Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဝလွန် ထိုင်းရဲများအား ဗိုက်လျှော့ချရေး သင်တန်းပေးခဲ့

by Thutamm
August 17, 2019
Reading Time: 1min read
0
အဝလွန် ထိုင်းရဲများအား ဗိုက်လျှော့ချရေး သင်တန်းပေးခဲ့
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ တဝန်းလုံးက အဝလွန်နေတဲ့ ရဲအရာရှိတွေအတွက် ဗိုက်ဖျက်စီးရေး “Belly Destruction” လို့အမည်ပေးထားတဲ့ ဝိတ်လျှော့ချရေး အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ၂ပတ် ကြာမြင့်ပြီး ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ ရဲစခန်းတွေက အဝလွန်နေတဲ့ အရာရှိတွေကို Pak Chong မှာ ရှိတဲ့ ဗဟိုရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို စေလွှတ်ကာ လေ့ကျင့်စေခဲ့ကြတာပါ။

အဓိကအားဖြင့်တော့ သင့်တော်တဲ့ ခန္ဓာကိုယ်အရွယ်အစား ရရှိစေဖို့ ဖြစ်ပါတယ်။ ရဲစခန်းအသီးသီးဟာ သူတို့ဆီက အဝဆုံး လူ ၂ယောက် (သို့) ၃ယောက်ကို ဒီသင်တန်းကျောင်း ထံစေလွှတ်ခဲ့ကြပါတယ်။ ဒီ program မှာ လေ့ကျင့်ခန်းလုပ်တာ ၊ စက်ဘီးစီးတာ အပြင် သင့်တော်တဲ့ အဟာရဓာတ်ကို ထိန်းညှိပေးတဲ့ အစီအစဉ်များပါဝင်ခဲ့ပါတယ်။

“ရဲဆိုတာက အမြဲလိုလိုလှုပ်ရှားနေရတာ ၊ အဝလွန်နေတဲ့ရဲတစ်ယောက်ဟာ ပြသနာတွေအများကြီးရှိလာပြီ။ သူ့အလုပ်ကို နှေးနှေးပဲလုပ်နိုင်မယ် ၊ သွားတာလာတာလည်း နှေးကွေးလာတယ် ၊ လူဆိုးကိုဖမ်းမယ်ဆိုရင်တောင် နှေးနေတော့ ဘယ်လိုမှဖမ်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ရဲတစ်ယောက်ဟာ အဝလွန်နေတာ အဆင်မပြေပါဘူး” လို့ ဒီအစီအစဉ်မှာ အဟာရတာဝန်ယူထားတဲ့ အကြီးတန်းရဲတပ်ကြပ် ချန်တာရက်က ဆိုပါတယ်။

အခုစတင်တဲ့ အစီအစဉ်မှာ အဝလွန်နေတဲ့ ထိုင်းရဲပေါင်း ၂၀၀ ခန့်ပါဝင်ခဲ့ပြီး အစီအစဉ်ဟာ အတော်လေးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသင်တန်းကျောင်းကို ရောက်ရှိလာတဲ့ ရဲအရာရှိတွေဟာ ပေါင် ၄၄၀ အထက်မှာရှိသူတွေပါ ပါဝင်နေပြီး ပုံမှန်အရွယ်အစားဖြစ်ဖို့ အနည်းဆုံး ပေါင် ၁၃၀ ခန့်လျှော့ချဖို့လိုအပ်ပါတယ်။ ဒီပြင်းထန်တဲ့ လေ့ကျင့်ခန်းအစီအစဉ် ၂ပတ်အတွင်းမှာပဲ အနည်းဆုံး ပေါင် ၄၀ ခန့်ကျဆင်းသွားကြတယ် လို့ ဆိုပါတယ်။

လေ့ကျင့်ရေးသင်တန်းကျောင်းကို ရောက်ရှိလာတဲ့ အဝလွန်ရဲအားလုံးနီးပါးဟာ သူတို့ရဲ့ဌာနအသီးသီးမှာ အခြားတာဝန်များကို မလုပ်ဆောင်နိုင်တော့ပဲ စာရွက်စာတမ်းကိစ္စတွေကိုသာ လုပ်ဆောင်နိုင်ပါတော့တယ်။ ဒါကြောင့်လည်း ဒီအစီအစဉ်ကို တာဝန်ရှိသူတွေက အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်ပါတယ်။

“သူတို့ရဲ့ အဓိက ပြသနာက အလွန်အမင်းစားတာ နဲ့ လေ့ကျင့်ခန်းမလုပ်တာပါ။ ဒီလိုနေလာတာကြာလာတော့ တဖြည်းဖြည်း အခုလိုအဝလွန်တဲ့ အခြေအနေအထိ ရောက်လာခဲ့တာပါ။” လို့ ချန်တာရက် က ဆက်ပြောပြပါတယ်။ လေ့ကျင့်ခန်း မလုပ်မီ နဲ့ လုပ်ပြီး တိုးတက်လာမှုကို သိရှိစေဖို့အတွက် ဒီကိုရောက်လာတဲ့ အရာရှိတွေဟာ မှတ်တမ်းကတ်ပြားတွေကို အသီးသီးကိုင်ဆောင်ထားရပါတယ်။

ဒီလို အဝလွန်ရဲတွေကို ဝိတ်လျှော့နေတဲ့ လေ့ကျင့်ခန်းအစီအစဉ် ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံနှံ့ခဲ့ပြီးနောက် အွန်လိုင်းသုံးစွဲသူ အများစုက ဒီအစီအစဉ်ကို ထောက်ခံအားပေးခဲ့ကြပါတယ်။ တစ်ယောက်ကတော့ ” ဝိတ်လျှော့လိုက်တာ အရမ်းကောင်းပါတယ်။ ကျွန်တော်တော့ ဘီယာသောက်ပြီးကင်းလှည့်နေတဲ့ ရဲတွေကို အမြဲမြင်ဖူးပါတယ်။ ဒီလိုပုံမျိုးနဲ့ ဘယ်လိုလုပ် ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းမလဲဗျာ” လို့ ဆိုသွားခဲ့ပါတယ်။

Tags: world news

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!