• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဖြေရှာမရနိုင်တဲ့ အသံများထွက်ပေါ်ရာနေရာ (သို့) Taos

by Thutamm
August 15, 2019
Reading Time: 1min read
0
အဖြေရှာမရနိုင်တဲ့ အသံများထွက်ပေါ်ရာနေရာ (သို့) Taos
Share on FacebookShare on Twitter

ကမ္ဘာတစ်ဝှမ်းမှာ ယနေ့တိုင်ကြုံတွေ့နေရဆဲဖြစ်တဲ့ ထူးဆန်းဖွယ်ရာအရပ်ဒေသ တွေအနက် New Mexico မှာ တည်ရှိတဲ့ Taos မြို့ငယ်လေးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီမြို့ငယ်လေးအတွင်းမှာ ထူးဆန်းတဲ့အသံများစွာထွက်ပေါ်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ (Low-frequency acoustic) လို့သိကြတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ တုန်ခါသံကဲ့သို့သောအသံတွေဟာ Taosမြို့ငယ်လေးရဲ့ မည်သည့်အရပ် ကလာရောက်တယ်ဆိုတာ တိတိကျကျမရှိပဲ မြို့သူ/သားတွေကို ခြောက်လှန့်လေ့ရှိ ပါတယ်။

Taosမြို့သူ/သားအများစုက အဲဒီထူးဆန်းတဲ့အသံတွေကို ကြားရလေ့ရှိတယ် ဆိုတဲ့အကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုမှုတွေ ရှိပေမဲ့ အချို့ကတော့ ကြားရလေ့ မရှိကြောင်း ငြင်းဆန်မှုတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီထူးဆန်းစွာဖြစ်ပေါ်နေတဲ့ အသံတွေကို ကြားရလေ့ရှိသူဟာ Taosမြို့လေးရဲ့လူအများစုဖြစ်နေတာကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်နိုင်ငံက ပညာရှင်တွေကိုယ်တိုင်လာရောက် အဖြေထုတ်ရတဲ့အထိ ဖြစ်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိတော့ ယင်းအသံတွေအတွက် တိကျတဲ့အဖြေကို ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိသေးပဲ ဆက်လက်လေ့လာနေရဆဲဖြစ်ပါတယ်။

Taos မြို့ခံတွေရဲ့ အဆိုအရတော့ ယင်းထူးဆန်းတဲ့ အသံတွေကို ကြားရသူတိုင်းဟာ နားအူ၊နားဆူဖြစ်ခြင်း၊ ရုတ်တရက် နှာခေါင်းသွေးလျှံခြင်း၊ နေရာဒေသခွဲခြားနိုင်ခြင်းမရှိအောင် မူးဝေထုံထိုင်းသွားခြင်း၊ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေကုန်ခမ်းသွားခြင်း၊ နားအတွင်း Pressure တဖြည်းဖြည်း များလာခြင်း၊ အိပ်ပျော်နေစဉ်ပင်ယင်းအသံလှိုင်းကျရောက်လာပါက ရုတ်တရတ် လန့်နိုးခြင်း၊ အိပ်မပျော်ဖြစ်ခြင်း၊ မူးဝေခြင်း၊လွန်ကဲစွာ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ခြင်းစတဲ့ လက္ခဏာတွေကို ကြုံတွေ့ရတတ်တယ်လို့ သိရပါတယ်။

အဆိုပါရောဂါလက္ခဏာတွေဟာ စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်တတ်တဲ့ ရောဂါတွေ ဖြစ်ပြီး ယင်းရောဂါအခံရှိသူတွေတိုင်း ကြုံတွေ့ရမှာ ဖြစ်ကြောင်း ထောက်ပြမှုတွေရှိ နေပါတယ်။ ဒါပေမဲ့ ကြုံတွေ့ရသူတွေရဲ့ ဆေးမှတ်တမ်းတွေထဲမှာ အထက်ဖော်ပြပါ ရောဂါဝေဒနာ မရှိတဲ့သူတွေပါဝင်နေပြီး သူတို့ကိုယ်တိုင် ထူးဆန်းတဲ့ ဝေဒနာတွေကို ယင်းအသံတွေကြားရပြီးတဲ့နောက်မှသာ ခံစားရတဲ့အကြောင်း ဝန်ခံမှုတွေရှိနေခဲ့ တာကြောင့် ပညာရှင်တွေအတွက် မျက်စိလည်စရာဖြစ်လာခဲ့ရပါတယ်။

Taos မြို့ငယ်လေးဟာ ဘယ်အရပ်ကနေလာရောက်မှန်းမသိတဲ့ ထူးဆန်းတဲ့ မြည်သံတွေကြောင့် လူစိတ်ဝင်စားမှု များလာခဲ့တာဖြစ်ပါတယ်။ ယင်းအသံတွေကို ဒေသခံတွေသာမက အနယ်နယ်အရပ်ရပ်က လာရောက်သူတွေပါကြားရတာဖြစ်ပြီး မည်သည်အတွက်ကြောင့် ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းကိုတော့ ဖော်ထုတ် နိုင်ခြင်းမရှိသေးပါဘူး။ အချို့ကလည်း Taos မြို့အတွင်းမှာသာကြားရလေ့ရှိတဲ့ အသံတွေထဲမှာ ရံဖန်ရံခါ အလွန်ကျယ်လောင်ပြီး အသံအနိမ့်အမြင့်နဲ့ စူးစူးရှရှထွက် ပေါ်တဲ့အသံတွေကို ပါဝင်ကြောင်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ အမှန်တကယ်လည်း ဒီအသံတွေဟာ ကွဲပြားအောင် ခွဲခြားနိုင်ခြင်းမရှိတာဖြစ်ပြီး အချိန်အလိုက် ပြောင်းလဲ မှုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အချို့ကလည်း Taos Hum (Hum ဆိုတာ တဝီဝီမြည်တဲ့အသံပါ) အသံတွေဟာ ဥက္ကာပျံတွေရဲ့အသံ၊ အမေရိကန်အစိုးရရဲ့ လျှိုဝှက်စစ်ဘက်ဆိုင် ရာကိစ္စရပ်တွေ၊ လေထဲမှာပျောက်ကွယ်နေတဲ့ အင်းဆက်ပိုးတွေကြောင့် စသည်ဖြင့် ပြောဆိုမှုတွေရှိနေပေမဲ့ တိတိကျကျတော့ မဟုတ်ခဲ့ပါဘူး။ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Dr Tom Mori ကတော့ Taos Hum ကနေထွက်ပေါ်လာတဲ့အသံတွေကို စုစည်းပြီး လေ့လာမှုတွေပြုလုပ်ခဲ့ပေမဲ့ ဘယ်အရပ်ကနေ ဘယ်လိုဖြစ်ပေါ်လာတဲ့ အသံတွေ ဖြစ်ကြောင်းကိုတော့ ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။

ပညာရှင်အချို့ကလည်း ယခုထွက်ပေါ်နေတဲ့ အသံတွေဟာ မမြင်ရတဲ့ ဒြပ်ပေါင်းအစုအဝေးကနေဖြစ်ပေါ်လာတာ ဖြစ်တာကြောင့် ပုံမှန်မရှိပဲ အလျဉ်းသင့်သလို ဖြစ်ပေါ်နေကြောင်းထောက်ပြမှုတွေ တော့ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုအသံတွေထွက်ပေါ်နေပါစေ Taos Hum ကအသံတွေ ကိုနားထောင်ရသူတိုင်းကတော့ တူညီတဲ့ဝေဒနာကို ခံစားရတာတော့ အမှန်ဖြစ်ပါတယ်။

(၁၉၉၃)ခုနှစ်မှာတော့ Taos Hum က တာဝန်ရှိသူတွေဟာ ယင်းဖြစ်ရပ်ကို အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်အထိတင်ပြပြီး အဖြေရှာခဲ့ကြပါတယ်။ သူတို့ အထင်ကတော့ Taos Hum က ထူးဆန်းတဲ့အသံတွေဟာ အမေရိကန်စစ်ဘက်နဲ့ ဆက်စပ်နေမယ်လို့ ယူဆထားခဲ့လို့ ဖြစ်ပါတယ်။ Taos Hum ကအသနားခံစာကို လက်ခံရရှိပြီးတဲ့နောက်မှာတော့ အမေရိကန်အစိုးရက ဒါဇင်နဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ ကို Taos Humကိုစေလွှတ်ပြီး လေ့လာစုံစမ်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

လာရောက်လေ့ လာဆန်းစစ်မှု ပြုလုပ်ခဲ့သူတွေထဲမှာ Los Alamos National Laboratory (နူးကလီးယား ဗုံးစတင်ထုတ်လုပ်တဲ့နေရာ) နဲ့ Phillips Air Force Laboratory က ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ ဒါအပြင်နောက်ပိုင်းမှာ New Mexico နဲ့ Sandia National Laboratory တွေက နာမည်ကျော်သိပ္ပံပညာရှင်တွေဖြစ်တဲ့ Mr Joe Mullins နဲ့ Mr Horace Poteet တို့ကိုယ် တိုင်ပူးပေါင်းပါဝင်ပြီး Taos Humနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။

ဖော်ပြချက်မှာတော့ Taos မြို့ကအသံတွေရဲ့ အများစုဟာ ရုတ်တရက်ပေါ်ထွက်လာတာဖြစ်ပြီး ကြားရသူတွေအဖို့ သွေးခုန်နှုန်း အတက်/အကျ ဖြစ်လောက်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။ အကြိမ်များစွာ လေ့လာမှုတွေကနေ တွေ့ရှိလာရတာကတော့ ဒီဆူညံသံတွေဟာ တစ်နေရာတည်းကနေလာရောက်တာ မဟုတ်ပဲ မတူညီတဲ့ အရပ်မျက်နှာတွေကနေ လာရောက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ သဘာဝအရဖြစ်တည်နေတဲ့အရာတွေ(သို့)မြေငလျင်လှုပ်ခတ်သံ၊ တောလဲသံတွေ ကြောင့်လည် းမဟုတ်ကြောင်း အတည်ပြုပေးခဲ့ ကြပါတယ်။

ဒါအပြင် Taos Hum ကဲ့သို့သော ဖြစ်စဉ်အချို့ဟာ မြောက်အမေရိက၊ ဥရောပတိုက်က ကနေရာအချို့မှာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနေရာက ထွက်ပေါ်လာတဲ့ အသံတွေ ကိုနားထောင်ရသူတွေရဲ့ ရောက်ရှိနေတဲ့နေရာအနေအထားကိုမူတည်ပြီး ကြားရတဲ့ အသံတွေဟာ မတူညီဘူးဆိုတဲ့ အချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ တဝီဝီမြည်တဲ့အသံတွေဟာ ကမ္ဘာမြေလွှာအောက်မှာရှိတဲ့ သံလိုက် အားလမ်းကြောင်းတွေကြောင့် ဖြစ်စေ၊ ကမ္ဘာအလယ်ဗဟိုမှာရှိတဲ့ ချော်ရည်တွေကနေ ထုတ်လွှတ်လေ့ရှိတဲ့ ကြိမ်နှုန်းလှိုင်းတွေကြောင့်ဖြစ်စေ၊ စက်ဘက်ဆိုင်ရာ နည်းပညာရပ် သုံး (Extremely Low Frequency)တွေနဲ့ ဆက်စပ်ပြီးတော့ဖြစ်စေ၊ အခြားနည်းပညာ မြင့်စစ်လက်နက်တစ်ခုကို စမ်းသပ်ရာမှ မအောင်မမြင်ဖြစ်ခဲ့ပြီး ယင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုအနေနဲ့ ဖြစ်စေ ၊ ပေါ်ပေါက်ကောင်း/ပေါ်ပေါက်လာခဲ့တာလို့ အဖြေထုတ် ပေးခဲ့ပါတယ်။ ဖော်ပြပါ အချက်တွေကလည်း တိကျတဲ့မှတ်တမ်းမှတ်ရာတွေ အချက်အလက်တွေ မဟုတ်ခဲ့တာကြောင့် Taos Humအပေါ် ကမ္ဘာအရပ်ရပ်က စိတ်ဝင် စားမှုတွေဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ယခုနောက်ပိုင်းလေ့လာသူတွေရဲ့ အဆိုအရတော့ Taos Humမှာဖြစ်ပေါ်နေတဲ့ အချို့သော ဖြစ်စဉ်တွေဟာ ကမ္ဘာပေါ်မှာ အမှန်တကယ်မရှိတဲ့ အသံတွေဖြစ်ပြီး နားအူနားဆူ ဖြစ်စေ နိုင်တဲ့ ဒြပ်ဝတ္ထုဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မည်သို့သော ခန့်မှန်းချက်တွေပေါ်ပေါက်နေပါစေ Taos Humရဲ့ မူရင်းဖြစ် ရပ်အမှန်ကတော့ ဆက်လက်ရှာဖွေနေရတဲ့ အနေအထားမှာပဲရှိနေပြီး လေ့လာဆန်းစစ်ဆဲ နေရာတစ်ခုအဖြစ်ပဲ သတ်မှတ်ထားရမဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။

ယခင်ကာလက လျှပ်စီးလက်ခြင်း အကြောင်းကိုတောင် သိပ္ပံပညာရှင်တွေကာလများစွာ အဖြေထုတ်ခဲ့ရတာ ဖြစ်လို့ နောက်ဆုံးမှာတော့ Taos Humရဲ့ ထူးခြားဖြစ်စဉ်တွေကို သိပ္ပံနည်းပညာက ဖြေရှင်းသွား နိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိတော့ Taos Hum ဟာ စိတ်နယ်လွန် ကမ္ဘာထဲက ဂမီ ္ဘရဆန်ဆန် နေရာတစ်ခုအဖြစ်တည်ရှိနေဆဲပဲလို့ ဆိုရပါမယ်။

သုတဇုန်

Tags: world places
Next Post
ဈေးချိုတော် နှင့် မန္တလေးဈေးတွေရဲ့ သမိုင်းကြောင်း

ဈေးချိုတော် နှင့် မန္တလေးဈေးတွေရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!