သူ့ရဲ့အကြောင်းကို သိချင်မှသိကြမှာဖြစ်ပေမယ့် အွန်လိုင်းစာမျက်နှာတွေ ဗီဒီယိုတွေမှာတော့ မကြာခဏမြင်ဖူးကြမှာပါ။ လူတွေအဓိက သူ့ကို သတိထားမိကြတာကတော့ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့အတူ များပြားလှစွာသော မိန်းမလှလေးတွေနဲ့ အတူရှိနေတတ်လို့ပါ။
သူ့နာမည်အရင်းကတော့ Dan Brandon Bilzerian ဖြစ်ပေမယ့် Dan Bilzerian လို့ပဲခေါ်ကြပါတယ်။ နောက်ထပ်သူ့ကို ပေးထားတဲ့နာမည်ပြောင်တွေကတော့ Blitz, Instagram King, Playboy King စသည်ဖြင့်ပေါ့…။
Facebook နဲ့ Twisrer၊ Instagram ကဲ့သို့သောလူမူကွန်ယက်တွေကြား ၊ အထူးသဖြင့် အမျိုးသားထုအကြားမှာထင်ပေါ်လွန်းလှတဲ့ Dan Bilzerian ကို ၁၉၈၀ ဒီဇင်ဘာ (၇)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ တမ်ပါ ဆိုတဲ့မြို့လေးမှာမွေးခဲ့ပါတယ်။
သူဟာ အွန်လိုင်းလူမှုကွန်ယက်ကြောင့် ကမ္ဘာကျော်သူဖြစ် ပြီးသူရဲ့ Twitter အကောင့်မှာ Followers ၁.၄၅ သန်း၊ Instagram မှာ followers ၂၄.၆ သန်း၊ Facebook မှာ followers ၁၃ သန်းအထိရှိနေတာပါ။ Dan Bilzerian ဟာ ပရော်ဖက်ရှင်နယ် လောင်းကစားသမား တစ်ယောက်ဖြစ်ပြီးနာမည်ကျော် Poker player တစ်ယောက်ဖြစ်ပါတယ်။
သူရဲ့ဖခင်Paul Bilzerian ဟာ နယူးဟောက် Wall Street စီးပွားရေးလောကရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူသားတွေအတွက် ငွေကြေးအမြောတ်အမြားကို ချန်ထားပေးခဲ့ပါတယ်။ Dan Bilzerian ရဲ့မိခင်ကTerri Steffen ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။ သူမှာ Adam Bilzerian နဲ့ Nelson Bilzerianအမည်ရတဲ့အစ်ကို(၂)ယောက်ရှိပါတယ် ။
Dan Bilzerian တို့မိသားစုဟာ အာမေးနီးယား အနွယ်ဝင်တွေဖြစ်ပြီး လူ(၁.၅)သန်း လောက်သေဆုံးခဲ့ရတဲ့ အာမေးနီးယားမျိုးတုန်းသတ်ဖြတ်ပွဲမှာ သူ့မိသားစုတစ်ဝက်လောက်သေဆုံးခဲ့ရတဲံ့အကြောင်း Dan Bilzerianကိုယ်တိုင်ဝန်ခံခဲ့ ပါတယ်။
သူရဲ့ခမ်းနားကြီးကျယ်လှတဲ့ လူနေထိုင်မှု စရိုက်တွေက လူအများကိုအံံ့သြ သင့်စေခဲ့ပြီး ရက်ရက်ရောရော နဲ့ဖောဖောသီသီသုံးစွဲတတ်တဲ့ စရိုက်ကိုက သူရဲ့အမှတ်အသားလိုဖြစ်နေတာပါ။ လူသူအရောက်အပေါက်နည်းတဲ့ သူ့ကိုယ်ပိုင် ကျွန်းတွေမှာ နန်းတော်တစ်မျှ အဆောက်အအုံ ကြီးတွေဆောက်လုပ်ပြီး အမျိုးသား၊ အမျိုးသမီး အခြံအရံများစွာနဲ့ အပန်းဖြေတဲ့ သူ့ဟန်ပန်တွေဟာ ခေတ်သစ်ဘုရင်တစ်ပါးလိုပါပဲ။
ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင်ရွက်သဘောၤ တွေနဲ့ခရီးထွက်ရတာကို နှစ်သက်လေ့ရှိသူဖြစ်ပြီး ရောက်တဲ့နေရာတိုင်း မိန်းကလေးအဖော်များစွာနဲ့ အကောင်းတကာရဲ့အကောင်းဆုံးတွေကိုမှ သုံးဆောင်တတ်တဲ့ သူကို အွန်လိုင်းသုံးစွဲသူတွေက Instagram King၊ Instagram’ Playboy King ဆိုတဲ့နာမည် တွေပေးကာ သူ့အကြောင်းကို သတင်းစာမျက်နှာတွေမှာတစ်ခမ်းတစ်နားဖော်ပြကြပါတယ်။
၂၀၁၈ဧပြီလအတွင်းကျွမ်းကျင်သူတွေရဲ့တွက်ချက်မှုတွေအရတော့ သူရဲ့ပိုင်ဆိုင် မှုတန်ဖိုးဟာအမေရိကန်ဒေါ်လာသန်း ၁၅၀ခန့် ရှိတယ်လို့ ဖော်ပြကြပါတယ်။(တချို့ကတော့ သူသုံးစွဲပုံကိုကြည့်ပြီး ဒီပမာဏဟာ သူ့ပိုင်ဆိုင်မှု အကုန်မဟုတ်သေးဘူးလို့ ဆိုကြပါတယ်)။
Bilzerian ဟာ ၂၀၀၀ပြည့်နှစ်က Navy SEAL မှာဝင်ရောက် အမှုထမ်းခဲ့ပေမယ့် ပြီးဆုံးအောင်တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းတော့မရှိပါဘူး။ သူဟာသေနတ်ပစ် လေ့ကျင့်ခန်းတစ်ခုမှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုချိုး ဖောက်ခဲ့တယ်လို့ တိုင်ကြားခြင်းခံခဲ့ရလို့ပါ။
မကြာခင်မှာပဲသူဟာ ဖလော်ရီဒါတက္ကသိုလ် မှာ Business and Criminlogy ဘာသာရပ်အဓိက နဲ့ပညာသင်ဖို့စာရင်းပေးခဲ့ပါတယ်။ သူရဲ့အဓိကအသက်မွေးဝမ်းကြောင်းအလုပ်ကတော့ Poker player တစ်ယောက်ဖြစ် ပါတယ်။ ၂၀၀၉ ခုနှစ် World Series of Poker Main Events မှာသူဟာအမေရိကန် ဒေါ်လာ ၃၆၀၀၀လောင်းကြေးငွေရခဲ့ပြီး အဆင့် (၁၈၀)နေရာကနေရပ်တည်ခဲ့ပါတယ်။
၂၀၁၀ မှာတော့ Bluff Magazine ကဦးဆောင်ကျင်းပ တဲ့ Twitter တစ်ဆင့်မဲပေးတဲ့စနစ်နဲ့ကောက်ခံတဲ့ မဲပေးမှုအရ Dan Bilzerian ကို ဖျော်ဖြေမှုအပေးဆုံး Poker player အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ၂၀၁၃ နိုဝင်ဘာ မှာတော့သူဟာ တစ်ညတည်းနဲ့ အမေရိကန်ဒေါ်လာ ၁၀.၈ သန်းအထိ ဖဲကစားရာကနေ အနိုင်ရခဲ့ပါတယ်။
၂၀၁၄ မှာတော့သူဟာ ဖဲကစားနည်းကနေ တစ်နှစ်ပတ်လုံး အမေရိ ကန်ဒေါ်လာ သန်း(၅၀) အထိအနိုင်ရခဲ့ပါတယ်။ အဲအချိန်ကစပြီးသူဟာ ဒီPoker player ကစားသမားဘဝကို အနိုင်နဲ့ပိုင်းခဲ့ပြီး ရံဖန်ရံခါသာ အပျော်ကြေးကစားပါတော့တယ်။ ဒါတောင်တစ်ညတည်းနဲ့အမေရိကန်ဒေါ်လာ ၃.၆ သန်းအထိ ရှုံးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။
၂၀၁၇ အောက်တိုဘာ (၁)ရက်နေ့မှာတော့ Las Vegas Shooting လို့အမည်ပေးရတဲ့ သူ့ရဲ့လှုပ်ရှားမူကိုဖော်ပြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို Instagramပေါ်မှာတင်ခဲ့ပါတယ်။ Bilzerianဟာသူရဲ့ အချိန်အများစုကို သူအိမ်နဲ့ ဟောလီးဝုဒ်၊လော့အိမ်ဂျလိ၊ ကယ်လီယို ဖိုးနီးယား၊ လက်ဗီးဂက်၊ နီဗန်ဒါမြို့တွေကိုသွားရောက် အပန်းဖြေရင်းနဲ့ကုန်လွန်စေခဲ့ပါတယ်။
သူရဲ့နေအိမ်ဟာ နာမည်ကျော် Hollywood Hill မှာတည်ရှိပြီး သူရဲ့အိမ်နီးချင်းတွေ မှာ နာမည်ကျော်တိုက်တန်းနစ် မင်းသား လီယိုနာဒိုလည်းတစ်ဦးအပါအဝင်ပါ။ ဒီအိမ်မှာ မြို့ကို၂၇၀ဒီဂရီကနေကြည့်နိုင်အောင်ပြုလုပ်ထားပြီး၊ ကြီးမားတဲ့ရေကူးကန်၊ ဖဲကစားတဲ့ စားပွဲတွေ၊ သူရဲ့အဖိုးတန်ကားတွေထားတဲ့ ကြီးမားတဲ့ကားဂိုဒေါင်တွေနဲ့ခေတ်မီဇိမ်ခံ ပစ္စည်းများစွာ တည်ရှိနေတာပါ။
သူ့မှာစက်သေနတ်အလက်ပေါင်း ၉၇ လက်အထိ ပိုင်ဆိုင်ထားပြီး ဒါတွေကို အိမ်ရဲ့ဧည့်ခန်းမှာ အမြဲခင်းကျင်းပြသထားပါတယ်။ သူ့အိမ်မှာ ဆိတ်နှစ်ကောင်နဲ့ ကြောင်တစ်ကောင်ကို ထူးထူးခြားခြား မွေးထားပါတယ်။ သူရဲ့ပါတီပွဲအများစုကို ဒီနေရာမှာကျင်းပခဲ့တာပါ။ ဒါအပြင်လော့အိမ်ဂျလိ၊ လာဂျိုလာ၊ ဆန်ဒီယာဂိုမြို့တွေမှာလည်းသူပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တွေ ရှိနေပါသေးတယ်။
ဒါအပြင် 1965 Shelby Cobra ပြိုင်ကား၊ Mr.Goat လို့အမည်ရတဲ့ Lamborghnin ကား၊ သူအင်စတာဂရမ်မှာဖော်ပြလေ့ရှိတဲ့ အမေရိကန်ဒေါ်လာ ၇၆၀၀၀၀ တန် G63 AMG6x6 truck အပါအဝင် Ferraris၊ Bentley စတဲ့တန်ဖိုး ကြီးကားများစွာကိုပိုင်ဆိုင်ပါတယ်။ ဒါအပြင်သူအိမ်မှာ အစိုးရက လိုင်စင်ထုတ်ပေးထားတဲ့ခေတ်မီလက်နက် အမျိုးအစားများစွာရှိပြီး သူ့လုံခြုံရေးအတွက် ငှားရမ်းထားတဲ့ လက်နက်ကိုင် သက်တော်စောင့်တွေလည်း ထားရှိပါတယ်။
သူဟာ ၂၀၁၃ မှာ ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းကြောင့် ဒုက္ခရောက်နေသူတွေအတွက်ပြန်လည်ထူထောင်မှုတွေလုပ်နေတဲ့ဖောင်ဒေးရှင်းတစ်ခုကို အမေရိကန်ဒေါ်လာ၁၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ သူဟာအစက Playboy model ဂျက်ဆီကာဟီတန် နဲ့တွဲခဲ့ပါသေးတယ်။
သူတို့စုံတွဲဟာကြာရှည်မခံလိုက်ပါဘူး။ ဒါကလည်းသတင်းစာတွေမှာ ဖော်ပြတဲ့သူရဲ့ ရှုပ်ထွေးပွေလီတဲ့သတင်းတွေကြောင့်ပါ။ အဲနောက်ပိုင်းတော့ သူဟာငွေကြေးဆိုင်ရာသဘောတူညီချက်တွေနဲ့ super models တွေကိုသာ သူအနားမှာထားပါတော့တယ်။ သူ့Instagram ထက်ကပုံရိပ်တွေဟာ ဒီမိန်းကလေးတွေနဲ့ပဲပြည့်နှက်နေပါတော့တယ်။
Bilzerian ၂၀၁၁ခုနှစ်မတ်လ ၉ရက်နေ့လက်ဗီးဂက်မှာပြုလုပ်တဲ့အမေရိကန်ဒေါ်လာ ၃၈၅၀၀၀ ကြေး ကားပြိုင်ပွဲမှာ သူကိုယ်ပိုင် 1967 AC Corba အမျိုးအစားပြိုင်ကားကို အသုံးပြုပြီး ပြိုင်ဘက်ဖြစ်တဲ့ Goldstein(Ferrari 458 Italiaပြိုင်ကား)စီးနင်းသူကိုအနိုင် ယူခဲ့ပါသေးတယ်။
သူရဲ့ဘဝနေထိုင်မှုပုံစံတွေဟာ တစ်ခါတစ်ရံ အစွန်းနည်းနည်းရောက် လာတာကြောင့်တစ်ကြောင်း ၊မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲတာကြောင့်လည်း သူဟာအသက် (၃၂)နှစ်မတိုင်မီမှာပဲ Heart attack သုံးကြိမ်ဖြစ်ပွားခဲ့ပြီးပါပြီ။
Bilzerian ဟာ ၂၀၁၄ ခုနှစ်မှာ Lone Survivor အမည်ရတဲ့ဇာက်ကားမှာ ပါဝင်ချင်တာကြောင့် အမေ ရိကန်ဒေါ်လာ ၁ သန်းအထိ မိမိငွေစိုက်ထုတ်ပြီးအရန်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တာ ပါ။ ဒီငွေဟာစုစုပေါင်းဇာက်ကားကုန်ကျစရိတ်ရဲ့ ၅ ပုံ ၁ ပုံဖြစ်ပေမဲ့ သူကိုဒီဇာက်လမ်းအတွင်း (၈)မိနစ်လောက်သာပါဝင်ခွင့်ပြုပြီး စကားလုံးစုစုပေါင်းအလုံး (၈၀)သာပြောခဲ့ရပါတယ်။
သူ့ဆုံးဖြတ်ချက်က ကလေးကလား ဆန်ပေမဲ့ သူကတော့ကျေနပ်နေပုံပါပဲ။ ဒါပေမယ့် တကယ်ရုပ်ရှင်ကားထွက်လာတဲ့အခါ သူ့ရဲ့အခန်းဟာ ၁မိနစ်တောင်မပါဝင်ခဲ့တာကြောင့် ပြန်လည်တရားစွဲဆိုခဲ့တာကြောင့် နစ်နာကြေးအပါအဝင် ၁.၂သန်း ရခဲ့ပါတယ်။
ဒါအပြင် သူဟာ the other woman,the Equalizer and Cat Run 2ဆိုတဲ့ဇာတ်ကားတွေမှာ လည်းပါဝင်ခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူဟာ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲကိုပါဝင်ယှဉ် ပြိုင်မယ့် Donal Trump ကိုလည်းရွေးကောက်ပွဲအနိုင်ရရှိအောင် ပံ့ပိုးကူညီမှုတွေ ပေးခဲ့ပါသေးတယ်။
သူဟာသူပိုင်ဆိုင်တဲ့အရာတွေထက် လွတ်လပ်တဲ့အရသာကိုပို နှစ်သက်တာကြောင့်သူ့စိတ်ထဲရှိတာကို လက်တွေ့အကောင်အထည်ဖော်လေ့ရှိပါတယ်။ ဒီလိုအကောင်အထည်ဖော်ဆောင်ရွက်ချက်တွေမှာ တချို့သောအရာတွေ လူကြားမ ကောင်းလောက်တဲ့လုပ်ရပ်တွေဖြစ်နေတာမို့ ဝေဖန်မှုတွေ ဒုနဲ့ဒေးပါ။
အမေရိကားရဲ့ Icon တစ်ယောက်ဖြစ်ပြီး အမေရိကန်က အညှီအဟောက် သတင်းသမားတွေရဲ့ အဓိကပစ်မှတ်လည်းဖြစ်ပါတယ်။ Dan Bilzerian အနေနဲ့ ဒီလို တစ်ကမ္ဘာလုံးက ပါးစပ်အဟောင်းသားဖြစ်လောက်အောင် လူမှုကွန်ယက်ကနေချပြနိုင်တဲ့ ဖန်တီးမှုတွေကို ဘယ်အချိန်ထိ ဆက်လက်ဖော်ပြနိုင်မလဲ သိချင်ရင်တော့ သူ့ရဲ့လူမှုကွန်ယက်အကောင့်တွေကို သာဝင်ကြည့်လိုက်ကြပါ။
Discussion about this post