Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဥရောပတိုက်အကြောင်း သိကောင်းစရာ နှင့် စိတ်ဝင်စားဖွယ်အချက်များ

by Thutamm
August 8, 2019
Reading Time: 1min read
0
ဥရောပတိုက်အကြောင်း သိကောင်းစရာ နှင့် စိတ်ဝင်စားဖွယ်အချက်များ
Share on FacebookShare on Twitter

ဥရောပတိုက်သည် ယူရေးရှား ကုန်းမြေပြင်ကြီး၏ အနောက်ဘက်ဆုံး အပိုင်းပါဝင်သည်။ ဥရောပနှင့် အာရှကို စည်းခြားထားသော နေရာများမှာ ယူရယ်တောင်တန်း နှင့် ကော့ကေးဆပ်တောင်တန်း၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ် နှင့် ပင်လယ်နက်၊ ပင်လယ်နက်နှင့် အေဂျင်ပင်လယ်တို့ကို ဆက်သွယ်ထားသော ရေလမ်းတို့ဖြစ်ကြသည်။

ဥရောပတိုက်သည် မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာနှင့် အခြားရေပြင်များက ဝိုင်းရံထားပြီး အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာရှိသည်။ တောင်ဘက်တွင် မြေထဲပင်လယ်ရှိပြီး အရှေ့တောင်ဘက်တွင် ပင်လယ်နက်နှင့် ၎င်းနှင့်ဆက်သွယ်ထားသော ရေလမ်းကြောင်း ရှိသည်။

ဥရောပသည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် မြေမျက်နှာပြင်အားဖြင့် ဒုတိယမြောက် အသေးဆုံးဖြစ်ပြီး ၁၀,၁၈၀,၀၀၀ စတုရန်းကီလိုမီတာ (၃,၉၃၀,၀၀၀ စတုရန်းမိုင်) သို့မဟုတ် ကမ္ဘာ့မျက်နှာပြင်၏ ၂ရာခိုင်နှုန်း နှင့် ကမ္ဘာ့မြေမျက်နှာပြင်၏ ၆.၈ ရာခိုင်နှုန်းကို နေရာယူထားသည်။

ဥရောပတွင် နိုင်ငံပေါင်း ၅၀ ခန့်ရှိပြီး ရုရှားနိုင်ငံသည် လူဦးရေအားဖြင့်သော်လည်းကောင်း၊ အကျယ်အဝန်းအားဖြင့်သော် လည်းကောင်း အကြီးဆုံး ဖြစ်ပြီး အသေးဆုံးမှာ ဗာတီကန်စီးတီး ဖြစ်သည်။ ဥရောပသည် အာရှ နှင့် အာဖရိကပြီးလျှင် တတိယမြောက် လူဦးရေ အများဆုံး တိုက်ဖြစ်သည်။ လူဦးရေ စုစုပေါင်း ၇၃၁ သန်းရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းမျှ ဖြစ်သည်။

ရှေးဟောင်း ဂရိနိုင်ငံသည် အနောက်တိုင်းယဉ်ကျေးမှုတို့ မြစ်ဖျားခံ မွေးဖွားရာ နေရာဖြစ်သည်။ ဥရောပသည် ၁၆ ရာစု နောက်ပိုင်းမှ စ၍ ကမ္ဘာ့အရေးအခင်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ကိုလိုနီစနစ်ထွန်းကားပြီး နောက်ပိုင်းတွင် ဖြစ်သည်။

၁၆ရာစုနှင့် ၂၀ရာစု ကြားတွင် ဥရောပနိုင်ငံတို့သည် အမေရိကတိုက်များ၊ အာဖရိကတိုက်၏ အစိတ်အပိုင်း အတော်များများနှင့် အိုရှန်နီးယားရှိ ကျွန်းနိုင်ငံများကို အကြိမ်ကြိမ် သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ကမ္ဘာစစ်နှစ်ခုစလုံးသည် ဥရောပကို ဦးတည်ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ၂၀ရာစု အလယ်ပိုင်းတွင် ကမ္ဘာ့အရေးအခင်းတို့တွင် ဥရောပ၏ အရှိန်အဝါ လွှမ်းမိုးမှု ကျဆင်းရန် အတွက် အစပျိုးခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာ့ဇာတ်ခုံတွင် ထင်ရှားတောက်ပလာခြင်းကြောင့်လည်း ဖြစ်သည်။ စစ်အေးတိုက်ပွဲ အတွင်းတွင် ဥရောပသည် အနောက်ဘက်တွက် နေတိုးအဖွဲ့ နှင့် အရှေ့ဘက်တွင် ဝါဆောနိုင်ငံများဟူ၍ သံတံတိုင်းခြား ကွဲပြားခဲ့သည်။ ဥရောပနိုင်ငံများ အချင်းချင်း ယှဉ်တွဲ လုပ်ကိုင်ရာမှ တစ်ဆင့် ဥရောပကောင်စီနှင့် ဥရောပသမဂ္ဂတို့ ပေါ်ပေါက်လာခဲ့ပြီး ထိုအဖွဲ့အစည်း နှစ်ခုစလုံးသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ကျဆုံးပြီးနောက် အရှေ့ဘက်သို့ တိုးချဲ့လာခဲ့ကြသည်။

ဥရောပတိုက်၏ စိတ်ဝင်စားဖွယ်အချက်တချို့

၁။ ဥရောပတိုက်သည် ကမ္ဘာပေါ်တွင် ဒုတိယအသေးဆုံးတိုက်ဖြစ်သော်လည်း ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံရှိရာတိုက်လည်းဖြစ်သည်။ ရုရှားနိုင်ငံသည် ဥရောပတိုက်တစ်ခုလုံး၏ ၄၀% ကို ပိုင်ဆိုင်ထားသည်။

၂။ ဥရောပတိုက်ဟူသော စကားလုံးသည် ဂရိဒဏ္ဍာရီလာ ဇုနတ်မင်းကြီး၏ ဇနီးတစ်ပါးနာမည်ဖြစ်သော Europa မှ လာခဲ့သည်ဟု ဆိုကြသည်။ Europe ဟူသောစကားသည် ဂရိဘာသာစကားတွင် Eurus ဟူ၍ဖြစ်ပြီး ကျယ်ပြန့်သည် ဟု အဓိပ္ပါယ်ရသည်။ တချို့ကမူ Europe ဟူသည် ရှေးဆီရီးယန်းလူမျိုးတို့၏ ereb ဟူသောစကားမှဆင်းသက်လာပြီး နေဝင်ချိန် ဟုအဓိပ္ပါယ်ရသည် ဟုဆိုသည်။

၃။ သမိုင်းမှတ်တမ်းများအရ Europe ဟူသောစကားလုံးကို ပညာရှင်နှစ်ယောက်က စတင်သုံးစွဲခဲ့သည်ဟု သိရသည်။ တစ်ဦးမှာ ဂရိသမိုင်း နှင့် ပထဝီပညာရှင် Hecataeus ဖြစ်ပြီး နောက်တစ်ဦးမှာ ဆိုကရေးတီးမတိုင်မီကပေါ်ပေါက်ခဲ့သော ဂရိအတွေးအခေါ်ပညာရှင် Anaximander ဖြစ်သည်။

၄။ ရှေးဟောင်းတာကစ်(တူရကီ) ဘာသာစကားများတွင်မူ ဥရောပအား Frank တို့၏ နယ်မြေဟု သုံးနှုန်းကြသည်။ Frank ဆိုသည်မှာ ပြင်သစ် နှင့် ဂျာမန်လူမျိုးများ၏ ရှေးဦးလူမျိုးများဖြစ်သည်။

၅။ ကမ္ဘာပေါ်က အကျော်ကြားဆုံး အင်ပါယာကြီး အများစုသည် ဥရောပတွင် အစပြုခဲ့ကြသည်။ ရှေးဦးပေါက်ပေါက်ခဲ့သည့် ရောမအင်ပါယာ ၊ ထို့နောက် ဗြိတိန်အင်ပါယာ ၊ စပိန်အင်ပါယာ နှင့် ရုရှားအင်ပါယာတို့သည် ဥရောပတွင်ပေါ်ပေါက်ခဲ့ကြသည်။

၆။ ကမ္ဘာပေါ်က အကြီးဆုံးနိုင်ငံဖြစ်သည့် ရုရှားသည် ဥရောပတွင်ရှိသကဲ့သို့ ကမ္ဘာ့အငယ်ဆုံးနိုင်ငံဖြစ်သည့် ဗာတီကန်စီးတီးနိုင်ငံသည်လည်း ဥရောပမှာပင်ရှိသည်။ ဗာတီကန်စီးတီး၏ အကျယ်အဝန်းမှာ ဝ.၁၇ စတုရန်းမိုင်သာရှိသည်။

၇။ ဥရောပတိုက်တွင် မတူညီသော ဘာသာစကား အမျိုး ၂၅၀ခန့်ကို သုံးစွဲကြသည်။

၈။ ဥရောပတိုက်တွင် အကြီးဆုံးမြို့မှာ အစ္စတန်ဘူလ်မြို့ဖြစ်ပြီး လူဦးရေ ၁၅သန်းခန့်နေထိုင်သည်။ ဒုတိယအကြီးဆုံးမှာ မော်စကိုမြို့ဖြစ်ပြီး လူဦးရေ ၁၃သန်းကျော် နေထိုင်ကြသည်။

၉။ ဥရောပတိုက်သည် ယူရေးရှားတိုက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယူရေးရှားတိုက်တွင် ဥရောပတိုက် နှင့် အာရှတိုက်ကုန်းမကြီးတို့ပါဝင်သည်။

၁၀။ ဂရင်းလန်ကျွန်းသည် မြောက်အမေရိကတိုက်နှင့် ပိုနီးကပ်သော်လည်း ဥရောပတိုက်၏ အစိတ်အပိုင်းသာဖြစ်သည်။ ဂရင်းလန်ကိုပိုင်ဆိုင်သူမှာ ဒိန်းမတ်နိုင်ငံဖြစ်သည့်အတွက် ဖြစ်သည်။

၁၁။ ဥရောပနှင့် အာရှ နှစ်တိုက်စလုံးတွင်ပါဝင်သည့်နိုင်ငံများမှာ ရုရှားနိုင်ငံ ၊ တူရကီနိုင်ငံ ၊ ကာဇက်စတန်နိုင်ငံ ၊ အဇာဘိုင်ဂျန် နှင့် ဂျော်ဂျီယာနိုင်ငံတို့ဖြစ်ကြသည်။

၁၂။ ဥရောပတိုက်တွင်အကြီးဆုံးမီးတောင်မှာ အီတလီတောင်ပိုင်း Sicila နယ်မြေရှိ Etna မီးတောင်ဖြစ်သည်။ သို့သော်လူသိအများဆုံးမီးတောင်မှာ Vesuvius မီးတောင်ဖြစ်ပြီး ထိုမီးတောင်သည် အေဒီ ၇၉ခုနှစ်တွင် ပေါက်ကွဲခဲ့ပြီး ပွန်ပေ နှင့် ဟာကျူလီယန်မြို့များကို ပျက်စီးစေခဲ့ပြီး လူပေါင်းများစွာကိုသေကြေစေခဲ့သည်။

၁၃။ ဥရောပတွင် အကြီးဆုံးရေခဲပြင်ကြီးမှာ အိုက်စလန်နိုင်ငံရှိ Vatnajökull ရေခဲပြင်ဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၈ထောင်ကျော်ကျယ်ဝန်းသည့် ထိုရေခဲပြင်ကြီးအောက်တွင် မီးတောင်များမြောက်များစွာ ရှိလေသည်။

၁၄။ မြေထဲပင်လယ်သည် အာဖရိက ၊ ဥရောပ နှင့် အာရှတိုက် တို့ကို ပိုင်းခြားထားသည်။ မြေထဲပင်လယ်သည် လွန်ခဲ့သောနှစ်ပေါင်း ၆သန်းခန့်က သဲကန္တာရတစ်ခုသာဖြစ်သည်ဟု ပညာရှင်များကဆိုသည်။

၁၅။ ဥရောပတွင် ကမ္ဘာတစ်ဝှမ်းမှလူများ လာရောက်လည်ပတ်မှု အများဆုံးနိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။ နှစ်စဉ် ခရီးသွားဦးရေ သန်း၈၀ကျော်သည် ပြင်သစ်နိုင်ငံကို လာရောက်လည်ပတ်လေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ခရီးသွားအများဆုံးသွားကြသည့်နေရာမှာ အီဖယ်မျှော်စင်မဟုတ်ပဲ ဒစ္စနေးလန်းသာ ဖြစ်သည်။

၁၆။ ဥရောပတိုက်တွင် သက်တမ်းအရှည်ဆုံးနိုင်ငံမှာ ဘူဂေးရီးယားနိုင်ငံဖြစ်သည်။ ထိုနိုင်ငံသည် အေဒီ ၆၄၁ မှစ၍ ဘူဂေးရီးယားဟူသော အမည်ကိုလုံးဝပြောင်းလဲခြင်း မရှိပဲ ရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။

၁၇။ ကမ္ဘာ့အကြီးဆုံးအင်ပါယာမှာ ဥရောပရှိ ဗြိတိန်အင်ပါယာဖြစ်ပြီး ကမ္ဘာကြီး၏ ၄ပုံ၁ပုံခန့်ကို နယ်ချဲ့သိမ်းပိုက်နိုင်ခဲ့သည်။

၁၈။ ဘာစီလိုနာရှိ Sagrada Familia ဘုရားကျောင်းသည် ဂိုင်ဇာပိရမစ်ကြီးထက်ပိုမြင့်၍ ၁၈၈၂ခုနှစ်မှ တည်ဆောက်၍ ယခုထိတိုင်တည်ဆောက်၍ မပြီးစီးသေးသည့် အဆောက်အဦးဖြစ်သည်။

၁၉။ ဗြိတိန်ပြတိုက်တွင် ပြသထားသည့် ပစ္စည်းစုစုပေါင်းသည် သူတို့သိမ်းယူထားသော ပစ္စည်းစုစုပေါင်း၏ ၁% ကိုသာ ပြသထားသည်။

၂၀။ အိုက်စလန်နိုင်ငံသည် ခြင်မရှိသောနိုင်ငံံဟု ဆိုရပေမည်။ နှစ်ပေါင်းများစွာတွင် အိုင်စလန်၌နေထိုင်သူများသည် ခြင်တစ်ကောင်တစ်လေသာ တွေ့ရတတ်သည်။

၂၁။ ရုရှားနိုင်ငံတွင် လူမနေထိုင်သည့် စွန့်ပစ်ရွာပေါင်း ၁၃၀၀၀ ကျော်ရှိသည်။

၂၂။ ဒဏ္ဍာရီထဲတွင်သာရှိသော တစ်ခါမှ မမြင်ဖူးသည့် Lotness Monster ကို စကော့တလန်သည်ကျေးဇူးတင်ရပေမည်။ Lotness Monster ကြောင့် စကော့တလန်ကိုလာရောက်လည်ပတ်သူပေါင်းသည် နှစ်စဉ် သန်းချီ၍ ရှိသောကြောင့်ဖြစ်သည်။

၂၃။ ပြင်သစ်နိုင်ငံ၏ မြို့တိုင်းအားလုံးနီးပါးတွင် အမြဲရှိသောလမ်းနာမည်မှာ victor hugo ဖြစ်သည်။ victor hugo သည် ပြင်သစ်လူမျိုး ကမ္ဘာကျော် ကဗျာဆရာ စာရေးဆရာကြီးဖြစ်သည်။

၂၄။ ဥရောပတိုက်ရှိ ကမ္ဘာ့နာမည်အရှည်ဆုံးမြို့အမည်မှာ Llanfair­pwllgwyngyll­gogery­chwyrn­drobwll­llan­tysilio­gogo­goch ဖြစ်ပြီး ဝေးလ်နိုင်ငံတွင် တည်ရှိသည်။

အထက်ပါ အချက်တွေကတော့ ဥရောပတိုက် နဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်အချက်တချို့ဖြစ်ပါတယ်။ မိတ်ဆွေသိထားတဲ့ အချက်ကလေးတွေရှိရင်လည်း ကွန်မန့်မှာ ဗဟုသုတအနေနဲ့ ဝေမျှသွားပါဦး။

Tags: world knowledge
Next Post
တချိန်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဂျွန်ဒီရော့ဖဲလား

တချိန်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဂျွန်ဒီရော့ဖဲလား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!