• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန် ပြည်တွင်းစစ်နဲ့ ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ အကြောင်း

by Thutamm
August 8, 2019
Reading Time: 1min read
0
အမေရိကန် ပြည်တွင်းစစ်နဲ့ ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ အကြောင်း
Share on FacebookShare on Twitter

အမေရိကန် ပြည်တွင်းစစ် (၁၈၆၁ – ၁၈၆၅) ကို ပြည်နယ်အချင်းချင်း ဖြစ်သော စစ်ပွဲဟုလည်း ခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် ဖြစ်သည်။ တောင်ဘက် ကျွန်ပိုင်ရှင် ပြည်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုမှ နှုတ်ထွက်သည်ဟု ကြေငြာခဲ့ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။

ထို့နောက် အမေရိကန် ကွန်ဖက်ဒရိတ် ပြည်နယ်များ (သို့) ကွန်ဖက်ဒရေစီ ကို တည်ထောင်ကြသည်။ ဂျက်ဖာဆန် ဒေးဗစ်က ကွန်ဖက်ဒရိတ် ပြည်နယ်များကို ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်များ သို့မဟုတ် မြောက်ဖက်ပိုင်းမှ ပြည်နယ်များတွင် ကျွန်စနစ်ကို တရားမဝင်ကြောင်း ကြေငြာခဲ့ပြီး နယ်စပ်ပြည်နယ် ငါးခုတွင်မူ ကျွန်စနစ်သည် တရားဝင် ဖြစ်နေသေးခဲ့သည်။

၁၈၆၀ ခုနှစ် သမ္မတရွေးကောက်ပွဲ အတွင်းတွင် အေဘရာဟမ် လင်ကွန်း ဦးဆောင်သော ရီပတ်ဘလစ်ကင် ပါတီမှ ကျွန်စနစ်ရှိပြီးသား ပြည်နယ်များမှ အခြားပြည်နယ်များသို့ ချဲ့ထွင်ခြင်းကို ဆန့်ကျင်၍ မဲဆွယ်ခဲ့သည်။ ရီပတ်ဘလစ်ကင် ပါတီ၏ အောင်ပွဲကို တုံ့ပြန်သည့် အနေနှင့် ပြည်နယ်ခုနှစ်ခုတို့က လင်ကွန်း သမ္မတဖြစ်သော ၁၈၆၁ ခုနှစ် မတ်လ ၄ ရက်နေ့မတိုင်မီတွင် ပြည်ထောင်စုမှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ကြသည်။

သမ္မတ ရာထူးပြီးဆုံးသွားသော ဂျိမ်းစ် ဘွတ်ခ်နန် အစိုးရ နှင့် သမ္မတရာထူး ဆက်လက်ရယူမည့် လင်ကွန်း၏ အစိုးရ နှစ်ခုစလုံးတို့က နှုတ်ထွက်ခြင်းကို တရားမဝင်ကြောင်း ကန့်ကွက်ခဲ့ကြပြီး ပုန်ကန်မှု အဖြစ်မှတ်ယူခဲ့ကြသည်။ အခြားသော ကျွန်စနစ် ကျင့်သုံးသော ပြည်နယ်များကလည်း နှုတ်ထွက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ ကွန်ဖက်ဒရိတ်ပြည်နယ်များအား နိုင်ငံတစ်ခု အဖြစ် အသိအမှတ် မပြုခဲ့ကြပေ။

ကွန်ဖက်ဒရိတ်ပြည်နယ်များက သူတို့ပိုင်နယ်မြေ အဖြစ်ကြေငြာထားသော နယ်အတွင်းမှ ပြည်ထောင်စု၏ ဆမ်တာခံတပ်ကို တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ခဲ့သည်။ စစ်ပွဲများမှာ အများအားဖြင့် တောင်ဖက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အမေရိကန်များပင် ဖြစ်သည်။ အမေရိကန် သမိုင်းတွင် သေကြေမှု အများဆုံးဖြစ်သည်။

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ

ဂတ်တီးစ်ဘာ့ဂ်တိုက်ပွဲ သည် စစ်ကာလကြာရှည်နေသော၊ နှစ်ဖက်အထိနာနေသော အမေရိကန် ပြည်တွင်းစစ်ကြီးအတွက် အဆုံးသတ်အဖြေကို ထင်ထင်ရှားရှားပေးသော တိုက်ပွဲဖြစ်သည်။ ငွေကြေးအင်အား၊ လူအင်အား အနေအထားအရ ရေရှည်စစ်ကို ဆင်နွှဲရန် မဖြစ်နိုင်သည့် တောင်ပိုင်းတပ်များအား မြောက်ပိုင်းကို အချိန်တိုအတွင်းအနိုင်ရရန်အတွက် အဆုံးအဖြတ်တိုက်ရန် ဆုံးဖြတ်ချိန်နှင့် မရည်ရွယ်ဘဲ မြောက်ပိုင်းသမ္မတ လင်ကွန်းကလည်း ဘက်စုံထိုးစစ်ဖြင့် အဆုံးအဖြတ်ယူရန်အတွက် တိုက်စစ်မြှင့်တင်ချိန်တို့ လာရောက်တိုက်ဆိုင်ကာ ဂတ်တီးစ်ဘော့ဂ်တိုက်ပွဲကြီး ဖြစ်ပွားလာသည်။

စစ်ပွဲကာလရှည်ကြာလာသည်နှင့်အမျှ တောင်ပိုင်းမှနိုင်ငံရေးခေါင်းဆောင်များသည် မြောက်ပိုင်းအားအနိုင်သိမ်း၊ အရယူရန်အတွက် ၎င်းတို့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Robert E. Lee အားဖိအားပေးလာသည်။ ထို့အတူ ထိုးစစ်မြှင့်တင်လာသည့် အမေရိကန်သမ္မတ လင်ကွန်းနှင့် ၎င်း၏တပ်များကလည်း ဘက်စုံထိုးစစ်ဆင်နွှဲကာ တောင်ပိုင်းတပ်များအပေါ် အသာရစပြုလာသည်။ သို့နှင့် မြောက်ပိုင်းမြို့တော် ဝါရှင်တန် ဒီစီ သို့ချီတက်လာသည့် ဗိုလ်ချုပ်ကြီး Robert E. Lee ၏ တပ်များနှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီးမိဒ် (George C. Meade)တို့သည် ဂတ်တီးစ်ဘာ့ဂ်မြို့တွင် ရင်ဆိုင်တွေ့ကြသည်။

ဗိုလ်ချုပ်ကြီး Robert E. Lee သည် ၁၈၆၃၊ ဇွန်လတွင်းကပင် ၎င်း၏တပ်များကို ကက်ရှ်တောင်း(Cash Town)သို့ တဖွဲဖွဲလွှတ်ကာ အနီးရှိ ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တပ်စွဲထားသည့် မြောက်ပိုင်းတပ်များအား ရင်ဆိုင်ရန် အသင့်ပြင်လျက်ရှိသည်။ သို့ဖြင့် တောင်ပိုင်းတပ်မှ အင်အား ၇၆၀၀၀သည် ကက်ရှ်တောင်းသို့ လာရောက်တပ်စွဲထားပြီး ဖြစ်ကာ မြောက်ပိုင်းတပ်မှ စစ်သည် ၁၁၅၀၀၀လည်း ဂတ်တီးစ်ဘာ့ဂ်မြို့တွင် တိုက်ပွဲအတွက် အသင့်ဖြစ်နေလေသည်။ တောင်ပိုင်းတပ်များက ဂတ်တီးစ်ဘာ့ဂ်မြို့သို့ အပြင်းချီတက်လာပြီး မြို့ပြင်ရှိ မြောက်ပိုင်းကင်းထောက်တပ်များနှင့် အခြားတပ်များအား တလကြမ်းတိုက်ခိုက်ရာ မြောက်ပိုင်းတပ်များ မြို့တွင်းသို့ ဆုပ်ခွာဝင်ရောက်ရသည်။ ဇူလိုင်လ၊ ၁ရက်နေ့အရောက်တွင် တောင်ပိုင်းတပ်များမှ ထပ်မံ၍ အပြင်းအထန်တိုက်ပြန်သဖြင့် မြောက်ပိုင်းတပ်များမြို့ပြင်ရှိ တောင်ကုန်းများပေါ်သို့ ဆုပ်ခွာပေးရပြန်သည်။

ဇူလိုင်လ၊ ၁ရက်နေ့တွင် ဗိုလ်ချုပ်ကြီးမိဒ်သည် တိုက်ပွဲနေရာသို့ ကိုယ်တိုင်လာရောက်ဦးဆောင်နေပြီဖြစ်ပြီး နောက်တစ်နေ့တွင် နှစ်ဖက်တပ်တို့အနေဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီး ဆင်နွှဲတော့မည်ဖြစ်ကြောင်း သိနားလည်လိုက်ကြသည်။ ဇူလိုင်လ၊ ၂ရက်နေ့ နံနက်တွင် မြောက်ပိုင်းတပ်များသည် ဂတ်တီးစ်ဘာ့ဂ်မြို့ပြင်ရှိ-
ညာဖက်တွင် ကပ်စ်တောင်ကုန်း(Culps Hill)
အလယ်တွင် သင်္ချိုင်းတောင်ကုန်းတန်း (Cemetery Hill)
ဘယ်ဖက်တွင် Little Round Top တောင်ကုန်းများပေါ်သို့ တက်ရောက်ကာ နေရာယူထားကြသည်။

တောင်ပိုင်းတပ်များက တောင်ကုန်းများအောက်ဖက်ရှိ မြေပြန့်တွင် နေရာယူထားကြပြီး တိုက်ပွဲစသည်နှင့် တပြိုင်နက် ကပ်စ်တောင်ကုန်းပေါ်ရှိ မြောက်ပိုင်းတပ်များထံ ဦးတည်၍ တိုက်သည်။ သို့သော် ထိုထိုးစစ်မှာ ယောင်ပြသာလျှင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးလီး၏ အဓိကရည်ရွယ်ချက်မှာ Little Round Top တောင်ကုန်းများပေါ်မှ အားနည်းသော မြောက်ပိုင်း၏ ဘယ်တောင်ပံတပ်များကို ဖြိုချလိုခြင်းဖြစ်သည်။

တောင်ပိုင်းတပ်များက အမြောက်များဖြင့် စုပြုံပစ်ခတ်ပြီး တိုက်ခိုက်ကာ အပြာရောင်စစ်ဝတ်စုံဝတ်တောင်ပိုင်းတပ်များသည် Little Round Top တောင်ကုန်းများပေါ်ရှိ မြောက်ပိုင်းတပ်များ၏ ဘယ်တောင်ပံကို ဆက်လက်တိုက်ခိုက်ကြသည်။ တောင်ပိုင်းတပ်အချို့ Little Round Top တောင်ကုန်း၏အချို့နေရာများကို ဝင်ရောက်တပ်တည်နိုင်ချိန်တွင် ကပ်စ်တောင်ကုန်းပေါ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြင့် အကြိတ်အနယ်တိုက်ခိုက်နေကြစဲ ဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးမိဒ်မှ စစ်ကူမပေးနိုင်ဖြစ်နေသည်။

အနီးကပ်လက်တစ်ကမ်းတိုက်ပွဲများ အသုတ်လိုက်အသုတ်လိုက် ရေလှိုင်းများသဖွယ် ဖြစ်ပွားနေပြီး Little Round Top တောင်ကုန်းများပေါ်တွင် မြောက်ပိုင်းတပ်များက အင်အားမမျှသော များပြားလှသည့် တောင်ပိုင်းတပ်များအား ခုခံနေရသည်။ ကျည်ကုန်လျှင် လှံစွပ်ထိုး၊ လှံစွပ်မရှိတော့လျှင် သေနတ်ဖြင့်ရိုက်နှက်ပြီး နောက်ဆုံးတွင် လက်သီးခြင်းထိုးသော အခြေအနေအထိပြင်းထန်နေသည်။ ထိုသို့ ရွှပ်ရွှပ်ချွံချွံခုခံသည့် မြောက်ပိုင်းသားများ၏ ခံစစ်အစွမ်းကို တောင်ပိုင်းသားများ မယှဉ်နိုင်တော့ဘဲ Little Round Top တောင်ကုန်းများပေါ်မှ ပြန်လည်ဆုပ်ခွာကြရသည်။ အခြားတောင်ကုန်းများပေါ်မှ တောင်ပိုင်းတပ်များကလည်း တောင်ခြေများရှိ မူလတပ်တည်ရာသို့ ပြန်လည် ဆုပ်ခွာလာကြသည်။ ထိုအချိန်တွင်မှ တောင်ပိုင်းမြင်းတပ်သည် တိုက်ပွဲနေရာသို ရောက်ရှိ၍လာသည်။

တောင်ပံများတွင် အခြေမလှဖြစ်လာသောအခါ ဗိုလ်ချုပ်ကြီး Robert E. Lee သည် နေ့လယ်တစ်နာရီမှစကာ အမြောက်များဖြင့် တောင်ကုန်းများပေါ်သို့ ပစ်ခတ်ပြီး ၂နာရီတိတိတွင် လူအင်အား ၁၅၀၀၀ဖြင့် ဗိုလ်ချုပ်ကြီးမိဒ်ရှိရာ အလယ်ဗဟိုရှိ သင်္ချိုင်းတောင်ကုန်းသို့ ထိုးစစ်ဆင်သည်။ ရည်ရွယ်ချက်မှာ မြောက်ပိုင်းတပ်များ နှစ်ပိုင်းကွဲထွက်သွားရန်ဖြစ်သော်လည်း မြောက်ပိုင်းတပ်များ၏ ခုခံပုံကြောင့် အရာမထင်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမိဒ်က တောင်ပိုင်းတပ်များ၏ ထိုးစစ်ပုံစံကို ရိပ်မိသဖြင့် မြောက်ပိုင်းတပ်များကို ကျည်ကွယ်ရာကျောက်တောင်ကုန်းများနောက်သို့ ရွှေ့ထားပြီး အမြောက်များကိုလည်း အလားတူပင် ဝှက်ထားခဲ့သည်။

တောင်ပိုင်းအမြောက်များ အပစ်ရပ်၍ စစ်သည်များက တောင်ကုန်းများပေါ်သို့ တက်လာချိန်မှ မြောက်ပိုင်းတပ်များ ပုန်းအောင်းနေရာမှ ထွက်လာကာ သေနတ်များ၊အမြောက်များဖြင့် အပေါ်စီးမှ ပစ်ခတ်တိုက်ခိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မိဒ်အနေဖြင့် အသင့်ထားရှိသော အရံတပ်များကိုပါ ချိန်ကိုက်ထုတ်သုံးနိုင်ပြန်သဖြင့် တောင်ပိုင်းတပ်များမှာ ရဲရဲဝံ့ဝံ့တိုက်စစ်ဆင်သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ တောင်ကုန်းများပေါ်တွင်လည်း တောင်ပိုင်းတပ်သားများ၏ အလောင်းများမြင်မကောင်းလောက်အောင်ပင် ပြန့်ကျဲနေခဲ့ရသည်။

ထိုတိုက်ပွဲသည် တောင်ပိုင်းတပ်များအနေဖြင့် အောင်ပွဲနှင့်အနီးစပ်ဆုံး လှမ်းနိုင်ခဲ့သည့်ပွဲဖြစ်ပြီး နောင်ပိုင်းပြည်တွင်းစစ်ကြီးပြီးချိန်ထိ ထိုကဲ့သို့သော နီးစပ်မှုမျိုးကို ထပ်မရရှိကြတော့ပေ။ စစ်ပွဲကြီးအတွင်း လူပေါင်း ၆၁၈၀၀၀ ခန့်သေကြေပျက်စီးခဲ့လေသည်။ ထိုအရေအတွက်သည် ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ် ၊ ကိုရီးယားစစ်ပွဲ ၊ ဗီယက်နမ်စစ်ပွဲစုစုပေါင်းတွင်သေဆုံးခဲ့သော အမေရိကန်စစ်သားအရေအတွက်ထက် ပိုများခဲ့သည်။ တိုက်ပွဲအပြီး ၄လအကြာတွင် သမ္မတလင်ကွန်း တိုက်ပွဲနေရာသို့ရောက်လာပြီး “ဒီမိုကရေစီအစိုးရဆိုသည်မှာ ပြည်သူ့ထံမှ- ပြည်သူ့အတွက်- ပြည်သူ့ထံသို့” ဟူသည့် စာသားများပါသည့် နာမည်ကျော် ဂတ်တီးစ်ဘာ့ဂ်မိန့်ခွန်းကြီးကို ပြောကြားခဲ့သည်။

အေဗရာဟမ်လင်ကွန်း၏ ဂတ်တီးစ်ဘာ့ဂ်မိန့်ခွန်း

နောင်နှစ်နှစ်အကြာတွင် တောင်ပိုင်းပြည်နယ်များ လက်နက်ချပြီး ပြည်တွင်းစစ်ကြီးပြီးလေသည်။ ပြည်ထောင်စုက စစ်ပွဲကို အောင်နိုင်ခဲ့ပြီး အဆုံးသတ် ရလာဒ် အဖြစ် အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ကြသည်။

စစ်မဖြစ်မီ နှင့် စစ်ဖြစ်ပြီး အေဗရာဟမ်လင်ကွန်း
အမေရိကန် ပြည်တွင်းစစ်အထိမ်းအမှတ်ရုပ်တု

မြန်မာ့စွယ်စုံကျမ်း
စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ – သောင်းထိုက်

Tags: countriesmilitaryworld history
Next Post
ကမ္ဘာ့သစ္စာအရှိဆုံး ခွေးလေး ၅ ကောင်အကြောင်း

ကမ္ဘာ့သစ္စာအရှိဆုံး ခွေးလေး ၅ ကောင်အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!