Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်သမ္မတများ၏ စီးတော်ယာဉ် တောရိုင်းကောင်ကြီးများ

by Thutamm
November 18, 2020
Reading Time: 3min read
0
အမေရိကန်သမ္မတများ၏ စီးတော်ယာဉ် တောရိုင်းကောင်ကြီးများ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

အမေရိကန်နိုင်ငံသမ္မတများသည် သမ္မတ တာဝန်ကို ထမ်းဆောင်နေစဉ် တရားဝင် စီးခဲ့ကြသည့် နိုင်ငံတော်ပိုင် မော်တော်ကား ဖြစ် သည့် ကာဒီလက်လီမွန်ဆင်း(Cadillac Limousine) ကိုတောရိုင်းကောင်ဟု တင်စားခေါ်ဝေါ်ပြီး Stagecoach ဟုသင်္ကေတပြုသည်။ တောရိုင်းကောင်ကြီးများကို များစွာသော အသက်ကယ်စနစ်များ၊တိုက်ခိုက်ရေးနှင့်ခုခံရေး စနစ်များကို တပ်ဆင်ထားကာ အမေရိ ကန်ပြည်ထောင်စု လျှို့ဝှက်တပ်ဖွဲ့ ၏ စံနှုန်းများအတိုင်း ထုတ်လုပ်သည်။

အမေရိကန်သမ္မတသည် တောရိုင်းကောင်ကြီးတွင် စီးနင်းနေစဉ် ပြင်ပကမ္ဘာနှင့်အဆက်ဖြတ်ထားထားသော်လည်း ကျယ် ပြန့်နက်ရှိုင်းသော ၂၁ ရာစု ဆက်သွယ်ရေးစနစ်များက သမ္မတ လက်ဝယ်ရှိနေသည်။ အမေရိကန်နိုင်ငံသမ္မတများသည် ၂၀ ရာစုမှစ၍ မော်တော်ယာဉ်နည်းပညာများနှင့် ထိတွေ့ခဲ့ရသည်။သမ္မတ ဝီလျံဟော ဝပ်ဒ်တပ်ဖ် လက်ထက်တွင်ကားလေးစီးဝယ်ယူခဲ့ကာ အိမ်ဖြူတော် မြင်းစောင်းများကို မော်တော်ကားရုံများ အဖြစ်ပြောင်းခဲ့ခြင်းသည် အမေရိကန်သမ္မတ စီးတော်ယာဉ် မော်တော်ကားများ၏ နိဒါန်းဖြစ်ခဲ့သည်။သမ္မတ ဖရန်ကလင် ရူးစဗဲ့လက်ထက်တွင် ပထမဆုံး နိုင်ငံ တော်အဆင့် သမ္မတစီးမော်တော်ကား Sunshine Special ကို အမေရိကန်နိုင်ငံ လျှို့ဝှက်တပ်ဖွဲ့၏ သတ်မှတ်ချက် စံနှုန်းများ အတိုင်း ထုတ်လုပ်ခဲ့သည်။

အမေရိကန်သမ္မတ ကနေဒီ လက်ထက်အထိ သမ္မတစီးကားများသည် အကာအကွယ်မဲ့ခဲ့ပြီး လူထုကို တိုက်ရိုက်ထိတွေ့ စေသည့် ကားများဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အကာအကွယ်ခိုင်မာသည့် အလုံပိတ်ကားများကို အသုံးပြုခဲ့သည်။သမ္မတစီး ခေတ်မီတောရိုင်းကောင်ကြီးများသည် အစိတ်အပိုင်းများကို ဖြုတ်နိုင် ဖျက်နိုင်ရန်စီစဉ်ထားခြင်းကြောင့် လျှို့ဝှက်ချက်များကို မသက်ဆိုင်သူ များ မသိရှိ စေရန် ကာကွယ်ထားသည်။

သမ္မတ အိုဘားမားလက်ထက် တောရိုင်းကောင်ကြီး

အမေရိကန် သမ္မတ အိုဘားမားစီးနင်းနေသည့် တောရိုင်းကောင်ကြီးကို ၂၀၀၉ ခုနှစ်ဇန်နဝါရီလ ၂၀ ရက်တွင်စတင် အသုံး ပြုခဲ့သည်။ ထိုနေ့က သမ္မတ အိုဘားမားက လက်ရှိ တောရိုင်းကောင်ကြီးဖြင့် သမ္မတကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားမှ ပင်နီ ဆာဗေးနီးယား ရိပ်သာလမ်းသို့ နှစ်မိုင်ခရီးကို စတင် ဖွင့်လှစ်ခဲ့သည်။ယင်းကားအင်ဂျင်သည် ဓာတ်ဆီသုံး 8.1 လီတာ V8 engine သို့မဟုတ် ဒီဇယ်သုံး6.6 လီတာ Duramax တာဘို အင်ဂျင်ဖြစ်သည်။အော်တိုဝိခ် မဂ္ဂဇင်းက အိုဘားမား၏ တောရိုင်းကောင်ကြီး သည် ဓာတ်ဆီ အင်ဂျင်သုံးမော်တော်ယာဉ်ကြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းကားသည် ဝန်အားကြီးယာဉ်များတွင်သုံးသည့် Goodyear တာရာများ တပ်ဆင်ထားသဖြင့် ယခင်ကသုံးခဲ့သည့် ကား များထက်များစွာအလေးချိန်ပိုမိုကာ ပေါင် ၂၀၀၀၀ အထိရှိသည်။အလေးချိန်များသဖြင့် တစ်နာရီလျှင် မိုင် ၆၀ သာ မောင်းနှင်နိုင် ကာ ဆီတစ်ဂါလံလျှင် အများဆုံး ရှစ်မိုင်အထိသာ အသုံးပြုနိုင်သည်။ လက်ရှိ တောရိုင်းကောင်ကြီး လီမွန်ဆင်း၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ သုံးသိန်းမှ တစ်သန်းခွဲအကြားဖြစ်ပြီး အမေရိကန် နိုင်ငံ လျှို့ဝှက်တပ်ဖွဲ့က ထိန်းသိမ်းမှုကို တာဝန်ယူထားသည်။

တောရိုင်းကောင်ကြီး တည်ဆောက်ပုံ

အမေရိကန် သမ္မတကြီး၏ စီးတော် မော်တော်ယာဉ်၏ ကားတံခါးများတွင်သော့ပေါက်များမပါရှိဘဲ လီမွန်ဆင်း၏ တံခါး များကို မည်သို့ဖွင့်ရမည်ကို လျှို့ဝှက်တပ်ဖွဲ့ကသာ သိရှိသည်။ကားတံခါးပေါက်များကို ကျည်မပေါက်သည့် ငါးလက်မကျော် အထူ ရှိသော မှန် များ တပ်ဆင်ထားသည်။ယဉ်မောင်းတံခါးကိုသာ ဖွင့်ထားလေ့ရှိပြီး ကားအတွင်းပိုင်းကို ဓာတုဗေဒ တိုက် ခိုက်မှု ရန်များမှ ကာကွယ်နိုင်ရန် ရာနှုန်းပြည့်ပိတ်ထားသည်။

လက်ရှိ တောရိုင်းကောင်ကြီးတွင် ဒုံးကျည်ပန်ကာတပ် လက်ပစ်ဗုံးများတပ်ဆင်ထားသည့်အပြင် ညကြည့်မှန်များ၊ မျက် ရည် ယိုဗုံးပစ်လွှတ်စင်၊အောက်ဆီဂျင်ကန်၊မပေါက်ကွဲနိုင်သည့် ကားဆီလှောင်ကန်နှင့်ပြောင်းတိုသေနတ်များထည့်သွင်းထားသည်။ ထူးခြားသည့် အချက်မှာ တောရိုင်းကောင်ကြီးတွင် သမ္မတကြီးနှင့် သွေးအမျိုးအစားတူ သွေးပုလင်း နှစ်ပိုင့်ကို ဆောင်ယူထားခြင်း ဖြစ်သည်။

အကယ်၍ သမ္မတစီးနင်းလာသည့် မော်တော်ယာဉ်အား ဒုံးကျည်ဖြင့် တိုက်ခိုက်လာပါက ပြန်လည် ချေမှုန်းနိုင်ရန် အနီ အောက်ရောင်ခြည်သုံး မီးခိုးဗုံးများကို တောရိုင်းကောင်ကြီးတွင် ထည့်သွင်းထားသည်။ယခုအခါတွင်သမ္မတစီးကား၏ တံခါးများတွင် ရှစ် လက်မ အထူ ကျည်ကာမှန်များတပ် ဆင် ထားပြီး ဂျင်နရယ်မော်တာ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက သမ္မတ၏ ကား အသစ်ကို အလွန်တိကျသော အထူးပြုလုပ် ချက်များဖြင့် တည်ဆောက်ထားကြောင်းနှင့် အဆုံးစွန် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။သမ္မတစီးကားများကို ကာဒီလက်ပုံမှန်ကားများတွင် အမြင့်ဆုံးသောဒီဇိုင်းပြုလုပ်ဖန်တီးထားသည် ဟု ဆိုပေသည်။

အမေရိကန် လျှို့ဝှက်တပ်ဖွဲ့၏ ဝန်ထမ်းဟောင်းဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန်၏ မော်တော်ယာဉ်ကို မောင်းနှင်ခဲ့သူ ဂျိုးဖန့် က တောရိုင်းကောင်ကြီး၏ ထူးခြားချက်များကို စီအန်အန်သို့ပြောခဲ့ပြီး စီးတော်ယာဉ်အတွင်းသမ္မတကြီးသည် ပြင်ပကမ္ဘာနှင့် အဆက် ပြတ်နေချိန်တွင် သမ္မတကြီး၏ လက်ချောင်းများသည် ဖုန်းများ၊ ဂြိုလ်တု ဆက်သွယ်ရေးများ၊အင်တာနက်များအပါအဝင် ဆက်သွယ်ရေး ပစ္စည်းများပေါ်တွင်ရှိနေကြောင်းပြောခဲ့သည်။

အမေရိကန်သမ္မတများနှင့် တောရိုင်းကောင်ကြီးများ

၁၈၉၀ ဝန်းကျင်တွင် မော်တော်ကားကို တီထွင်ခဲ့ပြီး ၁၉၀၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်အထိ အမေရိကန်သမ္မတများ အတွက် စီးတော်မော်တော်ယာဉ် မရှိခဲ့ချေ။ ထိုရက်တွင် အမေရိကန်သမ္မတ ဝီလျံမက်ကင်လေးသည် စတန်လေးမော်တာ ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် ရေနွေးစွမ်းအားသုံး မော်တော်ကားကို စီးခဲ့သည်။ အမေရိကန်ပြည်ထောင်ဟု လျှို့ဝှက်တပ်ဖွဲ့၏ အဆိုအရ မော်တော်ကားမပေါ်မီက သမ္မတလိုက်ပါသည့် မြင်းဆွဲလှည်း နောက်သို့ တပ်ဖွဲ့ဝင်များက ခြေလျင် လိုက်ကြရသည်ဟု ဆိုသည်။

သို့သော် မော်တော်ကားများခေတ်စားလာချိန်တွင် လျှို့ဝှက် တပ်ဖွဲ့သည် ၁၉၀၇ ခုနှစ်တွင် သမ္မတရူးစဗဲ့၏ မြင်းဆွဲ လှည်းနောက်မှ လိုက်ရန် ရေနွေးငွေ့သုံး ကားတစ်စီးကို White Motor ကုမ္ပဏီမှ ဝယ်ယူခဲ့သည်။၁၉၀၈ ခုနှစ်တွင် သမ္မတဖြစ်လာသည့် ဝီလျံဟောဝပ်ဒ်တပ်ဖ်သည် အိမ်ဖြူတော် တွင်အပြောင်းအလဲများ ပြုလုပ်ခဲ့ကာ မြင်းစောင်းများသည် ကားရုံများဖြစ်လာခဲ့ကာ ဒေါ်လာ ၁၂၀၀၀ သုံးစွဲကာ ဇိမ်ခံ Pierce-Arrow ကားနှစ်စီးနှင့် Baker Motor ကားတစ်စီးတို့ကို ဝယ်ယူခဲ့သည်။ ယင်းငွေပမာဏ သည် ၂၀၁၆ ခုနှစ် ငွေကြေးတန်ဖိုးအရ ဒေါ်လာ၃၁၆၅၇၈ နှင့် ညီမျှ သည်။သမ္မတ ဝီလျံဟောဝပ်ဒ်တပ်ဖ်သည် ၁၉၁၁ ခုနှစ်တွင် ဝှိုက်မော်တာ ကုမ္ပဏီမှ ရေနွေးငွေ့စွမ်း အားသုံးကားတစ်စီးကို ဒေါ်လာ ၄၀၀၀ ဖြင့် ထပ်မံဝယ်ယူခဲ့သည်။

သမ္မတ တပ်ဖ်သည် သတင်းထောက်များ၊ ဓာတ်ပုံရိုက်သူများကို ရှောင်တိမ်းနိုင်သဖြင့် မော်တော်ကား စီးရခြင်းကို နှစ်ခြိုက် ခဲ့သည်။၁၉၁၂ ခုနှစ်တွင် သမ္မတဖြစ်လာသည့် ဝီလ်ဆင်သည် သူ၏ သက်တမ်းအတွင်း ဝယ်ယူခဲ့သည့် Pierce-Arrow ကားသုံးစီး ကို သဘောကျနှစ်သက်ခဲ့ကာ သမ္မတ သက်တမ်းကုန်ဆုံးပြီး ၁၉၂၁ ခုနှစ်တွင် အစိုးရထံမှ Pierce-Arrow တစ်စီးကို ဝယ်ယူခဲ့သည်။ဝီလ်ဆင်ကို ဆက်ခံခဲ့သည့် ဝါရင်ဂျီဟာဒင်းသည် အမေရိကန်ပြည်ထောင်စု၏ ၃၄ ဦးမြောက် သမ္မတဖြစ်သကဲ့သို့ သမ္မတခံယူပွဲသို့ မော်တော်ကားဖြင့် ပထမဆုံးတက်ရောက်ခဲ့သည့် သမ္မတဖြစ်ခဲ့သည်။ ထို့အတူ ကားမောင်းကျွမ်းကျင်သည့် ပထမဆုံး အမေရိကန် သမ္မတလည်းဖြစ်ခဲ့သည်။

သမ္မတ ဟားဘတ်ဟိုဗာလက်ထက်တွင် ကာဒီလက် V-16 ကိုစီးခဲ့ကာ ၁၉၃၆ ခုနှစ်တွင် ဖရန်ကလင် ရူးစဗဲ့သည် ဖို့ဒ် ကုမ္ပဏီထုတ် Phaeton coupe ကားကိုဝယ်ယူခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် လင်ကွန်းမော်တာကုမ္ပဏီထုတ် Sunshine Special ကိုစီးခဲ့ သည်။ Sunshine Special သည် အမေရိကန်လျှို့ဝှက်တပ်ဖွဲ့၏ အထူးစီစဉ်ထားမှုများအတိုင်းထုတ်လုပ်ခဲ့သည့် ပထမဆုံး သမ္မတ စီးတော်ယာဉ်အဖြစ် ထင်ရှားခဲ့သည်။အစပိုင်းတွင် ယင်းကားကို ငှားရမ်းအသုံးပြုခဲ့ပြီး Sunshine Specialသည် လင်ကွန်း မော်တော် ကုမ္ပဏီထုတ် K Series ကားများ၏ ဖရိန် (Chassis) အတိုင်းတည်ဆောက်ထားသည်။၁၀ ယောက်စီး ယင်းကားသည် ရှေ့ဘီးနှင့် နောက်ဘီးသည် ၁၃ ဒသမ ၃၃ ပေ ကွာဝေးလျက်လျှို့ဝှက်တပ်ဖွဲ့မှ ဝန်ထမ်းများ မတ်တတ်ရပ်လိုက်ပါနိုင်သည့် ခြေနင်းကိုကားဘေး နှစ်ဘက်တွင်တပ်ဆင်ထားသည်။

၁၉၄၁ ခုနှစ်တွင် ကားအမိုးကို သုံးလက်မ နှိမ့်ခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ပုလဲ တိပ်ကမ်းတိုက်ခိုက်ခံရမှုအပြီးတွင် တစ်လက်မ အထူ ကျည်ကာမှန်များတပ်ဆင်ခဲ့သည်။ပြင်ဆင်မွမ်းမံမှုများအပြီးတွင် Sunshine Specialသည် ပေါင် ၉၃၀၀ လေးလံသွားခဲ့သည်။ သမ္မတ ထရူးမင်းသည် ၁၉၅၀ ပြည့်နှစ်တွင် အနက်ရောင် Lincoln Cosmopolitans ကား ၁၀ စီးကို အိမ်ဖြူတော်အတွက် ဟန်နေး မော်တာ ကုမ္ပဏီမှ ငှားရမ်းခဲ့သည်။ကား ၁၀ စီးအနက် လက်နက်များတပ်ဆင်ထားသည့် ဘက်စုံသုံးကားကို သမ္မတကြီးစီးနင်းရန် အသုံးပြုခဲ့သည်။ သမ္မတ စီးတော်ယာဉ်သည် ပေ ၂၀ ရှည်၍ ခြောက်ပေခွဲကျယ်ကာ ပေါင် ၆၅၀၀ လေးသည်။ကား ၁၀ စီးလုံးတွင် မြင်းကောင်ရေ ၁၅၂ ကောင်အား V8 အင်ဂျင်များတပ်ဆင်ထားသည်။

သမ္မတ အိုင်ဆင်ဟောင်းဝါး လက်ထက်၊ ၁၉၅၄ ခုနှစ်တွင် Bubble-top ဟုထင်ရှားသည့်ကားကို ၁၉၆၅ ခုနှစ်အထိ စီးနင်း ခဲ့သည်။သမ္မတ ဂျွန် အက်ဖ် ကနေဒီသည် ၁၉၅၁ ခုနှစ်တွင် ဒေါ်လာ နှစ်သိန်း (၂၀၁၅ ငွေကြေး တန်ဖိုးအရ ဒေါ်လာ ၁၅၈၆၄၁၄) ကုန်ကျသည့် အပြာရင့်ရောင် Lincoln Continental ကို စီးနင်းခဲ့သည်။ ယင်းကားသည် သမ္မတအား ပြည်သူများ မြင်တွေ့နိုင်ရန် အမိုး ဖွင့်နိုင်ရန် ထုတ်လုပ်ခဲ့ရာ ကံမကောင်းစွာပင် ကနေဒီ _ _ ခံရမှုကို ဖြစ်ပွားစေခဲ့သည်။ ကနေဒီမရှိတော့သည့်နောက် Lincoln Continental ကို ပြန်လည်ဒီဇိုင်းဆွဲပြင်ဆင်ခဲ့ပြီးပြင်ဆင်မွမ်းမံခဲ့သည့် Lincoln Continental ကို သမ္မတ လန်ဒန်ဂျွန်ဆင်၊ ရစ်ချတ် နစ်ဆင်၊ဂျရယ်ဖို့ဒ်နှင့် ဂျင်မီကာတာ တို့သည် အခါအားလျော်စွာစီးနင်းခဲ့ကြပြီး ၁၉၇၇ ခုနှစ် တွင် Lincoln Continental ကို အနား ပေးခဲ့သည်။ ယခုအခါတွင် သမိုင်းဝင် Lincoln Continental ကို မစ်ရှီဂန်၊ဒီရားဘွန်းရှိ ဟင်နရီ ဖို့ဒ်ပြတိုက်တွင်ပြသထားသည်။

၁၉၇၄ ခုနှစ်တွင် အိမ်ဖြူတော်သို့သမ္မတစီးနင်းရန် ရောက်ရှိလာသည့် မော်တော်ယာဉ်သည် ၂၂ ပေရှည်၍ ပေါင် ၁၃၀၀၀လေးသည့် ၁၉၇၂ ခုနှစ်ထုတ် အဆင့်မြင့် Lincoln Continental ဖြစ်သည်။ယင်းကားတွင် သမ္မတ ဂျရယ်ဖို့ဒ်စီးနင်း လိုက်ပါလာခဲ့စဉ် သေနတ်ဖြင့် အပစ်ခံခဲ့ရသကဲ့သို့ ၁၉၈၁ ခုနှစ်တွင် သမ္မတ ရောနယ်ရီဂင်အား လုပ်ကြံပစ်ခတ်မှုဖြစ်ပြီးနောက် သမ္မတကြီးအား ယင်း ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် သမ္မတစီးသည့်မော်တော်ယာဉ်သည် ၁၉၈၃ ခုနှစ်ထုတ် ကာဒီလက်ကားဖြစ်သည်။ ယင်းကားသည် ယခင် ကားများထက် ၁၇ လက်မ ပိုမိုရှည်လျားကာ သုံးလက်မ ပိုမြင့်သည်။သမ္မတ ဂျော့ဘုချ်လက်ထက်၊၁၉၈၉ ခုနှစ်တွင် ၂၂ ပေ ရှည် ၍ ငါးပေမြင့်သော Lincoln Town Car ကို သမ္မတစီးယာဉ်အဖြစ် ပြောင်းလဲသုံးစွဲခဲ့သည်။

သမ္မတ ဘီလ်ကလင်တန်တက်လာသောအခါတွင် ၁၉၉၃ ခုနှစ် ထုတ် Cadillac Fleetwood ကိုစီးခဲ့ကာ ယခု အခါတွင် ယင်းကားကို အလာစကာပြည်နယ်၊လစ်တဲလ်ရော့ခ်ရှိ ကလင်တန် သမ္မတ စင်တာတွင်ကားတံခါးများအားလုံးကို ပိတ်လျက် ပြသ ထားသည်။ ပြတိုက်မှူး ခရစ္စတင်းက သူတို့ကိုယ်တိုင် ကားအတွင်းသို့ ဝင်ရောက်ရန်ရှိပါက ဒေသ လျှို့ဝှက်ဌာနရုံးထံ ဆက်သွယ်ရ ကြောင်း ပြောခဲ့သည်။သမ္မတဂျော့ဒဗလျူဘုချ် သမ္မတ တာဝန် စတင်ထမ်းဆောင်သည့် ၂၀၀၁ ခုနှစ်တွင် ပေါင် ၁၄၀၀၀ လေးသည့် တောရိုင်း ကောင်ကြီး(The Beast) ဟု အမည်ပေးထားသည့် ကာဒီလက်ကားကိုစီးခဲ့သည်။ ထိုအချိန်မှစ၍ အမေရီကန်သမ္မတ စီးနင်းသောကား များကို တောရိုင်း ကောင်ကြီး ဟု ခေါ်ဝေါ်ခဲ့ကြသည်။

သမ္မတ ဘုချ်သည် တောရိုင်း ကောင်ကြီးကို စီးတိုင်း လက်နက်များတပ်ဆင် ထားသည့် လီမွန်ဆင်းနှစ်စီးနှင့် အတူ သွားလာခဲ့သည်။တစ်စီးကို အရံအဖြစ်အသုံးပြုခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ရောမမြို့သို့ဘုချ် သွား ရောက်စဉ် သမ္မတ စီးသည့် ကားတစ်စီးက ရောမလမ်းပေါ်တွင် ငါးမိနစ်ကြာ တုံ့ဆိုင်းနေသဖြင့် သမ္မတခရီး အပြီးတွင်အရံကားဖြင့် အစားထိုးခဲ့သည်။သမ္မတဘုချ်သည် တစ်ခါတစ်ရံတွင် သမ္မတစီးတော်ယာဉ်ကို မစီးဘဲ သံရုံးကားများ၊စစ်ကားများကိုလည်း စီးနင်း လေ့ရှိသည်။သို့သော် သမ္မတကြီးသည် ပြည်ပခရီးစဉ်များတွင် အမေရိကန် အစိုးရကားများမှလွဲ၍ မည်သည့် ကားများကိုမှ မစီးခဲ့ ချေ။

၂၀ ရာစုနှောင်းပိုင်းတွင် အမေရိကန် လျှို့ဝှက်တပ်ဖွဲ့သည် သမ္မတစီးယာဉ်များကို အသုံးမပြုတော့ချိန်တွင် ကျည်ဆံများ၊ ပေါက်ကွဲပစ္စည်းများဖြင့် ဖျက်ဆီးရန်ပြင်ဆင်ခဲ့ကြသည်။သမ္မတစီးယာဉ်များ၏ လက်နက် ခံနိုင်ရည်စွမ်းကို ပြနိုင်ရန်နှင့်မော်တော် ယာဉ် ၏ထုတ်လုပ်မှု လျှို့ဝှက်ချက်များ၊ကာကွယ်ရေး စွမ်းအားများကို ဖျက်ဆီးရန်ဖြစ်သည်။

သမ္မတ ယာဉ်တန်း

၂၀ ရာစုနှောင်းပိုင်းမှ ၂၁ ရာစုအတွင်း အမေရိကန် သမ္မတများ၏ ယာဉ်တန်းတွင် မော်တော်ယာဉ်စီးရေ ၂၄ စီးမှ ၂၅ စီး အထိ အသုံးပြု ခဲ့ကြပြီး ယင်းယာဉ်အုပ်စုတွင် လုံခြုံရေး၊ကျန်းမာရေး၊သတင်းအဖွဲ့၊ လမ်းရှင်းယာဉ်များပါဝင်သည်။ သမ္မတ ဂျော့ ဒဗလျူ လက်ထက်တွင် သမ္မတ မော်တော်ယာဉ်တန်းသည်ကား ၂၄ စီးအထိပါဝင်ခဲ့ပြီးအိုဘားမား လက်ထက် တွင် စီးရေ ၃၀ မှ ၄၅ စီးအထိ အသုံးပြုခဲ့သည်။အိုဘားမား ယဉ်တန်းတွင် ဦးဆောင် ရဲကားများ၊ လမ်းရှင်းကားများအပါအဝင် အိမ်ဖြူ တော် လုပ်ငန်းကိစ္စအ၀၀သုံး ကားများနှင့် လူနာတင်ကားတစ်စီးပါ ပါဝင်သည်။သမ္မတ ကားကို လျှို့ဝှက်တပ်ဖွဲ့က ထိန်းသိမ်းစောင့် ရှောက် ၍ ကျန်ကားများကို အိမ်ဖြူတော် စစ်ရုံးက တာဝန်ယူဆောင်ရွက်ပေးသည်။

သမ္မတ အိုဘားမား၏ ဒုတိယမြောက် သက်တမ်းတွင် တောရိုင်းကောင်ကြီးဟုပင် အမည်ပေးထားသည့် ကာဒီလက် လီမွန် ဆင်းကားကြီးသည် ကြည့်၍ အကောင်းဆုံးယာဉ်တစ်စီးဖြစ်ခဲ့သည်။ အမေရိကန် သမ္မတများ အစဉ်အဆက် စီးနင်းသည့် တောရိုင်းကောင်ကြီးများသည် မော်တော်ကား ပေါ်ပေါက်ပြီးချိန်မှစ၍ တစ်ဆင့်ထက်တစ်ဆင့် အဆင့်မြင့်များလာခဲ့ရာ နောင်တွင် မည်မျှ တိုးတက်၍ အံ့မခန်းဖြစ်လာမည်ကို မခန့်မှန်းနိုင်ကြပါချေ။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် မတ်လထုတ် သုတစွယ်စုံ မဂ္ဂဇင်းမှ

Tags: tech
Next Post
လေယာဉ်ပေါ်ကနေ အဆိုးဆုံးကန္တာရထဲကို ကျရောက်ခဲ့ပြီး ၆ရက်ကြာပျောက်ဆုံးခဲ့တဲ့ ခွေးကလေး

လေယာဉ်ပေါ်ကနေ အဆိုးဆုံးကန္တာရထဲကို ကျရောက်ခဲ့ပြီး ၆ရက်ကြာပျောက်ဆုံးခဲ့တဲ့ ခွေးကလေး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!