(Unicode)
ပြီးခဲ့တဲ့ သြဂုတ်လ လလယ်ပိုင်းလောက်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Khon Kaen တက္ကသိုလ်မှာ ဗီဒီယိုဂိမ်းတွေ အွန်လိုင်းဂိမ်းတွေ ပါဝင်တဲ့ 2019 KKU Nong Khai Fair ဂိမ်းပြိုင်ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ ဒီအထဲက ဂိမ်းပြိုင်ပွဲတစ်ခုမှာတော့ အနိုင်ရရှိသူတွေဟာ သင်္ကန်းဝတ်ကိုရင် ၃ပါး ဖြစ်နေတာပါ။ ဒီကိုရင်သုံးပါးကတော့ Balee Sathit Suksa စာသင်တိုက်မှာ စာသင်ကြားနေတဲ့ အကြီးတန်းစာသင်သား ကိုရင် ၃ပါးဖြစ်ပါတယ်။
ကိုရင် ၃ ပါး အနိုင်ရရှိခဲ့တဲ့ ဂိမ်းကတော့ speed-drifter လို့ခေါ်တဲ့ ဂိမ်းအမျိုးအစားပါ။ ကားမောင်းပြိုင်ရတဲ့ အွန်လိုင်းဂိမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးဂိမ်းကုမ္ပဏီ Tencent က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကိုရင်တွေ ဒီလိုဆုရသွားတဲ့အတွက် အတော်လေး နာမည်ကြီးသွားသလို မသင့်တော်ဘူး ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ခဲ့ပါတယ်။
ကိုရင်တွေကို ခွင့်ပြုပေးလိုက်တဲ့ ကျောင်းတိုက်က စာချကိုယ်တော်ဖြစ်သူ Kokkiad ကတော့ ” အစကတော့ သူတို့ကို ပါဝင်ခွင့်မပြုဖို့ တားချင်ပေမယ့် ကိုရင်တွေဟာ အရမ်းဆန္ဒပြင်းပြနေတော့ ဝင်ပြိုင်ခိုင်းမိလိုက်ပါတယ်။ သူတို့ ဒီလို အနိုင်ရရှိလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့မိပါဘူး။ အခုလို အနိုင်ရသွားတဲ့အတွက် အရမ်းအံသြရပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။
“သူတို့တွေဟာ ကလေးအရွယ်ပဲရှိပါသေးတယ်။ ပြီးတော့ မပြည့်စုံတဲ့မိဘ အသီးသီးကနေ လာခဲ့ကြတာပါ။ အမြဲတမ်းဘုန်းကြီးစာတွေကိုချည်း သင်နေရတဲ့အတွက် တခါတရံစိတ်ပြေလက်ပျောက်အနေနဲ့ အခွင့်အရေးပေးခဲ့တာပါ။ သူတို့မှာလည်း ကလေးပီပီ သူတို့လုပ်ချင်တာတွေရှိမှာပါ” လို့ စာချကိုယ်တော် Kokkiad က ထပ်ရှင်းပြခဲ့ပါတယ်။
စာသင်တိုက်က ကိုယ်ရင်တွေဟာ တစ်ပတ်မှာ နာရီ ၂၀ ထက်မနည်း ဘာသာရေးစာပေတွေကို လေ့လာသင်ကြားရသလို အချိန်အများစုကိုလည်း ကျောင်းရဲ့ဝေယျာဝစ္စတွေဆောင်ရွက်ရပါတယ်။ သူတို့ရဲ့ အားလပ်ချိန်မှာတော့ ဖုန်းတွေကို အသုံးပြုနေလေ့ရှိပြီး အဲဒီကနေ ဂိမ်းတွေကိုဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဂိမ်းပြိုင်ပွဲမှာ အခြားကိုရင်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ကိုရင်တွေ ဆုရသွားခဲ့မှုကြောင့်သာ မီဒီယာမှာ နာမည်ကြီးခဲ့ခြင်းဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အွန်လိုင်းဂိမ်းတွေဟာ အရှေ့တောင်အာရှ လူငယ်တွေကြားမှာ ပိုမိုရေပန်းစားလျှက်ရှိနေပြီး လူငယ်တွေဟာ သူတို့ရဲ့အချိန်အများစုကို မိုဘိုင်းဂိမ်းတွေပေါ်မှာပဲ ကုန်ဆုံးနေကြပါတယ်။ ဂိမ်းကုမ္ပဏီကြီးတွေဟာလည်း အရှေ့တောင်အာရှဒေသကို ပစ်မှတ်ထားလာနေပြီး ထိုင်း နဲ့ ဖိလစ်ပိုင်တို့မှာ ဂိမ်းပြိုင်ပွဲကြီးတွေ ကျင်းပခဲ့ပါတယ်။ စာရင်းအရ ထိုင်းနိုင်ငံမှာ ဂိမ်းကစားသူအရေအတွက်ဟာ သန်း ၂၀ခန့်ရှိနေပြီး ကမ္ဘာပေါ်က ဂိမ်းဆော့သူအများဆုံးနိုင်ငံမှာ နံပါတ် ၂၀ ချိတ်နေပါတယ်။
(Zawgyi)
အြန္လုိင္းဂိမ္းၿပဳိင္ပြဲမွာ အႏုိင္ရရွိခဲ့တဲ့ ထုိင္း ကုိရင္ ၃ ပါး
ၿပီးခဲ့တဲ့ ၾသဂုတ္လ လလယ္ပုိင္းေလာက္က ထုိင္းႏုိင္ငံအေရွ႕ေျမာက္ပုိင္းမွာရွိတဲ့ Khon Kaen တကၠသုိလ္မွာ ဗီဒီယုိဂိမ္းေတြ အြန္လုိင္းဂိမ္းေတြ ပါ၀င္တဲ့ 2019 KKU Nong Khai Fair ဂိမ္းၿပဳိင္ပြဲႀကီးကို က်င္းပခဲ့ပါတယ္။ ဒီအထဲက ဂိမ္းၿပဳိင္ပြဲတစ္ခုမွာေတာ့ အႏုိင္ရရွိသူေတြဟာ သကၤန္း၀တ္ကုိရင္ ၃ပါး ျဖစ္ေနတာပါ။ ဒီကိုရင္သုံးပါးကေတာ့ Balee Sathit Suksa စာသင္တုိက္မွာ စာသင္ၾကားေနတဲ့ အႀကီးတန္းစာသင္သား ကုိရင္ ၃ပါးျဖစ္ပါတယ္။
ကိုရင္ ၃ ပါး အႏုိင္ရရွိခဲ့တဲ့ ဂိမ္းကေတာ့ speed-drifter လုိ႔ေခၚတဲ့ ဂိမ္းအမ်ဳိးအစားပါ။ ကားေမာင္းၿပဳိင္ရတဲ့ အြန္လုိင္းဂိမ္းတစ္ခုျဖစ္ၿပီး နာမည္ႀကီးဂိမ္းကုမၸဏီ Tencent က ထုတ္လုပ္ထားတဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ ကိုရင္ေတြ ဒီလုိဆုရသြားတဲ့အတြက္ အေတာ္ေလး နာမည္ႀကီးသြားသလုိ မသင့္ေတာ္ဘူး ဆုိတဲ့ ေ၀ဖန္သံေတြလည္း ထြက္ခဲ့ပါတယ္။
ကုိရင္ေတြကို ခြင့္ျပဳေပးလုိက္တဲ့ ေက်ာင္းတုိက္က စာခ်ကုိယ္ေတာ္ျဖစ္သူ Kokkiad ကေတာ့ ” အစကေတာ့ သူတုိ႔ကို ပါ၀င္ခြင့္မျပဳဖုိ႔ တားခ်င္ေပမယ့္ ကုိရင္ေတြဟာ အရမ္းဆႏၵျပင္းျပေနေတာ့ ၀င္ၿပဳိင္ခုိင္းမိလုိက္ပါတယ္။ သူတုိ႔ ဒီလုိ အႏုိင္ရရွိလိမ့္မယ္လုိ႔လည္း မေမွ်ာ္လင့္ခဲ့မိပါဘူး။ အခုလို အႏုိင္ရသြားတဲ့အတြက္ အရမ္းအံၾသရပါတယ္” လုိ႔ မိန္႔ၾကားခဲ့ပါတယ္။
“သူတုိ႔ေတြဟာ ကေလးအရြယ္ပဲရွိပါေသးတယ္။ ၿပီးေတာ့ မျပည့္စုံတဲ့မိဘ အသီးသီးကေန လာခဲ့ၾကတာပါ။ အၿမဲတမ္းဘုန္းႀကီးစာေတြကိုခ်ည္း သင္ေနရတဲ့အတြက္ တခါတရံစိတ္ေျပလက္ေပ်ာက္အေနနဲ႔ အခြင့္အေရးေပးခဲ့တာပါ။ သူတုိ႔မွာလည္း ကေလးပီပီ သူတုိ႔လုပ္ခ်င္တာေတြရွိမွာပါ” လုိ႔ စာခ်ကုိယ္ေတာ္ Kokkiad က ထပ္ရွင္းျပခဲ့ပါတယ္။
စာသင္တုိက္က ကုိယ္ရင္ေတြဟာ တစ္ပတ္မွာ နာရီ ၂၀ ထက္မနည္း ဘာသာေရးစာေပေတြကို ေလ့လာသင္ၾကားရသလုိ အခ်ိန္အမ်ားစုကုိလည္း ေက်ာင္းရဲ႕ေ၀ယ်ာ၀စၥေတြေဆာင္ရြက္ရပါတယ္။ သူတုိ႔ရဲ႕ အားလပ္ခ်ိန္မွာေတာ့ ဖုန္းေတြကို အသုံးျပဳေနေလ့ရွိၿပီး အဲဒီကေန ဂိမ္းေတြကိုေဆာ့ကစားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီဂိမ္းၿပဳိင္ပြဲမွာ အျခားကိုရင္ေတြလည္း ၀င္ေရာက္ယွဥ္ၿပဳိင္ခဲ့ၾကေပမယ့္ ကိုရင္ေတြ ဆုရသြားခဲ့မႈေၾကာင့္သာ မီဒီယာမွာ နာမည္ႀကီးခဲ့ျခင္းျဖစ္ပါတယ္။
ယေန႔ေခတ္မွာ အြန္လုိင္းဂိမ္းေတြဟာ အေရွ႕ေတာင္အာရွ လူငယ္ေတြၾကားမွာ ပိုမုိေရပန္းစားလွ်က္ရွိေနၿပီး လူငယ္ေတြဟာ သူတုိ႔ရဲ႕အခ်ိန္အမ်ားစုကို မုိဘုိင္းဂိမ္းေတြေပၚမွာပဲ ကုန္ဆုံးေနၾကပါတယ္။ ဂိမ္းကုမၸဏီႀကီးေတြဟာလည္း အေရွ႕ေတာင္အာရွေဒသကို ပစ္မွတ္ထားလာေနၿပီး ထုိင္း နဲ႔ ဖိလစ္ပိုင္တုိ႔မွာ ဂိမ္းၿပဳိင္ပြဲႀကီးေတြ က်င္းပခဲ့ပါတယ္။ စာရင္္းအရ ထုိင္းႏုိင္ငံမွာ ဂိမ္းကစားသူအေရအတြက္ဟာ သန္း ၂၀ခန္႔ရွိေနၿပီး ကမာၻေပၚက ဂိမ္းေဆာ့သူအမ်ားဆုံးႏုိင္ငံမွာ နံပါတ္ ၂၀ ခ်ိတ္ေနပါတယ္။
Discussion about this post