• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော ပဲခူးကလပ် အကြောင်း သိကောင်းစရာ

by Thutamm
August 17, 2019
Reading Time: 1min read
0
ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော ပဲခူးကလပ် အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ရန်ကုန်မြို့ပြည်လမ်းတလျှောက် ဘတ်စ်ကားစီးဖူးသူတိုင်း ပဲခူးကလပ်ကို သိချင်မှသိမည်ဖြစ်သော်လည်း ပဲခူးကလပ်မှတ်တိုင်ကိုတော့ တရင်းတနှီးကြားဖူးကြလိမ့်မည်။ ပဲခူးကလပ် ဆိုသည်မှာ ပြည်လမ်းပဲခူးကလပ်မှတ်တိုင်အနီး စကားဝါလမ်းအတွင်း ရုရှားသံရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော သစ်သားအဆောက်အအုံကြီးဖြစ်သည်။ ယခုဆိုလျှင် ထိုအဆောက်အအုံကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၁၄၀နီးပါး ရှိပြီဖြစ်သည်။

ပဲခူးကလပ်သည် ကိုလိုနီခေတ် ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးစနစ် ၏ ဗဟိုချက်ဖြစ်ခဲ့ပြီး ဗြိတိသျှတို့ အထက်မြန်မာပြည်အား သိမ်းပိုက်ခြင်းပြီးသည့်နောက် ဗြိတိသျှအရာရှိများနှင့် မြို့ပြအုပ်ချုပ်ရေးအရာရှိများအတွက် ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဟန်ဖြင့် ဆောက်လုပ်ထားသော အထက်တန်းလွှာအမျိုးသားကလပ်တစ်ခုဖြစ်သော ပဲခူးကလပ်ကို ၁၈၈၀ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၈၂ခုနှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့သည်။

ပဲခူးကလပ်ဟူသော အမည်ကို ပဲခူးမြစ်မှ ရယူထားသည်ဟု သိရသည်။ ယခုပဲခူးကလပ်အဆောက်အအုံသည် ပြန်လည်ရွေ့ပြောင်းဖွင့်လှစ်ထားသော အဆောက်အအုံသာဖြစ်သည်။ မူလပဲခူးကလပ်ကို ဗြိတိသျှတို့ တပ်စွဲရာ ကန်တော်မင်ပန်းခြံထဲတွင် ၁၈၇၁ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိနေရာကို ၁၈၈၂ခုနှစ်တွင် ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပဲခူးကလပ်သည် ထိုခေတ်ထိုအခါက အရှေ့တောင်အာရှတွင် ကွာလာလမ်ပူမြို့ရှိ Royal Selangor Club နှင့် စင်ကာပူရှိ Tanglin Club များနည်းတူ ထင်ရှားကျော်ကြားလှသော ကလပ်တစ်ခုလည်း ဖြစ်ခဲ့သည်။

ကိုလိုနီခေတ်က ထိုကလပ် အဆောက်အအုံအတွင်းသို့ မြန်မာနိုင်ငံသားများဝင်ခွင့်မရခဲ့ပဲ မျက်နှာဖြူများသာ ကြီးစိုးခဲ့သည်။ ပဲခူးကလပ်အဆောက်အအုံတစ်ခုလုံးကို ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဗြိတိသျှအရာရှိများအပြင် အထူးဧည့်သည်တော်များနေထိုင်ရန် အဆောင်များ ၊ ခန်းမများ ၊ ပန်းခြံ နှင့် တင်းနစ်ကွင်းများကို ထည့်သွင်းတည်ဆောက်ထားသည်။ ထို့အပြင် ၁၉၂၂ခုနှစ်က ဝေလမင်းသား မြန်မာပြည်သို့ အလည်လာမည့်အချိန်က ဝေလမင်းသားခန်းမကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့သေးသည်။

၁၈၈၉ခုနှစ်က ထိုကလပ်သို့ အကျော်ကြားဆုံး အင်္ဂလိပ်ကဗျာဆရာတစ်ဦး ဖြစ်သည့် Rudyard Kipling လာရောက်လည်ပတ်ပြီး တစ်ညနေအချိန်ဖြုန်းရင်း ကလပ်တွင်ကြားသိခဲ့သော အကြောင်းအရာများကို စုစည်းလျှက် သူ၏ နာမည်ကျော် ‘Mandalay’ ကဗျာကို ရေးခဲ့ဖူးသည်။ လက်ရှိ အမေရိကန် လတ်စ်ဗီးဂတ်တွင် နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သော Mandalay Bay ၏ နာမည်ကို ထိုကဗျာမှ ရယူထားခဲ့ခြင်းဖြစ်သည်။

၁၉၃၀ခုနှစ်တွင် ပဲခူးကလပ်မှ စတင်ခဲ့သည့် ပဲခူးကလပ်ကော့တေး Pegu Cocktail သည် မြန်မာတွင်သာမက ကမ္ဘာပေါ်မှာပါ နာမည်ကြီးခဲ့သည်။ ဂျင်ကိုအခြေခံကာ လိမ္မော် ၊ သံပရာ ၊ အရက်ခါး(bitters) တို့နှင့် ဖျော်စပ်ထားသော ပဲခူးကော့တေးသည် ပဲခူးကလပ်၏ အမှတ်သင်္ကေတဖြစ်ခဲ့ပြီး ယနေ့တိုင် ကမ္ဘာပေါ်တွင် နာမည်ကြီးနေဆဲဖြစ်သည်။ ပဲခူးကလပ်ကော့တေးကို မြန်မာနိုင်ငံတွင် Strand Hotel ၊ အမေရိကန် နယူးယောက်မြို့ ပဲခူးကော့တေး သီးသန့်ဆိုင်များနှင့် နိုင်ငံတကာဟိုတယ်ကြီးများတွင် ရရှိနိုင်သည်။

အသင်း၏ ဆောင်ပုဒ်မှာ ‘All gentlemen interested in general society’ လူ့အဖွဲ့အစည်းကို အကျိုးပြုချင်သောလူကြီးမင်းအားလုံးကို ဖိတ်ခေါ်သည် ဟု ဆိုသော်လည်း တကယ့်တကယ်တွင်မူ အင်္ဂလိပ်အရာရှိများ ၊ မင်းမှုထမ်းများ ၊ သူဌေးသူကြွယ် လုပ်ငန်းရှင်များသာ ဝင်ရောက်ခွင့်ရခဲ့ပြီး အာရှသားများ ၊ မြန်မာများသာမက အင်္ဂလိပ်-မြန်မာ ကပြားများပင် ဝင်ရောက်ခွင့်မရှိခဲ့သော ကန့်သတ်နေရာတစ်ခုပင် ဖြစ်သည်။ ထိုအချိန်က အင်္ဂလိပ်အစိုးရ စည်းမျဉ်း မူဝါဒများကို ထိုကလပ်အဖွဲ့ဝင်အများစု ဖြစ်သည့် အရာရှိများကသာ ချမှတ်လေ့ရှိသဖြင့် အင်္ဂလိပ်အစိုးရအား ပဲခူးကလပ် အစိုးရဟုပင် နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။

ဗြိတိသျှတို့ ဆုတ်ခွာခဲ့ပြီး ဂျပန်တို့ဝင်ရောက်ချိန်ကလည်း ကိုလိုနီခေတ် ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးစနစ် ၏ ဗဟိုချက်ဖြစ်ခဲ့သော ပဲခူးကလပ်သည် ဂျပန်ထိပ်တန်းအရာရှိကြီးများကြီးစိုးရာနေရာတစ်ခု အဖြစ်ရောက်ရှိခဲ့သည်။ ဂျပန်တို့ ဆုတ်ပြေးခဲ့ပြီး အင်္ဂလိပ်တို့ တဖန်ပြန်လည်ရောက်ရှိလာချိန်တွင် ဗြိတိသျှလေတပ်အရာရှိများကလပ် အဖြစ်ပြန်လည်အသုံးပြုခဲ့သည်။ ထိုအချိန်တွင်မူ မြန်မာများကို အသင်းဝင်များအနေဖြင့် စတင်ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၀စုနှစ် ၂ခုနီးပါး ပဲခူးကလပ်ကို ဖွင့်လှစ်ခဲ့သေးပြီး ၁၉၆၅ခုနှစ် ဆိုရှယ်လစ်အစိုးရလက်ထက်တွင် ပိတ်ပစ်ခဲ့ပြီး ပြည်သူအပိုင်အဖြစ် သိမ်းခဲ့သည်။ ထို့နောက် တပ်မတော်အရာရှိ ဆောင်၊ တပ်မတော်ငွေစာရင်းရုံးများ အဖြစ် ပြောင်းလဲ အသုံးပြုခဲ့သည်။ ၂၀၀၀ခုနှစ်ခန့်တွင်မူ ပဲခူးကလပ်သည် အလုံပိတ်ပြီး အသုံးပြုခြင်းမရှိတော့သည့် အဆောက်အအုံဖြစ်ခဲ့ရသည်။ ၁၉၆၅ခုနှစ်နောက်ပိုင်းမှ စ၍ ပြုပြင်ထိန်းသိမ်းခြင်းများ မပြုလုပ်ခဲ့သည့်အတွက် နှစ်ပေါင်း ၅၀နီးပါး ထင်ပေါ်ခြင်းမရှိလှသည့် အဆောက်အအုံဟောင်းကြီးအဖြစ် ပဲခူးကလပ်၏ နာမည်သည်လည်း တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။

၂၀၁၈ခုနှစ်တွင်မူ KT Group က နှစ်ရှည်ပြန်လည်ငှားရမ်းကာ အဆောက်အအုံကြီးကို မူလလက်ရာအတိုင်း ရှေးမူမပျက် စတင်ပြင်ဆင်ခဲ့သည်။ ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် ပြင်ဆင်မူများပြီးဆုံးခဲ့ပြီးနောက် ထိုအဆောက်အအုံကြီးကို YTH(Yangon Heritage Trust) က  မြို့ပြအမွေအ နှစ် အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ကာ သမိုင်းဝင်အဆောက်အအုံအဖြစ် အသိအမှတ်ပြုခဲ့သည်။

ပြင်ဆင်မွမ်းမံခြင်းများ အပြီးသတ်ပြီးသည့်နောက် အခမ်းအနား နှင့် ပွဲလမ်းသဘင်များကျင်းပခွင့်ပြုမည်ဟု  သိရသည်။ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော ၊ တချိန်က မြန်မာနိုင်ငံသားများ ခြေချခွင့်မရခဲ့သော ဤရှေးဟောင်းအဆောက်အအုံကြီးကို မကြာမီကာလတွင် မည်သူမဆို သွားရောက်လည်ပတ် ကြည့်ရှု့နိုင်တော့မည်ဖြစ်သည်။

သုတဇုန်

Ref:
7Day Daily
Pegu Club Website
Wikipedia

Tags: myanmar places
Next Post
ရသေ့ကြီး ဦးခန္တီ ကိုတရားစွဲခဲ့သူ စန်စီခင်လေး

ရသေ့ကြီး ဦးခန္တီ ကိုတရားစွဲခဲ့သူ စန်စီခင်လေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!