Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ် ၁၀ ခု

by Thutamm
February 5, 2020
Reading Time: 1min read
0
ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ခွေးမျိုးစိတ် ၁၀ ခု
Share on FacebookShare on Twitter

ကမ္ဘာပေါ်ကအိမ်မွေးတိရစ္ဆာန်တွေအားလုံးအနက် ခွေးတွေဟာ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုအခံရဆုံးနဲ့ သစ္စာအရှိဆုံးတိရိစ္ဆာန်အဖြစ် သတ်မှတ်ခြင်းခံကြရပါ တယ်။ ခွေးမျိုးစိတ်အများစုဟာ ရန်မူလိုစိတ်အတော်ကိုများတဲ့တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ပိုင်ရှင်ရဲ့စောင့်ကြည့်ထိန်းသိမ်းဖို့လည်း အလွန်လိုအပ်ပါတယ်။ လူတွေနဲ့အရမ်းကိုယဉ်ပါးပြီး ချစ်စဖွယ်အပြုအမှုတွေပြသလေ့ရှိတဲ့ ခွေးမျိုးစိတ်တွေရှိနေ သလိုတစ်ဖက်မှာလည်း ပိုင်ရှင်ရဲ့မျက်ခြေမပြတ်စောင့်ကြည့်ထိန်းသိမ်းဖို့လိုနေတဲ့ ရန်လို အားများတဲ့ ခွေးမျိုးစိတ်တွေရှိနေပြန်ပါတယ်။

ဒါပေမဲ့အချို့သောရန်လိုတဲ့ခွေးမျိုးစိတ် တွေဟာ ပိုင်ရှင်ဖြစ်သူရဲ့ထိန်းသိမ်းသင်ပြမှုကိုလိုက်ပြီး ယဉ်ပါးပြီးချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း ပြောင်းလဲတတ်ကြပါသေးတယ်။ ဒီနေရာမှာမျှဝေပေး ချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ တရားဝင်ခွေးမျိုးစိတ်ပေါင်း (၃၀၀)ကျော်ထဲက လူသားတွေအတွက် အန္တရာယ်အဖြစ်နိုင်ဆုံးလို့ သီးခြားသတ်မှတ် ထားတဲ့ ခွေးမျိုးစိတ်(၁၀)ခုရဲ့အကြောင်းအရာအချို့ဖြစ်ပါတယ်။ ယခုဖော်ပြမဲ့ ခွေးမျိုးစိတ်တွေဟာ လူသားတွေကိုသေဆုံးနိုင်လောက်တဲ့ အထိ တိုက်ခိုက်နိုင်တာကြောင့် မိမိတို့အနီးဝန်းကျင်မှာရှိနေခဲ့ရင် သတိထားစေလိုတဲ့ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

(၁၀) Presa Canario

Presa Canarioတွေရဲ့ မူရင်းကတော့ အာဖရိကန်ခွေးမျိုးစိတ်တွေဖြစ်ပြီး (၁၈)ရာစုကာလအတွင်းကစစ်ပွဲတွေ အတွင်းမှာတော့ စစ်ခွေးတွေအဖြစ်သုံးစွဲကြပါ တယ်။ သူတို့ဟာ အလွန်သန်မာနိုးကြားသလို အန်မတန်လည်း ခက်ထန်ရန်လိုပါတယ်။ Presa Canario တစ်ကောင်ဟာ ပုံမှန်အားဖြင့် ပေါင်(၁၀၀)ကျော်လောက်အလေးချိန်ရှိပြီး သူတို့ ဒေါသအထွက်ဆုံး အခိုက်အတန့်တွေမှာတော့ သခင်ဖြစ်သူကိုပါသေကြေဒဏ်ရာရ သည်အထိ တိုက်ခိုက်တတ်ကြသူတွေပါ။

(၂၀၀၆)ခုနှစ်အတွင်းက Shawna Willeey အမည်ရတဲ့ အမျိုးသမီးဟာ သူမရေချိုးနေစဉ်မှာပဲ သူမမွေးထားတဲ့ Presa Canario ရဲ့တိုက်ခိုက်မှုကြောင့် ပုံပျက်ဆင်းပျက်သေဆုံးခဲ့ရဖူးပါတယ်။ (၂၀၁၄) ခုနှစ်ကလည်း ချက်သမ္မတနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာလည်း Presa Canario ခွေးတစ် ကောင်ရဲ့တိုက်ခိုက်မှုကြောင့်အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ကင်းလှည့်လာတဲ့ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက အဲဒီခွေးကို အသေပစ်ခတ်ပြီး ကယ်ဆယ်ခဲ့ရဖူးတဲ့ သာဓကတွေရှိပါတယ်။

(၉) Chow Chow

တရုတ်ပြည်သူသမ္မတနိုင်ငံက Chow Chow လို့အမည်ပေးထားတဲ့ ခွေးမျိုးစိတ်တွေဟာ လည်းလူတွေအတွက် အန္တရာယ်အလွန်ရှိနေပါတယ်။ ခြင်္သေ့တစ်ကောင်ရဲ့မျက်နှာပုံ ပိုင်ဆိုင်ထားတဲ့ အဲဒီခွေးမျိုးစိတ်တွေဟာလည်း စိတ်ဆိုးဒေါသထွက်ချိန်မှာ သခင်ဖြစ်သူကို တောင်ပြန်လည် ရန်ရှာနိုင်ပါတယ်။ Chow Chowတွေရဲ့မူရင်းအလုပ်က အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ပဲ အမဲလိုက်ရာနဲ့သိုးကျောင်းရာမှာ သုံးတဲ့ခွေးမျိုးစိတ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ Chow Chow ခွေးမျိုးစိတ်တွေဟာ လူတွေနဲ့ ပူးပူးကပ်ကပ်နေလေ့ရှိပြီး ချစ်စရာအိမ်မွေးတိရစ္ဆာန်တစ်ကောင်ပုံပေါ်လေ့ရှိ ပါတယ်။ Chow Chowတွေဟာလည်း သန်မာမြန်ဆန်မှု၊နိုးကြားမှုအားကောင်းတဲ့ ခွေးမျိုးစိတ်တွေဖြစ်ပြီး တရားဝင်စာရင်းတွေအရတော့ သူတို့ကြောင့်သေလုမျောပါး ထိခိုက်နာကျင်ခံ စားရသူ(၈)ကြိမ်သာရှိနေပါသေးတယ်။

(၇) Boxer

ဂျာမန်ခွေးမျိုးစိတ်အတွင်းမှာပဲ ပါဝင်တဲ့ Boxerတွေဟာ ရိုးရိုးတန်းတန်းခွေးတွေ လိုပဲ သာမန်အရွယ်အစားရှိကြပြီး အမွှေးအမျှင်ပါးလွှာကြပါတယ်။ ဒါပေမဲ့ Boxer တွေဟာ သန်မာတဲ့မေးရိုးတွေနဲ့ နိုးကြားမှုအလွန်ကောင်းတဲ့မှတ်ညဏ်ကို ပိုင်ဆိုင်တာကြောင့် အစောင့်ခွေးတွေအဖြစ်အသုံးပြုနိုင်ပါတယ်။ Boxerတွေရဲ့ ပုံသဏ္ဍာန်ကြောင့် ခက်ထန် ကြမ်းတမ်းမယ်လို့ ထင်ရပေမဲ့ သူတို့ဟာသာမန်အချိန်မှာတော့ နှစ်လိုဖွယ်အမူအရာကို ပိုင်ဆိုင်ကြပြီး ကလေးငယ်တွေနဲ့တောင် ဆော့ကစားလေ့ရှိပါတယ်။

သူတို့ရဲ့သခင်ဖြစ် သူရဲ့ အမူအရာကို မကြာခဏအကဲခတ်လေ့ရှိပြီး ဘေးအန္တရာယ်ဖြစ်စေတဲ့ အခြေအနေ ကိုကြုံပြီလို့ သူတို့စိတ်ထဲကယူဆချိန်မှာတော့ ရောက်တဲ့နေရာကနေအပြေးလာလေ့ ရှိပါတယ်။ Boxerတွေရဲ့ နိုးကြားမှု၊အနံ့ခံစွမ်းရည်နဲ့ သန်မာမှုဟာ အလွန်မြင့်မားတာ ကြောင့် သာမန်လူတစ်ယောက်အနေနဲ့ ထိန်းချုပ်တားဆီးဖို့ဆိုတာ အမတန်ခက်ခဲ နေမှာပါ။

(၆) Doberman Pinscher

သစ္စာရှိမှု၊နိုးကြားမှုနဲ့ အသိဉာဏ်ကြွယ်ဝလွန်းတယ်ဆိုတဲ့ နာမည်ကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ Doberman Pinscher တွေဟာလည်း ဂျာမန်သိုးထိန်းခွေးအမျိုးအစား ပဲဖြစ်ပြီး အတော်ကိုသန်မာကြပါတယ်။ နာမည်ကျော်ရုပ်ရှင်ဇာက်ကားတွေမှာတောင် ပါဝင်ခွင့်ရတဲ့ Doberman Pinscher တွေဟာအပြင်လောကမှာလည်း သူတို့ရဲ့စိတ်ထဲ မှာရန်သူအဖြစ် သတ်မှက်လိုက်ပြီဆိုရင်တော့ လူသားတွေကိုတောင် သေကြေတဲ့ အထိတိုက်ခိုက်နိုင်ပါတယ်။

Doberman Pinscherတွေဟာ ပိုင်ရှင်ရဲ့သင်ယူပေးစွမ်း ပေါ်မူတည်ပြီး အလွန်လိမ္မာတဲ့အသိဉာဏ်၊အမူအရာ၊အကျင့်စရိုက်ကိုလည်း ပိုင်ဆိုင် နိုင်တဲ့ ခွေးမျိုးစိတ်တွေ ဖြစ်ကြတယ်ဆိုပေမဲ့ သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့ သန်စွမ်း မှုကြောင့် လူသားတွေအတွက်တော့ အန ္တရာယ်အလွန်များပါတယ်။ ယခင်ကာလက ရဲတပ်ဖွဲ့ဝင်တွေဟာ Doberman Pinscher တွေကိုအသုံးပြုပြီး တာဝန်ထမ်းဆောင်မှု ရှိခဲ့ပေမဲ့ မကြာခင်ကာလကမှ တာဝန်ရှိသူတွေကအသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

(၅) Bullmastiff

Bullmastiff တွေဟာ အင်္ဂလိပ် Bull Dog အမျိုးအစားတွေဖြစ်ပြီး ကြံ့ခိုင်သန်မာတဲ့ အားအင်ကိုပိုင်ဆိုင်ကြကာ ပေါင်(၁၃၀)အထိအလေးချိန်ရှိကြပါတယ်။ Bullmastiff တွေဟာ ငယ်စဉ်အချိန်က သာမန်ခွေးတွေလိုပဲရိုးရှင်းစွာ ရှင်သန်ကြပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ တဖြည်းဖြည်းခတ်ထန်ရန်လိုလာလေ့ရှိပါတယ်။ သူတို့ရဲ့ သဘာဝအရကိုက ရန်မူတဲ့ဗီဇရှိကြပေမဲ့ သူတို့ရဲ့သခင်ကိုတော့ အင်မတန်တွယ်ကပ်တဲ့ ခွေးမျိုးစိတ်တွေဖြစ်ပါတယ်။

Bullmastiffေတွေကို အစောင့်ခွေးအဖြစ်သုံးစွဲမယ်ဆိုရင် တော့အများကြီးသင်ပေးစရာ မလိုအပ်ပါဘူး။ သူတို့ရဲ့ပင်ကိုယ်ဗီဇကိုက နိုးကြားမှုနဲ့ လျှင်မြန်မှုပိုင်း၊အာရုံခံစွမ်းမြင့်မားကြပြီး သခင်ဖြစ်သူရဲ့ အမိန့်ကိုလည်း တစ်သွေမတိမ်း လိုက်နာလေ့ရှိပါတယ်။ Bullmastiffတွေရဲ့ သခင်ဖြစ်သူအနေနဲ့ ဒီခွေးတွေကို သူစိမ်းတွေနဲ့ အခြားသောခွေးမျိုးစိတ်တွေအကြားမှာ အေးအေးလူလူထားနိုင်ဖို့ ကာလများစွာကြာအောင် လေ့ကျင့်ပေးရလေ့ရှိပါတယ်။

(၄) Husky

အလွန်အေးတဲ့ အာတိတ်ဒေသကခွေးမျိုးစိတ်ဖြစ်တဲ့ Huskyတွေဟာလည်း ဉာဏ်ကောင်းပြီး အလွန်သန်မာကြပါတယ်။ အလက်စကာဒေသမှာတော့ သူတို့ကို စွတ်ဖား နဲ့ အခြားလေးလံတဲ့ဝန်တွေကို ဆွဲတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ သူတို့ဟာ မြေခွေးနဲ့ခွေးမျိုးစိတ်ရောနှောထားတဲ့ အမျိုးအနွယ်တွေဖြစ်ကြပြီး ကမ္ဘာချစ်စရာအကောင်းဆုံးခွေးမျိုးစိတ်တွေထဲမှာ ပါဝင်နေပါတယ်။ Husky တွေဟာ သဘာဝအရိုင်းစိုင်းတဲ့ခွေးမျိုးနွယ်တွေဖြစ်တဲ့အပြင် သူစိမ်းတွေနဲ့တွေ့တာနဲ့ အန်မတန် ဒေါသလည်းထွက်လွယ်ပါတယ်။

အိမ်မွေးတိရစ္ဆာန် အဖြစ်မွေးမြူလေ့ရှိကြပေမဲ့ လူတွေအကြားမှာနေနိုင်ဖို့ကိုတော့ ငယ်စဉ်တည်းက သခင်ဖြစ်သူအနေနဲ့ အတော်ကိုလေ့ကျင့်ပေးဖို့လိုပါတယ်။ အမေရိကန်ပြည်ထောင်စု အတွင်းမှာတော့ (၁၉၇၉)ကနေ(၁၉၉၈)ကာလတွေအတွင်း Huskyတွေကြောင့် ထိခိုက်ဒဏ်ရာရသူ (၁၅)ဦးအထိရှိခဲ့တယ်လို့ တရားဝင်စာရင်းတွေကဖော်ပြနေပါတယ်။

(၃) Rottweiler

Rottweilerတွေဟာလည်း ဂျာမန်ခွေးအမျိုးအစားတွေပဲဖြစ်ပြီး Rottweiler Butchers တွေအဖြစ်လည်း လူသိများပါတယ်။ သူတို့ရဲ့လျှင်မြန်တဲ့ လှုပ်ရှားမှု၊သန်မာတဲ့ မေးရိုးတွေဟာ လူအပါအဝင်တိရစ္ဆာန်တွေကို သေလောက်တဲ့အထိ တိုက်ခိုက်ဖို့ လုံလောက်ပါတယ်။ Rottweiler တွေဟာ လူစိမ်းနဲ့အခြားခွေးမျိုးတွေကိုမြင်တာနဲ့ ရန်မူ ဖို့ကြိုးစားလေ့ရှိပြီး တိုက်ခိုက်ရတာကိုအန်မတန် မွေ့လျော်တဲ့ခွေးမျိုးစိတ်တွေဖြစ်ပြီး သူ့ကိုခြောက်လှန့်ရန်ပြုလျှင်တောင်မှ မကြောက်ပဲ အသေခံကိုက်တတ်တဲ့ခွေးမျိုးအဖြစ် နာမည်ကျော်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ခွေးရူးပြန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဌာနရဲ့ မြေပြင်စာရင်းတွေအရ အမေရိကန်နိုင်ငံအတွင်းမှာ (၁၉၉၃) ကနေ (၁၉၉၆)ကာလအတွင်း ခွေးကိုက်ခံရလို့ အသက်ဆုံး ရှုံးသူအားလုံးရဲ့ တစ်ဝက်ခန့်ဟာ Rottweilerခွေးမျိုးစိတ်တွေကြောင့် ဖြစ်တယ်လို့ထုတ်ပြန်ဖူးပါတယ်။

(၂) German Shepherd

အကောင်အရွယ်အစားကြီးမားသလို ကမ္ဘာဉာဏ်အကောင်းဆုံးသော ခွေးမျိုးစိတ် တွေထဲမှာပါဝင်တဲ့ German Shepherd တွေဟာ သခင်ဖြစ်သူအပေါ်အတော်ကို ဂရုစိုက်တဲ့ အစောင့်ခွေးအမျိုးအစားတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အေးအေးလူ လူနေတဲ့ဓလေ့ရှိတဲ့ German Shepherd တွေဟာ ကလေးငယ်နဲ့ လူစိမ်းတွေရဲ့ ထိတွေ့ ကိုင်တွယ်မှုပြုလုပ်နိုင်တဲ့ အထိယဉ်ပါးကြပါတယ်။

ဒါပေမဲ့ အားလုံးဟာ သခင်ဖြစ်သူ ရဲ့ရင်းနှီးတဲ့ အမျိုးအဆွေတွေသာ ဖြစ်မှပါ။ German Shepherd တွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာမက မာကြောတဲ့စိတ်ဓာက်ကိုလည်းပိုင်ဆိုင်ထားကြတာဖြစ်လို့ သူဧရိယာ အတွင်းဝင်ရောက်လာတဲ့ သူစိမ်းတွေကို သေလောက်တဲ့အထိတိုက်ခိုက်ကြတဲ့ အစောင့်ခွေးတွေဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေအတွက် အလွန်အန ္တရယ်ရှိတယ် ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။

(၁) Pit Bull

Pit Bullတွေရဲ့ မူရင်းမျိုးစိတ်ကတော့ အမေရိကန်နဲ့ဗြိတိန်ကျွန်းဆွယ်ဒေသက ဖြစ်ပါတယ်။ Pit Bull ခွေးမျိုးစိတ်အောက်မှာတော့ American Pit Bull Terrier, American Staffordshire Terrier, American Bully, Staffordshire Bull Terrier ဆိုပြီး(၄)မျိုးအထိပါဝင်နေပါတယ်။ Pit Bullတွေဟာ Fighting Dog တွေဖြစ်ပြီး လောင်းကြေးထပ်ပြီး Pit Bullအချင်းချင်း တိုက်ခိုက်စေတဲ့ တရားမဝင်ပြိုင်ပွဲတွေအထိ ယနေ့တိုင်ရှိနေခဲ့ပါတယ်။ တစ်ချိန်ကတော့ Pit Bullတွေကို အကြမ်းမဖက်တဲ့ ခွေးမျိုးစိတ်တွေအဖြစ် ပညာရှင်တွေက သတ်မှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ ရန်အလိုဆုံး ခွေးမျိုးစိတ်တွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။

(၁၉၉၁)ခုနှစ်က လေ့လာမှုတစ်ရပ်မှာတော့ အမေရိကားက ကလေးတွေကိုတိုက်ခိုက်တဲ့ ခွေးအမျိုးအ စားတွေအနက် Pit Bullတွေဟာ (၉၄)ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။ Pit Bullတွေကို ရင်ပါးအောင်သင်ကြားပေးရတဲ့ ပညာရှင်တွေတောင် Pit Bullတွေကို သင်ကြားရာမှာ ခေတ်မီကာကွယ်ရေးအစီအမံတွေကို ပြုလုပ်ထားရပါတယ်။ နိုင်ငံအချို့ မှာဆိုရင် Pit Bullတွေရဲ့ ကြမ်းတမ်းတဲ့အမူအကျင့်တွေကြောင့် တရားဝင်အိမ်မွေးတိရစ္ဆာန် အဖြစ်ထားရှိမွေးမြူခွင့်နဲ့ ရောင်းဝယ်ခွင့်တွေကို ကန့်သတ် ထားတာကိုတွေ့ရပါတယ်။

Ref : List A Maze

သုတဇုန်

Tags: animalskaung htet
Next Post
ဘုတ်အဖွဲ့နှင့် ပြသနာတက်ခဲ့သော်လည်း အကယ်ဒမီရခဲ့သော ဆရာသာဓုရဲ့ အတွေ့အကြုံ

ဘုတ်အဖွဲ့နှင့် ပြသနာတက်ခဲ့သော်လည်း အကယ်ဒမီရခဲ့သော ဆရာသာဓုရဲ့ အတွေ့အကြုံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!