• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အရှေ့တောင်အာရှရဲ့ စမတ်အကျဆုံး မြို့ ၁၀ မြို့

by Thutamm
August 14, 2019
Reading Time: 1min read
0
အရှေ့တောင်အာရှရဲ့ စမတ်အကျဆုံး မြို့ ၁၀ မြို့
Share on FacebookShare on Twitter

ဒီစာရင်းကိုတော့ CIO Aisa မဂ္ဂဇင်းကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက မြို့ပေါင်း ၂၆မြို့ထဲကနေ တစ်ဆင့် ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Smart City ဆိုတဲ့နေရာမှာ ထိုမြို့တွင်နေထိုင်သူများအတွက် ခေတ်နှင့်အညီတိုးတက်လာသော နည်းပညာများကိုအသုံးပြုကာ ကဏ္ဍမျိုးစုံတွင် အဆင်ပြေစေရေး ၊ နေထိုင်မှုအဆင်ပြေရေး နှင့် သဘာဝအရင်းအမြစ်ဆုံးရှုံးမှုကို တတ်နိုင်သလောက် လျှော့ချနိုင်ရေး စသည်တို့ကို ဖန်တီးပေးနိုင်တဲ့ မြို့လို့ ဆိုနိုင်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ မြို့တော်တွေဟာ ဖွံဖြိုးဆဲအဆင့်မှာပဲရှိနေတာကြောင့် ပြီးပြည့်စုံတဲ့ မြို့တော်တွေတော့ ဖြစ်လာဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာရင်းမှာတော့ လက်ရှိအနေအထားအတိုင်း အကောင်းဆုံး ၁၀ မြို့ကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ ဒီ ၁၀ မြို့ကတော့

၁။ ဟနွိုင်း (ဗီယက်နမ်)

ဟနွိုင်းမြို့ဟာ ၂၀၁၆ခုနှစ်က စလို့ Smart City ဖြစ်လာဖို့ စတင်ဆောင်ရွက်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့မှာ လူဦးရေ ၇.၆ သန်းနေထိုင်လျှက်ရှိပါတယ်။ သဘာ၀ ဝန်းကျင်စိမ်းလန်းခြင်း ၊ ယဉ်ကျေးမှု ထိမ်းသိမ်းခြင်း နဲ့ လူနေမှုစနစ် တိုးတက်ခေတ်မီစေဖို့ ကြိုးစားလျှက်ရှိပါတယ်။ ၂၀၃၀ ခုနှစ်မှာတော့ နေထိုင်သူအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ မြို့တော်ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။

နှစ်နှစ်အတွင်းမှာ စီးပွားရေး နဲ့အတူနည်းပညာပါတိုးတက်လာတဲ့ ဟနွိုင်းမြို့ဟာ နည်းပညာအသုံးပြုပြီး ယဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းခြင်း နဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ နေရာတော်တော်များများမှာ အွန်လိုင်းစနစ်ကို အသုံးပြုနေပြီး  နေရာအချို့မှာ iParking လို ဖုန်းဆော့ဝဲကိုအသုံးပြုကာ ကားပါကင် အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် ဖန်တီးပေးလျှက်ရှိပါတယ်။

၂။ စင်ကာပူ

စင်ကာပူကတော့ အားလုံးသိပြီးကြတဲ့အတိုင်းပါ။ ကျန်နိုင်ငံက မြို့တွေထက် နှစ်ပေါင်းများစွာစောကာ Smart City ဖြစ်နေခဲ့ပါတယ်။ အာရှမှာသာမက ကမ္ဘာ့အဆင့်မှာပါ ထိပ်တန်းက ဦးဆောင်နေတဲ့မြို့ပါ။ သဘာ၀ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ၊ မြို့ပြလူနေမှုစနစ် နဲ့ ရာဇဝတ်မှုကင်းစင်ရေး စတဲ့ကဏ္ဍအားလုံးမှာ ပြောစရာမလိုအောင် ပြည့်စုံနေတဲ့မြို့ဖြစ်ပါတယ်။ ဒါ့အပြင် စင်ကာပူအစိုးရဟာ နယ်ပယ်အသီးသီးမှာ စနစ်ကျလွန်းတဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုပြုလုပ်နေလျှက်ရှိပါတယ်။

၃။ ဂျာကာတာ (အင်ဒိုနီးရှား)

လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ ဂျာကာတာမြို့တော်ဟာလည်း Smart City အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ Qlue ဆိုတဲ့ ဆိုရှယ်မီဒီယာ ဆော့ဝဲတစ်ခုကို ထုတ်လုပ်ပေးထားပြီး အဲဒီကနေတစ်ဆင့် ပြည်သူတွေဟာ သူတို့ရဲ့အဆင်မပြေမှုတွေကို ဒေသအစိုးရထံ တိုက်ရိုက်တိုင်ကြား အကြံပြုနိုင်ဖို့ ဖန်တီးပေးထားပါတယ်။

အကြံပြုကဏ္ဍတွေကို Smart Government Dashboard, Smart Environment, Smart Mobility, Smart Media Analysis or Smart Safety စသည်ဖြင့် ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Smart City ဖြစ်ဖို့ ဂျာကာတာရဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းက OK OTrip ဆိုတဲ့ ပရောဂျက်ပါ။ ဒီပရောဂျက်ဟာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ငွေအကြွေစနစ်ကို မသုံးစွဲပဲ ကဒ်စနစ်ကိုသုံးစွဲဖို့ ဖန်တီးပေးထားပါတယ်။

၄။ ကွာလမ်လမ်ပူ (မလေးရှား)

ကွာလမ်လမ်ပူမြို့ဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက Smart City အဖြစ် သတ်မှတ်ခံခဲ့ရပြီးတဲ့ မြို့ဖြစ်ပါတယ်။ လူဦးရေ ၂သန်းနီးပါးနေထိုင်တဲ့ မလေးရှားရဲ့မြို့တော် ကွာလမ်လမ်ပူဟာ နိုင်ငံရဲ့ Economic Transformation Programme (ETP) ဆိုတဲ့ပရိုဂရမ်ထဲမှာပါဝင်နေပါတယ်။

ဒီ ETP ပရိုဂရမ်ရဲ့ရည်ရွယ်ချက်ကတော့ မြို့တစ်မြို့လုံးရဲ့ ကဏ္ဍမျိုးစုံကို ဒစ်ဂျစ်တယ်နည်းပညာ စနစ်ပြောင်းလဲသုံးစွဲနိုင်ဖို့ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်မှာ ကမ္ဘာ့အဆင့်မီမြို့တစ်မြို့ဖြစ်လာမယ်လို့ ရည်မှန်းထားတဲ့ ကွာလမ်လမ်ပူဟာ သင့်တော်မှန်ကန်တဲ့ စွမ်းအင်စနစ်ကို အသုံးပြုနိုင်ဖို့နဲ့ သဘာ၀ ဝန်းကျင်ထိမ်းသိမ်းရေးတွေကိုလည်း အလေးပေးဆောင်ရွက်နေပါတယ်။

၅။ မန္တလေး (မြန်မာ)

မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော် နဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့တွေကိုကျော်ပြီး မန္တလေးမြို့ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကတော့ ဒီနှစ်တွေအတွင်းမှာ မန္တလေးမြို့ဟာ ပြုပြင်ပြောင်းလဲမှု အတော်များများကိုဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ တချိန်ကနိုင်ငံရဲ့မြို့တော်ဟောင်းဖြစ်တဲ့ မန္တလေးမြို့ဟာ ဒီနှစ်တွေမှာ လူဦးရေအဆမတန်တိုးလာပြီး စုစုပေါင်းလူဦးရေ ၂သန်းနီးပါးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ မြို့တော်ရဲ့ ရေထောက်ပံ့မှုစနစ် ၊ ရေဆိုစွန့်ထုတ်မှုစနစ် နဲ့ အမှိုက်စွန့်ပစ်မှုစနစ်တွေကို အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားနေပါတယ်။

ဒါ့အပြင် လိုအပ်တဲ့လမ်းပန်းအဆောက်အဦးတည်ဆောက်တာတွေ ၊ သဘာ၀ ဝန်းကျင်ကိုထိမ်းသိမ်းတာတွေ အပြင် ခေတ်မီတဲ့မြို့ပြစနစ်ကို နည်းပညာသုံးစွဲကာဖန်တီးနိုင်ရေးတို့ကို လုပ်ဆောင်နေလျှက်ရှိပါတယ်။ တာဝန်ရှိသူတွေကိုယ်တိုင်ကတော့ မန္တလေးမြို့ဟာ Smart City ဖြစ်လာဖို့ လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီ ၂နှစ်တာ ကာလအတွင်းမှာ မန္တလေးမြို့ဟာ သိသိသာသာပြောင်းလဲလာတာကိုတွေ့ရပါတယ်။

ကျန်တဲ့ မြို့ ၅မြို့ကတော့ ၆။ ဖူးခက်(ထိုင်း) ၊ ၇။ မာကတ်ဆာ(အင်ဒို) ၊ ၈။ ဒါနန်(ဗီယက်နမ်) ၊ ၉။ ဘန်ကောက်(ထိုင်း) နဲ့ ၁၀။ နယူးကလာခ့်စီးတီး(ဖိလစ်ပိုင်) တို့ပဲဖြစ်ကြပါတယ်။

Tags: citiesnews
Next Post
သမိုင်းတွင်ခဲ့သော အမှား ၉ ခု

သမိုင်းတွင်ခဲ့သော အမှား ၉ ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!