသည့်နည်းအတိုင်းပင် ဖြစ်လေသည်။ ကျန်ရှိနေသော သံစဉ်များနှင့် ကွယ်ပျောက်သွားသော သံစဉ် များ၏ ကွာခြားချက်မှာ အသံအစီအစဉ် အနေအထား အားဖြင့် ကွာခြားခြင်းမရှိဘဲ၊ အသံအနိမ့်အမြင့်သာလျှင် ကွာခြားလေသည်။

ပြုလုပ်ပုံ

စောင်းအိုးကို အများအားဖြင့် ပိတောက်အနှစ်သားဖြင့် ပြုလုပ်ကြသည်။ စောင်းအိုးကို ပြုလုပ်ရာ၌ အထူ ၃ ချက်၊ အပါး ၃ချက် ရှိရသည်။ အထူ ၃ ချက်မှာ(၁)စောင်းအိုး၏ကျော (၂)လက်ရုံး နှင့် စောင်းအိုး ဆက်ထားသည့် စောင်းဦးပိုင်း (၃)ဖလားခေါ် စောင်း၏ ပဲ့ပိုင်းတို့ဖြစ်၍၊ အပါး ၃ ချက်မှာ စောင်းဘေး နှစ် ဖက်နှင့် သမင်ရေတို့ပင်ဖြစ်လေသည်။ စောင်းလက်ရုံးနှင့် စောင်းအိုးဆက်ထားသော အပိုင်းမှာ (လှေ) စံကားရွက်သဏ္ဌာန် ပြုလုပ်၍၊ စောင်း၏ ပဲ့ပိုင်းမှာ ဖလားသဏ္ဌာန် ပြုလုပ်ရသည်။

ဤသည်ကိုရည်၍ ရှေးပညာရှင်တို့က ‘ရှေ့စကား၊ နောက် ဖလား’ဟူ၍ ဆိုကြ၏။ လက်ရုံးထိပ်စွန်းတွင် ညောင်ရွက်ရှိရသည်။ စောင်းလက်ရုံးကို ရှားသားဖြင့် ပြုလုပ်ကြသည်။ စောင်းလက်ရုံးပြုလုပ်ရာ၌ သစ်အကြောကိုလိုက်၍ ပြုလုပ်ကြရ ခြင်းကြောင့် (၁)သဇင်ခွေ (၂)မျောက်ထိုင် (၃)ငါးမျှားချိတ်ဟု ခေါ်သော စောင်းလက်ရုံးပုံ အမျိုးအစား ၃ မျိုးရှိသည်။ အချို့ ပညာရှင်များက ၄ မျိုးရှိသည်ဟု ဆိုကြသည်။ ယင်းတို့မှာ မျောက်ထိုင်၊ သဇင်ခွေ၊ လေးကြိုး၊ သံလျက်စွန်းဟူ၍ ဖြစ် သည်။ အချို့ပညာရှင်တို့က ငါးမျှားချိတ်ခေါ် စောင်းလက်ရုံးပုံ အစားမှန်ပြ လက်ရုံးပုံဟု ခေါ်ဆိုကြသည်။

စောင်းခွက်ကို ထွင်းပြီးလျှင်၊ စောင်းအိုးထိပ်ကို သမင်ရေ ဖြင့် အုပ်ရသည်။ စောင်းသားရေကို ပြန်လည် လျော့ကျမသွား စေရန် အများအားဖြင့် မိုးတွင်း ဝါဆို ဝါခေါင်အချိန်အခါ၌ ကျက်ကြသည်။ ဘွဲ့ကြိုးကို ပြုလုပ်ရာ၌ ရှာချည်ကို သုံးလွန်း တင်ကျစ်၍ အဖျားတွင်ပန်းပွားတပ်ကြသည်။ စောင်းကြိုးကို ခင်ဝါပိုးရိုင်း သို့မဟုတ် ခင်ကြီးပိုးဖြင့် စောင်းအသံ အနေ အထားအလိုက် ကြိုးလုံးအကြီးအသေးကျစ်လျက် တပ်ဆင်တီး ကြသည်။

ခင်တံဟုခေါ်သော မှင်ရိုးတွင် စောင်းကြိုးများတပ်ရန် အပေါက်များရှိ၏။ ထိုအပေါက်များ အကွာအဝေးအချိုးမကျ သော် စောင်းသံကို ထိခိုက်တတ်သည်။ ထို့ကြောင့် မှင်ရိုးမှာ စောင်းတွင်အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ခင်တံ ညံ့လျှင် စောင်းသံမကောင်း၊ ပုံလည်းမလှဖြစ်တတ်သည်။ စောင်းအိုးကောင်းပါလျှက် ခင်တံ အလှီးမကောင်း၍ အသံ အသည်ကို အခင်ဖျက်သည်ဟု ရှေးကဆိုရိုးပြုကြ၏။ ရှေးလူ ကြီးများက စောင်းအိုးအတွင်း၌ စောင်းနှင့်ဆိုင်ရာ အထက်အင်း များချထားတတ်သည်။ သမင်ရေကျက်ပြီးသောအခါ နတ်သမီး ပေါက်ခေါ်သော အပေါက်လေးပေါက်ကို သင်္ချာနည်းဖြင့် အချိုး ကျနေရာများတွင် နတ်ပွဲပသပြီးမှ ဖောက်လေ့ ရှိကြသည်။

စောင်းကိုသုံးချောင်းထောက်ခြေခုံတွင်တင်၍ အမြင့်မှာသာ ထားလေ့ရှိကြ၏။ ရှေးအခါက ‘မြေမသက်ငှက်လည်းမဟုတ်၊ ရင်ဝယ်ထားသားလည်းမဟုတ်၊ မုတ်ဆိတ်ဖွားကုလားမဟုတ်’ ဟု စောင်းကို စကားထာဝှက်ကြသည်။ စောင်းအကြောင်းကို ရှေးပညာရှင်တစ်ဦးက ‘ပိတောက် ကိုတဲ့မတယ်(တည်)။ ရှားကောက်ခွေခွေနှင့်၊ သမင်ရေ အပေါ် ဖုံးပါလို့၊ ဆဲ့သုံးပင်ခင်ဝါပိုးကို၊ မှင်ရိုးမှာတွယ်။ မြီးဖျားက ပန်းပွားသွယ်၊ ခြယ်လယ် လို့စုပေါင်း။ ဒူတေးတံတျာနှင့်၊ မြည် ရှာ လပြည်စုံမက်တယ်၊ နန်းတော်ထက်စောင်း’ဟူ၍ ရေးစပ်ခဲ့သည်။

Burma Harp ဇာတ်ကားမှ

၁၉၅၆ တွင် ဂျပန်ဒါရိုက်တာ ကွန်အိချိကာဝါ က ဗမာ့စောင်း (ဘိရုမာနောတာတဲဂိုတို) – The Burmese Harp (Biruma no tategoto) အမည်ရှိသည့် ဒုတိယကမ္ဘာစစ်အခြေခံ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ စာရေးဆရာ ရဲမြလွင်က မြန်မာ့စောင်း အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)။
Myanmar Wikipedia

Tags: myanmar knowledge
Next Post
ဒေါက်တာ စောဝေလှ

ဒေါက်တာ စောဝေလှ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!