Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂေါ်ရီလာ တို့အကြောင်း

by Thutamm
August 16, 2019
Reading Time: 1min read
0
ဂေါ်ရီလာ တို့အကြောင်း
Share on FacebookShare on Twitter

ဂေါ်ရီလာမျောက်ဝံတို့သည် အာဖရိကတိုက် အနောက်ပိုင်း ရှိ တောနက်ရာဒေသများတွင် နေထိုင်ကြသည်။ ဂေါ်ရီလာ သည် လူနှင့်အတူဆုံးသော မျောက်ဝံမျိုး ဖြစ်သည်။ မျောက်ဝံ မျိုးအားလုံးတွင် ဂေါ်ရီလာသည် အကြီးဆုံးဖြစ်၏။ ရှားလည်း အရှားပါးဆုံး ဖြစ်သည်။

ဂေါ်ရီလာ၌ အမြီးမရှိ။ ခြေ ၂ ဖက်၊ လက် ၂ ဖက် ရှိသည်။ လက်တစ်ဖက်စီတွင် လက်ချောင်း ၅ချောင်းစီရှိသည်။ ပုံှန်အားဖြင့် သွား ၃၂ချောင်းရှိသည်။ မတ်တတ်ရပ်၍သွားနိုင်သည်။ လူ၏ ခြေသည်း၊ လက်သည်းမျိုး ရှိသည်။ ဤသည်တို့ကား လူနှင့်တူသော အချက်များဖြစ်ကြသည်။ သို့ရာတွင် လူနှင့်မတူသောအချက်များ လည်း ရှိသည်။ ဂေါ်ရီလာ၏ ကိုယ်အနေအထားမှာ တုတ်ခိုင် ၍ အချိုးမကျ၊ အရုပ်ဆိုးသည်။ ခြေထောက်များသည် တို၍ လက်များမှာ ရှည်သည်။

တစ်ခါတစ်ရံ ခြေဖြင့်လျှောက်သော အခါ သစ်ကိုင်းများကို လက်ဖြင့်အားပြု၍ လျှောက်တတ်သည်။ အမွေးအမှင် ထူထပ်ပေါများသည်။ ရှေးအခါက အာဖရိကတိုက် တောနယ်အတွင်း ခရီးလှည့်လည်သွားလာသူတို့သည် ယင်း တို့ကို ကြောက်မက်ဖွယ်ကောင်းသော လူရိုင်းတစ်မျိုးဟု ထင်မှတ်ခဲ့ကြလေသည်။ ပုံမှန်အားဖြင့် ဂေါ်ရီလာတို့သည် သာမန်လူတစ်ယောက်ထက် ၄ဆ မှ ၈ဆ အထိသန်စွမ်းကြသည်။

အမြင့်ဆုံးသော ဂေါ်ရီလာသည် ၅ ပေခွဲ၊ ၆ ပေခန့် ရှိ သည်။ ကိုယ်အလေးချိန်ပေါင် ၄ဝဝ မှ ၄၅ဝ ခန့်အထိ ကြီး မားသော ဂေါ်ရီလာများ ရှိခဲ့ဘူးသည်။ အသားအရေမှာ မည်း နက်၏။ ခြေဖဝါး လက်ဖဝါး၌ အမွေးမပေါက်သော်လည်း ခြေလက်နှင့် တစ်ကိုယ်လုံး၌ ညိုမည်းသော အမွေးကြမ်းများ ဖုံးအုပ်လျက်ရှိသည်။ ဂေါ်ရီလာအထီးများမှာမူ အသက် ၁၃နှစ်မှ ၁၅နှစ်ကြားရောက်သည့်အခါ ဆံပင်အနက်ရောင်မှ ငွေရောင်သို့ ပြောင်းသွားတတ်သည်။

ဦးခေါင်းမှာ ကြီးသည်။ လည်ကုပ်တိုသည်။ နှာခေါင်းပြား၍ မျက်ခုံး မို့မောက်သည်။ အလွန် ရက်စက် ကြမ်းကြုတ်သော မျက်နှာထားရှိသည်။ လူနှင့် တွေ့လျှင် ရှောင်ရှား ပြေးလွှားတတ်၏။ သို့သော် စိတ်ထွက်သောအခါနှင့် ရန်စခံရသောအခါမျိုးတွင်မူ အလွန်ပြင်းထန်စွာ ပြန်လည် ရန်မူတတ်သည်။

စိတ်ဆိုးလာသောအခါ ရင်ပတ်ကို လက် ၂ ဖက်ဖြင့် ထု၍ ကျယ်လောင်စွာ အော်ဟစ်တတ်သည်။ ရက်စက် ကြမ်းတမ်းလှသဖြင့် ခြင်္သေ့ ၊ ကျားသစ်၊ ကျား စသော သားရဲ တိရစ္ဆာန်များတို့ပင်လျှင် ယင်းတို့အား အလွယ်တကူနှင့် ရန် မမူဝံ့ကြချေ။

ဂေါ်ရီလာတို့သည် အလွန်ဉာဏ်ကောင်းသည့် တိရစ္ဆာန်မျိုးဖြစ်ပြီး အနည်းဆုံး အသံ ၂၂သံကို အသုံးပြု၍ ဆက်သွယ်ကြသည်။ ထို့ပြင် ကိုယ်ခန္ဓာအမူအရာ ၊ မျက်နှာအမူအရာများဖြင့်လည်း ဆက်သွယ်တတ်ကြသည်။ လူသားတို့မှ လေ့ကျင့်ပေးသည့်အခါ အမူအရာ သင်္ကေတများကို နားလည်တတ်ကြသည်။

ဂေါ်ရီလာတို့သည် အလွန်နက်သော တောကြီးထဲတွင် တစ်နေရာတည်း၌ အတည်မနေဘဲ နေ့စဉ်နှင့်အမျှ လှည့်လည် နေထိုင်လေ့ ရှိကြသည်။ မိသားတစုတွင် အထီးကြီးတကောင် အမ ၂ ကောင်၊ ၃ ကောင်နှင့် သားငယ်၊ သမီးငယ်များ ပါဝင် တတ်သည်။ ဂေါ်ရီလာအုပ်စုကို အင်္ဂလို troop ဟုခေါ်သည်။ အိပ်ချိန်တွင် အမနှင့် သားသမီးများက သစ်ပင် ပေါ်၌ အိပ်ကြ၍ အထီးက သစ်ပင်ခြေရင်း၌ စောင့်အိပ်လေ့ ရှိကြသည်။

ယင်းတို့၏ အစားအစာများမှာ သစ်သီးသစ်ရွက် များ ဖြစ်ကြလေသည်။ တစ်ခါစားလျှင် အလေးချိန် ပေါင် ၄၀ခန့် စားတတ်သည်။ တခါတရံတွင်မူ ပုရွက်ဆိတ် နှင့် အခြားအင်းဆက်ပိုးမွှားများကို စားလေ့ရှိသည်။

ဂေါ်ရီလာများ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၈လခွဲဖြစ်သည်။ ဂေါ်ရီလာငယ်လေးများတွင် အမများသည် ၁၀နှစ်မှ ၁၂နှစ်အတွင်း အရွယ်ရောက်၍ အထီးများမှာမူ ၁၁နှစ်မှ ၁၃နှစ်အတွင်း အရွယ်ရောက်သည်။

ဂေါ်ရီလာကို လွယ်ကူစွာ ဖမ်းဆီး၍ မရပေ။ ဖမ်းဆီးရမိ ထားသော ဂေါ်ရီလာတို့သည် များသောအားဖြင့် အသက်ရှည် ရှည် မနေနိုင်ကြချေ။ ဂေါ်ရီလာများ၏ ပျမ်းမျှသက်တမ်းမှာ ၃၅နှစ် မှ ၅၀နှစ် ဝန်းကျင်အထိဖြစ်သည်။ အသက်အရှည်ဆုံး ဂေါ်ရီလာမှာမူ အမေရိကန်နိုင်ငံ ကိုလံဘတ်တိရစ္ဆာန်ဥယျာဉ်တွင်ရှိခဲ့သည့် Colo ဆိုသည့် ဂေါ်ရီလာအမတစ်ယောက်ဖြစ်ကာ နှစ်ပေါင်း ၆၀ အထိ အသက်ရှည်ခဲ့သည်။

ဂေါ်ရီလာများတွင် အကျော်ကြားဆုံးမှာ Koko ဟုအမည်ပေးထားသည့် ဂေါ်ရီလာအမတစ်ကောင်ဖြစ်ကာ ကယ်လီဖိုးနီးယားက ဝုဒ်စိုက်မြို့တွင်ရှိခဲ့သည်။ Koko သည် စကားလုံးဝေါဟာရ ၁၀၀၀ ခန့်ကို လက်ဟန်အနေအထားဆက်သွယ်မှုစနစ်(Sign Language) ကိုသုံးပြီး လူတွေဆီ ဆက်သွယ်ပြောဆိုနိုင်သည့် ကမ္ဘာကျော်ဂေါ်ရီလာတစ်ကောင်ဖြစ်သည်။ သို့သော် koko သည် ၂၀၁၈ခုနှစ် အသက် ၄၆နှစ် အရွယ်တွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၃
Wikipedia
Soft School Gorilla Facts

Tags: animals
Next Post
ကမ္ဘာ့ဒုတိယ လူဦးရေအနည်းဆုံးနိုင်ငံ (သို့) တူဗာလူးနိုင်ငံအကြောင်း သိကောင်းစရာ

ကမ္ဘာ့ဒုတိယ လူဦးရေအနည်းဆုံးနိုင်ငံ (သို့) တူဗာလူးနိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!