Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျောက်ခေတ် အကြောင်းသိကောင်းစရာ

by Thutamm
July 27, 2019
Reading Time: 1min read
0
ကျောက်ခေတ် အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

(ကျောက်ခေတ်အကြောင်း သိချင်နေသူများအတွက် ရှာဖွေဝေမျှလိုက်ပါတယ်)

ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်စရစ်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။

သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။

ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။

လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ဤအချိန်ကာလ နှင့် ပတ်သတ်သော အချိန်မှာ လေ့လာသော နေရာဒေသပေါ်မူတည်၍ မရေရာမသေချာခြင်း၊ အငြင်းပွားဖွယ်ဖြစ်ခြင်း နှင့် ကွဲပြားခြားနားခြင်းတို့ရှိသည်။ ကျောက်ခေတ်ကာလသည် လူသားတို့အားလုံးနှင့် သက်ဆိုင်သော ယေဘူယျဟူ၍ ပြောနိုင်သော်လည်း အချို့သော အစုအဖွဲ့များမှာ သတ္တုလောဟာစပ်ခြင်းဆိုင်ရာအတတ်ပညာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပဲ နည်းပညာအရ တိုးတက်သည့် အခြားယဉ်ကျေးမှုများနှင့် တွေ့ဆုံသည့်အချိန်အထိ ကျောက်ခေတ်တွင်ပင် ရှိနေခဲ့သည်။

သို့သော်လည်း ယေဘူယျအားဖြင့် ဤအချိန်ကာလသည် လွန်ခဲ့သော နှစ်ပေါင်း ၃သန်းကျော်ခန့်တွင် လူတို့နှင့် မျိုးနွယ်တူများ အာဖရိကတွင် လူသားတို့ကကိရိယာတန်ဆာပလာများ စတင်ပြုလုပ်ခြင်းမှ စတင်ခဲ့သည်ဟုယုံကြည်ကြသည်။ australopithecines ဟုခေါ်သော ရှေးဟောင်းလူအမျိုးအစားများမှာ ကျောက်ကိရိယာများကို အသုံးပြုလေ့မရှိပဲ Paranthropus robustus လူအမျိုးအစားများကသာ တီထွင်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် သူတို့၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကိုလေ့လာခြင်းကို ထိုအချိန်ကာလကိုလေ့လာသည့် ရှေးဟောင်းသုတေသနပညာရှင်များက ဆက်၍ ပြုလုပ်ဆဲပင်ဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆုံးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀၀မှစတင်ခဲ့မည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံမှရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀၀ကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။ တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ ဗဒလင်းဂူ၌ ကျောက်ခေတ် လူသားများ၏လက်ရာနံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။

ထိုကျောက်ဂူမှ မြန်မာ့ကျောက်ခေတ်ကာလနှင့်သက်ဆိုင်သော အထောက်အထား အချက်အလက် အသစ်များကို ရရှိခဲ့ပြန်သည်။ အဆိုပါကျောက်ဂူမှ ကျောက်လက်နက်များကို ရာနှင့်ချီပြီးတူးဖော် ရရှိခဲ့ပါသည်။ လေ့လာရန်အတွက် ကောင်းမွန်သောနမူနာလေးရာခန့်ကိုသာ ဌာနချုပ်သို့ယူဆောင်ခဲ့ပြီး ကျန်ရှိသည့်ကျောက် လက်နက်များကို ထိုဂူ၏ အနီးနားဝန်းကျင်တွင် ပြန်လည်မြှပ်နှံခဲ့သည်။ ကျောက်နံရံတွင် ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။

ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်လူသားများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတူးဖော်ရေးမှ ရရှိသော အရိုးနှင့်မီးသွေးခဲအပိုင်းအစများကို ရေဒီယိုကာဗွန်၁၄နည်းဖြင့် ဓါတ်ခွဲစမ်းသပ်ခြင်း၊ အရိုးအတွင်းမှ ချဉ်ဆီအကြွင်းအကျန်ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် ထိုခေတ်ကာလက ပြဒါးလင်းဂူတွင် အစောဆုံးကာလလူနေထိုင်ခဲ့မှုမှာ လွန်ခဲ့သော အနှစ်၁၃၀၀၀မှ စတင်ခဲ့သည်ဟူ ယေဘုယျဆိုနိုင်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀ဝ ဝဝဝ မှ ၁၂၀၀ဝ ကြားအား ကျောက်ဟောင်းခေတ် ကျောက်ခေတ်ဟောင်းဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀၀ဝ မှ ၉၀၀ဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀ဝ မှ ၅၀၀ဝကြားအား ကျောက်သစ်ခေတ်ကျောက်ခေတ်သစ်ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀ဝ မှ ၄၂၀၀ဝ ထိအား ကျောက်ခေတ်ကာလဟုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀ဝ မှ ၂၂၀၀ဝ ထိကာလအား သစ်သား ကာလဟုခေါ်သင့်ကြောင်း အရှေ့တောင်အာရှသမိုင်းမတင်မီခေတ်ကာလပညာရှင် အမေရိကန်လူမျိုး ဒဘလျူဂျီစိုလ်းဟိမ်းက တင်ပြခဲ့သည်။ ထိုအယူအဆကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ယေဘုယျအားဖြင့် လက်ခံထားသည်ကို ယင်း၏ စာအုပ်စာတမ်းများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။

ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊ဝါး နှင့် ကျောက်လက်နက်ကိရိယာများအားပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။ သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ်ထားသော ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ဝ မှ ၁၁၀၀ဝ ထိကာလအား ဒေသစွဲကာလဟု ခေါ်သင့်ကြောင်းလည်း ပညာရှင်များက လက်ခံခဲ့ကြသည်။ ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စုများနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်ဟု ယူဆရသော်လည်း အဆိုပါအချက်ကို ငြင်းချက်ထုတ်နိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို တွေ့ရှိလာရပြီဖြစ်သည်။

ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။ သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်သူများရှိသလို လွင်ပြင်ဒေသများတွင်နေထိုင်သူများကလည်း အမဲလိုက်ခြင်း၊ အစားအစာစုဆောင်းခြင်းများကို ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ဝ လောက်မှစတင်ကာ မြေဩဇာကောင်းသော လွင်ပြင်များတွင် ကျောက်ခေတ်လူသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ပြုလုပ်လာကြသည်။ ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမှုများတိုးတက်လာခဲ့သည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ နှင့်သက်ဆိုင်ဆီလျော်သော ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။

Ref;

မြန်မာ့စွယ်စုံကျမ်း
အသစ်မြင်မြန်မာသမိုင်း – ဒေါက်တာသန်းထွန်း

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!