• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အနူမြူဗုံးပေါက်ကွဲမှု နှစ်ကြိမ်စလုံး ကြုံခဲ့ပေမယ့် သေကံမရောက်ခဲ့တဲ့ တစ်ဦးတည်းသောလူသား

by Thutamm
August 11, 2019
Reading Time: 1min read
0
အနူမြူဗုံးပေါက်ကွဲမှု နှစ်ကြိမ်စလုံး ကြုံခဲ့ပေမယ့် သေကံမရောက်ခဲ့တဲ့ တစ်ဦးတည်းသောလူသား
Share on FacebookShare on Twitter

ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာ အဖျက်စွမ်းအားအကြီးဆုံး ဖြစ်တဲ့ အနူမြူဗုံးဒဏ်ကို ကံတရားကမျက်နှာသာပေးတာကြောင့်(၂)ကြိမ်တိုင် ကြံံ့ကြံံ့ခိုင်ရင်ဆိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်းလူတစ်ယောက်အကြောင်းပါ။ သူကတော့ ဂျပန်နိုင်ငံသား Tsutomu Yamaguchi ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၊ နာဂါစကီမြို့မှာနေထိုင်တဲ့ Tsutomu Yamaguchi အမည်ရတဲ့အမျိုးသား ဟာ ဂျပန်နိုင်ငံရဲ့ဒုတိယကမ္ဘာစစ်မှတ်တမ်းတွေမှာ ထင်ထင်ရှားရှားနေရာယူထားသူဖြစ်ပါ တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ကြဲချ ခဲ့တဲ့ နူးကလီးယားဗုံး ဒဏ်ကို နှစ်ကြိမ်စလုံးခံခဲ့ရပေမဲ့ သူဟာသေဆုံးခြင်းတော့မရှိခဲ့ပါဘူး။ Tsutomu Yamaguchiလိုပဲ အနူမြူဗုံးဒဏ်ကို(၂)ကြိမ်ခံခဲ့ရသူ အနည်းဆုံးလူ(၇၀)လောက်ရှိပေမဲ့ဂျပန်အစိုးရရဲ့ တရားဝင်မှတ်တမ်းတွေအရတော့ သူတစ်ဦးတည်းသာ ခိုင်မာတဲ့မှတ်တမ်းရှိတာပါ။ သူဟာအနူမြူဗုံးဒဏ်ကို ဟီရိုရှီးမားနဲ့ နာဂါစကီနှစ်မြို့လုံးမှာ ကြုံတွေ့ခဲ့ရပေမယ့် ကံအားလျော်စွာ လွတ်မြောက်ခဲ့ပြီး အသက်(၉၃)နှစ် အရွယ်ရောက်မှ ရိုးရိုးရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။

Tsutomu Yamaguchi ကို ၁၉၁၆ ခုနှစ်မတ်လ (၁၆)ရက်နေ့မှာ ဂျပန်နိုင်ငံ နာဂါစကီမြို့မှာမွေးဖွားခဲ့ပါတယ်။၁၉၃၀ မှာတော့ Mitsubishi Heavy စက်မှုဇုံမှာ ရေနံတင်သဘောၤတွေကို ဒိဇိုင်းရေးဆွဲတဲ့ အင်ဂျင်နီယာတစ်ယောက် အဖြစ် အသက် မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။သူဟာသားတစ်ဦး၊ သမီး (၂)ဦးရဲ့ဖခင်လည်းဖြစ်ပါတယ်။ Tsutomu Yamaguchi ဟာ ဂျပန်နိုင်ငံအနေနဲ့ဒုတိယ ကမ္ဘာစစ်ကိုစတင်မယ့်နိုင်ငံ မဖြစ်လောက်ဘူးလို့ယူဆခဲ့တာပါ။ အမှန်တော့သူထင်ထားသလိုမဟုတ်ပဲ ပါဝင်လာခဲ့ပြီး စစ်ဦးပိုင်းမှာ အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းကျဆုံးလာပါတယ်။ ဒီကျဆုံးမှုဟာ ဂျပန်နိုင်ငံတွင်းမှာရှိတဲ့ စက်မှုလုပ် ငန်းတွေအပေါ်မှာလည်း ထိခိုက်မှုရှိခဲ့ပြီး သူလုပ်ကိုင်နေတဲ့ Mitsubishi Heavy စက်မှုဇုံက ရေနံတင်သင်္ဘောများစွာ နစ်မြူပ်ပျက်ဆီးခဲ့ရပါတယ်။

ဂျပန်နိုင်ငံစစ်ရံှုးရန် သေချာတဲ့အချိန်မှာ သူအပါအဝင်သူမိသားစု အားလုံးဟာ အိပ်ဆေးပြားတွေအလွန်အကျွံသောက်ပြီး မိသားစုလိုက် သတ်သေရန်တောင်ကြံစည်ခဲ့ကြတာပါ။ နူးကလီးယား ဗုံးဒဏ်ကို ပထမအကြိမ်ခံရတဲ့ Yamaguchi ရဲ့အဖြစ်အပျက်ကတော့ ၁၉၄၅ ခုနှစ်ရဲ့ နွေရာသီမှာဖြစ်ခဲ့ရတာပါ။ အဲဒီအချိန်က သူဟာ ယင်းနူးကလီးယားဗုံး ဖော်ခွဲခြင်းခံရမယ့် ဟီရိုရှီးမားမြို့ကို အလုပ်ကိစ္စနဲ့(၃)လကြာနေထိုင်ရန် ရောက်ရှိနေတာ ပါ။သြဂုတ်လ(၆)ရက်နေ့နံနက်နေ့မှာတော့ Yamaguchi ဟာ သူ့အဖော်နှစ်ယောက်နဲ့ အတူနာဂါစကီမြို့ကိုပြန်ရန် မီးရထားဘူတာကိုရောက်ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာသူရဲ့ Hanko(ခရီးသွားလာခြင်းကို အာဏာပိုင်ကခွင့်ပြုတဲ့တံဆိပ်ခေါင်း) ဟာ ကျန်ခဲ့တာမို့ပြန်ယူရန်သူတစ်ဦးတည်း ပြန်လာခဲ့ပါတယ်။

အနူမြူဗုံးမကြဲခံရခင်က ဟီရိုရှီးမားမြို့

အဲဒီတုန်းကသူကြုံတွေ့ခဲ့ရတဲ့ အနေအထားကို၂၀၀၅ ခုနှစ်ကအင်တာဗျူးတစ်ခုမှာ သူပြောပြခဲ့တာကတော့
“အဲနေ့ကအရမ်းသာယာတဲ့ နံနက်ခင်းလေးပါ။ကျွန်တော်နာရီကို ကြည့်လိုက်တော့ (၈နာရီ ၁၅ မိနစ်)မှာပါ။ ဟီရိုရှီးမားမြို့ရဲ့နံနက်ခင်းဟာ ပုံမှန်အတိုင်းလှုပ်ရှားသက်ဝင်နေတာပေါ့ဗျာ။ ကျွန်တော် အလုပ်လုပ်တဲ့ သဘောၤကျင်းကို သွားမယ့် လမ်းမှာရှိနေတုန်း တိုက်လေယာဉ်တစ်စင်းရဲ့ အသံကိုကြားခဲ့ရပါတယ်။ ကျွန်တော်လည်းအသံလာရာကိုမော့ကြည့်လိုက်တော့ B-29 အမျိုးအစား တိုက်လေယာဉ်ကနေ တစ်စုံတစ်ခုကိုပစ်ချလိုက်ပါတယ်။ ဒါဟာ လေထီးနှစ်ခုဖြစ်ပြီးကောင်ကင်တစ်ခုလုံး ပြိုးပြိုးပြက်ပြက်အရောင်တောက်ပနေတဲ့ အရာ တစ်ခုချိတ်ဆွဲထားတာ ကိုမြင်ရပါတယ်။ (ဒါဟာ အမေရိကန်လေယာဉ် Enola Gay မှ ကြဲချလိုက်တဲ့ Little Boy အမည်ရတဲ့ နူးကလီးယားဗုံးဖြစ်ပြီး ဟီကိုရှီးမားမြို့လယ်ကို ဝေဟင်အမြင့် ၃ကီလိုမီတာ ကနေကြဲချလိုက်တာပါ။)

ဗုံးပေါက်ကွဲတဲ့ ဒဏ်ကြောင့် ကျွန်တော်ရဲ့နားစည်ဟာကွဲသွားခဲ့ပြီး ခဏတော့မြင်ကွင်းတွေဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ဘယ်ဘက်ခြမ်းအထိဟာ လောင်ကျွမ်းသွားသယောင်ခံစားခဲ့ရပါတယ်။ ပထမတော့ကိုယ့်ကိုယ်ကို သေဆုံးသွားပြီလို့ထင်ခဲ့ပေမယ့် ပြင်းထန်တဲ့လေပြင်းတိုက်သံကြောင့် အသံလာရာကိုကြည့်လိုက်တဲ့အခါအလွန်ကြီးမားတဲ့ မှိုပွင့်သဏ္ဍန်ဓာက်ငွေ့လုံးကြီးဟာ မြေပြင်ကနေ ကောင်းကင်ထက်ကိုထိုးတက်သွားတာကိုတွေ့ရပါတယ်။ အဲဒီအရာဟာ Tornado(ဂျပန်နိုင်ငံမှာတိုတ်ခတ်လေ့ရှိတဲ့ လေဆင်နှာမောင်း)နဲ့ပုံသဏ္ဍာန်တူပါတယ်။ ကောင်းကင်ပေါ်ရောက်တဲ့အခါ ဒီဓာက်ငွေ့လုံးကြီးဟာပေါက်ကွဲသွားပြီး ကောင်းကင် ကနေ အရပ်မျက်နှာအားလုံးကို သုံးမြှောင့်ဖန်တုံးကြည်တုံးမှထွက်တဲ့အလင်းရောင် တွေကဲ့သို့ လွှမ်းခြုံသွားပါတယ်။

ကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာ အဲနေရာက နေအမြန်ဆုံးထွက်ပြေးခဲ့တာပါ။အဲနေရာမှာ ဆက်ရှိနေမယ်ဆိုရင်တော့ သေသွားပါလိမ့်မယ်။အဲနောက် ကျွန်တော်အဖော်နှစ်ယောက်ကို ပြန်လည်တွေ့ခဲ့ပြီး အဲညကိုတော့ဒီလေကြောင်းတိုက်ခိုက်မှုအောက်မှာပဲကုန်ဆုံးခဲ့ပါတယ်”။ ကံကောင်းထောက်မလို့ မသေခဲ့တဲ့ Yamaguchi ဟာ နောက်ရက်မှာ နာဂါစကီမြို့ကိုပြန်ရောက်တဲ့အချိန်မှာတော့ ဒဏ်ရာတွေကို ကုသခဲ့ရပါတယ်။ သြဂုတ်လ ( ၉ ) ရက်နေ့မှာ သူ့ဒဏ်ရာတွေ သက်သာလာတာနဲ့ အလုပ်ပြန်ဆင်းတယ် ။ Yamaguchi ဟာ သူ့အထက်လူကြီးကို သူ့ကိုယ်တွေ့ ဟီရိုရှီးမားအတွေ့အကြုံ တွေကိုတောင် ဖောက်သည်ချနေမိ ပါသေးတယ် ။ ဗုံးလေးတလုံးတည်းနဲ့ တစ်မြို့လုံး ပြာကျ သွားရတဲ့ အဖြစ်ဟာ သိပ်အံ့သြဖို့ကောင်းကြောင်း သူက ပြောမိသေးတယ်တဲ့ ။

သြဂုတ်လ (၁၁)ရက်နေ့၊ နံနက် (၁၁)နာရီအချိန်မှာတော့ အမေရိကန် Bockscar လေယာဉ်ဟာ Fat Manအမည်ရတဲ့ နောက်ထပ် နူးကလီးယားဗုံးကို Yamaguchi ရှိနေတဲ့ နာဂါစကီ မြို့အပေါ်ကို ထပ် ကြဲချခဲ့ပြန်ပါတယ်။ ပထမဗုံးကလို မြေပြင်အမြင့် ၃ကီလိုမီတာ အကွာကနေပဲ ကြဲချခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ယာမာဂူချ ီ ဟာ ခိုင်ခန့်လုံခြုံ တဲ့ ကုမ္ပဏီရုံးအဆောက်အဦးထဲ ရောက်နေလို့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး ။ သူဟာ ဗုံးပေါက်ကွဲမှုဒဏ်ကိုသိပ်မခံလိုက်ရပဲ နူးကလိယားဓာက်ငွေ့တွေကြောင့်သာ ရက်သတ္တပတ် တစ်ပတ်ကြာတဲ့အထိ ဖျားနာခဲ့ရပါတယ်။ ဒီအမေရိကန်တို့ကြဲချခဲ့တဲ့နူးကလီးယားဗုံးဒဏ်ကြောင့် ဟီကိုရှီးမား မြို့မှာလူ ၁၄၀၀၀၀ လောက်သေဆုံးခဲ့ရပြီး နာဂါစကီမြို့မှာ လူ ၇၀၀၀၀လောက် သေဆုံးခဲ့ရတာပါ။ ဒါအပြင် လူ ၂၆၀၀၀၀ လောက်ဟာလည်း နူးကလီးယားဓာက်ရောင် ခြည်သင့်ပြီး ကင်ဆာကဲ့သို့သောရောဂါတွေကို ခံစားခဲ့ရပါတယ်။

ဂျပန်တွေစစ်အရူံးပေးခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဂျပန်ကျွန်းဆွယ်ကိုဝင်ရောက်လာတဲ့ အခါမှာ သူဟာ စကားပြန်တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ သူရဲ့ လက်ဝဲဘက်နား ဟာ ဟီကိုရှီးမားဗုံးဒဏ်ကြောင့် မကြားခဲ့ရပေမဲ့ သူဒီအလုပ်ကိုအောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ ၁၉၅၀ခုနှစ် အရောက်မှာတော့ Yamaguchiဟာ Mitsubishiကုမ္ပဏီရဲ့ ရေနံတင်သဘောၤဒီဇိုင်းရေးဆွဲတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၅၇မှာ တော့Yamaguchiဟာဂျပန်အစိုးရကနူးကလီးယားဗုံးဒဏ်မှ လွတ်မြောတ်လာသူတွေကို ဂုဏ်ပြုတဲ့ချီးမြှင့်ဆု Hibakushaဆုကို လက်ခံရယူခဲ့ပါတယ်။ အစိုးရက Yamaguchi ရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတွေ အကြိမ်များစွာပြုလုပ်ခဲ့ပေမဲ့ သူဟာထူးထူးခြားခြားဘာရောဂါမှ ရှိမနေတာကို အံသြဖွယ်တွေ့ရပါတယ်။

Yamaguchi ဟာ ကမ္ဘာကုလသမဂ္ဂရဲ့ နူးကလီးယား လက်နက် တိုက်ဖျက်ရေး အစီစဉ်တွေမှာ လည်းပါဝင်ခဲ့ပြီး ကိုးရီးယားကျွန်းဆွယ်နူးကလီးယားလက်နက် ကင်းရှင်းရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ သူအသက်(၈၀)အရွယ်မှာတော့ သူကြုံတွေ့ခဲ့ရတဲ့ နူးကလီးယားဗုံးပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရေးသားထားတဲ့ (Ikasareteiru inochi) အမည်ရတဲ့ စာအုပ်ကိုရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့ထားတဲ့ နူးကလီးယားဗုံးဒဏ်မှလွတ် မြောတ်လာသူ (သို့) နှစ်ကြိမ်မြောတ်ရှင်သန်သူ အမည်ရတဲ့ အပိုင်း (၁၆၅)ပိုင်းပါရုပ် မြင်သံကြားဇာတ်လမ်းတွဲဟာ ဂျပန်အပါအဝင်နိုင်ငံပေါင်း (၁၀)နိုင်ငံမှာ ပြသနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၂ မှာတော့ နာမည်ကျော်တိုက်တန်းနစ် ဇာက်ကား၊ Avatar စတဲ့ ကမ္ဘာကျော်ဇာက်ကားများစွာကိုရိုက်ကူးခဲ့တဲ့ ဟောလီးဝုဒ် ထိပ်သီးဒါရိုက်တာ Jame Cameron နဲ့ နာမည်ကျော်စာရေးဆရာ Charles Pellegrino တို့ဟာ Yamaguchiတက်ရောက်ကုသနေတဲ့ နာဂါစကီမြို့ကဆေးရုံအထိ လာရောက်ကာ နူးကလီးယားနဲ့ ပတ်သတ်တဲ့ရုပ်ရှင်တစ်ခုဖန်တီးရန်ရည်ရွယ်ချက်နဲ့လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

Yamaguchi ဟာ များစွာသော ငြိမ်းချမ်းရေးအစီစဉ်တွေမှာပါဝင်ခဲ့သူ ဖြစ်ပြီး နူးကလီးယားလက်နက်ကို ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားအောင်ဆော်သြခဲ့သူပါ။ သူဆောင်ရွက်ခဲ့တဲ့အရာတိုင်း တန်ဖိုးရှိတာမို့ ဂျပန်အစိုးအရက အသိအမှတ်ပြု ဆုများစွာချီးမြှင့်ခြင်းခံရပြီး ဂျပန်နိုင်ငံသားတွေရဲ့ လေးစားချစ်ခင်ခြင်းကို ခံခဲ့ရသူပါ။ ၂၀၁၀ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့မှာတော့ Yamaguchi ဟာ သူ နှစ်ပေါင်း(၅၀)လောက် အထိ စွဲစွဲမြဲမြဲသောက်သုံးခဲ့တဲ့ အရက်နဲ့ဆေးလိပ်ဒဏ်တွေကြောင့် အစာအိမ်ကင်ဆာ ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် (၉၃) နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။

သုတဇုန်

Tags: amazingkaung htetworld people
Next Post
ဘယ်လောက် ဝဝ ဘယ်လောက်နှစ်တွေကြာကြာ ဇနီးကို ချစ်လို့မဝတဲ့ ကမ္ဘာကျော်မင်းသားကြီး

ဘယ်လောက် ဝဝ ဘယ်လောက်နှစ်တွေကြာကြာ ဇနီးကို ချစ်လို့မဝတဲ့ ကမ္ဘာကျော်မင်းသားကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!