• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဥရောပရဲ့ အဆန်းပြားဆုံး အဆောက်အအုံ

by Thutamm
June 15, 2020
Reading Time: 4min read
0
ဥရောပရဲ့ အဆန်းပြားဆုံး အဆောက်အအုံ
Share on FacebookShare on Twitter

(Unicode)

Atomium ဟာဆိုရင် ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့ရဲ့နာမည်ကျော်အဆောက်အအုံတစ်ခုဖြစ်ပြီး (၁၉၅၈)ခုနှစ်၊ဘရပ်ဆဲကုန်စည်ပြပွဲ (Expo’58) အတွက်ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ပန်းပုပညာနဲ့ဗိသုကာပညာ(၂)ရပ်စလုံးကိုအသုံးပြုထား ပြီး တည်ဆောက်စဉ်ကာလရဲ့ရှေးရိုးစွဲပုံတွေကနေ ခွဲထွက်ကာ သိပ္ပံခေတ်လွန်အဆောက်အဦပုံစံတည်ရှိနေတဲ့ Atomium ဟာဆိုရင် ယခုအခါပြတိုက်အဖြစ်ရော၊ကုန်ပစ္စည်း ပြပွဲကျင်းပရာနေရာအဖြစ်ပါ အသုံးပြုလျက်ရှိပါတယ်။

ထူးထူးခြားခြားဒီဇိုင်းနဲ့ ဒီအဆောက်အအုံဟာ ကမ္ဘာပေါ်မှာတစ်ခုတည်းသောရှိနေတဲ့ အဆောက်အအုံဆိုရင်လည်း မမှားပါဘူး။ အဆောက်အဦးဒီဇိုင်းကိုတော့ Andre Waterkeyn ဦးဆောင်မှု နဲ့ Andre & Jean Polak ဗိသုကာကုမ္ပဏီက ဗိသုကာတွေက ရေးဆွဲခဲ့ပါတယ်။ Modenism ဗိသုကာစတိုင်တည်ဆောက်ထားတာဖြစ်ပြီး ယင်းအဆောက်အအုံဒီဇိုင်းကို ရေးဆွဲတဲ့အချိန်ကတင် (၆)လလောက်ကြာမြင့်ခဲ့ပါတယ်။

ယခင်ကတော့ ဘရပ်ဆဲ ကုန်စည်ပြပွဲပြီးနောက်တစ်နှစ်မှာ Atomium ကိုဖျက်သိမ်းဖို့ရည်ရွယ်ခဲ့ပေမဲ့ လူစိတ်ဝင်စားမှုအဆမတန်များပြားလာတာကြောင့် ဘရပ်ဆဲအာဏာပိုင်တွေက ဆက်လက်ထားရှိပြီး ပြတိုက်အဖြစ် ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တည်ဆောက်ပြီးစီးပြီး နှစ်ပေါင်း(၃၀)ကာလအထိတော့ ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာပြုလုပ်ခဲ့ရပါတယ်။

Atomium အဆောက်အအုံဟာဆိုရင် (၃၃၅) ပေလောက်အမြင့်ရှိပြီး စက်လုံးတွေရဲ့ အချင်းကတော့ (၅၂) ပေအထိကျယ်ပါတယ်။ Atomium မှာဆိုရင်တစ်ခုနဲ့တစ်ခုပြွန်တွေနဲ့ ချိတ်ဆက်ထားတဲ့ စက်လုံး (၉)ခုပါဝင်နေပါတယ်။ စက်လုံးတစ်ခုက နေတစ်ခုကိုချိတ်ဆက်ထားတဲ့ ပြွန်တွေရဲ့ အချင်းဟာလည်း (၁၀) ပေလောက်အရှည်ရှိပြီး အလယ်က စက်ဝိုင်းကိုဗဟိုပြုကာ ကျန် (၈)ခုက ၁၂ဒီဂရီစီစောင်းကာ ချိတ်ဆက်သွယ်တန်းလျက်ရှိနေတာလည်းဖြစ် ပါတယ်။

ယင်းစက်လုံးတွေကိုတော့ အလူမီနီယံကိုအသုံးပြုတည်ဆောက်ထားပြီး Atomium ရဲ့စုစုပေါင်းတန်ချိန်က တန် (၂၄၀၀) လောက်အလေးချိန်ရှိနေပါတယ်။ ယင်း စက်ဝိုင်းအဆောက်အအုံ(၉)ခုအနက်က (၆)ခုဟာဆိုရင် public ဧရိယာတွေဖြစ်ပြီး တစ်ခုစီတိုင်းမှာ main floor (၂)ခုနဲ့ နဲ့ Low floor(၁)ခုစီပါဝင်ပြီး လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အတွက်သီးသန့်ထားရှိပါတယ်။

အပေါ်ဆုံးစက်လုံးမှာတော့ စားသောက်ဆိုင်တခုအပြင် မြို့တော်ဘရပ်ဆဲရဲ့ရှုခင်းကို အမြင့်ကနေကြည့်နိုင်မဲ့ panoramic view ( မြင်ကွင်းကျယ်) နေရာတွေပါဝင်နေပါတယ်။ ကျန်စက်လုံးပုံအဆောက်အအုံတွေမှာတော့ ပြခန်းပေါင်းများစွာ ပါဝင်နေပါတယ်။

Atomium ရဲ့အလယ်ပိုင်းပြွန်မှာတော့ ကမ္ဘာ့အမြန်ဆုံးသောဓါတ်လှေကား(အဲဒီအချိန်က) တွေတပ်ဆင်ထားပြီး လူ(၂၂) ယောက်ကို (၂၃)စက္ကန့်အတွင်းအပေါ်ဆုံးအမြင့်ထိရောက်နိုင်အောင် ဝန်ဆောင်မှုပေးထားတာကိုတွေ့ရပါတယ်။ အခြားပြွန်တွေမှာတော့ စက်လှေကားတွေကို တပ်ဆင်ထားပါတယ်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ Atomium အဆောက်အအုံဟာ ယိုယွင်းမှုတွေရှိလာနေပြီး အကြီးစားပြန်လည်မွမ်းမံမှုတွေပြုလုပ်ဖို့တော့လိုအပ်နေပြီဖြစ်ပါတယ် ။ အဆောက်အအုံပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းတွေကိုတော့ (၂၀၀၄)ခုနှစ်၊မတ်လကစတင်ပြုလုပ်ခဲ့ပြီး (၂၀၀၆)ခုနှစ်ဖေဖော်ဝါရီလရောက်မှပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

Atomium ရဲ့ပြန်လည်ပြုပြင်စရိတ်တင် ယူရို(၂၆)သန်းအထိကုန်ကျခဲ့ပြီး ကုန်ကျမှုစရိတ် အတွက် Atomium ရဲ့တာဝန်ရှိသူတွေနဲ့ဘရပ်ဆဲမြို့အာဏာပိုင်တွေက သုံးပုံ(၁)ပုံအထိ ကျခံခဲ့ပြီး ကျန်(၂)ပုံကိုတော့ ဘယ်ဂျီယံအစိုးရက ကျခံခဲ့တာဖြစ်ပါတယ်။ စက်လုံးပုံအဆောက်အအုံတစ်ခုချင်းစီရဲ့ လောင်ဂျီတွဒ်မျဉ်း) ကိုတော့ စတုဂံပုံသံပြားတွေနဲ့ ဖုံးအုပ်ထားပြီး ယင်းနေရာမှာပဲ LED မီးတွေပေါင်းစပ်တပ်ဆင်ထား တာဖြစ်ပါတယ်။

(၂၀၁၃)ခုနှစ်မှာတော့ Atomium အဆောက်အအုံကို ယင်းနှစ်အတွက် ဥရောပရဲ့ အဆန်းပြားဆုံးအဆောက်အအုံအဖြစ် CNN ကရွေးချယ်ခဲ့ပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၆၀၀၀၀၀ ခန့်ဟာ ဒီအဆောက်အအုံရှိရာကို လာရောက်လည်ပတ်လေ့ရှိပါတယ်။

——– ——- ——-

(Zawgyi)

ဥေရာပရဲ႕ အဆန္းျပားဆုံး အေဆာက္အအုံ

Atomium ဟာဆိုရင္ ဘယ္ဂ်ီယံနိုင္ငံ၊ ဘရပ္ဆဲၿမဳိ႕ရဲ့နာမည္ေက်ာ္အေဆာက္အအံုတစ္ခုျဖစ္ျပီး (၁၉၅၈)ခုနွစ္၊ဘရပ္ဆဲကုန္စည္ျပပြဲ (Expo’58) အတြက္ရည္ရြယ္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ပန္းပုပညာနဲ႔ဗိသုကာပညာ(၂)ရပ္စလံုးကိုအသံုးျပဳထား ျပီး တည္ေဆာက္စဥ္ကာလရဲ့ေရွးရိုးစြဲပံုေတြကေန ခြဲထြက္ကာ သိပၸံေခတ္လြန္အေဆာက္အဦပံုစံတည္ရွိေနတဲ့ Atomium ဟာဆိုရင္ ယခုအခါျပတိုက္အျဖစ္ေရာ၊ကုန္ပစၥည္း ျပပြဲက်င္းပရာေနရာအျဖစ္ပါ အသုံးျပဳလ်က္ရွိပါတယ္။

ထူးထူးျခားျခားဒီဇုိင္းနဲ႔ ဒီအေဆာက္အအုံဟာ ကမာၻေပၚမွာတစ္ခုတည္းေသာရွိေနတဲ့ အေဆာက္အအံုဆိုရင္လည္း မမွားပါဘူး။ အေဆာက္အဦးဒီဇုိင္းကိုေတာ့ Andre Waterkeyn ဦးေဆာင္မႈ နဲ႔ Andre & Jean Polak ဗိသုကာကုမၸဏီက ဗိသုကာေတြက ေရးဆြဲခဲ့ပါတယ္။ Modenism ဗိသုကာစတိုင္တည္ေဆာက္ထားတာျဖစ္ၿပီး ယင္းအေဆာက္အအံုဒီဇိုင္းကို ေရးဆြဲတဲ့အခ်ိန္ကတင္ (၆)လေလာက္ၾကာျမင့္ခဲ့ပါတယ္။

ယခင္ကေတာ့ ဘရပ္ဆဲ ကုန္စည္ျပပြဲျပီးေနာက္တစ္နွစ္မွာ Atomium ကိုဖ်က္သိမ္းဖို႔ရည္ရြယ္ခဲ့ေပမဲ့ လူစိတ္ဝင္စားမႈအဆမတန္မ်ားျပားလာတာေၾကာင့္ ဘရပ္ဆဲအာဏာပိုင္ေတြက ဆက္လက္ထား ရွိျပီး ျပတိုက္အျဖစ္ ဖန္တီးဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ တည္ေဆာက္ျပီးစီးျပီး နွစ္ေပါင္း(၃၀)ကာ လအထိေတာ့ ျပဳျပင္ထိန္းသိမ္းမႈအနည္းငယ္သာျပဳလုပ္ခဲ့ရပါတယ္။

Atomium အေဆာက္အအံုဟာဆိုရင္ (၃၃၅) ေပေလာက္အျမင့္ရွိျပီး စက္လုံးေတြရဲ႕ အခ်င္းကေတာ့ (၅၂) ေပအထိက်ယ္ပါတယ္။ Atomium မွာဆိုရင္တစ္ခုနဲ႔တစ္ခုျပြန္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ စက္လုံး (၉)ခုပါဝင္ေနပါတယ္။ စက္လုံးတစ္ခုက ေနတစ္ခုကိုခ်ိတ္ဆက္ထားတဲ့ ျပြန္ေတြရဲ႕ အခ်င္းဟာလည္း (၁၀) ေပေလာက္အရွည္ရွိျပီး အလယ္က စက္ဝိုင္းကုိဗဟိုျပဳကာ က်န္ (၈)ခုက ၁၂ဒီဂရီစီေစာင္းကာ ခ်ိတ္ဆက္သြယ္တန္းလ်က္ရွိေနတာလည္းျဖစ္ ပါတယ္။

ယင္းစက္လုံးေတြကိုေတာ့ အလူမီနီယံကိုအသံုးျပဳတည္ေဆာက္ထားျပီး Atomium ရဲ့စုစုေပါင္းတန္ခ်ိန္က တန္ (၂၄၀၀) ေလာက္အေလးခ်ိန္ရွိေနပါတယ္။ ယင္း စက္ဝိုင္းအေဆာက္အအံု(၉)ခုအနက္က (၆)ခုဟာဆိုရင္ public ဧရိယာေတြျဖစ္ျပီး တစ္ခုစီတိုင္းမွာ main floor (၂)ခုနဲ႔ နဲ႔ Low floor(၁)ခုစီပါဝင္ျပီး လိုအပ္တဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ အတြက္သီးသန္႔ထားရွိပါတယ္။

အေပၚဆံုးစက္လုံးမွာေတာ့ စားေသာက္ဆုိင္တခုအျပင္ ျမိဳ႕ေတာ္ဘရပ္ဆဲရဲ့ရႈခင္းကို အျမင့္ကေနၾကည့္နိုင္မဲ့ panoramic view ( ျမင္ကြင္းက်ယ္) ေနရာေတြပါဝင္ေနပါတယ္။ က်န္စက္လုံးပံုအေဆာက္အအံုေတြမွာေတာ့ ျပခန္းေပါင္းမ်ားစြာ ပါဝင္ေနပါတယ္။

Atomium ရဲ့အလယ္ပိုင္းျပြန္မွာေတာ့ ကမာၻ႕အျမန္ဆံုးေသာဓါတ္ေလွကား(အဲဒီအခ်ိန္က) ေတြတပ္ဆင္ထားျပီး လူ(၂၂) ေယာက္ကို (၂၃)စကၠန္႔အတြင္းအေပၚဆံုးအျမင့္ထိေရာက္နိုင္ေအာင္ ဝန္ေဆာင္မႈေပးထားတာကိုေတြ႔ရပါတယ္။ အျခားျပြန္ေတြမွာေတာ့ စက္ေလွကားေတြကို တပ္ဆင္ထားပါတယ္။

၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ Atomium အေဆာက္အအံုဟာ ယိုယြင္းမႈေတြရွိလာေနျပီး အၾကီးစားျပန္လည္မြမ္းမံမႈေတြျပဳလုပ္ဖို႕ေတာ့လိုအပ္ေနျပီျဖစ္ပါတယ္ ။ အေဆာက္အအံုျပဳျပင္ထိန္းသိမ္းတဲ့လုပ္ငန္းေတြကိုေတာ့ (၂၀၀၄)ခုနွစ္၊မတ္လကစတင္ျပဳလုပ္ခဲ့ျပီး (၂၀၀၆)ခုနွစ္ေဖေဖာ္ဝါရီလေရာက္မွျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။

Atomium ရဲ့ျပန္လည္ျပဳျပင္စရိတ္တင္ ယူရို(၂၆)သန္းအထိကုန္က်ခဲ့ျပီး ကုန္က်မႈစရိတ္ အတြက္ Atomium ရဲ့တာဝန္ရွိသူေတြနဲ႔ဘရပ္ဆဲျမိဳ႔အာဏာပိုင္ေတြက သံုးပံု(၁)ပံုအထိ က်ခံခဲ့ျပီး က်န္(၂)ပံုကိုေတာ့ ဘယ္ဂ်ီယံအစိုိးရက က်ခံခဲ့တာျဖစ္ပါတယ္။ စက္လုံးပုံအေဆာက္အအံုတစ္ခုခ်င္းစီရဲ့ ေလာင္ဂ်ီတြဒ္မ်ဥ္း) ကိုေတာ့ စတုဂံပံုသံျပားေတြနဲ႔ ဖံုးအုပ္ထားျပီး ယင္းေနရာမွာပဲ LED မီးေတြေပါင္းစပ္တပ္ဆင္ထား တာျဖစ္ပါတယ္။

(၂၀၁၃)ခုနွစ္မွာေတာ့ Atomium အေဆာက္အအံုကို ယင္းနွစ္အတြက္ ဥေရာပရဲ့ အဆန္းျပားဆုံးအေဆာက္အအံုအျဖစ္ CNN ကေရြးခ်ယ္ခဲ့ပါတယ္။ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား ၆၀၀၀၀၀ ခန္႔ဟာ ဒီအေဆာက္အအုံရွိရာကို လာေရာက္လည္ပတ္ေလ့ရွိပါတယ္။

Tags: architectureworld places
Next Post
အချစ်ဆုံးအဘွားကို ကယ်တင်နိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါသော်လည်း

အချစ်ဆုံးအဘွားကို ကယ်တင်နိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါသော်လည်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!