Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဂျော်ဒန်နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
ဂျော်ဒန်နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဂျော်ဒန်နိုင်ငံ၏ တရားဝင်အမည်မှာ ဟက်ရှိမိုက်ဂျော်ဒန်ဘုရင့်နိုင်ငံ(Hashemite Kingdom of Jordan) ဖြစ်ပါတယ်။ နိုင်ငံနာမည်ရဲ့ ရှေ့ဆုံးမှာရှိနေတဲ့ ဟက်ရှိမိုက်ကတော့ ဂျော်ဒန်ဘုရင့်မျိုးနွယ်တော်ဝင်မိသားစုရဲ့ အမည်ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံဟာ အာရှအနောက်ပိုင်း ဂျော်ဒန်မြစ်ရဲ့အရှေ့ဘက်ကမ်းမှာတည်ရှိနေတဲ့ အာရပ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံဟာ တောင်ဘက်နဲ့ အရှေ့ဘက်မှာ ဆော်ဒီအာရေဗျ ၊ အရှေ့မြောက်ဘက်မှာ အီရတ် ၊ မြောက်ဘက်မှာ ဆီးရီးယား ၊ အနောက်ဘက်မှာ အစ္စရေး ၊ပါလက်စတိုင်း နိုင်ငံများနဲ့ နယ်မြေခြင်းထိစပ်နေပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့ အကျယ်အဝန်းကတော့ 34,495 sq mi) စတုရန်းမိုင် ၃၄၄၉၅ မိုင်ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၁၁၀ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ အနောက်တောင်ဘက်မှာ ပင်လယ်နီကို အကွာဘာပင်လယ်ကွေ့မှတဆင့် အနည်းငယ်ထိစပ်နေတဲ့အတွက်ကြောင့်သာ ဂျော်ဒန်ဟာ ကုန်းတွင်းပိတ်နိုင်ငံ မဖြစ်ရခြင်းပါ။

၂၀၁၉ ခုနှစ်စာရင်းအရ ဂျော်ဒန်နိုင်ငံရဲ့ လူဦးရေဟာ ၁၀.၄သန်းဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၈၆ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။ အများဆုံးနေထိုင်တဲ့လူမျိုးကတော့ အာရပ်လူမျိုးဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၉၈% ရှိပါတယ်။ ကျန်တဲ့အနည်းငယ်ကတော့ ဥရောပအရှေ့ပိုင်းကရောက်ရှိလာတဲ့ Chechens နဲ့ Circassian လူမျိုးတွေက ၁% နဲ့ အာမေးနီးယန်းလူမျိုး ၁% ဖြစ်ပါတယ်။ ယုံကြည်ကိုးကွယ်မှုအနေနဲ့ကတော့ အစ္စလမ်က နိုင်ငံတော်ဘာသာဖြစ်ပြီး ကိုးကွယ်သူ ၉၅% ရှိကာ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၄% နဲ့ ဒရုဇ် ၊ ဘဟာရီ ဘာသာကိုးကွယ်သူ ၁% အသီးသီးရှိပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့မြို့တော်ကတော့ အမ္မန် (Amman) ဖြစ်ပါတယ်။ ၆၅၀စတုရန်းမိုင် ကျယ်ဝန်းတဲ့ ဒီမြို့မှာ လူဦးရေ ၄သန်းခန့်နေထိုင်ကြပြီး နိုင်ငံရဲ့လူဦးရေအများဆုံးမြို့၊စီးပွားရေး အထွန်းကားဆုံးမြို့ ၊ အုပ်ချုပ်ရေးမြို့ ၊ ယဉ်ကျေးမှုအဆောက်အအုံအများဆုံးမြို့ လည်းဖြစ်ပါတယ်။

ဂျော်ဒန် ဆိုတဲ့ အမည်ကို ဂျော်ဒန်မြစ်ကနေ ရယူထားခြင်းဖြစ်ပါတယ်။ ဂျော်ဒန် ရဲ့အဓိပ္ပါယ်ကတော့ ဟီးဘရူးဘာသာစကား နဲ့ Yarden ကနေ လာတာဖြစ်ပြီး နိမ့်ဆင်းခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

လက်ရှိဂျော်ဒန်နိုင်ငံ တည်ရှိရာနေရာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁သောင်းခန့်ကတည်းက လူသားတွေဟာ ရွာငယ်လေးတွေဖွဲ့နေထိုင်ခဲ့ကြပါတယ်။ ဘီစီ ၁၅၀၀ ဝန်းကျင်ခန့်မှာတော့ နိုင်ငံငယ်လေးတွေ ပေါ်ပေါက်နေခဲ့ပါပြီ။  ဘီစီ ၃၃၃ မှာတော့ မက်ဆီဒိုးနီယားဘုရင် အလက်ဇန္ဒားရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ဘီစီ ၆၃ မှာတော့ ရောမအင်ပါယာဗိုလ်ချုပ် ပွန်ပေရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၁၀၆မှာတော့ ဂျော်ဒန်နယ်မြေဟာ ရောမအင်ပါယာရဲ့လက်အောက် အာရေးဘီးယန်းပြည်နယ်ရဲ့ တစိတ်တပိုင်းဖြစ်လာခဲ့တယ်။ အေဒီ ၃၆၃မှာတော့ ငလျှင်ကြောင့် ပီထရာမြို့တခြမ်းနီးပါး ပျက်စီးခဲ့ရတယ်။ အေဒီ ၆၆၂ မှာတော့ အာရပ်တွေရဲ့ Umayyad အင်ပါယာက ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

အေဒီ ၁၅၁၇ ကနေ ၁၈၈၀ အထိ ဂျော်ဒန် ၊ လက်ဘနွန် နဲ့ ပါလက်စတိုင်းနယ်မြေတွေဟာ အော်တိုမန်အင်ပါယာရဲ့ အုပ်ချုပ်ခြင်းကို ခံခဲ့ရပါတယ်။ ပထမကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၂၁ခုနှစ်မှာတော့ ဗြိတိန်ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်ခဲ့တယ်။ အင်္ဂလိပ်တို့က အမ္မန်ကို မြို့တော်အဖြစ်သတ်မှတ်ကာ Abdullah ကို ဘုရင်အဖြစ်အုပ်ချုပ်စေခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရဲ့နာမည်က ထရန်စ်ဂျော်ဒန်(Transjordan) ဖြစ်ပါတယ်။ ၁၉၄၆ခုနှစ် မေလ ၂၅ ရက်နေ့မှာတော့ လွတ်လပ်ရေးရရှိခဲ့ပါတယ်။

ဂျော်ဒန်ရဲ့ အုပ်ချုပ်ရေးစနစ်ကတော့ တစ်ပြည်ထောင် ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပါတယ်။ ဘုရင်ရှိပေမယ့် နိုင်ငံအရေးကိစ္စအ၀၀ကို ဝန်ကြီးချုပ်ကသာ ဆောင်ရွက်ရပါတယ်။ လက်ရှိဘုရင်က Abdullah II ဖြစ်ပြီး ဝန်ကြီးချုပ်ကတော့ Omar Razzaz ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု ၊ အဝတ်အထည် ၊ မြေသြဇာ ၊ ဖော့စဖိတ်တူးဖော်ရေး ၊ ဆေးဝါးဆိုင်ရာ ၊ ရေနံသန့်စင်ခြင်း ၊ ဘိလပ်မြေ ၊ ဓာတုဆေးဝါးများထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၉၁၅၃ ဖြစ်ပါတယ်။

အာရပ်ဘာသာစကား က ဂျော်ဒန်နိုင်ငံရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေထဲက ပညာရေးအထွန်းကားဆုံးနိုင်ငံတွေထဲမှာ ဂျော်ဒန်လည်းပါဝင်ပါတယ်။ ဂျော်ဒန်ရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းကတော့ ၉၈% ဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံမှာ တက္ကသိုလ်ပေါင်း ၁၀ ခု ၊ နိုင်ငံခြားတက္ကသိုလ်ပေါင်း ၁၇ ခု နဲ့ ကောလိပ်ပေါင်း ၅၁ ခုရှိပြီး အဲဒီအထဲမှာ ဂျော်ဒန်တက္ကသိုလ် ၊ ဂျော်ဒန်သိပ္ပံ နဲ့ နည်းပညာတက္ကသိုလ် ၊ Philadelphia တက္ကသိုလ်တွေက နာမည်အကြီးဆုံးဖြစ်ပါတယ်။

ဂျော်ဒန်ရဲ့ ငွေကြေးစနစ်ကတော့ ဂျော်ဒန်ဒီနာ Jordanian dinar (JOD) ဖြစ်ပါတယ်။ ဂျော်ဒန်ဒီနာဟာ စတုတ္ထမြောက် ကမ္ဘာ့အမြင့်ဆုံးငွေကြေးစနစ်ဖြစ်ပြီး ၁ဂျော်ဒန်ဒီနာ ဟာ အမေရိကန် ၁.၄၁ ဒေါ်လာ နဲ့ ညီမျှပါတယ်။ ငွေစက္ကူတွေမှာ ၁ဒင်နာ ကနေ ၅၀ဒင်နာအထိရှိပြီး ဂျော်ဒန်ဘုရင်တွေရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။

ဂျော်ဒန်နိုင်ငံဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ်။ ပူပြင်းတဲ့နွေရာသီအချိန်တွေဟာ ရှည်လျားလွန်းပြီး အေးမြတဲ့ဆောင်းရာသီချိန်ကတော့ တိုတောင်းပါတယ်။ ဇန်နီဝါရီလက အအေးဆုံးလဖြစ်ပြီး အဲဒီလရဲ့ပျမ်းမျှအပူချိန်က ၅-၁၀ ဒီဂရီဆဲစီးယပ် ဖြစ်ပါတယ်။ သြဂုတ်လက အပူဆုံးလဖြစ်ပြီး ပျမ်းမျှအပူချိန် ၂၀-၃၅ ဒီဂရီဆဲစီးယပ်အထိ ရှိတတ်ပါတယ်။ တခါတရံ ၄၀ ဒီဂရီဆဲစီးယပ်အထိတောင် အပူချိန်မြင့်မားလေ့ရှိပါတယ်။

အာရပ်နိုင်ငံတွေထဲမှာ အစ္စရေးနိုင်ငံနဲ့ အဆက်အဆံရှိတဲ့နိုင်ငံဆိုလို့ အီဂျစ် နဲ့ ဂျော်ဒန် ၂နိုင်ငံပဲ ရှိပါတယ်။ ၁၉၉၄ခုနှစ်ကတည်းက အစ္စရေးနဲ့ ၄၆နှစ်ကြာရှည်ကြာမယ့် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန်ရဲ့ အနိမ့်ဆုံးနေရာက ပင်လယ်သေကမ်းခြေဖြစ်ပြီး ပုံမှန်ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၇၈ပေ နိမ့်ပါတယ်။ အမြင့်ဆုံးနေရာကတော့ ဂျော်ဒန် ၊ ဆော်ဒီအာရေဗျ အစပ်မှာရှိတဲ့ Jabal Umm ad Dami တောင်ဖြစ်ကာ ၆၀၈၃ပေ မြင့်ပါတယ်။

နေရာတိုင်းလိုလိုမှာ သံလွင်ပင်တွေကို မြင်ရတဲ့အတွက် ဂျော်ဒန်ကို သံလွင်ပင်တို့ရဲ့မြေလို့လည်းခေါ်ကြတယ်။ သံလွင်ပင်တွေထဲမှာမှ အထင်ရှားဆုံးကတော့ Nebo တောင်ပေါ်မှာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်၂ က ငြိမ်းချမ်းရေးသင်္ကေတအနေနဲ့ စိုက်ပျိုးခဲ့တဲ့ သံလွင်ပင် ဖြစ်ပါတယ်။

ဂျော်ဒန်လို့ ဆိုလိုက်တာနဲ့ အများစုသိတဲ့အရာက ပီထရာရှေးဟောင်းမြို့က ခက်ဇ်နားဘုရားကျောင်း ဖြစ်ပါတယ်။ ခက်ဇ်နားဟာ ကျောက်သားကို ထွင်းထုထားတဲ့ ဝတ်ပြုကျောင်းဆောင် တစ်ခုဖြစ်ပြီး Indiana Jones လို ရုပ်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ကူးခဲ့ဖူးပါတယ်။ သက်တမ်း နှစ်ပေါင်း(၂၀၀၀)လောက် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ခက်ဇ်နားဘုရားကျောင်းကို အပေါ်ကနေ အောက်ဘက်ကိုဆင်းသက်ပြီး ထွင်းထုတည်ဆောက်ခဲ့တာဖြစ်ပြီး ခေတ်သစ်ကမ္ဘာ့အံဖွယ် ၇ခုထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံရဲ့ အခြားထင်ရှားတဲ့နေရာတွေကတော့ နှစ်ထောင်ချီသက်တမ်းရှိတဲ့  Amman Citadel ၊ အပြာရောင်ခံတပ်(Qasr Azraq) ၊ ရောမခေတ်ကဇာတ်ရုံ ၊ Wadi Rum သဲကန္တာရ ၊ ဟီးဘရူးသမ္မာကျမ်းစာထဲက နေရာတစ်ခုဖြစ်တဲ့ Nebo တောင် ၊ Madaba မြို့ဟောင်း ၊ ပင်လယ်နီအစပ်မှာရှိတဲ့ Aqaba ဆိပ်ကမ်းမြို့ နဲ့ ဆားပါဝင်မှုများလွန်းလို့ လူခန္ဓာကိုယ်ရေမနစ်နိုင်တဲ့ ပင်လယ်သေ စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။

Tags: countries
Next Post
ပတ်ကျိတစ်ကောင်ကြောင့် ရထားခရီးစဉ် ၂၆ ခုကို ဖျက်ပစ်လိုက်ရတဲ့ ဂျပန်

ပတ်ကျိတစ်ကောင်ကြောင့် ရထားခရီးစဉ် ၂၆ ခုကို ဖျက်ပစ်လိုက်ရတဲ့ ဂျပန်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!