(Unicode)
USS Zumwalt (ယာဉ်အမှတ် DDG-1000) ဟာ အမေရိကန်ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေသုံးထားတဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်နိုင်သော ဖျက်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ဇမ်ဝေါ့အမျိုးအစားသင်္ဘောတွေထဲမှာ ပထမဆုံးသင်္ဘောလည်းဖြစ်ပါတယ်။ ရေဒါပျောက်သင်္ဘောဖြစ်ပေမယ့် လေယာဉ်တွေလို ရေဒါကနေ လုံးဝပျောက်သွားတာမဟုတ်ပဲ အရွယ်အစားကြီးမားတဲ့သင်္ဘောတစ်စီးလုံးကို သင်္ဘောငယ်လေး တစ်ခုလို ထင်သွားစေတဲ့ stealth နည်းပညာကို အသုံးပြုထားပါတယ်။
သင်္ဘောအမည် ဇမ်ဝေါ့(Zumwalt) ကတော့ အသက်အငယ်ဆုံးနဲ့ အမေရိကန်ရေတပ်ရဲ့အကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Elmo Russell Zumwalt, Jr ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်း ဖြစ်ပါတယ်။ သူဟာ အမေရိကန် စစ်ရေးသမိုင်းမှာ အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး အထူးသဖြင့်တော့ ဗီယက်နမ်စစ်ပွဲကာလအတွင်းမှာ ထင်ရှားခဲ့ပါတယ်။ အမေရိကန်ရေတပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ချမှတ်ခဲ့သူ လည်းဖြစ်ပါတယ်။
မူလဖျက်သင်္ဘောတွေထက် သာလွန်တဲ့ ဇမ်ဝေါ့ဖျက်သင်္ဘောရဲ့ စွမ်းဆောင်ရည်တွေကတော့ ရေတိမ်ကမ်းနီးဒေသတွေမှာ လျှင်မြန်စွာမောင်းနှင်နိုင်ခြင်း ၊ မြေပြင်စစ်ဆင်ရေးမှာ တိုက်ခိုက်ရေးတပ်များအား အမြောက်ကူပစ်ပေးနိုင်ခြင်း ၊ လေယာဉ် နှင့် ရေငုပ်သင်္ဘောများကို တန်ပြန်တိုက်ခိုက်ဖျက်စီးနိုင်ခြင်း ၊ ရာသီဥတု အချိန်နေ့ညမရွေး တာဝေးပစ် ဒုံးပျံများပစ်လွှတ်တိုက်ခိုက်နိုင်ခြင်း နှင့် ရန်သူ့ထောက်လှမ်းရေး ကိရိယာတွေ ဖမ်းယူဖို့မလွယ်ကူတဲ့ ကိုယ်ထည်ဒီဇိုင်းရှိခြင်း စတာတွေပဲဖြစ်ပါတယ်။
ဒီ USS Zumwalt သင်္ဘောဟာ ၁၉၉၄ခုနှစ်ကတည်းက စတင်ခဲ့တဲ့ DD21 program လို့ခေါ်တဲ့ ၂၁ရာစုဖျက်သင်္ဘော (“21st Century Destroyer”) အစီအစဉ်ကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ဒီပရိုဂရမ်အရ စစ်သင်္ဘောတွေဟာ ကမ်းဝေးသာမက ကမ်းနီးရေတိမ်ပိုင်းမှာပါ လိုက်လံတိုက်ခိုက်နိုင်ရန် ၊ ရေပေါ် ရေအောက် ရန်သူ့ယာဉ်များကို တန်ပြန်ပစ်ခတ်ဖျက်ဆီးနိုင်ရန် ၊ လျို့ဝှက်စစ်ဆင်ရေးများဆင်နွှဲနိုင်ရန် စတဲ့ စွမ်းရည်များပါဝင်လာဖို့ ဖြစ်ပါတယ်။ ဖျက်သင်္ဘော (DD-21/DD-X) နဲ့ ခရူဆာသင်္ဘော (FF-21/FF-X) ဆိုပြီး အပိုင်း ၂ပိုင်းပါဝင်ပေမယ့် ခရူဆာသင်္ဘောတွေ တည်ဆောက်မယ့် အစီအစဉ်ကတော့ ဘက်ဂျက်မလုံလောက်တာကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။ DD-X အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဖျက်သင်္ဘောတွေကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်ဖေဖော်ဝါရီလမှာတော့ အမေရိကန် Maine ပြည်နယ် ၊ Bath မြို့မှာ အခြေစိုက်ထားတဲ့ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကြီး Bath Iron Works (BIW) နဲ့ ဒီသင်္ဘောတည်ဆောက်ရေးအတွက် ဒေါ်လာ ၁.၄ဘီလျံနဲ့ စာချုပ်ကို ချုပ်ခဲ့ပါတယ်။ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၂၉ရက်နေ့မှာတော့ သင်္ဘောတည်ဆောက်ပြီးစီးကာ ရေချနိုင်ခဲ့ပါတယ်။ ၂၀၁၆ အောက်တိုဘာလမှာ တပ်တော်ဝင်ခဲ့တဲ့ ဒီသင်္ဘောဟာ လက်ရှိအချိန်မှာ အသင့်အနေအထားနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့ရဲ့ ပင်မ အခြေစိုက်စခန်းကတော့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုစခန်း ဖြစ်ပါတယ်။
ဒီစစ်သင်္ဘောရဲ့ အလျားကတော့ ပေ ၆၀၀ ရှိပြီး ၊ အနံ ၈၀.၇ပေ ရှိကာ ရေစူးကတော့ ၂၇.၆ပေ ဖြစ်ပါတယ်။ ထုထည်အားဖြင့်တော့ ၁၄၅၆၄တန် ရှိပြီး လျှပ်စစ်ဓာတ်အားအတွက် Integrated Power System (IPS) ကို တပ်ဆင်ထားပါတယ်။ ဒီစနစ်ဟာ ပုံမှန်စစ်သင်္ဘောအများစုမှာ အသုံးပြုထားတဲ့ စနစ်ထက်သာလွန်ပါတယ်။ ပုံမှန်သင်္ဘောတွေမှာ မောင်းနှင်ဖို့အတွက် အင်ဂျင် နဲ့ သင်္ဘောကို လျှပ်စစ်ဓာတ်အားပေးဖို့အတွက် အင်ဂျင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ တိုက်ပွဲဝင်နေစဉ်အတွင်းမှာ လျှပ်စစ်ဓာတ်အားပိုလိုတဲ့အခါ မောင်းနှင်တဲ့အင်ဂျင်ကနေ ထုတ်မပေးနိုင်တာပါ။
ဒီသင်္ဘောမှာသုံးထားတဲ့ IPS စနစ်ကတော့ နည်းပညာအမြင့်ဆုံးလို့ဆိုရမယ့် Rolls-Royce ဂတ်စ်တာဘိုင်အင်ဂျင် ၄လုံး ( MT30 ၂ လုံး နဲ့ RR4500 ၂လုံး) နဲ့ သင်္ဘောရဲ့လျှပ်စစ်ဓာတ်အားကိုပေးထားပြီး သင်္ဘောမောင်းနှင်ရန် ပန်ကာလိုအပ်ဖို့စွမ်းအင်ကို မော်တာများက တဆင့်ပြန်ပေးထားတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားလိုအပ်တဲ့ သင်္ဘောရဲ့အစိတ်အပိုင်းအားလုံးကို ဒီဂျစ်တယ်စနစ်နဲ့ ထိန်းချုပ်ပြီး တိုးပေးခြင်း ၊ လျှော့ပေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ သူ့ရဲ့လျှပ်စစ်ဓာတ်အားပေးစနစ်ကနေ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၇၈MW ကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် အင်အားအကောင်းဆုံး လျှပ်စစ်ဓာတ်အားကို အသုံးပြုကာ မောင်းနှင်နေတဲ့ သင်္ဘောတစ်စင်းလို့ ဆိုနိုင်ပါတယ်။ တစ်နာရီကို ရေမိုင် ၃၃.၅မိုင် (၃၈.၆မိုင်) အမြန်နှုန်းနဲ့ ခုတ်မောင်းနိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။
ရေဒါစနစ်အနေနဲ့ကတော့ MFR(X-band) နဲ့ VSR(S-band) တို့ကို အသုံးပြုထားပါတယ်။ လှိုင်းအလျားတိုတဲ့ AN/SPY-3 Multi-Function Radar MFR(X-band) ရေဒါကတော့ သေးငယ်တဲ့အရာဝထ္ထုတွေနဲ့ ရန်သူရဲ့ သင်္ဘောဖျက်ဒုံးတွေကို ထောက်လှမ်း နိုင်ပြီး လှိုင်းအလျားရှည်တဲ့ Volume Search Radar (VSR) (S-band) ရေဒါကတော့ အဝေးမှာရှိတဲ့ သင်္ဘော ၊ ဒုံးပျံ ၊ လေယာဉ် နဲ့ အမြှောက်တပ် စတာတွေကို ထောက်လှမ်းပေးနိုင်စွမ်းရှိပါတယ်။
တပ်ဆင်ထားတဲ့လက်နက်တွေ အနေနဲ့ကတော့ Advanced Gun System လို့ခေါ်တဲ့ 150mm ပင်မအမြောက်ကြီး ၂လက်ကို တပ်ဆင်ထားပါတယ်။ ဒီအမြှောက်ကြီးတွေဟာ ပစ်မှတ်တွေကို အမြန်ဆုံးနဲ့ တိတိကျကျ ထိမှန်အောင်အောင် ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ၁မိနစ်အတွင်း ၁၀ချက်ပစ်နိုင်စွမ်းရှိတဲ့ ဒီအမြောက်ကြီးတွေရဲ့ပစ်ခတ်နိုင်တဲ့အကွာအဝေးကတော့ ရေမိုင် ၈၃မိုင် ဖြစ်ပါသတဲ့။ အမြောက်တစ်ခုစီအတွက် ကျည် ၇၅၀ စီကို အော်တိုကျည်ဖြည့်တဲ့စနစ်နဲ့ တပ်ဆင်ထားပါတယ်။
တစ်ခုစီကို လောင်ချာ အခု ၂၀စီပါဝင်တဲ့ ဒုံးပျံလောင်ချာလက်နက် ၄ခု ကိုတော့ သင်္ဘောရဲ့ အရှေ့နဲ့ အနောက်မှာ ဘယ်ညာခွဲပြီး တပ်ဆင်ထားပါတယ်။ ဒီလိုတပ်ဆင်ထားရခြင်းကတော့ လက်နက်စနစ် တစ်ခုဟာ ရန်သူရဲ့ တိုက်ခိုက်မှုထိပြီး ပျက်စီးသွားတဲ့အခါ ကျန်တဲ့လက်နက်စနစ်တွေကို ဆက်လက်အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။ ဒီဒုံးပျံစနစ်မှာ လက်ရှိရှိနေတဲ့ ဒုံးပျံတွေသာမက ထပ်မံထွက်ရှိလာမယ့် နည်းပညာမြင့် သင်္ဘောဖျက်ဒုံးပျံ ၊ ရေငုပ်သင်္ဘောဖျက်ဒုံးပျံ စတာတွေကိုပါ ထည့်သွင်းပစ်ခတ်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အနီးကပ်အတွက်ကတော့ တစ်မိနစ်ကို ကျည် ၂၂၀ ချက်ပစ်နိုင်မယ့် Mk 46 30 mm အမြောက် နှစ်လက်ကို တပ်ဆင်ထားပါတယ်။ ဒီအမြောက်နှစ်လက်ရဲ့အဝေးဆုံးပစ်နိုင်တဲ့ အကွာအဝေးကတော့ ၂.၅မိုင်ဖြစ်ပါတယ်။
သင်္ဘောတစ်စီးလုံးကို IT နည်းပညာအသုံးပြုထားပြီးထိန်းချုပ်ထားတာကြောင့် အသုံးပြုတဲ့အခါ လျှင်မြန်လွယ်ကူစွာ အသုံးပြုနိုင်တာကတော့ Zumwalt ဖျက်သင်္ဘောတွေရဲ့ အားသာချက်ဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေနဲ့ တည်ဆောက်ထားတာကြောင့် ပုံမှန်အားဖြင့် စစ်သင်္ဘောတစ်စီးကို ထိန်းချုပ်ဖို့အတွက် သင်္ဘောသား ၂၅၀ ကနေ ၃၀၀ခန့် လိုအပ်တဲ့အချိန်မှာ Zumwalt အတွက်ကတော့ သင်္ဘောသား ၁၄၀ ဦးပဲ လိုအပ်ပါတယ်။ ဒီဖျက်သင်္ဘောပေါ်မှာ ရဟတ်ယာဉ်တွေဆင်းသက်နိုင်ပြီး အကြီးစား ရဟတ်ယာဉ် ၁စီးကနေ အသေးစား ရဟတ်ယာဉ် ၃စီး အထိဆင်းသက်နိုင်ပါတယ်။
နောက်ဆုံးပေါ် နည်းပညာတွေသုံးထားတဲ့ ဒီသင်္ဘောရဲ့ ခန့်မှန်းခြေကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၃.၅ဘီလျံ ကနေ ၄.၄ဘီလျံ အတွင်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဒီသင်္ဘောနဲ့ အမျိုးအစားတူ Zumwalt သင်္ဘော ၃စီးသာ ရှိသေးပြီး ကျန် ၂စီးကတော့ USS Michael Monsoor (DDG-1001) နဲ့ USS Lyndon B. Johnson တို့ပဲဖြစ်ပါတယ်။ Zumwalt သင်္ဘောတွေဟာ အမေရိကန်ရဲ့ တန်ဖိုးအကြီးဆုံး နည်းပညာအမြင့်ဆုံး သင်္ဘောတွေဆိုလည်း မမှားပါဘူး။ လက်ရှိအချိန်မှာတော့ USS Zumwalt နဲ့ USS Michael Monsoor တို့ဟာ တပ်တော်ဝင်နေပြီ ဖြစ်ပြီး USS Lyndon B. Johnson ကလည်း ၂၀၁၈ခုနှစ်ကတည်းက ရေချပြီးဖြစ်တာကြောင့် မကြာခင် တပ်တော်ဝင်ပြီး တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။
VIDEO
(Zawgyi)
အေမရိကန္ရဲ႕ ေရဒါေပ်ာက္ ပဲ့ထိန္းဒုံးက်ည္တင္ ဖ်က္သေဘၤာ ဇမ္ေဝါ့
USS Zumwalt (ယာဥ္အမွတ္ DDG-1000) ဟာ အေမရိကန္ရဲ႕ ေနာက္ဆုံးေပၚနည္းပညာေတြသုံးထားတဲ့ ပဲ့ထိန္းဒုံးက်ည္ပစ္လႊတ္ႏိုင္ေသာ ဖ်က္သေဘၤာအမ်ိဳးအစားျဖစ္ပါတယ္။ ဒီသေဘၤာဟာ ဇမ္ေဝါ့အမ်ိဳးအစားသေဘၤာေတြထဲမွာ ပထမဆုံးသေဘၤာလည္းျဖစ္ပါတယ္။ ေရဒါေပ်ာက္သေဘၤာျဖစ္ေပမယ့္ ေလယာဥ္ေတြလို ေရဒါကေန လုံးဝေပ်ာက္သြားတာမဟုတ္ပဲ အ႐ြယ္အစားႀကီးမားတဲ့သေဘၤာတစ္စီးလုံးကို သေဘၤာငယ္ေလး တစ္ခုလို ထင္သြားေစတဲ့ stealth နည္းပညာကို အသုံးျပဳထားပါတယ္။
သေဘၤာအမည္ ဇမ္ေဝါ့(Zumwalt) ကေတာ့ အသက္အငယ္ဆုံးနဲ႔ အေမရိကန္ေရတပ္ရဲ႕အႀကီးအကဲတာဝန္ကို ထမ္းေဆာင္ခဲ့တဲ့ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Elmo Russell Zumwalt, Jr ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးထားျခင္း ျဖစ္ပါတယ္။ သူဟာ အေမရိကန္ စစ္ေရးသမိုင္းမွာ အဓိက ဦးေဆာင္ပါဝင္ခဲ့သူျဖစ္ၿပီး အထူးသျဖင့္ေတာ့ ဗီယက္နမ္စစ္ပြဲကာလအတြင္းမွာ ထင္ရွားခဲ့ပါတယ္။ အေမရိကန္ေရတပ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို ျပင္ဆင္ခ်မွတ္ခဲ့သူ လည္းျဖစ္ပါတယ္။
မူလဖ်က္သေဘၤာေတြထက္ သာလြန္တဲ့ ဇမ္ေဝါ့ဖ်က္သေဘၤာရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ ေရတိမ္ကမ္းနီးေဒသေတြမွာ လွ်င္ျမန္စြာေမာင္းႏွင္ႏိုင္ျခင္း ၊ ေျမျပင္စစ္ဆင္ေရးမွာ တိုက္ခိုက္ေရးတပ္မ်ားအား အေျမာက္ကူပစ္ေပးႏိုင္ျခင္း ၊ ေလယာဥ္ ႏွင့္ ေရငုပ္သေဘၤာမ်ားကို တန္ျပန္တိုက္ခိုက္ဖ်က္စီးႏိုင္ျခင္း ၊ ရာသီဥတု အခ်ိန္ေန႔ညမေ႐ြး တာေဝးပစ္ ဒုံးပ်ံမ်ားပစ္လႊတ္တိုက္ခိုက္ႏိုင္ျခင္း ႏွင့္ ရန္သူ႔ေထာက္လွမ္းေရး ကိရိယာေတြ ဖမ္းယူဖို႔မလြယ္ကူတဲ့ ကိုယ္ထည္ဒီဇိုင္းရွိျခင္း စတာေတြပဲျဖစ္ပါတယ္။
ဒီ USS Zumwalt သေဘၤာဟာ ၁၉၉၄ခုႏွစ္ကတည္းက စတင္ခဲ့တဲ့ DD21 program လို႔ေခၚတဲ့ ၂၁ရာစုဖ်က္သေဘၤာ (“21st Century Destroyer”) အစီအစဥ္ကို အေျခခံၿပီး ျဖစ္ေပၚလာခဲ့တာပါ။ ဒီပ႐ိုဂရမ္အရ စစ္သေဘၤာေတြဟာ ကမ္းေဝးသာမက ကမ္းနီးေရတိမ္ပိုင္းမွာပါ လိုက္လံတိုက္ခိုက္ႏိုင္ရန္ ၊ ေရေပၚ ေရေအာက္ ရန္သူ႔ယာဥ္မ်ားကို တန္ျပန္ပစ္ခတ္ဖ်က္ဆီးႏိုင္ရန္ ၊ လ်ိဳ႕ဝွက္စစ္ဆင္ေရးမ်ားဆင္ႏႊဲႏိုင္ရန္ စတဲ့ စြမ္းရည္မ်ားပါဝင္လာဖို႔ ျဖစ္ပါတယ္။ ဖ်က္သေဘၤာ (DD-21/DD-X) နဲ႔ ခ႐ူဆာသေဘၤာ (FF-21/FF-X) ဆိုၿပီး အပိုင္း ၂ပိုင္းပါဝင္ေပမယ့္ ခ႐ူဆာသေဘၤာေတြ တည္ေဆာက္မယ့္ အစီအစဥ္ကေတာ့ ဘက္ဂ်က္မလုံေလာက္တာေၾကာင့္ ရပ္ဆိုင္းခဲ့ရပါတယ္။ DD-X အစီအစဥ္ကို ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ဖ်က္သေဘၤာေတြကို တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။
၂၀၀၈ ခုႏွစ္ေဖေဖာ္ဝါရီလမွာေတာ့ အေမရိကန္ Maine ျပည္နယ္ ၊ Bath ၿမိဳ႕မွာ အေျခစိုက္ထားတဲ့ သေဘၤာတည္ေဆာက္ေရးကုမၸဏီႀကီး Bath Iron Works (BIW) နဲ႔ ဒီသေဘၤာတည္ေဆာက္ေရးအတြက္ ေဒၚလာ ၁.၄ဘီလ်ံနဲ႔ စာခ်ဳပ္ကို ခ်ဳပ္ခဲ့ပါတယ္။ သေဘၤာတည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၂၀၀၉ခုႏွစ္ ေဖေဖာ္ဝါရီမွာ စတင္ခဲ့ပါတယ္။ ၂၀၁၃ခုႏွစ္ ေအာက္တိုဘာ ၂၉ရက္ေန႔မွာေတာ့ သေဘၤာတည္ေဆာက္ၿပီးစီးကာ ေရခ်ႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ေအာက္တိုဘာလမွာ တပ္ေတာ္ဝင္ခဲ့တဲ့ ဒီသေဘၤာဟာ လက္ရွိအခ်ိန္မွာ အသင့္အေနအထားနဲ႔ တာဝန္ထမ္းေဆာင္ေနပါတယ္။ သူ႔ရဲ႕ ပင္မ အေျခစိုက္စခန္းကေတာ့ အေမရိကန္ႏိုင္ငံ ကာလီဖိုးနီးယားျပည္နယ္ ဆန္ဒီေရဂိုစခန္း ျဖစ္ပါတယ္။
ဒီစစ္သေဘၤာရဲ႕ အလ်ားကေတာ့ ေပ ၆၀၀ ရွိၿပီး ၊ အနံ ၈၀.၇ေပ ရွိကာ ေရစူးကေတာ့ ၂၇.၆ေပ ျဖစ္ပါတယ္။ ထုထည္အားျဖင့္ေတာ့ ၁၄၅၆၄တန္ ရွိၿပီး လွ်ပ္စစ္ဓာတ္အားအတြက္ Integrated Power System (IPS) ကို တပ္ဆင္ထားပါတယ္။ ဒီစနစ္ဟာ ပုံမွန္စစ္သေဘၤာအမ်ားစုမွာ အသုံးျပဳထားတဲ့ စနစ္ထက္သာလြန္ပါတယ္။ ပုံမွန္သေဘၤာေတြမွာ ေမာင္းႏွင္ဖို႔အတြက္ အင္ဂ်င္ နဲ႔ သေဘၤာကို လွ်ပ္စစ္ဓာတ္အားေပးဖို႔အတြက္ အင္ဂ်င္ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ သူ႔ရဲ႕အားနည္းခ်က္ကေတာ့ တိုက္ပြဲဝင္ေနစဥ္အတြင္းမွာ လွ်ပ္စစ္ဓာတ္အားပိုလိုတဲ့အခါ ေမာင္းႏွင္တဲ့အင္ဂ်င္ကေန ထုတ္မေပးႏိုင္တာပါ။
ဒီသေဘၤာမွာသုံးထားတဲ့ IPS စနစ္ကေတာ့ နည္းပညာအျမင့္ဆုံးလို႔ဆိုရမယ့္ Rolls-Royce ဂတ္စ္တာဘိုင္အင္ဂ်င္ ၄လုံး ( MT30 ၂ လုံး နဲ႔ RR4500 ၂လုံး) နဲ႔ သေဘၤာရဲ႕လွ်ပ္စစ္ဓာတ္အားကိုေပးထားၿပီး သေဘၤာေမာင္းႏွင္ရန္ ပန္ကာလိုအပ္ဖို႔စြမ္းအင္ကို ေမာ္တာမ်ားက တဆင့္ျပန္ေပးထားတာျဖစ္ပါတယ္။ လွ်ပ္စစ္ဓာတ္အားလိုအပ္တဲ့ သေဘၤာရဲ႕အစိတ္အပိုင္းအားလုံးကို ဒီဂ်စ္တယ္စနစ္နဲ႔ ထိန္းခ်ဳပ္ၿပီး တိုးေပးျခင္း ၊ ေလွ်ာ့ေပးျခင္းေတြကို ျပဳလုပ္ႏိုင္ပါတယ္။ သူ႔ရဲ႕လွ်ပ္စစ္ဓာတ္အားေပးစနစ္ကေန စုစုေပါင္း လွ်ပ္စစ္ဓာတ္အား ၇၈MW ကို ထုတ္လုပ္ေပးပါတယ္။ ဒါေၾကာင့္ အင္အားအေကာင္းဆုံး လွ်ပ္စစ္ဓာတ္အားကို အသုံးျပဳကာ ေမာင္းႏွင္ေနတဲ့ သေဘၤာတစ္စင္းလို႔ ဆိုႏိုင္ပါတယ္။ တစ္နာရီကို ေရမိုင္ ၃၃.၅မိုင္ (၃၈.၆မိုင္) အျမန္ႏႈန္းနဲ႔ ခုတ္ေမာင္းႏိုင္တဲ့ သေဘၤာျဖစ္ပါတယ္။
ေရဒါစနစ္အေနနဲ႔ကေတာ့ MFR(X-band) နဲ႔ VSR(S-band) တို႔ကို အသုံးျပဳထားပါတယ္။ လႈိင္းအလ်ားတိုတဲ့ AN/SPY-3 Multi-Function Radar MFR(X-band) ေရဒါကေတာ့ ေသးငယ္တဲ့အရာဝထၳဳေတြနဲ႔ ရန္သူရဲ႕ သေဘၤာဖ်က္ဒုံးေတြကို ေထာက္လွမ္း ႏိုင္ၿပီး လႈိင္းအလ်ားရွည္တဲ့ Volume Search Radar (VSR) (S-band) ေရဒါကေတာ့ အေဝးမွာရွိတဲ့ သေဘၤာ ၊ ဒုံးပ်ံ ၊ ေလယာဥ္ နဲ႔ အေျမႇာက္တပ္ စတာေတြကို ေထာက္လွမ္းေပးႏိုင္စြမ္းရွိပါတယ္။
တပ္ဆင္ထားတဲ့လက္နက္ေတြ အေနနဲ႔ကေတာ့ Advanced Gun System လို႔ေခၚတဲ့ 150mm ပင္မအေျမာက္ႀကီး ၂လက္ကို တပ္ဆင္ထားပါတယ္။ ဒီအေျမႇာက္ႀကီးေတြဟာ ပစ္မွတ္ေတြကို အျမန္ဆုံးနဲ႔ တိတိက်က် ထိမွန္ေအာင္ေအာင္ ပစ္ခတ္ႏိုင္စြမ္းရွိပါတယ္။ ၁မိနစ္အတြင္း ၁၀ခ်က္ပစ္ႏိုင္စြမ္းရွိတဲ့ ဒီအေျမာက္ႀကီးေတြရဲ႕ပစ္ခတ္ႏိုင္တဲ့အကြာအေဝးကေတာ့ ေရမိုင္ ၈၃မိုင္ ျဖစ္ပါသတဲ့။ အေျမာက္တစ္ခုစီအတြက္ က်ည္ ၇၅၀ စီကို ေအာ္တိုက်ည္ျဖည့္တဲ့စနစ္နဲ႔ တပ္ဆင္ထားပါတယ္။
တစ္ခုစီကို ေလာင္ခ်ာ အခု ၂၀စီပါဝင္တဲ့ ဒုံးပ်ံေလာင္ခ်ာလက္နက္ ၄ခု ကိုေတာ့ သေဘၤာရဲ႕ အေရွ႕နဲ႔ အေနာက္မွာ ဘယ္ညာခြဲၿပီး တပ္ဆင္ထားပါတယ္။ ဒီလိုတပ္ဆင္ထားရျခင္းကေတာ့ လက္နက္စနစ္ တစ္ခုဟာ ရန္သူရဲ႕ တိုက္ခိုက္မႈထိၿပီး ပ်က္စီးသြားတဲ့အခါ က်န္တဲ့လက္နက္စနစ္ေတြကို ဆက္လက္အသုံးျပဳႏိုင္ေစဖို႔ ျဖစ္ပါတယ္။ ဒီဒုံးပ်ံစနစ္မွာ လက္ရွိရွိေနတဲ့ ဒုံးပ်ံေတြသာမက ထပ္မံထြက္ရွိလာမယ့္ နည္းပညာျမင့္ သေဘၤာဖ်က္ဒုံးပ်ံ ၊ ေရငုပ္သေဘၤာဖ်က္ဒုံးပ်ံ စတာေတြကိုပါ ထည့္သြင္းပစ္ခတ္ႏိုင္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ အနီးကပ္အတြက္ကေတာ့ တစ္မိနစ္ကို က်ည္ ၂၂၀ ခ်က္ပစ္ႏိုင္မယ့္ Mk 46 30 mm အေျမာက္ ႏွစ္လက္ကို တပ္ဆင္ထားပါတယ္။ ဒီအေျမာက္ႏွစ္လက္ရဲ႕အေဝးဆုံးပစ္ႏိုင္တဲ့ အကြာအေဝးကေတာ့ ၂.၅မိုင္ျဖစ္ပါတယ္။
သေဘၤာတစ္စီးလုံးကို IT နည္းပညာအသုံးျပဳထားၿပီးထိန္းခ်ဳပ္ထားတာေၾကာင့္ အသုံးျပဳတဲ့အခါ လွ်င္ျမန္လြယ္ကူစြာ အသုံးျပဳႏိုင္တာကေတာ့ Zumwalt ဖ်က္သေဘၤာေတြရဲ႕ အားသာခ်က္ျဖစ္ပါတယ္။ ဒီလိုနည္းပညာေတြနဲ႔ တည္ေဆာက္ထားတာေၾကာင့္ ပုံမွန္အားျဖင့္ စစ္သေဘၤာတစ္စီးကို ထိန္းခ်ဳပ္ဖို႔အတြက္ သေဘၤာသား ၂၅၀ ကေန ၃၀၀ခန႔္ လိုအပ္တဲ့အခ်ိန္မွာ Zumwalt အတြက္ကေတာ့ သေဘၤာသား ၁၄၀ ဦးပဲ လိုအပ္ပါတယ္။ ဒီဖ်က္သေဘၤာေပၚမွာ ရဟတ္ယာဥ္ေတြဆင္းသက္ႏိုင္ၿပီး အႀကီးစား ရဟတ္ယာဥ္ ၁စီးကေန အေသးစား ရဟတ္ယာဥ္ ၃စီး အထိဆင္းသက္ႏိုင္ပါတယ္။
ေနာက္ဆုံးေပၚ နည္းပညာေတြသုံးထားတဲ့ ဒီသေဘၤာရဲ႕ ခန႔္မွန္းေျခကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၃.၅ဘီလ်ံ ကေန ၄.၄ဘီလ်ံ အတြင္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ဒီသေဘၤာနဲ႔ အမ်ိဳးအစားတူ Zumwalt သေဘၤာ ၃စီးသာ ရွိေသးၿပီး က်န္ ၂စီးကေတာ့ USS Michael Monsoor (DDG-1001) နဲ႔ USS Lyndon B. Johnson တို႔ပဲျဖစ္ပါတယ္။ Zumwalt သေဘၤာေတြဟာ အေမရိကန္ရဲ႕ တန္ဖိုးအႀကီးဆုံး နည္းပညာအျမင့္ဆုံး သေဘၤာေတြဆိုလည္း မမွားပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ USS Zumwalt နဲ႔ USS Michael Monsoor တို႔ဟာ တပ္ေတာ္ဝင္ေနၿပီ ျဖစ္ၿပီး USS Lyndon B. Johnson ကလည္း ၂၀၁၈ခုႏွစ္ကတည္းက ေရခ်ၿပီးျဖစ္တာေၾကာင့္ မၾကာခင္ တပ္ေတာ္ဝင္ၿပီး တာဝန္ထမ္းေဆာင္ေတာ့မွာျဖစ္ပါတယ္။
VIDEO
Discussion about this post