အများစုကတော့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကို ဘွဲ့ရတယ်လို့ ထင်မိကြမှာပါ။ ဦးသန့် အကြောင်းကို ဖတ်ဖူး လေ့လာဖူးသူတွေကတော့ ဦးသန့်ဘွဲ့မရခဲ့တဲ့ အကြောင်းကို သိပြီးဖြစ်မှာပါ။ ဦးသန့် ဘာကြောင့် ဘွဲ့မရခဲ့သလဲ ဆိုတဲ့အကြောင်းကို သိချင်နေတဲ့မိတ်ဆွေများအတွက် ဆရာ တက္ကသိုလ် စိန်တင်ရေးသားခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာဦးသန့် ဆိုတဲ့ စာအုပ်ကနေ ထုတ်နှုတ်မျှဝေလိုက်ပါတယ်။
ကိုသန့်သည် ၁၉၂၆ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကိုအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာသည်။ ကိုသန့်သည် B.A ဝိဇ္ဇာပညာရပ်များကို ယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာသင်ကြားခဲ့သည်။ သူနေသောပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။
တခြားတက္ကသိုလ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌ လည်ပတ်ပျော်ပါးနေစဉ်တွင် ကိုသန့်သည်စာအုပ်ပုံထဲ၌သာ ပျော်မွေ့ခဲ့၏။ သူသည်ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက် တက္ကသိုလ်သို့ လာခဲ့သည်မဟုတ် ။ သုံးဖြုန်းရန်လည်း ငွေပိုမပါလာ။ သုံးဖြုန်းရန်လည်း ဆန္ဒမရှိပေ။
ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို ပင်ရင်းဘာသာအဖြစ် သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်း နှင့် သင်္ချာ ၊ လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာအဖြစ် သင်ယူရသည်။ တက္ကသိုလ်နေစဉ် ကိုသန့်သည် အဝတ်အစားကို ပပလွှားလွှားကြွားကြွားမော်မော် ဝတ်လေ့မရှိတတ်ပေ။ သို့သော် အင်္ကျီလုံချည်များကို သေသေသပ်သပ်နှင့် ဖြူဖြူစင်စင် ဝတ်ဆင်လေ့ရှိသူဖြစ်၏။
သူ့အမူအရာမှာ အမြဲတမ်းအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင် သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။ ကိုသန့်၏ အပြောအဆို အမူအရာမှာ အလွန်နူးညံ့သိမ်မွေ့၍ လူကြီးလူကောင်းဆန်လှသည်။ သူသည် ဘယ်တော့မှ ညစ်ပတ်သော ပြက်လုံးများ ၊ ရယ်စရာများကို ပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်း နားမထောင်တတ်ပေ။
မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများ အတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍ သူ့ကို လူတိုင်းက ခင်မင်ကြသည်။ စာကြိုးစားသည့်ဘက်ကဆိုလျှင် သူသည် အလွန်ဝိရိယရှိသည့်အတိုင်း အတန်းထဲတွင် အလွန်စာတော်သူတစ်ယောက်ဖြစ်သည်။ သို့သော်…မိမိ မည်မျှ တော်သည်၊ ထူးချွန်သည်ကို ကိုသန့်သည် ဘယ်တော့မှ ထုတ်ဖော်၍ မပြောတတ်ပါ။ ထင်ပေါ်မှုကို ကိုသန့်သည် အလွန်မုန်း၏။
ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်လာစေရန် အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဒဿနိက အသင်းကြီးတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။ ထို့ပြင် စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။ ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ ၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို လွတ်လွတ်လပ်လပ် တင်ပြခဲ့သည်။
၁၉၂၈ ခုနှစ် ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင် အမှတ်ကောင်းစွာဖြင့် ထိပ်ဆုံးမှအောင်မြင်ခဲ့သည်။ ဤသို့ဖြင့် သူသည် အသက် ၁၉နှစ်တွင် ပန်းတနော်သို့ ပြန်လာ၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့လေသည်။
ညီငယ်များအပေါ်တွင် ညှာတာသည့် ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုသန့်၏ အောက် အသက် ၂နှစ်ခန့် ငယ်သော ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။ ကိုသန့်သည် ကိုခန့်ပညာ ဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးကို အနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။
မိမိညီဖြစ်သူ ကိုခန့် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်သင်ကြားသောအခါ မိမိရော ၊ မိမိညီဖြစ်သူပါ နှစ်ယောက်စလုံး ပညာသင်စရိတ်မှာ မနည်းလှသည်ကိုလည်း ကိုသန့် နားလည်သည်။ တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင် စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။
ထို့ကြောင့် ထိုခေတ်က လူအများတန်ဖိုးထားကြသော ဘီအေစာမေးပွဲအောင်ရန် ဆန္ဒကို တပတ်လျှော့လိုက်၏။ အိုင်အေ(ဥပစာတန်း) စာမေးပွဲအောင်သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဆက်လက် မတက်တော့ပဲ ကျောင်းမှထွက်လိုက်ခြင်းဖြစ်သည်။ ထို့သို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန် ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။
“သား…လူ ကလေး မောင်သန့်ရယ် …၊ နောက် ၂နှစ်သာ ကျန်တော့တာပဲ ၊ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက်ပါဦးကွယ် ၊ အမတို့ စီးပွားရေးလဲ ဒီလောက်ချို့တဲ့နေတာမှ မဟုတ်ဘဲ” မိခင်ကြီးဒေါ်နန်းသောင်က သားကြီးကို ဤသို့ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သအား မိမိရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။
“အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမဲ့… ကောလိပ်ကျောင်းသားနှစ်ယောက်ရဲ့ စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော် ၊ အမ သိပ်ပင်ပန်းမယ် ၊ ကျွန်တော် အလုပ်ထွက်လုပ်ချင်နေပါပြီ ၊ ညီလေးမောင်ခန့်ပြီးရင် နောက်အဆင့်ဆင့် တက်လာမဲ့ ညီတွေရဲ့ တာဝန်က ရှိသေးတယ်၊ ကျွန်တော်ကျောင်းထွက်ပြီး အမကိုလဲ သားလုပ်စာ နဲ့ ကန်တော့ပါရစေဦး အမရယ်”
ကိုသန့်သည် ကျိုးကြောင်းမျှတသော စကားကို မိခင်ဖြစ်သူမှာ လက်ခံ ရတော့သည်။ သားကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက “အေးကွယ် … သားကလဲ အမ စိတ်ချမ်းသာစေချင်လို့ ဒီလို လုပ်ရတယ်ဆိုရင် လုပ်ပေါ့ ၊ သား ညီငယ်တွေရဲ့ တက်လမ်းကိုလဲ သား ကြည့်သေးတာကိုး…” ဟုသာ ပြောရတော့သည်။
ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှ ထွက်ခဲ့၏။ ကိုသန့်ကျောင်းထွက်ခြင်းကို သူငယ်ချင်း အပေါင်းအသင်းများက ကောင်းစွာ မကျေနပ်ကြပေ ။ လှေပြေးတုန်း တက်ကျိုးဆိုသလို ဖြစ်နေ၍ စိတ်မကောင်း ဖြစ်ကြသည်။ သို့သော်…ကိုသန့်မှာကား မိမိစိတ်ကူးနှင့် မိမိဆုံးဖြတ်ပြုဆောင်ရသည် ဖြစ်သောကြောင့် ကျေနပ်နေသည်။ မိခင်ကြီးကို လုပ်ကျွေးသမူပြုရတော့မည်ဖြစ်သောကြောင့် ကိုသန့်မှာ များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်ပံ့ခံ အမျိုးသား အထက်တန်းကျောင်းတွင် ၁၉၂၈ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ် ပြန်လည် အမူထမ်းခဲ့သည်။
တက္ကသိုလ်မှ ဘွဲ့မရခဲ့သော ကိုသန့်သည် နောင်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့အရေးအခင်းပေါင်းများစွာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ပေးအပ်ခဲ့သော ဘွဲ့ ၊ ဆုတံဆိပ်ပေါင်းများစွာကိုရရှိခဲ့သည့်အပြင် နိုင်ငံတချို့တွင် သူ၏ နာမည်ကို လမ်း ၊ ခန်းမ ၊ ကျွန်း အမည်များပေးကာ မှတ်တမ်းတင် ဂုဏ်ပြုခြင်းကို ခံခဲ့ရလေသည်။
——— ——- ———
(Zawgyi)
ဦးသန္႔ ဘာေၾကာင့္ တကၠသိုလ္ဘြဲ႔ မရခဲ့သလဲ
အမ်ားစုကေတာ့ ကမာၻ႔ကုလသမဂၢအတြင္းေရးမွဴးအျဖစ္ထမ္းေဆာင္ခဲ့တဲ့ ဦးသန္႔ကို ဘြဲ႔ရတယ္လုိ႔ ထင္မိၾကမွာပါ။ ဦးသန္႔ အေၾကာင္းကို ဖတ္ဖူး ေလ့လာဖူးသူေတြကေတာ့ ဦးသန္႔ဘြဲ႔မရခဲ့တဲ့ အေၾကာင္းကုိ သိၿပီးျဖစ္မွာပါ။ ဦးသန္႔ ဘာေၾကာင့္ ဘြဲ႔မရခဲ့သလဲ ဆုိတဲ့အေၾကာင္းကို သိခ်င္ေနတဲ့မိတ္ေဆြမ်ားအတြက္ ဆရာ တကၠသိုလ္ စိန္တင္ေရးသားခဲ့တဲ့ ကမာၻျငိမ္းခ်မ္းေရး ဗိသုကာဦးသန္႔ ဆုိတဲ့ စာအုပ္ကေန ထုတ္ႏႈတ္မွ်ေ၀လုိက္ပါတယ္။
ကုိသန္႔သည္ ၁၉၂၆ခုႏွစ္တြင္ ပန္းတေနာ္အမ်ဳိးသားအထက္တန္းေက်ာင္းမွ ဆယ္တန္းစာေမးပြဲကုိေအာင္ၿပီး ရန္ကုန္တကၠသုိလ္သုိ႔ ဆက္လက္တက္ေရာက္၍ အထက္တန္းပညာရပ္မ်ားကို ဆည္းပူးေလ့လာသည္။ ကုိသန္႔သည္ B.A ၀ိဇၨာပညာရပ္မ်ားကို ယူၿပီး ရန္ကုန္တကၠသုိလ္တြင္ ေက်ာင္းအိပ္ေက်ာင္းစားေန၍ ပညာသင္ၾကားခဲ့သည္။ သူေနေသာပထမဆုံးေက်ာင္းေဆာင္မွာ ရန္ကုန္တကၠသုိလ္ရိပ္သာ ျပည္လမ္းေပၚတြင္ရွိေသာ တေကာင္းေက်ာင္းေဆာင္ျဖစ္သည္။
တျခားတကၠသုိလ္ေက်ာင္းသားႀကီးမ်ားသည္ တရုတ္ေပ်ာ္ပြဲစားရုံမ်ား၌ လည္ပတ္ေပ်ာ္ပါးေနစဥ္တြင္ ကုိသန္႔သည္စာအုပ္ပုံထဲ၌သာ ေပ်ာ္ေမြ႔ခဲ့၏။ သူသည္ထုိဟုိတယ္မ်ားကို တက္ေရာက္ေပ်ာ္ပါးရန္အတြက္ တကၠသုိလ္သုိ႔ လာခဲ့သည္မဟုတ္ ။ သုံးျဖဳန္းရန္လည္း ေငြပိုမပါလာ။ သုံးျဖဳန္းရန္လည္း ဆႏၵမရွိေပ။
ကုိသန္႔သည္ ရန္ကုန္တကၠသုိလ္တြင္ အဂၤလိပ္ဘာသာႏွင့္ ျမန္မာဘာသာတုိ႔ကို ပင္ရင္းဘာသာအျဖစ္ သင္ၾကားရ၏။ ထုိ႔ျပင္ ျမန္မာအႏု စာေပသမုိင္း ႏွင့္ သခၤ်ာ ၊ ေလာဂ်စ္ဘာသာတုိ႔ကိုလည္း အပုိဘာသာအျဖစ္ သင္ယူရသည္။ တကၠသုိလ္ေနစဥ္ ကုိသန္႔သည္ အ၀တ္အစားကို ပပလႊားလႊားၾကြားၾကြားေမာ္ေမာ္ ၀တ္ေလ့မရွိတတ္ေပ။ သုိ႔ေသာ္ အကၤ်ီလုံခ်ည္မ်ားကို ေသေသသပ္သပ္ႏွင့္ ျဖဴျဖဴစင္စင္ ၀တ္ဆင္ေလ့ရွိသူျဖစ္၏။
သူ႔အမူအရာမွာ အၿမဲတမ္းေအးေအးေဆးေဆးျဖစ္သည္။ ထုိ႔ျပင္ သူသည္ အၿမဲလန္းလန္းဆန္းဆန္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူလည္း ျဖစ္ေလသည္။ ကုိသန္႔၏ အေျပာအဆုိ အမူအရာမွာ အလြန္ႏူးညံ့သိမ္ေမြ႔၍ လူႀကီးလူေကာင္းဆန္လွသည္။ သူသည္ ဘယ္ေတာ့မွ ညစ္ပတ္ေသာ ျပက္လုံးမ်ား ၊ ရယ္စရာမ်ားကို ေျပာေလ့မရွိ။ အျခားသူမ်ားေျပာလွ်င္လည္း နားမေထာင္တတ္ေပ။
မည္သူႏွင့္မွ်လည္း ရန္မျဖစ္တတ္။ သူမ်ား အတင္းအဖ်င္းကိုလည္း ေျပာဆုိေလ့မရွိ၍ သူ႔ကို လူတုိင္းက ခင္မင္ၾကသည္။ စာႀကဳိးစားသည့္ဘက္ကဆုိလွ်င္ သူသည္ အလြန္၀ိရိယရွိသည့္အတုိင္း အတန္းထဲတြင္ အလြန္စာေတာ္သူတစ္ေယာက္ျဖစ္သည္။ သုိ႔ေသာ္…မိမိ မည္မွ် ေတာ္သည္၊ ထူးခြ်န္သည္ကို ကုိသန္႔သည္ ဘယ္ေတာ့မွ ထုတ္ေဖာ္၍ မေျပာတတ္ပါ။ ထင္ေပၚမႈကို ကုိသန္႔သည္ အလြန္မုန္း၏။
ကိုသန္႔၏ အရည္အခ်င္း ထူးခြ်န္မႈမ်ားသည္ သူ႔ကိုထင္ေပၚလာေစရန္ အေထာက္အကူျဖစ္ေနသည္။ ထင္ေပၚမႈကို မလုိလားေသာ ကုိသန္႔သည္ ရန္ကုန္တကၠသုိလ္ ဒႆနိက အသင္းႀကီးတြင္ တြဲဖက္အတြင္းေရးမွဴးအျဖစ္ ေရြးေကာက္တင္ေျမွာက္ျခင္း ခံရေလသည္။ ထုိ႔ျပင္ စကားရည္လုပြဲအသင္းႀကီး၏ အေထြေထြအတြင္းေရးမွဴးလည္း ျဖစ္လာသည္။ ကုိသန္႔သည္ သတင္းစာမ်ားသုိ႔ အယ္ဒီတာထံ ေပးစာမ်ား ၊ ေဆာင္းပါးမ်ား ေရးသားေပးပို႔ျခင္းျဖင့္ တကၠသုိလ္တြင္ ရွိစဥ္ကပင္ မိမိဆႏၵသေဘာထားမ်ားကို လြတ္လြတ္လပ္လပ္ တင္ျပခဲ့သည္။
၁၉၂၈ ခုႏွစ္ ကုိသန္႔ ဥပစာတန္းစာေမးပြဲကို ေအာင္ျမင္ေသာအခါတြင္ အမွတ္ေကာင္းစြာျဖင့္ ထိပ္ဆုံးမွေအာင္ျမင္ခဲ့သည္။ ဤသုိ႔ျဖင့္ သူသည္ အသက္ ၁၉ႏွစ္တြင္ ပန္းတေနာ္သို႔ ျပန္လာ၍ အထက္တန္းျပဆရာအျဖစ္ျဖင့္ အမ်ဳိးသားအထက္တန္းေက်ာင္းတြင္ ေဆာင္ရြက္ခဲ့ေလသည္။
ညီငယ္မ်ားအေပၚတြင္ ညွာတာသည့္ ကုိသန္႔၏စိတ္ထားကို အထူးသိသာႏုိင္သည္။ ၁၉၂၈ ခုႏွစ္တြင္ ကုိသန္႔၏ ေအာက္ အသက္ ၂ႏွစ္ခန္႔ ငယ္ေသာ ကုိခန္႔သည္ ဆယ္တန္းစာေမးပြဲကို ေအာင္ျမင္လာသည္။ ကုိသန္႔သည္ ကုိခန္႔ပညာ ဆက္လက္သင္ၾကားေရးအတြက္ မိမိကုိယ္က်ဳိးကို အနစ္နာခံၿပီး ထုိႏွစ္တြင္ တကၠသိုလ္ေက်ာင္းမွ ထြက္ခဲ့ေလသည္။
မိမိညီျဖစ္သူ ကုိခန္႔ ရန္ကုန္တကၠသုိလ္သို႔ တက္ေရာက္၍ ပညာဆက္လက္သင္ၾကားေသာအခါ မိမိေရာ ၊ မိမိညီျဖစ္သူပါ ႏွစ္ေယာက္စလုံး ပညာသင္စရိတ္မွာ မနည္းလွသည္ကိုလည္း ကုိသန္႔ နားလည္သည္။ တကၠသုိလ္ေက်ာင္းသားႏွစ္ေယာက္၏ ပညာသင္ စရိတ္ကုိ မိခင္ႀကီးေဒၚနန္းေသာင္က ေထာက္ပံ့ရန္ မ်ားစြာပင္ပန္းေနမည္ကိုလည္း ကုိသန္႔ခန္႔မွန္းမိသည္။
ထုိ႔ေၾကာင့္ ထုိေခတ္က လူအမ်ားတန္ဖုိးထားၾကေသာ ဘီေအစာေမးပြဲေအာင္ရန္ ဆႏၵကို တပတ္ေလွ်ာ့လုိက္၏။ အုိင္ေအ(ဥပစာတန္း) စာေမးပြဲေအာင္ေသာအခ်ိန္တြင္ ကုိသန္႔သည္ ရန္ကုန္တကၠသုိလ္ ဆက္လက္ မတက္ေတာ့ပဲ ေက်ာင္းမွထြက္လုိက္ျခင္းျဖစ္သည္။ ထုိ႔သို႔ ကုိသန္႔က ရန္ကုန္တကၠသုိလ္မွ ထြက္လုိက္ရန္ ဆုံးျဖတ္သည္ကို မိခင္ႀကီးက သေဘာသိပ္မတူ။
“သား…လူ ကေလး ေမာင္သန္႔ရယ္ …၊ ေနာက္ ၂ႏွစ္သာ က်န္ေတာ့တာပဲ ၊ တကၠသုိလ္ဆက္တက္ၿပီး ဘြဲ႔ရတဲ့အထိ ပညာသင္လုိက္ပါဦးကြယ္ ၊ အမတုိ႔ စီးပြားေရးလဲ ဒီေလာက္ခ်ဳိ႕တဲ့ေနတာမွ မဟုတ္ဘဲ” မိခင္ႀကီးေဒၚနန္းေသာင္က သားႀကီးကို ဤသုိ႔ယုယၾကင္နာစြာ ေျပာခဲ့သည္။ ကုိသန္႔က မိခင္ျဖစ္သအား မိမိရည္ရြယ္ခ်က္ကို ဤသုိ႔ ရွင္းျပခဲ့သည္။
“အမ ေျပာတာလဲ မွန္ပါတယ္၊ ဒါေပမဲ့… ေကာလိပ္ေက်ာင္းသားႏွစ္ေယာက္ရဲ႕ စရိတ္ဆုိတာ နည္းတာမဟုတ္ဘူးေနာ္ ၊ အမ သိပ္ပင္ပန္းမယ္ ၊ ကြ်န္ေတာ္ အလုပ္ထြက္လုပ္ခ်င္ေနပါၿပီ ၊ ညီေလးေမာင္ခန္႔ၿပီးရင္ ေနာက္အဆင့္ဆင့္ တက္လာမဲ့ ညီေတြရဲ႕ တာ၀န္က ရွိေသးတယ္၊ ကြ်န္ေတာ္ေက်ာင္းထြက္ၿပီး အမကိုလဲ သားလုပ္စာ နဲ႔ ကန္ေတာ့ပါရေစဦး အမရယ္”
ကုိသန္႔သည္ က်ဳိးေၾကာင္းမွ်တေသာ စကားကို မိခင္ျဖစ္သူမွာ လက္ခံ ရေတာ့သည္။ သားႀကီးစိတ္မေကာင္းမည္ကုိလည္း စုိးရိမ္သျဖင့္ မိခင္ႀကီးက “ေအးကြယ္ … သားကလဲ အမ စိတ္ခ်မ္းသာေစခ်င္လုိ႔ ဒီလုိ လုပ္ရတယ္ဆုိရင္ လုပ္ေပါ့ ၊ သား ညီငယ္ေတြရဲ႕ တက္လမ္းကိုလဲ သား ၾကည့္ေသးတာကိုး…” ဟုသာ ေျပာရေတာ့သည္။
ဤသုိ႔ျဖင့္ ကုိသန္႔သည္ ရုတ္တရက္ေက်ာင္းမွ ထြက္ခဲ့၏။ ကုိသန္႔ေက်ာင္းထြက္ျခင္းကို သူငယ္ခ်င္း အေပါင္းအသင္းမ်ားက ေကာင္းစြာ မေက်နပ္ၾကေပ ။ ေလွေျပးတုန္း တက္က်ဳိးဆုိသလုိ ျဖစ္ေန၍ စိတ္မေကာင္း ျဖစ္ၾကသည္။ သုိ႔ေသာ္…ကုိသန္႔မွာကား မိမိစိတ္ကူးႏွင့္ မိမိဆုံးျဖတ္ျပဳေဆာင္ရသည္ ျဖစ္ေသာေၾကာင့္ ေက်နပ္ေနသည္။ မိခင္ႀကီးကို လုပ္ေကြ်းသမူျပုရေတာ့မည္ျဖစ္ေသာေၾကာင့္ ကုိသန္႔မွာ မ်ားစြာ ၀မ္းေျမာက္၀မ္းသာ ျဖစ္လ်က္ ရွိေပသည္။ ကုိသန္႔သည္ ပန္းတေနာ္ၿမဳိ႕ အစုိးရအေထာက္ပံ့ခံ အမ်ဳိးသား အထက္တန္းေက်ာင္းတြင္ ၁၉၂၈ ခုႏွစ္မွစ၍ အထက္တန္းျပဆရာအျဖစ္ ျပန္လည္ အမူထမ္းခဲ့သည္။
တကၠသုိလ္မွ ဘြဲ႔မရခဲ့ေသာ ကုိသန္႔သည္ ေနာင္တြင္ ကမာၻ႔ကုလသမဂၢအဖြဲ႔ႀကီး၏ အေထြေထြအတြင္းေရးမွဴးခ်ဳပ္အျဖစ္ ကမာၻ႔အေရးအခင္းေပါင္းမ်ားစြာကို ေအာင္ျမင္စြာ ေျဖရွင္းႏုိင္ခဲ့ၿပီး ကမာၻ႔ႏုိင္ငံအသီးသီးမွ ေပးအပ္ခဲ့ေသာ ဘြဲ႔ ၊ ဆုတံဆိပ္ေပါင္းမ်ားစြာကိုရရွိခဲ့သည့္အျပင္ ႏုိင္ငံတခ်ဳိ႕တြင္ သူ၏ နာမည္ကို လမ္း ၊ ခန္းမ ၊ ကြ်န္း အမည္မ်ားေပးကာ မွတ္တမ္းတင္ ဂုဏ္ျပဳျခင္းကို ခံခဲ့ရေလသည္။
Discussion about this post