Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျောင်းသားတွေအတွက် တစ်နှစ်ဒေါ်လာ ၁၄သန်း လှူသွားမယ့် သူဌေးကြီးလီကာရှင်း

by Thutamm
August 17, 2019
Reading Time: 1min read
0
ကျောင်းသားတွေအတွက် တစ်နှစ်ဒေါ်လာ ၁၄သန်း လှူသွားမယ့် သူဌေးကြီးလီကာရှင်း
Share on FacebookShare on Twitter

တချိန်က အာရှအချမ်းသာဆုံးဖြစ်ခဲ့တဲ့ ဟောင်ကောင် သူဌေးကြီးလီကာရှင်းဟာ စီးပွားရေးလောကကနေ အနားယူသွားခဲ့ပေမယ့် လက်ရှိအချိန်မှာလည်း ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၃၁မှာ ရပ်တည်နေဆဲပါ။ လီကာရှင်းဟာ ချမ်းသာသလို အလှူအတန်းအရက်ရောဆုံး သူဌေးတစ်ယောက်အဖြစ်လည်း လူသိများပါတယ်။ သူ့ရဲ့လီကာရှင်း ဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်မှာ သူဌေးကြီးဘီဂိတ်စ်ရဲ့ဖောင်ဒေးရှင်းပြီးရင် ဒုတိယအကြီးဆုံဖြစ်ပါတယ်။

ဒီလို အလှူအတန်းတွေမကြာခဏ လုပ်လေ့ရှိတဲ့ သူဌေးကြီးလီကာရှင်းဟာ ပြီးခဲ့တဲ့ရက်ကလည်း တက္ကသိုလ်ကျောင်းသားတွေအတွက် ကျောင်းလခ တစ်နှစ်ကို ဒေါ်လာ ၁၄သန်းခန့် ပေးလှူသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ တရုတ်ပြည်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ရှန်တိုးတက္ကသိုလ်က ကျောင်းသားတွေအတွက် ၂၀၁၉ခုနှစ်ကစလို့ လှူသွားမှာဖြစ်ပြီး ၁နှစ်ကို ဒေါ်လာ ၁၄သန်းနဲ့ ၅နှစ်စာ လှူဒါန်းသွားမှာဖြစ်ပါတယ်။ တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ်ဟာ လီကာရှင်းရဲ့ဇာတိဖြစ်ပြီး တရုတ်ပြည်ရဲ့မတည်ငြိမ်မှုများကြောင့် ၁၉၄၀မှာ  ဟောင်ကောင်ကို ခိုလှုံသူအဖြစ်နဲ့ ပြောင်းရွေ့သွားခဲ့ရတာဖြစ်ပါတယ်။

အခုလို လှူဒါန်းရခြင်းအကြောင်းကတော့ ကျောင်းသားတွေရဲ့မိသားစုတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပြီး ကျောင်းသားတွေဟာ သူ့တို့ဝါသနာပါရာ ပညာရပ်တွေကို အားသွန်ခွန်စိုက်လေ့လာနိုင်စေဖို့ အပြင် တနေ့တခြားရှုပ်ထွေးလာတဲ့ ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စေဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

လီကာရှင်းဟာ စီးပွားရေးလောကမှာ စူပါမင်းလို့ နာမည်ကြီးပါတယ်။ အခြားသူဌေးအများစုနဲ့ မတူညီတဲ့အချက်ကတော့ သူဟာ စီးပွားရေးလုပ်ငန်း နယ်ပယ်တစ်ခုထဲမှာမဟုတ်ပဲ စက်ရုံ ၊ အိမ်ခြံမြေ ၊ ကုန်တိုက် ၊ နည်းပညာ စတဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံမှာ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ လဲကျမလိုလို ပြိုကျမလိုလိုဖြစ်နေတဲ့ လုပ်ငန်းပေါင်းများစွာကို ပြန်လည်အောင်မြင်စေခဲ့တဲ့အပြင် သူရဲ့ စီးပွားရေးကျွမ်းကျင်မှုနှင့် အမြော်အမြင်ရှိမှုတို့ကို အစွဲပြု၍သူ့အား  “စူပါမင်း” ဟုပင်တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။

တရုတ်ကနေ ဟောင်ကောင်ကိုပြောင်းရွေ့ခဲ့ပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူကွယ်လွန်ခဲ့တာကြောင့် မစ္စတာလီဟာ ကျောင်းထွက်ခဲ့ပြီး စက်ရုံလုပ်သားအဖြစ်လုပ်ရင်း မိသားစုကို လုပ်ကိုင်ကျွေးခဲ့သူဖြစ်ပါတယ်။ တစ်နေ့ကို ၁၆နာရီကြာ ပလတ်စတစ်စက်ရုံလုပ်သား အဖြစ်လုပ်ကိုင်ရင်း တီဘီရောဂါကြောင့် သေမလိုဖြစ်ခဲ့ရပါသေးတယ်။ ၇နှစ်လုံးလုံးခြစ်ကုပ်စုထားတဲ့ငွေနဲ့ ပလတ်စတစ်ပန်းများကို ထုတ်လုပ်ရာကစလို့ စီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်ရင်း အာရှရဲ့ အချမ်းသာဆုံး သူဌေးကြီးဖြစ်လာခဲ့သူပါ။

ဘဝနာခဲ့တဲ့ လီကာရှင်းဟာ မပြည့်စုံသူများကို အလှူအတန်းပေးနိုင်ဖို့ လီကာရှင်းဖောင်ဒေးရှင်းကို ၁၉၈၀ခုနှစ်ကတည်းက တည်ထောင်ပြီး အဲဒီအချိန်ကစလို့ ယနေ့ထိ လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့သူပါ။ ကျန်းမာရေး နဲ့ ပညာရေးနယ်ပယ်တွေကို အဓိကထားလှူဒါန်းခဲ့ပြီး ယခုဆိုရင် အမေရိကန်ဒေါ်လာ ၃ဘီလျံကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှု ၃ပုံ ၁ပုံဖြစ်တဲ့ ဒေါ်လာ ၁၀ဘီလျံခန့်ကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ၂၀၁၆ခုနှစ်ကတည်းက ကတိပေးထားခဲ့သူပါ။

သူအခု အလှူ ပြုလုပ်တဲ့ ရှန်တိုးတက္ကသိုလ်ဟာလည်း ၁၉၈၁ခုနှစ်မှာ လီကာရှင်းရဲ့ လှူဒါန်းမှုကနေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ မစ္စတာလီရဲ့ အလှူကြောင့် ကျောင်းသားတွေဟာ တက္ကသိုလ်ပြီးဆုံးသည်အထိ ၅နှစ်တာကာလကို အပူအပင်မရှိသင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၉၀ ရှိသွားပြီဖြစ်တဲ့ မစ္စတာလီဟာ စီးပွားရေးလုပ်ငန်းတာဝန်တွေကို သားဖြစ်သူ Li Tzar Kuoi ကို လွှဲပြောင်းခဲ့ပြီး သူကတော့ ရံဖန်ရံခါအကြံပေးတာကလွဲလို့ ၊ ပရဟိတလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေပါတော့တယ်။

Tags: world newsworld people

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!