Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

 ပေါ်တိုရီကို အကြောင်း သိကောင်းစရာ

by Thutamm
April 14, 2020
Reading Time: 1min read
0
 ပေါ်တိုရီကို အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ပေါ်တိုရီကိုဓနသဟာယနိုင်ငံလို့ သိကြတဲ့ပေါ်တိုရီကိုကျွန်းဟာ ကာရေဘီယန်းပင်လယ်ထဲမှာတည်ရှိပြီး အမေရိကန် ဖလော်ရီဒါပြည်နယ် မီယာမီမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၁၀၀၀ခန့်အကွာအဝေးမှာ တည်ရှိနေပါတယ်။ဧရိယာစတုရန်းမိုင်ပေါင်း ၃၅၁၅ ကျယ်ဝန်းပါတယ်။ အမေရိကန်နိုင်ငံရဲ့ လက်အောက်ခံဖြစ်ပေမယ့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်။ အများကနယ်မြေတစ်ခုအဖြစ်သာ သတ်မှတ်ကြပေမယ့် ဒေသခံတွေကတော့ ပေါ်တိုရီကို ကို နိုင်ငံတစ်ခုအဖြစ် ခံယူထားကြပါတယ်။

ပေါ်တိုရီကို ရှိရာနေရာတွင် ဘီစီ ၃၀၀၀ နှင့် ၂၀၀၀ ကြားတွင် Ortoiroid လူမျိုးများစတင်နေထိုင်ကြပြီး ဘီစီ ၄၃၀ နှင့် အေဒီ ၁၀၀၀ ကြားတွင် ဆလာဒွိုက်လူမျိုးများနှင့် အာရာဝပ်လူမျိုးများနေထိုင်ကြပါတယ်။ ၁၄၉၃ခုနှစ်မှာ စပိန်နယ်မြေသစ်ရှာဖွေသူ ကိုလန်ဘတ်က ၎င်းကျွန်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ဆန်ဝှမ်းဘောက်တစ်စတာလို့အမည်ပေးခဲ့ပါတယ်။

ဤကျွန်းဟာ ၁၆ ၊ ၁၇ နှင့် ၁၈ ရာစုအတွင်း စပိန်နှင့်ဥရောပနိုင်ငံများ၏နယ်မြေလုစစ်ပွဲများတွင် အဓိကစစ်အခြေစိုက်စခန်းဖြစ်ခဲ့ပါတယ်။ ၁၈၉၈ စပိန်-အမေရိကန်စစ်ပွဲတွင် ပေါ်တိုရီကိုဟာ အသိမ်းခံရပြီး အမေရိကန်လက်အောက်ခံ ဖြစ်ခဲ့ရပါတယ်။

၁၉၁၇ ခုနှစ်မှာတော့ ပူအာတိုရီကိုကျွန်းနေထိုင်သူတွေကို အမေရိကန် နိုင်ငံသား ခံယူခွင့်ပေးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကစလို့ လူထုရွေးချယ်ခန့်အပ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ်လာခဲ့ပြီး ၁၉၅၂ ခုနှစ်တွင်  ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထည့်သွင်း ပြဌာန်းခဲ့ပါတယ်။

လူဦးရေ ၃.၂သန်းခန့်ရှိပြီး ပြည်သူ့ဆန္ဒဖြင့်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ ဘုရင်ခံကဦးဆောင်အုပ်ချုပ်ပါတယ်။ လက်ရှိဘုရင်ခံကတော့ လက်ရှိဘုရင်ခံကတော့ Ricardo Rosselló ဖြစ်ပါတယ်။ အင်္ဂလိပ်နှင့်စပိန်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်ပြောဆိုကြပါတယ်။ ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာကိုအသုံးပြုကြပါတယ်။

ပေါ်တိုရီကို ဟာစပိန်ဘာသာစကားဖြင့် ချမ်းသာသောဆိပ်ကမ်း(rich port) လို့အဓိပ္ပာယ်ရပါတယ်။ ပေါ်တိုရီကိုဓနသဟာယနိုင်ငံတွင် အကြီးဆုံးအဓိကကျွန်းမကြီးအပါအဝင် မိုနာ ၊ ဗီးယက်ကွက် ၊ ကူလီဘရာစတဲ့ကျွန်းငယ်များစွာဖြင့်ဖွဲ့စည်းထားပါတယ်။ ၎င်းကျွန်းသုံးကျွန်းတွင် ဗီးယက်ကွက်နှင့် ကူလီဘရာတို့တွင် လူနေထိုင်ကြပြီး မိုနာမှာတော့နေထိုင်သူမရှိပါဘူး။ သို့ပေမယ့် ပေါ်တိုရီကိုသဘာဝသယံဇာတထိန်းသိန်းရေးအဖွ့ဲကတော့ ကျွန်းနှင့်တောရိုင်းတိရစ္ဆာန်များကိုတခါတရံလာရောက်စစ်ဆေးကြပါတယ်။

အဓိကကျွန်းကြီး၏အလယ်တွင်တောင်စဉ်တောင်တန်းများရှိပြီး ကျွန်းရဲ့နေရာတော်တော်များများကိုဖုံးလွှမ်းထားပါတယ်။ အမြင့်ဆုံးနေရာရဲ့အမြင့်ဟာ ၄၃၉၀ ပေဖြစ်ပါတယ်။ အဓိကကျွန်းမကြီး၏မြောက်ပိုင်းမှာတည်ရှိတဲ့ ဆန်ဝှမ်း( San Juan) မြို့ဟာ ပေါ်တိုရီကိုနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့တော်လည်း ဖြစ်ပါတယ်။

ပေါ်တိုရီကိုမှာ စပိန်ဘာသာစကားပြောဆိုသူ ၉၄.၇ ရာခိုင်နှုန်းနှင့် အင်္ဂလိပ်ဘာသာစကားပြောဆိုသူ ၅.၃ ရာခိုင်နှုန်းရှိပါတယ်။ပြင်သစ်နဲ့ အခြားဘာသာစကားတွေကိုလည်း ပြောဆိုကြပါတယ်။ ပေါ်တိုရီကိုနိုင်ငံဟာ၂၀၁၇ ခုနှစ်မေလတွင်များပြားတဲ့အကြွေးများနှင့် စီးပွားရေးကျဆင်းခဲ့ရပြီး ၁၉၃၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးစီးပွားပျက်ကပ်ရဲ့နောက် အဆိုးဆုံးဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒါအပြင် ၂၀၁၇ခုနှစ် စက်တင်ဘာမှာ ဟာရီကိန်းမာရီယာဟာ ပေါ်တိုရီကို ကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် အပျက်အစီးများစွာကို ဖြစ်စေခဲ့တဲ့အပြင် လျှပ်စစ်ပေးဝေရေးစနစ်ကိုလည်း ဆိုးဆိုးဝါးဝါးပျက်စီးစေခဲ့ပါတယ်။ လျှပ်စစ်ပြန်ရဖို့ လအနည်းငယ်ကြာမြင့်ခဲ့တာကြောင့် နေထိုင်သူ ၂သိန်းခန့်ဟာ အမေရိကန်မီယာမီကို ပြောင်းရွေ့သွားခဲ့တာကြောင့် ပေါ်တိုရီကိုရဲ့ လူဦးရေ သိသိသာသာ ကျဆင်းခဲ့ရပါတယ်။

ပေါ်တိုရီကိုဟာ အမေရိကန်ပိုင်နယ်မြေများတွင် ၎င်းနှင့်ပေါင်းစပ်ခြင်းမရှိတဲ့အကြီးဆုံးနယ်မြေဖြစ်ပြီး အဖွဲ့အစည်းများ ၊ ကိုယ်ပိုင်အုပ်ချုပ်သည့်နယ်မြေများ ၊ မဲပေးရွေးချယ်ထားသောဘုရင်ခံများ ၊ လွှတ်တော်များဖြင့်ဖွဲ့စည်းထားပါတယ်။

ပေါ်တိုရီကိုတွင်ပါတီသုံးခုရှိပြီး ၎င်းတို့ကတော့ ပေါ်တိုရီကို ကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ချင်တဲ့ Puerto Rican Independence Party ၊ အမေရိကန်နိုင်ငံ၏ပြည်ထောင်စုတစ်ခုဖြစ်အောင်ဆောင်ရွက်မည့် New Progressive Party နှင့် ကိုလိုနီစနစ်ကိုထောက်ခံသည့် Popular Democratic Party တို့ဖြစ်ပါတယ်။ အမေရိကန်ကိုယ်စားလှယ်ညီလာခံ ( U.S. House of Representatives) သို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့ကို မဲပေးရွေးချယ်ပါတယ်။

ပေါ်တိုရီကိုမှာ နေထိုင်သူအများစုကတော့ အမေရိကန်နိုင်ငံသားတွေဖြစ်ပြီး အာဖရိကသား ၁၂%ခန့်လည်း နေထိုင်ကြပါတယ်။ အများဆုံးကိုးကွယ်တဲ့ဘာသာကတော့ ခရစ်ယာန်ဖြစ်ပြီး ရိုမန်ကတ်သလစ် ၅၆% နဲ့ ပရိုတက်စတင့် ၃၃% ဖြစ်ပြီး ကျန်တာတွေကတော့ အခြားဘာသာ နဲ့ ဘာသာမဲ့တွေဖြစ်ပါတယ်။

ပေါ်တိုရီကိုမှာ နေထိုင်ကြသူများဟာ စီးပွားရေးအနေနဲ့ ဆေးဝါးထုတ်လုပ်ခြင်း ၊ အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်ခြင်း ၊ အဝတ်အထည် နှင့် အစားအစာထုတ်လုပ်ခြင်း ၊ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ဆောင်မှုများကို လုပ်ကိုင်ကြပြီး တစ်ဦးချင်းစီရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၉၇၃၉ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားအများစု သွားရောက်လည်ပတ်လေ့ရှိတဲ့ ပေါ်တိုရီကိုရဲ့ထင်ရှားတဲ့နေရာတွေကတော့ ဆန်ဝှမ်းမြို့ဟောင်း ၊ ကမ်းခြေမြို့လေး Rincón ၊ El Yunque အမျိုးသားသစ်တော ၊ Flamenco ကမ်းခြေ ၊ Arecibo စူးစမ်းလေ့လာရေးစခန်းက အချင်း ၃၀၅ မီတာရှိတဲ့ တယ်လီစကုပ်ကြီးရှိရာနေရာ၊ ၁၆ရာစုမှာတည်ဆောက်ခဲ့တဲ့ ယူနက်စကိုစာရင်းဝင် La Fortaleza ဆိပ်ကမ်း ၊ Ponce မြို့ ၊ Rio Camuy လိုဏ်ဂူများ အပြင် အခြားနေရာတွေလည်း များစွာရှိပါသေးတယ်။

Tags: countries
Next Post
အန္တာတိကသမုဒ္ဒရာ (သို့) တောင်သမုဒ္ဒရာ အကြောင်း သိကောင်းစရာ

အန္တာတိကသမုဒ္ဒရာ (သို့) တောင်သမုဒ္ဒရာ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!