Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဥရောပရဲ့ အကောင်းဆုံးဗိသုကာလက်ရာ ဆာဂရာဒါ ဖာမီလီယာ

by Thutamm
September 5, 2019
Reading Time: 2min read
0
ဥရောပရဲ့ အကောင်းဆုံးဗိသုကာလက်ရာ ဆာဂရာဒါ ဖာမီလီယာ
Share on FacebookShare on Twitter

(Unicode)

La Sagrada Familia ဆိုတာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာရှိတဲ့ ရိုမန်ကတ်သလစ်ဘုရားကျောင်းကြီးဖြစ်ပြီး ဒီအဆောက်အအုံကြီးကို ၁၈၈၂ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စတင်ဖန်တီးခဲ့တဲ့သူကတော့ နာမည်ကျော်ဗိသုကာပညာရှင် ဂေါက်ဒီ(Antoni Gaudi) ဖြစ်ပါတယ်။ ဘာစီလိုနာမှာ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ ၉ခုရှိပြီး ဒီအထဲက ၇ခုကို ဂေါက်ဒီက ဖန်တီးခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာ ဒီဘုရားကျောင်းကြီးက အကြီးကျယ်ဆုံးလို့ ဆိုရမှာပါ။ ဒါပေမယ့် ဂေါက်ဒီလက်ထက်မှာ အဆောက်အအုံရဲ့ ၂၅% ပဲပြီးစီးခဲ့ပါတယ်။ ဘုရားကျောင်းကြီးရဲ့ဒီဇိုင်းဟာ Gothic လက်ရာနဲ့  Nouveau စတိုင်တို့ကိုရောနှောနေပါတယ်။ လက်ရှိမှာတော့ ၇၀%သာပြီးစီးသေးတဲ့ ဒီအဆောက်အအုံကြီးဟာ ၂၀၁၀ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဘုရားကျောင်းကြီးဟာ ၁၈၇၂ခုနှစ်မှာ ဗာတီကန်စီးတီးကို အလည်သွားခဲ့တဲ့ ဘာစီလိုနာက စာအုပ်တိုက်ပိုင်ရှင် Josep Bocabella ရဲ့စိတ်ကူးကနေ ဖြစ်ပေါ်လာခဲ့တာပါ။

ဘုရားကျောင်းကြီးကို ပထမဆုံးတည်ဆောက်ဒီဇိုင်းရေးဆွဲခဲ့သူကတော့ စပိန်ဗိသုကာပညာရှင် Paula de villar ဖြစ်ပေမယ့် သူကဟာ ၁၈၈၃ခုနှစ်မှာ နှုတ်ထွက်သွားခဲ့ပါတယ်။

နှုတ်ထွက်သွားတဲ့ Paula ရဲ့နေရာကို ဂေါက်ဒီနဲ့ အစားထိုးခဲ့ပါတယ်။ ဂေါက်ဒီက မူလဒီဇိုင်းဖြစ်တဲ့ Gothic စတိုင်ကို ပြောင်းလဲပစ်ခဲ့ပြီး ၁၈၈၃ခုနှစ်မှာပဲ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၈၈၄ခုနှစ်တိုင်အောင် ဂေါက်ဒီကို ဒီဘုရားကျောင်းကြီးရဲ့ ဗိသုကာပညာရှင်အဖြစ် တရားဝင် ချမပြခဲ့ပါဘူး။

အဆောက်အဦးကြီးရဲ့ဖောင်ဒေးရှင်းကိုတော့ ပြည်သူတွေလှူဒါန်းတဲ့ငွေနဲ့ စတင်တည်ဆောက်ခဲ့ပါတယ်။ အလှူငွေနဲ့သာတည်ဆောက်ရတဲ့အတွက် တခါတည်းအပြီးအစီးမတည်ဆောက်နိုင်ပဲ ဖြေးဖြေးချင်းတည်ဆောက်ခဲ့ရပါတယ်။

ဂေါက်ဒီဟာ ဒီအဆောက်အအုံကြီးကို ၄၃နှစ်ကြာတည်ဆောက်ပြီးတဲ့နောက် ဆက်လက်တည်ဆောက်ခွင့်မရတော့ပါဘူး။ သူသေဆုံးသွားခဲ့လို့ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၃နှစ်ကြာတည်ဆောက်ခဲ့ပေမယ့် ဂေါက်ဒီရဲ့ တည်ဆောက်မှုဟာ ၂၅% ခန့်သာ ပြီးစီးခဲ့ပါတယ်။ ဘဝတစ်ခုလုံးဘုရားကျောင်းကြီးအတွက်ပေးဆပ်ခဲ့သူ ဂေါက်ဒီကို သူချစ်တဲ့ဘုရားကျောင်းကြီးထဲမှာ မြုပ်နှံပေးခဲ့ကြပါတယ်။

ဂေါက်ဒီသေဆုံးပြီးတဲ့နောက်မှာတော့ သူ့ရဲ့နေရာကို ယူခဲ့သူက စပိန်ဗိသုကာပညာရှင် Domenec Sugranes ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ တည်ဆောက်ရေးကို ကောင်းကောင်းလုပ်ခွင့်မရခဲ့ပါဘူး။ ၁၉၃၆ခုနှစ်မှာ စပိန်ပြည်တွင်းစစ်မှာ ဘုရားကျောင်းကြီးဟာ ပျက်စီးမှုတွေကြုံခဲ့ရပါတယ်။

၁၉၄၀ နောက်ပိုင်းမှာတော့ Francesc Quintana, Isidre Puig Boada, Lluis Bonet I Gari, နဲ့ Francesc Cardoner စတဲ့ နာမည်ကျော် ဗိသုကာပညာရှင်ပေါင်းများစွာဟာ ဘုရားကျောင်းကြီးတည်ဆောက်ရေးမှာ စုပေါင်းပါဝင်လာကြပါတယ်။

၂၀၁၅ခုနှစ်မှာတော့ Sagrada Familia ဘုရားကျောင်းကြီးရဲ့တည်ဆောက်မှုဟာ ၇၀% အထိပြီးစီးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘုရားကျောင်းကြီးထံ ကမ္ဘာလှည့်ခရီးသွားများကို ဝင်ရောက်ကြည့်ရှု့ခွင့်ပေးထားပြီး ဝင်ကြေးအဖြစ် တစ်နှစ်ကို ယူရို ၂၅သန်းခန့်ရရှိခဲ့ပါတယ်။ ဘုရားကျောင်းကြီးထံနှစ်စဉ်လာရောက်လေ့ရှိတဲ့ ခရီးသွားဦးရေက ၃သန်းခန့်ရှိပါတယ်။ အဲဒီက ရတဲ့ငွေနဲ့ ဆက်လက်ပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွကို လုပ်ကိုင်နေပါတယ်။

ဒီဘုရားကျောင်းကြီးဟာ အလျား ၃၁၀ပေ အနံ ၂၀၀ပေ ကျယ်ဝန်းပြီး မြင့်မားတဲ့တာဝါတိုင်ပေါင်း ၁၈ခုပါဝင်ပါတယ်။ ဒီအထဲကအမြင့်ဆုံးတာဝါဟာ ၅၆၀ပေ အထိရှိပါတယ်။

ယခုထက်တိုင် ဆက်လက်တည်ဆောက်နေဆဲဖြစ်ပြီး ယနေ့ခေတ် CAD နဲ့ 3D နည်းပညာများရဲ့ အကူအညီကိုပါရယူတည်ဆောက်နေတဲ့အတွက် ၂၀၃၀ ဝန်းကျင်လောက်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြင်ဆင်မွမ်းမံရေး အတွက်တော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါသေးတယ်။

မပြီးဆုံးသေးတဲ့ ဒီအဆောက်အအုံကြီးဟာ ရောက်ဖူးသူတိုင်းကိုတော့ အံမခန်း ဆန်းပြားတဲ့ ကျောက်သားထွင်းထုဗိသုကာလက်ရာ ပေါင်းများစွာနဲ့ ဖမ်းစားလျှက်ရှိပါတယ်။

(Zawgyi)

ဥေရာပရဲ႕ အေကာင္းဆုံးဗိသုကာလက္ရာ ဆာဂရာဒါ ဖာမီလီယာ

La Sagrada Familia ဆိုတာ စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕မွာရွိတဲ့ ႐ိုမန္ကတ္သလစ္ဘုရားေက်ာင္းႀကီးျဖစ္ၿပီး ဒီအေဆာက္အအုံႀကီးကို ၁၈၈၂ခုႏွစ္ကတည္းက စတင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ စတင္ဖန္တီးခဲ့တဲ့သူကေတာ့ နာမည္ေက်ာ္ဗိသုကာပညာရွင္ ေဂါက္ဒီ(Antoni Gaudi) ျဖစ္ပါတယ္။ ဘာစီလိုနာမွာ UNESCO ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေနရာ ၉ခုရွိၿပီး ဒီအထဲက ၇ခုကို ေဂါက္ဒီက ဖန္တီးခဲ့တာျဖစ္ပါတယ္။

အဲဒီအထဲမွာ ဒီဘုရားေက်ာင္းႀကီးက အႀကီးက်ယ္ဆုံးလို႔ ဆိုရမွာပါ။ ဒါေပမယ့္ ေဂါက္ဒီလက္ထက္မွာ အေဆာက္အအုံရဲ႕ ၂၅% ပဲၿပီးစီးခဲ့ပါတယ္။ ဘုရားေက်ာင္းႀကီးရဲ႕ဒီဇိုင္းဟာ Gothic လက္ရာနဲ႔  Nouveau စတိုင္တို႔ကိုေရာေႏွာေနပါတယ္။ လက္ရွိမွာေတာ့ ၇၀%သာၿပီးစီးေသးတဲ့ ဒီအေဆာက္အအုံႀကီးဟာ ၂၀၁၀ခုႏွစ္မွာ ကမာၻ႔အေမြအႏွစ္အျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ဘုရားေက်ာင္းႀကီးဟာ ၁၈၇၂ခုႏွစ္မွာ ဗာတီကန္စီးတီးကို အလည္သြားခဲ့တဲ့ ဘာစီလိုနာက စာအုပ္တိုက္ပိုင္ရွင္ Josep Bocabella ရဲ႕စိတ္ကူးကေန ျဖစ္ေပၚလာခဲ့တာပါ။

ဘုရားေက်ာင္းႀကီးကို ပထမဆုံးတည္ေဆာက္ဒီဇိုင္းေရးဆြဲခဲ့သူကေတာ့ စပိန္ဗိသုကာပညာရွင္ Paula de villar ျဖစ္ေပမယ့္ သူကဟာ ၁၈၈၃ခုႏွစ္မွာ ႏႈတ္ထြက္သြားခဲ့ပါတယ္။

ႏႈတ္ထြက္သြားတဲ့ Paula ရဲ႕ေနရာကို ေဂါက္ဒီနဲ႔ အစားထိုးခဲ့ပါတယ္။ ေဂါက္ဒီက မူလဒီဇိုင္းျဖစ္တဲ့ Gothic စတိုင္ကို ေျပာင္းလဲပစ္ခဲ့ၿပီး ၁၈၈၃ခုႏွစ္မွာပဲ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို စတင္ခဲ့ပါတယ္။ ဒါေပမယ့္ ၁၈၈၄ခုႏွစ္တိုင္ေအာင္ ေဂါက္ဒီကို ဒီဘုရားေက်ာင္းႀကီးရဲ႕ ဗိသုကာပညာရွင္အျဖစ္ တရားဝင္ ခ်မျပခဲ့ပါဘူး။

အေဆာက္အဦးႀကီးရဲ႕ေဖာင္ေဒးရွင္းကိုေတာ့ ျပည္သူေတြလႉဒါန္းတဲ့ေငြနဲ႔ စတင္တည္ေဆာက္ခဲ့ပါတယ္။ အလႉေငြနဲ႔သာတည္ေဆာက္ရတဲ့အတြက္ တခါတည္းအၿပီးအစီးမတည္ေဆာက္ႏိုင္ပဲ ေျဖးေျဖးခ်င္းတည္ေဆာက္ခဲ့ရပါတယ္။

ေဂါက္ဒီဟာ ဒီအေဆာက္အအုံႀကီးကို ၄၃ႏွစ္ၾကာတည္ေဆာက္ၿပီးတဲ့ေနာက္ ဆက္လက္တည္ေဆာက္ခြင့္မရေတာ့ပါဘူး။ သူေသဆုံးသြားခဲ့လို႔ျဖစ္ပါတယ္။ ႏွစ္ေပါင္း ၄၃ႏွစ္ၾကာတည္ေဆာက္ခဲ့ေပမယ့္ ေဂါက္ဒီရဲ႕ တည္ေဆာက္မႈဟာ ၂၅% ခန႔္သာ ၿပီးစီးခဲ့ပါတယ္။ ဘဝတစ္ခုလုံးဘုရားေက်ာင္းႀကီးအတြက္ေပးဆပ္ခဲ့သူ ေဂါက္ဒီကို သူခ်စ္တဲ့ဘုရားေက်ာင္းႀကီးထဲမွာ ျမဳပ္ႏွံေပးခဲ့ၾကပါတယ္။

ေဂါက္ဒီေသဆုံးၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ေနရာကို ယူခဲ့သူက စပိန္ဗိသုကာပညာရွင္ Domenec Sugranes ျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ တည္ေဆာက္ေရးကို ေကာင္းေကာင္းလုပ္ခြင့္မရခဲ့ပါဘူး။ ၁၉၃၆ခုႏွစ္မွာ စပိန္ျပည္တြင္းစစ္မွာ ဘုရားေက်ာင္းႀကီးဟာ ပ်က္စီးမႈေတြႀကဳံခဲ့ရပါတယ္။

၁၉၄၀ ေနာက္ပိုင္းမွာေတာ့ Francesc Quintana, Isidre Puig Boada, Lluis Bonet I Gari, နဲ႔ Francesc Cardoner စတဲ့ နာမည္ေက်ာ္ ဗိသုကာပညာရွင္ေပါင္းမ်ားစြာဟာ ဘုရားေက်ာင္းႀကီးတည္ေဆာက္ေရးမွာ စုေပါင္းပါဝင္လာၾကပါတယ္။

၂၀၁၅ခုႏွစ္မွာေတာ့ Sagrada Familia ဘုရားေက်ာင္းႀကီးရဲ႕တည္ေဆာက္မႈဟာ ၇၀% အထိၿပီးစီးခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဘုရားေက်ာင္းႀကီးထံ ကမာၻလွည့္ခရီးသြားမ်ားကို ဝင္ေရာက္ၾကည့္ရႈ႕ခြင့္ေပးထားၿပီး ဝင္ေၾကးအျဖစ္ တစ္ႏွစ္ကို ယူ႐ို ၂၅သန္းခန႔္ရရွိခဲ့ပါတယ္။ ဘုရားေက်ာင္းႀကီးထံႏွစ္စဥ္လာေရာက္ေလ့ရွိတဲ့ ခရီးသြားဦးေရက ၃သန္းခန႔္ရွိပါတယ္။ အဲဒီက ရတဲ့ေငြနဲ႔ ဆက္လက္ၿပီးေတာ့ တည္ေဆာက္ေရးလုပ္ငန္းတြကို လုပ္ကိုင္ေနပါတယ္။

ဒီဘုရားေက်ာင္းႀကီးဟာ အလ်ား ၃၁၀ေပ အနံ ၂၀၀ေပ က်ယ္ဝန္းၿပီး ျမင့္မားတဲ့တာဝါတိုင္ေပါင္း ၁၈ခုပါဝင္ပါတယ္။ ဒီအထဲကအျမင့္ဆုံးတာဝါဟာ ၅၆၀ေပ အထိရွိပါတယ္။

ယခုထက္တိုင္ ဆက္လက္တည္ေဆာက္ေနဆဲျဖစ္ၿပီး ယေန႔ေခတ္ CAD နဲ႔ 3D နည္းပညာမ်ားရဲ႕ အကူအညီကိုပါရယူတည္ေဆာက္ေနတဲ့အတြက္ ၂၀၃၀ ဝန္းက်င္ေလာက္မွာ အၿပီးသတ္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ျပင္ဆင္မြမ္းမံေရး အတြက္ေတာ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ႏိုင္ပါေသးတယ္။

မၿပီးဆုံးေသးတဲ့ ဒီအေဆာက္အအုံႀကီးဟာ ေရာက္ဖူးသူတိုင္းကိုေတာ့ အံမခန္း ဆန္းျပားတဲ့ ေက်ာက္သားထြင္းထုဗိသုကာလက္ရာ ေပါင္းမ်ားစြာနဲ႔ ဖမ္းစားလွ်က္ရွိပါတယ္။

ကဲ ေအာက္က ဗီဒီယိုေလးၾကည့္ၿပီး သြားေရာက္လည္ပတ္ၾကည့္ၾကပါဦး

Tags: amazingworld places
Next Post
ငွေကိုလမ်းခင်းလျှောက်နေလေတဲ့ ကမ္ဘာကျော်လောင်းကစားသမားကြီး

ငွေကိုလမ်းခင်းလျှောက်နေလေတဲ့ ကမ္ဘာကျော်လောင်းကစားသမားကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!