Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခေါက်ဆွဲခြောက်သမိုင်း နဲ့ သိကောင်းစရာ အချက်တချို့

by Thutamm
November 7, 2019
Reading Time: 1min read
0
ခေါက်ဆွဲခြောက်သမိုင်း နဲ့ သိကောင်းစရာ အချက်တချို့
Share on FacebookShare on Twitter

အလွယ်တကူ စားသောက်နိုင်သော အစားအစာများထဲတွင် ခေါက်ဆွဲခြောက်အထုတ်များလည်း ပါဝင်ပါတယ်။ အလွယ်ကူဆုံးနဲ့ လူကြိုက်အများဆုံး အစားစာလည်း ဖြစ်ပါတယ်။ အရသာအမျိုးမျိုးနဲ့ စားသုံးသူက ရွေးခြယ်ဝယ်ယူနိုင်ပြီး ဈေးနှုန်းကလည်း သက်သာပါတယ်။ ဒါကြောင့် ဈေးကွက်ကို တော်တော်များများ ဝင်ရောက်နေလာယူလာခဲ့ပါတော့တယ်။

ခေါက်ဆွဲခြောက်စားသုံးမှုဟာ အာရှဘက်တွင် သာမက အနောက်ဥရောပ နိုင်ငံတွေမှာပါ လက်ခံစားသုံး ကြပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ခေါက်ဆွဲခြောက်စားသုံးမှုနှုန်း တစ်နွစ်မှာ ပါကင်ထုတ် ၄၅ ဘီလီယံခန့် ရှိပါတယ်။ တောင်ကိုရီးယားမှာလည်း ခေါက်ဆွဲခြောက်ကို အလွန်အမင်းနှစ်ခြိုက်စွာ စားသုံးကြောင်း သိရှိရပါတယ်။

ခေါက်ဆွဲခြောက်ရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင် instant noodle ခေါက်ဆွဲခြောက်ကို စတင်ထုတ်လုပ်ခဲ့သူကတော့ ထိုင်ဝမ်နိုင်ငံသား Momofuku Ando ပဲဖြစ်ပါတယ်။ Momofuku Ando ကို ၁၉၁၀ ခုနှစ် မတ်လ (၅) ရက်နေ့မှာ ထိုင်ဝမ်ကျွန်းစု အနောက်တောင်ပိုင်း Chiayi မြို့တွင် မွေးဖွားခဲ့ပါတယ်။ သူက ချမ်းသာတဲ့ မျိုးနွယ်စုက ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ Ando ကို မွေးဖွားစဉ်တုန်းက ထိုင်ဝမ်ကျွန်းစု ဟာ ဂျပန်အင်ပါယာ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့မိဘတွေဟာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားတာကြောင့် အဘိုးအဘွားတွေရဲ့ စောင့်ရှောက်မှု အောက်မှာပဲ ကြီးပြင်းလာခဲ့တဲ့သူဖြစ်ပါတယ်။

Ando ရဲ့ အဘိုးအဘွားတွေဟာ ချည်မျှင် အထည်စက်ရုံပိုင် ဆိုင်ပြီး Ando အသက် ၂၂ နှစ်ရောက်တဲ့အခါမှာတော့ လုပ်ငန်းအားလုံးကို သူကပဲ ဦးစီးပြီး လုပ်ဆောင်ခဲ့ ပါတယ်။ သူဟာ ၁၉၃၃ ခုနှစ်မှာ ဂျပန်ကို ပြောင်းရွှေ့နေုထိုင်ခဲ့ပြီး Ritsumeikan တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်အတွင်းမှာပဲ အိုဆာကာမြို့မှာ ထပ်ဆင့်အရောင်းဆိုင်ငယ် တစ်ဆိုင်ကိုဖွင့်လှစ် လုပ်ကိုင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် ပြီးခဲ့အခါမှာတော့ ဂျပန်နိုင်ငံသားအဖြစ် ခံယူပြီး စားနပ်ရိက္ခာပြတ်လပ် မှုဒဏ်ကိုခံနေရတဲ့ အခက်အခဲကြောင့် ဂျုံ ကို ပေါင်မှုန့်အဖြစ် ပိုမိုဖြည့်စွက် စားသုံးဖို့ ဂျပန် ကျန်းမာရေးအဖွဲ့က ပေးထားတဲ့အကြံကို စဉ်းစားပြီး ပေါင်မုန့်အစား ခေါက်ဆွဲ ကို စားသုံးဖို့ ပိုမိုသင့်တော်တယ်လို့ သူက တွေးဆ ခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက ခေါက်ဆွဲလုပ်တဲ့ ကုမ္ပဏီတွေက အတော်ကို နည်းပါးသေးပါတယ်။ ဒါကြောင့် Ando က ခေါက်ဆွဲထုတ်လုပ်ဖို့ စဉ်းစားပြီး စက်ရုံကို တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ဆောင်ပုဒ်ကတော့ “လူတွေအတွက် အစားအစာအလုံအလောက်ရှိနေရင် ကမ္ဘာကြီးဟာ ငြိမ်းချမ်းလာမှာပါ” တဲ့။

သူအသက် ၄၈ နှစ် ရောက်တဲ့အခါ Chikin ramen လို့ခေါ်တဲ့ ကမ္ဘာ့ ပထမဆုံး ခေါက်ဆွဲခြောက်ကို ဈေးကွက် ကို ဖြန့်ချိခဲ့တယ်။ Ramen ခေါက်ဆွဲကို ယခုအထိ ဂျပန်မှာ စားသုံးနေပြီး Nissin Food Products ကုမ္ပဏီက နာမည်ကျော်ကြားလျက်ရှိပါတယ်။ အဲ့ဒီအချိန်ကတော့ Ramen ခေါက်ဆွဲခြောက်တစ်ထုပ်ရဲ့ ဈေးဟာ ဂျပန်ယမ်း ၃၅ လောက်ရှိပြီး ရိုးရာ ခေါက်ဆွဲတွေထက် ဈေးက ၆ဆလောက်တောင် သက်သာတယ်။ သူဟာ အသင့်စားခေါက်စားဘူး (Cup Noodle) ကို ၁၉၇၁ မှာ ထုတ်လုပ်နိုင်ခဲ့ပြီး အဲ့ဒီခေါက်ဆွဲဗူးဟာ ဈေးသက်သာပြီး အရသာကောင်းမွန်တာကြောင့် ဈေးကွက်မှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မှာတော့ ဈေးကွက်ရောင်းလိုအားမှာ ခေါက်ဆွဲထုပ် အထုပ်ပေါင်း ၉၈ ဘီလျံယံအထိကို မြင့်တက် လာခဲ့တယ်။ Ando ရဲ့ အထိမ်းအမှတ် ပြတိုက် (Momofuku Ando Instant Ramen Museum) ရဲ့ ဥက္ကဌ ဖြစ်လာပြီး အဲ့ဒီ့ ပြတိုက်ကို ဂျပန်နိုင်ငံ အိုဆာကာပြည်န် အိုင်ကီဒါမှာ ဖွင့်လှစ်ပြသ ထားပါတယ်။ ဂျပန် အစိုးရကလည်း သူ့ကို ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ အသင့်စားခြောက်ဆွဲခြောက်တွေကို တီထွင်ခဲ့သူ  Momofuku Ando ဟာ အသက် ၉၆ နှစ် မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ခေါက်ဆွဲခြောက်တွေကို အမြဲစားသုံးရင် ဘာတွေဖြစ်တတ်သလဲ?

ခေါက်ဆွဲခြောက်မှာ ကာဘိုဟိုက်ဒရိတ် အများအပြားပါဝင်ပြီး ပရိုတင်း အဆီဓါတ်နဲ့ အခြား ဗီတာမင် သတ္တု ဓါတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး ဆားပါဝင်မှု နှုန်းဟာ လည်း များပါးနေပါတယ်။ အသက် ၄ နှစ်အထက် လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက် မှာ ၂၄၀၀ မီလီဂရမ်ဖြစ်ပြီး အချို့သော ခေါက်ဆွဲတွေ မှာ ဆားပါဝင်မှုကတော့ ၁၀၀၀ မီလီဂရမ် ကျော်နေပါတယ်။ တစ်ခါတစ်ရံမှာတော့ ခေါက်ဆွဲခြောက် ထုတ်တွေ မှာ တစ်ထုပ်ခြင်းအလိုက် ဆားပါဝင်မှု ၂၀၀၀ မီလီဂရမ် အထိ ရှိနေတာကြောင့် သွေးတိုးနဲ့ နှလုံးရောဂါ လည်တွေက ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ မစားမိဖို့ သတိထားရပါမယ်။

ဒါ့အပြင် ခေါက်ဆွဲခြောက်တွေမှာ monosodium glutamate လို့ခေါ်တဲ့ ဟင်းချိုမှုန့် တွေလည်း ပါဝင်ပါတယ်။ သူဟာ အမိုင်နို အက်စစ်အမျိုးအစား တစ်မျိုးဖြစ်ပြီး အစားစာများကို အနံ့ အရသာ ရှိစေပါတယ်။ MSG လို့ အတိုကောက်ခေါ်ဆိုပြီး သူဟာ လူကို စွဲစေတတ်ပါတယ်။ အမေရိကန် အစားအစာ အဖွဲ့ရဲ့ အဆိုပြုချက်အရ ဆိုရင် MSG ကို အလွန်အကျွံ့ စားသုံးမိပါက ခေါင်းကိုက်ခြင်း ၊ မျက်နှာသွေးရောင်ဖြန်းခြင်း ၊ မျက်နှာ ၊ လည်ပင်း နှင့်နောက်ကျော နေရာတွေမှာ ထုံကျင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်း၊ ပျို့အန်ခြင်း တွေ ဖြစ်ပေါ်စေပါတယ်။

နောက်ထပ် ခေါက်ဆွဲခြောက်စားပြီး ရေပန်းစားလာတဲ့ ရောဂါကတော့ ကင်ဆာ ပါပဲ။ ခေါက်ဆွဲခြောက် တွေရဲ့ အမျှင်လေးတွေ ပုံသဏ္ဏန်မပျက်စေဖို့အတွက် အမျှင် တစ်ခုနဲ့ တစ်ခု မကပ်အောင် ဖယောင်း(Wax) ကို အသုံး ပြုထားပါတယ်။ ဖယောင်းကို အစာအိမ်က ခြေဖျက်ဖို့ အချိန် ၇၂ နာရီကြာမြင့်ပါတယ်။ ခေါက်ဆွဲခြောက်ကို ရေရှည် စားသုံးသူတွေအနေနဲ့ ကင်ဆာဖြစ်ဖို့ အလားအလာ ဖြစ်ဖို့ ပိုများလာပါတယ်။

ဒီတော့ ခေါက်ဆွဲခြောက်ကို ပြုတ်စားတဲ့အခါ အကောင်းဆုံးကတော့ ပထမဆုံးပြုတ်တဲ့ အရည်ကို သွန်ပြီး မှ အရည်အသစ်နဲ့ ထပ်မံပြုတ်ပေးဖို့ လိုပါမယ် ဒါမှလည်း ဖယောင်းတွေ မပါဝင်တော့မှာပါ နောက်ပြီး အသားငါး ဟင်းရွက်တွေ ထည့်စားပေးဖို့ကိုလည်း အကြံပေးလိုပါတယ်။

Find Myanmar မှ

Tags: world people
Next Post
ပျင်းတဲ့နေရာမှာ ဗိုလ်စွဲတဲ့ တိရစ္ဆာန် ၁၀ ကောင်

ပျင်းတဲ့နေရာမှာ ဗိုလ်စွဲတဲ့ တိရစ္ဆာန် ၁၀ ကောင်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!