Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျောင်းတက်ရင် ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံပါထပ်ရသေးတဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေး

by Thutamm
August 7, 2019
Reading Time: 1min read
0
ကျောင်းတက်ရင် ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံပါထပ်ရသေးတဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေး
Share on FacebookShare on Twitter

ဒိန်းမတ်နိုင်ငံဟာ ပညာရေးကို အထူးအားပေးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၈၁၄ခုနှစ်ကတည်းက စလို့ မူလတန်းပညာ မသင်မနေရ စနစ်ကိုကျင့်သုံးခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံသားတိုင်းနီးပါး(၉၉%) စာတတ်မြောက်ကြတာပဲဖြစ်ပါတယ်။

အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးတာကြောင့် ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်တဲ့နိုင်ငံသားတွေဟာ ကျောင်းတက်ရာမှာ ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံတောင်ထပ်ရပါသေးတယ်။

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့ စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ်ပါ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။

ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။

မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။

တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့ သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။

အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမုှ မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။

Via : International news for Myanmar

Tags: countriesworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဖြစ်ရပ်ဆန်းများနဲ့ ဘုန်းတော်ကြီးဦးသီလ

ဖြစ်ရပ်ဆန်းများနဲ့ ဘုန်းတော်ကြီးဦးသီလ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!