အဖြေရှာမရတဲ့ နေမင်းကြီးရဲ့တံခါးပေါက် (သို့) The Gate of the Sun - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဖြေရှာမရတဲ့ နေမင်းကြီးရဲ့တံခါးပေါက် (သို့) The Gate of the Sun

by Thutamm
August 19, 2019
1 min read
0
အဖြေရှာမရတဲ့ နေမင်းကြီးရဲ့တံခါးပေါက် (သို့) The Gate of the Sun
Share on FacebookShare on Twitter

The Gate of the Sun ဆိုတာ ဧရာမကျောက်တုံးကြီးကို ထွင်းထုတည်ဆောက်ထားတဲ့ ဂိတ်တံခါးပေါက်ပုံစံ အရာတစ်ခုဖြစ်ပါတယ်။

ဘိုလီးဗီးယားနိုင်ငံ က ကမ္ဘာကျော် Titicaca ရေကန်ကြီးအနီးမှာတည်ရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ဝန်းကျင်ခန့်က ရှေးဟောင်း Tiwanaku လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

Tiwanaku တွေဟာ ဘိုလီးဗီးယားနဲ့ ပီရူးနိုင်ငံနေရာတချို့ကိုပိုင်ဆိုင်ခဲ့ပြီး သူတို့ရဲ့ယဉ်ကျေးမှုအမှတ်အသားအချို့ကို အဲဒီနေရာတွေမှာ တွေ့ရှိနိုင်ပါတယ်။

ဒီ The Gate of the Sun လို့ခေါ်တဲ့ တံခါးပေါက်ဟာ ဥရောပရှာဖွေသူတွေကို စတင်ရှာဖွေတွေ့ရှိချိန် ၁၉ရာစုလောက်ကတည်းက စလို့ မဖြေရှင်းနိုင်တဲ့ ပဟေဠိအဖြစ် ရပ်တည်နေပါတယ်။

တံခါးပေါက်ပေါ်မှာတော့ ရှေးဟောင်းအရုပ်ပေါင်းများစွာကို ထွင်းထုရေးခြယ်ထားပြီး အရုပ်တစ်ရုပ်ကတော့ ထင်ထင်ရှားရှားရှိနေပါတယ်။ သမိုင်းပညာရှင်အချို့ကတော့ ဒါဟာ အင်ကာတို့ရဲ့ဘုရား Viracocha ကို စိတ်ကူးပုံဖော်ထားတဲ့အရာဖြစ်တယ်လို့ ဆိုကြပါတယ်။

အင်ကာတို့ရဲ့ဘုရား Viracocha ဟာ အရာအားလုံးကိုဖန်ဆင်းသူလို့ အင်ကာတွေကယုံကြည်ကိုးကွယ်ကြပါတယ်။ တချို့သမိုင်းပညာရှင်တွေကတော့ ဒါဟာ Viracocha ဘုရားမဟုတ်ပဲ နေနတ်ဘုရားသာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ အရုပ်ရဲ့မျက်နှာပတ်ပတ်လည်မှာ အလင်းတန်းပေါင်း ၂၄ခုကို ခြယ်ထားလို့ဖြစ်ပါတယ်။

ဘေးဘက်တစ်ဖက်တစ်ချက်စီမှာတော့ အကွက်ပေါင်း ၄၈ခုရှိပြီး ဒါဟာ သူတို့ဘုရားရဲ့ပြောစကားတွေကို အရုပ်တွေနဲ့သရုပ်ဖော်ထားတာဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ဒီအရုပ်တွေမှာ တချို့အရုပ်တွေရဲ့ခေါင်းတွေဟာ လူခေါင်းတွေဖြစ်ပြီး တချို့အရုပ်တွေရဲ့ခေါင်းတွေကတော့ ငှက်ခေါင်းတွေဖြစ်ပါတယ်။

ဒီဘုရားရဲ့မျက်လုံးတွေကနေ မျက်ရည်တွေထွက်နေတဲ့သဏ္ဍာန်ဖြစ်နေတာကြောင့် ငိုကြွေးနေသောဘုရား(Crying God or Weeping God) လို့လည်းခေါ်ကြပါသေးတယ်။

တံခါးပေါက်ရဲ့ အရွယ်အစားကတော့ အမြင့် ၉.၈ပေ ၊ အကျယ် ၁၃ပေ ရှိပြီး အလေးချိန်ကတော့ ၁၀တန်ခန့်လေးပါတယ်။ ဥရောပက လေ့လာရှာဖွေသူတွေဟာ ဒီတံခါးပေါက်ကို ၁၉ရာစု အလယ်ပိုင်းက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

တွေ့ရှိစဉ်တုန်းကတော့ တံခါးပေါက်ဟာ ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုခုကြောင့် မြေပေါ်ကိုပြိုကျနေခဲ့ပါတယ်။ စတင်တွေ့ရှိတဲ့နေရာမှာပဲ မပျက်စီးမီက အတိုင်းပြန်လည်ပြုပြင်ခဲ့ပေမယ့် ဒါဟာ သူ့ရဲ့အစပထမနေရာမဟုတ်ဘူးလို့ သိရပါတယ်။

တချို့လေ့လာသူတွေကတော့ ဒါတွေဟာ နှစ်တစ်နှစ်ရဲ့ ပြက္ခဒိန်ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၂၉၀ ၊ လပေါင်း ၁၂လ နဲ့ ၁လ မှာ ရက်ပေါင်း ၂၄ရက် ရှိပြီး တိကျမှန်ကန်တဲ့ပြက္ခဒိန်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

တချို့သူတွေကတော့ ဒီအပေါက်ကနေ တခြားတစ်နေရာဆီကိုသွားနိုင်တဲ့ ဂိတ်ပေါက်လို့ဆိုကြပြီး ဒါကတော့ မဖြစ်နိုင်တဲ့အချက်ပါ။

ဘာပဲပြောပြော ဒီနေရာဟာ လေ့လာသူပေါင်းများစွာကို ဆွဲဆောင်ထားနိုင်တဲ့ ဘိုလီးဗီးယားနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။

ပညာရှင်ပေါင်းများ နှစ်ပေါင်းများစွာ လေ့လာသုတေသနလုပ်ခဲ့ကြပေမယ့် ဒီတံခါးပေါက်ရဲ့အကြောင်းကိုတော့ အနည်းငယ်ကလေးတောင် တိတိကျကျမသိခဲ့ရပဲ ခန့်မှန်းရုံသာတတ်နိုင်ကြတဲ့အတွက် ဒီတံခါးပေါက်ကြီးဟာ ယနေ့တိုင်အောင် အဖြေရှာမရတဲ့ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပါတော့တယ်။

Tags: amazingworld places
Next Post
ကမ္ဘာ့သမိုင်းထဲက အာသောကမင်းကြီးအကြောင်း သိကောင်းစရာ

ကမ္ဘာ့သမိုင်းထဲက အာသောကမင်းကြီးအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!