Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ကျော်က အမေရိကန်ရဲ့ နာမည်ကျော်စစ်သင်္ဘောများ

by Thutamm
November 30, 2020
Reading Time: 1min read
0
လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ကျော်က အမေရိကန်ရဲ့ နာမည်ကျော်စစ်သင်္ဘောများ
Share on FacebookShare on Twitter

အမေရိကန်ပြည်တွင်းစစ်ကာလအချိန်အတွင်းမှာပဲ အမေရိကန်အစိုးရရေတပ်မတော် ကအသုံးပြုခဲ့တဲ့ Casco အမျိုးအစားစစ်ရေယာဉ်တွေဟာ အတော်ကိုထူခြားတဲ့တိုက်ပွဲဝင်သင်္ဘောတွေဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Casco ရေယာဉ်တွေရဲ့ကို်ယ် ထည်နေရာတစ်ဝက်နီးပါးဟာ ရေထဲမှာနှစ်မြုပ်နေလို့ဖြစ်ပါတယ်။

ရန်သူရဲ့အရေးကြီး ပစ်မှတ်တွေကို လျို့ဝှက်မြန်ဆန်စွာတိုက်ခိုက်နိုင်တဲ့ အမေရိကန်ကွန်မန်ဒိုတွေစီးနင်းတဲ့ ဘုတ်သင်္ဘောငယ်လေးတွေကိုနမူနာထားပြီးထုတ်လုပ်ခဲ့တဲ့ Casco မျိုးဆက်ယာဉ်တွေဟာ နစ်မြုပ်လျက်အနေအထားနဲ့ တိုက်ပွဲဝင်တဲ့စစ်သင်္ဘောတွေအဖြစ်နာမည်ပြောင်ပေးခြင်းခံထားရပြီး (၁၈၆၄)ခုနှစ်ကနေ (၁၈၇၅)ခုနှစ်အချိန်ထိ အမေရိကန်စစ်တပ်က တောက်လျှောက်ထုတ်လုပ်ခဲ့တဲ့ Monitor စစ်ရေယာဉ်အုပ်စုဝင် အမျိုးအစားတွေ ဖြစ်ကြပါတယ်။

(၁၉)ရာစုအလယ်ပိုင်းကာလကိုမတိုင်ခင်က စစ်ရေယာဉ်အပါအဝင် သင်္ဘောအတော် များများကို သစ်သားကိုအသုံးပြုတည်ဆောက်ခဲ့ကြပါတယ်။ ရေနွေးငွေ့အားသုံးကိုအ သုံးပြုထားပြီး သံပြားများနဲ့ကာကွယ်ပြုထားတဲ့ Casco အမျိုးအစား စစ်သင်္ဘောတွေကို (၁၈၆၂)ခုနှစ်၊မတ်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်ရဲ့နာမည်ကျော်Hampton တိုက်ပွဲမှာ စတင်တွေ့ရှိခဲ့ရပြီး Confederate လို့သိကြတဲ့ တောင်ပိုင်းပြည်နယ်သားတွေဘက်ကလည်း Virginia အမည်ရတဲ့ Casco စစ်ရေယာဉ်ကိုအသုံးပြုခဲ့ပါတယ်။ ဒီရေကြောင်းတိုက်ပွဲကို Ironclads စစ်ပွဲလို့ လည်းသိကြပြီး ဒီနာမည်ဟာ အမေရိကန်အစိုးရဘက်မှာပါဝင်တဲ့ Casco အမျိုးအစား စစ်ရေယာဉ် USS Monitor နဲ့တောင်ပိုင်းပြည်နယ်သားတွေဘက်ကပါဝင်တဲ့ Virginia သံချပ်ကာစစ်ရေယာဉ်တွေကြောင့်ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။

Virginia ကတော့ Casco သင်္ဘောတွေရဲ့ထုံးစံအတိုင်း မာလိန်မှူးခန်း၊ စက်သေနတ် ပစ်စင်ဆုံလည်၊စက်ခေါင်းတိုင်၊အလံတိုင်စတဲ့ အပိုင်းတွေသာ ရေပြင်ပေါ်မှာရှိ နေတာ ဖြစ်ပြီး ကျန်ကိုယ်ထည် အားလုံးဟာ ရေထဲမှာ နစ်မြုပ်နေတာဖြစ်ပါတယ်။ USS Monitor ကတော့ ယင်းကာလသတ်မှတ်ချက်အရ Casco အမျိုးအစား စစ်သင်္ဘောဖြစ်တယ်ဆိုပေမဲ့ ယနေ့မျက်မှောက်ခေတ် စစ်သင်္ဘောတွေရဲ့ ဖွဲ့စည်းပုံအတိုင်းရှိနေတာဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း ယင်းစစ်ရေယာဉ်တွေဟာ တစ်စီးနဲ့တစ်စီး (၄)နာရီကြာအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး အဆက်မပြတ်ပစ်လွှတ်တဲ့ အမြောက်ဆံတွေရဲ့ဒဏ်ကို နှစ်စီးစလုံး ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်စစ်ရေယာဉ်ကမျှနစ်မြုပ်သွားခြင်းမရှိပဲ မိမိတို့ဆိပ်ကမ်းရှိရာကို အောင် မြင်စွာ ဆုတ်ခွာသွားခဲ့ကြတာမို့ ဒီလိုဖြစ်ရပ်ဟာ ကမ္ဘာရေကြောင်းစစ်ပွဲသမိုင်းမှာ အမှတ်ရစရာတစ်ခုဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်၊ပြင်သစ်၊ ပေါ်တူဂီ၊ဟော်လန်စတဲ့ ဥရောပထိပ်သီးလက်နက်နိုင်ငံတွေကလည်း ဒီဖြစ်ရပ်ကို စံထားပြီး မိမိတို့ရဲ့စစ်ရေယာဉ်တွေရဲ့စွမ်းဆောင်ရည်ကိုမြှင်တင်ဖို့ ကြိုးစားလာကြပါ တယ်။ အမေရိကန်ရေတပ်ကအသုံးပြုတဲ့ Monitor စစ်ရေယာဉ်ပုံစံကိုတုပပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်လာသလို တစ်ဖက်ကလည်း ယင်းနဲ့ဆက်စပ်တဲ့ ဒီဇိုင်းပုံစံ အသစ်တွေကို ရေးင်္ဆွဲနိုင်ဖို့ကြိုးစားလာခဲ့ကြတာကိုတွေ့ရပါတယ်။

Monitor စစ်ရေယာဉ်ပုံစံများစွာကို စတင်ဒီဇိုင်းရေးဆွဲခဲ့သူကတော့ ဆွိဒင်အမေရိကန် ကပြား အင်ဂျင်နီယာတစ်ဦး ဖြစ်တဲ့  John Ericsson ဖြစ်ပါတယ်။ ယင်းနောက်ပိုင်းမှာထွက်ရှိ တဲ့ Passaic- class Monitors စစ်ရေယာဉ်တွေကတော့ မူလဒီဇိုင်းထက် ပိုမိုကြီးမားပြီး မာလိန်မှူးအခန်းကို ရေယာဉ်ဦးပိုင်းရဲ့အနီး စက်သေနတ်ဆုံလည်ရဲ့အပေါ်မှာ ထားရှိပါတယ်။ ဒါကြောင့် စက်သေနတ်ဆုံလည် ရဲ့ရွေ့လျားနိုင် မှုဟာပိုမိုကျယ်ပြန့်သွားပြီး တိုက်ပွဲဝင်ရာမှာ ပိုမိုထိရောက်ခဲ့ပါတယ်။

Passic-Monitors စစ်ရေယာဉ်တွေကိုတော့ ပထမကမ္ဘာစစ်အတွင်း မှာအများအပြား တွေ့ခဲ့ရပြီးစစ်မြေပြင်မှာလည်း ထိရောက်တဲ့စွမ်းဆောင်ရည်မျိုးတွေပြသနိုင်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ Monitor ရဲ့ဒုတိယမျိုးဆက်စစ်ရေယာဉ်တွေကတော့ Canonicus လို့ခေါ်ဆိုကြပြီး အဲဒီစစ်ရေယာဉ်တွေဟာ Passic-Monitors တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တော့ အနံအနည်းငယ်မျှသေးငယ်ပါတယ်။ ဒီရေယာဉ်တွေကတော့ တိုက်ပွဲအတွင်း ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ အခန်းကဏ္ဍနည်းပါးလွန်းတာကြောင့် မကြာခင်မှာပဲ Monitors ရဲ့တတိယမျိုးဆက် စစ်ရေယာဉ်တွေပေါ်ပေါက်လာပါတော့တယ်။

Casco-class လို့သိကြတဲ့ Monitors ရဲ့တတိယမျိုးဆက်စစ်ရေယာဉ်တွေဟာဆိုရင် ရေတိမ်ပိုင်းတွေအထိ ထိုးဖောက်တိုက်ခိုက်နိုင်ကြပြီး ဒီယာဉ်ရဲ့စွမ်းရည်ကို ရေတိမ်ပြီး မြစ်လက်တက်အတော်များတဲ့ အမေရိကန်ပြည်ထောင်စုက Mississippi မြစ်အတွင်းမှာ စမ်းသပ်ခဲ့ကြပါတယ်။ ရေအနက်(၆)ပေထက်မနည်းတဲ့နေရာတွေအထိ ဝင်ရောက်နိုင်တဲ့ စစ်ရေယာဉ်ဖြစ်ပြီး ရေပေါ်မှာအမြဲတမ်းရှိနေမယ့် ရေစူးမျဉ်းနဲ့ ကုန်းပတ်စပ်ကြားနေရာရဲ့အမြင့်ဟာ (၁၅) လက်မသာရှိပါတယ်။

Monitors အုပ်စုဝင်ဖြစ်တဲ့Casco-class တွေဟာသူရဲ့နောင်တော်ကြီးတွေဖြစ်တဲ့ Passic-Monitors နဲ့ Canonicus တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ အရွယ်အစားပိုင်းမှာ သေးငယ်ပေမဲ့ အတော်ကိုပေ့ါပါးပြီး မြန်နှုန်းမြင့်မားကြပါတယ်။ Cascoတွေကိုဖန်တီးခဲ့ရာမှာတော့ ပညာရှင် John Ericssson အနေနဲ့ လွယ်လွယ်ကူကူ အလုပ်ပြီးမြောတ်ခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ အမေရိကန်ရေတပ် မတော်ရဲ့ အင်ဂျင်နီယာအကြီးအကဲ Alban Stimers ရဲ့လက်တွေ့မဆန်တဲ့ စိတ်ကူးစိတ် သန်းကြောင့်ဖြစ်ပါတယ်။

Stimers ဟာ John Ericssson ရဲ့ Casco စစ်ရေယာဉ်တွေကို ရေစူးအား (၄)ပေလောက်သာထားရှိလိုပြီး သင်္ဘောကုန်းပတ်နဲ့စက်သေနတ်ဆုံလည်မှာရှိတဲ့ သံချပ်ကာထုထည်ကိုပိုမိုမြှင့်တက်စေလိုပါတယ်။ ဒါအပြင်သင်္ဘောရဲ့အတွင်း ပိုင်းအလေးချိန်ကိုရှိရင်းစွဲထက်ပိုမိုမြှင့်တင်လိုနေပြီး သူရဲ့ရည်ရွယ်ချက်အတိုင်း တိုက် ပွဲဝင် Casco တွေကိုထုတ်လုပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

John Ericssson ကတော့ သူရဲ့အကြံကိုကန့်ကွက်ခဲ့ပြီး သူတီထွင်ထားတဲ့ Casco တွေကိုဒီလိုသာ upgrade မြှင့်တင်လိုက်မယ်ဆိုရင် နောက်ဆုံးရလဒ်ကတော့ သင်္ဘောဟာမညီမျှတဲ့ အလေးချိန်တွေကြောင့် နစ်မြုပ်သွားမှာပါလို့ အခိုင်အမာ အဆိုပြုခဲ့ပါတယ်။ အမေရိကန်အာဏာပိုင်တွေကတော့ Ericssson ရဲ့အဆိုကိုလျစ်လျူ ပြုပြီး စစ်အင်ဂျင်နီယာအကြီးအကဲရဲ့ အကြံပြုချက်အတိုင်း အမေရိကန်ဒေါ်လာ(၁၄) သန်းလောက်အကုန်အကျခံပြီး Casco စစ်ရေယာဉ်အစင်းရေ(၂၀)ကိုဆောက်လုပ်ခဲ့ပါတယ်။

အသစ်ထွက်ရှိတဲ့စစ်ရေယာဉ်တွေကိုတော့ Fiasco လို့အမည်ပေးခဲ့ပြီး တိုက်ပွဲ ဝင်စေခဲ့ရာမှာတော့ ဟန်ချက်မညီမျှတဲ့အလေးချိန်ကြောင့် ကောင်းမွန်တဲ့စွမ်းဆောင် ရည်ကိုပြသနိုင်ခြင်းမရှိတဲ့အပြင် တိုက်ပွဲဝင်စစ်သည်တွေကိုယ်တိုင်က အဲဒီစစ်ရေယာဉ် တွေအပေါ် အပြစ်ဖို့ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန်တာဝန်ရှိသူတွေက Fiasco စစ်ရေယာဉ်အားလုံးကို ဖျက်ဆီးဖို့ဆုံးဖြတ်ခဲ့ကြပြီး Fiasco ရဲ့ဖန်တီးရှင် စစ်အင်ဂျင်နီယာအကြီး အကဲ Alban Stimers ကတော့ တာဝန်ခံတဲ့အနေနဲ့ရာထူး ကနေ ရာထူးက နှုတ်ထွက် သွားခဲ့ပါတယ်။

အဆုံးသတ်မှာတော့ Casco မျိုးဆက်တွေ ဟာကျဆုံးခဲ့ရပြီး ကမ္ဘာစစ်နောက်ပိုင်းဖန်တီးမှုအားကောင်းလာတဲ့ တိုက်ရေယာဉ် အမျိုးအစားသစ်တွေကြောင့် Monitors စစ်သင်္ဘောတွေအားလုံးနီးပါးထုတ်လုပ်မှုရပ် ဆိုင်းခဲ့ရပါတော့တယ်။ ဒါအပြင် ရေစူးအားသေးငယ်တဲ့ Monitors တွေနဲ့ ပင်လယ်ခရီးသွားလာခွင့်ကို အစိုးရကတရားဝင်အသိအမှတ်ပြုခြင်းမရှိတော့ပဲ ဒါဟာစွန့်စားလိုသူ တွေသာစီးနင်းတဲ့ အန္တရာယ်ရှိတဲ့ရေယာဉ်တွေအဖြစ် ကြေငြာခဲ့တာကိုတွေ့ရပါတယ်။

အမေရိကန်ပြည်တွင်းစစ်နောက်ပိုင်း (၁၈၉၈)ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်-အမေရိကန် စစ်ပွဲ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ Monitors အုပ်စုဝင်စစ်ရေယာဉ် တွေဟာ ထောက်ပို့ရေယာဉ်တွေအဖြစ်သာ အဓိကထား သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာ ရေငုပ်သင်္ဘောတွေ၊လေယာဉ်တင်သင်္ဘောတွေ၊ Fighter တိုက်ခိုက်ရေးစစ်ရေယာဉ်တွေ အပြိုင်အဆိုင်ပေါ်ပေါက်လာခဲ့ပြီး Monitors တွေဟာ အမေရိကန်အစိုးရရဲ့ ဖျတ်သိမ်း၊ စွန့်လွှတ်မယ့်ရေယာဉ်စာရင်းမှာပါဝင်သွားခဲ့ပြီး တစ်စစ ပျောက်ကွယ်သွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ယခုလက်ရှိအသုံးပြုနေတဲ့ Monitors အုပ်စုဝင်စစ်ရေယာဉ်ကတော့ ဘရာဇီးရေတပ်ကအသုံးပြုနေတဲ့ Parnaiba အမည်ရစစ်သင်္ဘောဖြစ်ပြီး ဘရာဇီး နိုင်ငံ တွင်းက ရေကြောင်းလမ်းတွေမှာပဲအသုံးပြုပါတယ်။ Parnaiba ဟာ (၁၉၃၈)ခုနှစ် တည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တာကြောင့် ယနေ့တိုင်အသုံးပြုနေဆဲ ကမ္ဘာသက်တမ်းအရင့်ဆုံးစစ်သင်္ဘောစာရင်းမှာ တစ်စီးအပါအဝင်ဖြစ်ပါတယ်။

Tags: militaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
မပျံသန်းနိုင်သော ငှက် ၁၀ မျိုး

မပျံသန်းနိုင်သော ငှက် ၁၀ မျိုး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!