• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဧရာဝတီမြစ်၏ အစကို တွေ့ရှိခဲ့သောသူ ပြင်သစ်မင်းသား

by Thutamm
August 14, 2019
Reading Time: 1min read
0
ဧရာဝတီမြစ်၏ အစကို တွေ့ရှိခဲ့သောသူ ပြင်သစ်မင်းသား
Share on FacebookShare on Twitter

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့် ယူနန်ပြည်၏ အရေးပါသော ထွက်ပေါက်လမ်းမကြီးအဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်း ပိုမိုသိရှိရန် စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ အတိအကျ ပြောနိုင်သည်ကား ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိသေးသည်။ ဗန်းမော်မြို့ကို လွန်၍ ဧရာဝတီ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။

သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည် ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်း သွားခဲ့ပါသည်။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလတွင် ကာလကတ္တားသို့ ရောက်ရှိသွားပါသည်။

သူ၏ ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်၏ အစကို ရှာဖွေရန် ဖြစ်ပါသည်။ သူ၏ ဝါသနာအရ ကမ္ဘာက မသိသေးသော တိရစ္ဆာန်များ၊ ထူးဆန်းလှပသည့် သစ်ပင်ပန်းမန်များကို ရှာဖွေမှတ်တမ်းတင်ရန်လည်း ရည်ရွယ်ပါသည်။ သိပ္ပံပညာ စူးစမ်းလေ့လာရန် သက်သက် သွားရောက်ခြင်း ဖြစ်ပါသည်။

ခရီးသွားသောအခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးသည့် ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်-သံလွင်တို့ကို ဖြတ်သန်းပြီး မြန်မာပြည်မြောက်ဖျား လူသူရောက်ပေါက်ရန် ခဲယဉ်းသည့် “ခမ္မတီးနယ်” ကို ဖြတ်သွားပါသည်။ “ခမ္မတီး” (Kampti) ဟူသည် ချင်းတွင်းမြစ်ပေါ်က “ခန္တီး” နယ် မဟုတ်ပါ။

မင်းသားနှင့် အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြပါသည်။ သူတို့တည်းခိုရန် သက်ကယ်မိုး ဇရပ်တစ်ဆောင်လည်း ပေးထားပါသည်။

ခမ္မတီးမြို့နယ် အကြောင်းကိုလည်း သူတို့၏ မှတ်တမ်းများထဲ၌ သိသမျှ ဖော်ပြသွားပါသည်။ ခမ္မတီးနယ်သို့ ဧည့်သည်များ အရောက်အပေါက် နည်းသည်။ ခရစ် ၁၈၉၃ က “ဂရေး” ဆိုသည့် အင်္ဂလိပ်ဗိုလ်မှူးတစ်ယောက် မြေတိုင်း မြေပုံဆွဲရန် ရောက်လာဖူးသည်။ သူ့အရင် ၂ နှစ်၊ ခရစ် ၁၈၉၁ က ဗိုလ်မှူး (Hobday) ဟော့ဒေး ဆိုသူ ရောက်လာသည်။ ခမ္မတီး၏ မြောက်ဘက်သို့ သွားရန် ကြိုးစားခဲ့သော်လည်း ဆင်ဘို (ဂျင်းဖော) လူမျိုးများက လုံးဝလက်မခံခဲ့သောကြောင့် ရှေ့မတိုးနိုင်ဘဲ လှည့်ပြန်ခဲ့ရသည်။

ယခုလည်း မင်းသား ဟင်နရီနှင့် ပါလာသည့် အင်ဂျင်နီယာ အီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့် ပတ်သက်ပြီး ဤသို့ မှတ်ချက်ရေးပါသည်။
(Emile; 1999, page 166)

” ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး။ အဲ့ဒီ ချောင်းမြောင်းတွေ ဖြစ်လာမည့် မိုးရေခံတဲ့ဒေသ (Basin) က ဧရာမ ဧရာမ အကျယ်ကြီး။

ရွာတဲ့ မိုးရေချိန်ကလည်း အများကြီး။ သစ်တောကြီးတွေကလည်း ဧရာမ ဧရာမ အကျယ်ကြီး။ မျက်စိတစ်ဆုံး (သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။)

မိုးမရှိတဲ့ နွေကာလမှာလည်း မြစ်ဖျား ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။ ဒီအကြောင်း တွေကြောင့် ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေပါသတဲ့။ (စဉ်ဆက်မပြတ် လှေ၊ သင်္ဘောတွေ သွားလာ အသုံးပြုလို့ ရတယ်လို့ ဆိုလိုတာပါ။)”

ခမ္မတီးမှ ဟင်နရီတို့အဖွဲ့ ခရီးဆက်ကြပါသည်။ အာသံပြည်မှ ဆာဒီယမြို့ကလေးသို့ ဦးတည်ပြီး သွားကြသည်။ ရိက္ခာ မလုံလောက်ပါ။ အဖျားအနာ ထူထပ်လှသည်။ အထမ်းသမားများလည်း ဖျားကြသည်။ အအေးဓာတ်ကား ၁၃ ဒီဂရီ စင်တီဂရိတ် ရှိလေ၏။ ညရောက်လျှင် ရေခဲသည်။ တောထူသောကြောင့် ရှေ့ ၁၅ ပေထက် ပို၍ မမြင်ရပါ။ လမ်းဟူ၍ မမြင်ရ။ ရှိလည်း မရှိ။ ကျားနဲ့ ကြံ့များ (ခြေရာတွေ) ပေါပါသည်။ အထမ်းသမား တစ်ဦး ကျားဆွဲ၍ ပါသွားရာ ရှာမတွေ့တော့ပေ။

ခရီးသွားခဲ့ကြသည်မှာလည်း အတူတူ။ ငတ်ကြ ပြတ်ကြလျှင်လည်း အတူတူ။ တစ်ယောက်နှင့် တစ်ယောက် ညီရင်း အစ်ကို ရဲဘော်ရဲဘက်တွေများကဲ့သို့ပင် ခင်မင်နေကြပြီ ဖြစ်သည်။ သူက အထမ်းသမား၊ ငါက မင်းသား ဟူ၍ မရှိတော့ပေ။ အင်ဂျင်နီယာကိုလည်း ဖျားသောကြောင့် လမ်း၌ပင် နှင်းတောထဲတွင် တစ်ဘက်ရပ် (ငှက်ပျောရွက်မိုး) တဲကလေးနှင့် ထားခဲ့ရသည်။ အထမ်းသမားများ ဖျားလျှင်လည်း လမ်း၌ အစာရေစာ ၃၊ ၄ ရက်စာနှင့် ထားခဲ့ရသည်။ ယင်းသို့ ထားခဲ့ရသည့်အခါ တစ်ယောက်နှင့် တစ်ယောက် ဝမ်းနည်းကြရလွန်း၍ ဖက်ငိုခဲ့ကြရသည်။ ( အဖျားသက်သာသော အခါ၌ကား အမီ လိုက်လာနိုင်ကြပါသည်။)

မင်းသားတို့အဖွဲ့ နောက်ဆုံး လျှောက်ခဲ့သည့် ခရီးသည်ကား တောင်ထပ် ရေဝေကြောကြီး။ တောင်ဘက်ကို ကြည့်လိုက်လျှင် ချောင်းငယ်လေးများ များစွာပေါင်းပြီး ဧရာဝတီမြစ်ကြီး ဖြစ်သွားသည်။ မြောက်ဘက်သို့ ကြည့်လိုက်လျှင် ချောင်းငယ်လေးများ စီးဆင်းပြီး ဗြဟ္မပုတ္တရမြစ်ကြီး ဖြစ်သွားသည်။

မင်းသားဟင်နရီသည် သူတွေ့ချင်နေခဲ့သည့် ဧရာဝတီမြစ်၏ အဖျားကိုသာမက ဗြဟ္မပုတ္တရမြစ်ဖျားကိုပါ တွေ့ရသဖြင့် အသက်စွန့်ရကျိုး၊ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါသည်တဲ့။ သူသည် ပြင်သစ်လူမျိုးထဲတွင် ဧရာဝတီမြစ်၏ အစကို ပထမဆုံး တွေ့ရှိရသူ ဖြစ်ပါသည်။

အစာရေစာပြတ်၊ ဒုက္ခအဖုံဖုံ ဆင်းရဲပင်ပန်းခံရပြီး ဗြိတိသျှ ကင်းစခန်းလေးရှိရာ “ဆာဒီယ” သို့ ရောက်ရှိလာခဲ့ပါသည်။ ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် ဖြစ်ပေသည်။ ထွက်လာခဲ့ကြသည်မှာ တစ်နှစ်ရှိလေပြီ။

ဆာဒီယမှ ဆင်နှင့် ပို့ပေးသဖြင့် ကာလကတ္တားသို့ ရောက်ကြသည်။ ယူနန်မှ ငှားလာသော အထမ်းသမားများကို ခရီးစရိတ် အလုံအလောက်ဖြင့် ရန်ကုန်-မန္တလေး မှတစ်ဆင့် နေရပ်သို့ ပြန်ပို့ပေးပါသည်။

၁၈၉၈ တွင် ခရီးသွား စာအုပ်များကို ပြင်သစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၉၇ တွင် White Lotus မှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

Tags: myanmar knowledge
Next Post
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုး

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၇ မျိုး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!