ကမ္ဘာအရပ်ရပ်က အလွန်ကြီးမားတဲ့မီးလောင်ကျွမ်းမှုကြီးတွေကြောင့် လူသားတွေရဲ အသက်အိုးအိမ်၊စည်းစိမ်များစွာ ပျက်စီးခဲ့ရတဲ့အကြောင်းကို သိရှိပြီးဖြစ်ပါတယ်။ သမိုင်းတလျှောက် အလွန်ဆိုးရွားတဲ့ မီးလောင်ကျွမ်းမှုတွေအနက်ထဲမှာ ယနေ့စူပါပါဝါ ဖြစ်နေတဲ့ အမေရိကန် ချီကာဂိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးလည်း တစ်ခုအပါအဝင်ပါတယ်။
Great Chicago Fire လို့ခေါ်တဲ့ (၁၈၇၁)ခုနှစ်က အမေရိကန်ပြည်ထောင်စု ချီတာဂိုနဲ့အီလီနွိုက်ပြည်နယ်မှာလောင်ကျွမ်းခဲ့တဲ့ ချီတာဂိုမီး ကြောင့် သမိုင်းတွင်လောက်အောင် ပျက်စီးမှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။(၁၈၇၁)ခုနှစ်၊ အောက်တိုဘာ(၈)ရက်နေ့၊ တနင်္ဂနွေနေ့ကစတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးလောင်မှုကြီးဟာ အောက်တိုဘာ(၁၀)ရက် ၊အဂါၤနေ့မှသာ ပြီးဆုံးခဲ့ပါတယ်။
ချီတာဂိုမီးကြောင့်လူ(၃၀၀) ကျော်လောက်သေဆုံးခဲ့ရပြီး လူပေါင်း(၁၀၀၀၀၀)လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ချီတာဂိုမြို့တော် အနောက်တောင်ဘက်မှာရှိတဲ့ လယ်သမားရပ်ကွက်တစ်ခုကနေစတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးကြောင့် အဆောက်အအုံပေါင်း(၁၇၅၀၀)လောက်ပျက်စီး ခဲ့ရတာအပြင် အမေရိကန်ဒေါ်လာ (၂၂၂)သန်း(ယနေ့ခေတ်နဲ့တွက်ရင် အမေရိကန် ဒေါ်လာ (၄.၅၉၃) ဘီလျံလောက်)ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
လောင်ကျွမ်းချိန်ဟာပူပြင်းခြောက်သွေ့ပြီးလေပြင်းများတိုတ်ခတ်တဲ့အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြို့တော်အနောက်တောင်ဘက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ တောင်ဘက်တစ် လျောက်လောင်ကျွမ်းပြီး ချီကာဂိုမြစ်ကို ဖြတ်ကူးပြီး ချီတာဂိုမြို့တော်အလယ်ခေါင်အထိ ဆက်လက်လောင်ကျွမ်းခဲ့တဲ့အပြင် ချီတာဂိုမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ မြို့တော်ရဲ့ မြောက်ဘက်ပိုင်းတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ လူအသေအပျောက်အလွန်များပြားတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရတဲ့ ချီတာဂိုမီးလောင်မှုဖြစ်စဉ်ကာလအတွင်းက ချီတာဂိုမြို့အတွင်း မှာသစ်သားနဲ့တည်ဆောက်ထားတဲ့ အဆောက်အအုံ၊လူသွားလမ်း၊ တံတားများစွာရှိနေ ခဲ့တာဖြစ်ပါတယ်။ မီးစတင်လောင်ကျွမ်းတဲ့နေရာကတော့ မြို့တော်အနောက်တောင်ပိုင် းက အမှတ်(၁၃၇) DeKovenလမ်းမနေထိုင်တဲ့ Patrick O’ Leary နဲ့ သူရဲ့ဇနီး Catherine တို့ပိုင်ဆိုင်တဲ့ စပါးကျီကနေည(၉)နာရီအချိန်မှာ စတင် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
အိမ်နီးချင်းတွေအဆိုအရတော့ လက်ဆွဲမှန်အိမ်တစ်လုံးကို တိုက်မိရာမှဒီမီးဟာစတင်ခဲ့ တာဖြစ်ကြောင်းနဲ့ Patrick O’ Leary မိသားစုကဝိုင်းဝန်းငြိမ်းသက်ခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မီးလောင်မှုပြီးစီးတဲ့နောက် Patrick O’ Leary နဲ့ သူရဲ့ဇနီး Catherineတို့ရဲ့ ထွက်ဆိုချက်တွေမှာတော့ ချီတာဂိုမီးစတင်လောင်ကျွမ်းခဲ့တာ ဟာသူတို့ကြောင့်ဆိုတဲ့ စွပ်စွဲချက်ကိုငြင်းဆန်ထားပြီး ပြသာနာစတင်ဖြစ်ပွားတဲ့ မီးအိမ်ကို တိုက်ချတဲ့သူဟာ သူမတို့မိသားစုဝင်တွေမဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ ဒါကြောင့် ချီတာဂိုမီးစတင်လောင်ကျွမ်းစေခဲ့တဲ့ တရားခံဟာ ယနေ့တိုင်ဖော်ထုတ်နိုင် ခြင်းတော့မရှိသေးပါဘူး။
အချို့ကလည်း ဒါဟာရှိုမီးဖြစ်ကြောင်းနဲ့ အခင်းဖြစ်စဉ်ဟာ ညအချိန်ဖြစ်တာကို အကောင်းဆုံးအသုံးချခဲ့တာ ဖြစ်ကြောင်းဆိုကြပါတယ်။ အခင်းဖြစ် စဉ်ကရာသီ ဥတုဟာပူပြင်းခြောက်သွေ့တဲ့အပြင် လေပြင်းတွေတိုတ်ခတ်မှုကြောင့် ချီတာဂိုမြို့အနောက်တောင်ပိုင်းကနေစတင်ခဲ့တဲ့ မီးဟာ မြို့ရဲ့အရှေပိုင်းနဲ့ မြောက်ပိုင်း ဆီကို လျှင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
ချီတာဂိုမီးလောင်ကျွမ်းတဲ့ အရှိန်ဟာ အလွန်မြန်ဆန်ပြီး တစ်နာရီကို (၁၆၀)ကီလိုမီတာအထိ ရှိခဲ့ပါတယ်။ ယင်းအချိန်က ချီတာဂိုမီးသတ်အဖွဲ့မှာ မီးသတ်အဖွဲ့ဝင်(၁၈၅)ဦးအပါအဝင် မြင်းကောင်ရေ (၁၇) ကောင်အားရှိတဲ့ ရေစုပ်စက်တွေကိုပိုင်ဆိုင်ပါတယ်။ ဒါကြောင့် မီးစတင်လောင်ကျွမ်း စဉ်ကအနေအထားကို မီးသတ်အဖွဲ့က တည်တည်ငြိမ်ငြိမ်ထိန်းချုပ်နိုင်မှာ ဖြစ်ပေမဲ့ ယင်းအချိန်က မီးကင်းတာဝန်ကျတဲ့ မီးသတ်ရဲဘော် Matthias Schaffer ရဲ့မီးလောင်တဲ့ နေရာကို မှားယွင်းစွာသတင်းပေးခဲ့မှုကြောင့် တကယ်လောင်ကျွမ်းတဲ့ နေရာကိုရောက်ချိန်မှာတော့ပြင်းထန်တဲ့ မီးအားကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့ ပါဘူး။
ဒါအပြင် ဒီပြင်းထန်တဲ့မီးအရှိန်ဟာ နောက်ပိုင်းလေဆင်နှာမောင်းသဏ္ဍန်ဖြစ်သွားခဲ့ပြီး ကြီးမား တဲ့အပူချိန်ကြောင့် မီးလမ်းကြောင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ ကမ်းခြေကသဲတွေဟာ ဖန်သားတွေအဖြစ်တောင် အသွင်ပြောင်းသွားခဲ့ရပါတယ်။
ဒါအပြင်မီးလောင်ပေါက်ကွဲမှု တွေကြောင့်များစွာသော ကားတွေ၊ အိမ်ဆောက်ပစ္စည်းများစွာဟာ ကောင်းကင်ယံမှာ လွှင့်ပျံပြီး အနီးဝန်းကျင်ကလူတွေပေါ်ကို အရှိန်ပြင်းစွာ ကျရောက်တာကြောင့် သေဆုံးမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ ချီတာဂိုမီးလောင်ကျွမ်းရာလမ်းကြောင်းဟာ (၄) မိုင်လောက်ရှည်လျားပြီး အကျယ်ကတော့(၁)မိုင်လောက်ရှိပါတယ်။ လူနေအိမ်အပါ အဝင် အဆောက်အအုံ(၁၇၀၀၀)ကျော်ဟာ မီးကြောင့် လုံးဝသုံးမရအောင် ပျက်စီး သွားခဲ့ရပါတယ်။
ချီတာဂိုမီးလောင်ကျွမ်းမှုဖြစ်စဉ် ပြီးတဲ့နောက်မှာလည်း အခြားသော ဥပဒေမဲ့လုပ်ရပ်များစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြမှု တွေပေါ်ပေါက်လာခဲ့တာကြောင့် အမေရိကန်အစိုးရက ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး အုပ်ချုပ်ခဲ့ရတဲ့ အထိကိုဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ခြေမြန်တပ်မ များစွာကို စေလွှတ်ပြီး ချီတာဂိုဒေသ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလျှင်အမြန်အကောင်အထည်ဖော်ခဲ့ရတာကို လည်းတွေ့ရပါတယ်။ ဒါအပြင်ယင်းဒေသရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ကုန်သွယ်ရေး အဓိကအဆောက်အအုံတွေအားလုံးမီးဘေးဒဏ်သင့်ခဲ့ရတဲ့အတွက် ဗဟိုအစိုးရကိုယ် တိုင်တည်ဆောက်ရေး မဟာဗျူဟာအသစ်တွေချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ ရပါတယ်။
ထူးခြားချက်ကတော့ချီတာဂိုမြို့တော်ကိုပြန်လည်တည်ဆောက်ရေးပြုလုပ်နေတဲ့ ကာလအတွင်း မှာပဲ မြို့တော်ရဲ့ လူဦးရေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အရှိန်အဟုန် နဲ့ကြီးထွားလာခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်၊ပြင်သစ်အပါအဝင် အမေရိကန်ရဲ့ အဓိကမဟာမိတ်တွေဟာ ချီတာဂိုရဲ့အခြေခံတည်ဆောက်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းတွေမှာ အားကောင်းကောင်းနဲ့ ပါဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေစစ်တမ်းတွေအရတော့ ချီတာဂိုမီးလောင်ကျွမ်းပြီး ချိန်က မြို့တော်ရဲ့လူဦးရေဟာ (၃၂၄၀၀၀)ဦးသာရှိခဲ့ရာမှ နောင်(၅)နှစ်ကြာတဲ့အချိန်မှာ (၅၀၀၀၀၀)အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ ဒါအပြင် အခြား စီးပွားရေး၊ပညာရေးဆိုင်ရာ ကဏ္ဍတွေမှာလည်း တစ်ပြေးညီဆက်လက်တိုးတက်နေဆဲ ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
VIDEO
Discussion about this post