Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန်က စနိုက်ဘာတွေကို ဘယ်လိုလေ့ကျင့်ပေးသလဲ

by Thutamm
August 15, 2019
Reading Time: 1min read
0
အမေရိကန်က စနိုက်ဘာတွေကို ဘယ်လိုလေ့ကျင့်ပေးသလဲ
Share on FacebookShare on Twitter

ရေးသားသူ – ချစ်ဖေ(တောင်တွင်းမြေ)

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်၊ Fort Benning မှာ အမေရိကန် လက်ဖြောင့်တပ်သား လေ့ကျင့်ရေးကျောင်း ရှိပါတယ်။ စစ်ဖက်ရေးရာမှာတော့ လက်ဖြောင့်တပ်သားလေ့ကျင့်ရေးကျောင်းဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ လေ့လာသင်ကြားမှုပေးတဲ့နေရာပါ။ အထူးသဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ ပေးတာဖြစ်ပါတယ်လို့ အဆိုပါကျောင်းမှာ လေ့ကျင်းရေးပညာပေးနေတဲ့ ပညာရှင် ၁၁ ဦးထဲက တပ်ကြပ်ကြီးတဦးဖြစ်တဲ့ Brian Moran က Army News Service ကို ပြောပါတယ်။

လက်ဖြောင့်တပ်သားတွေဟာ တပ်မတော်ကနေ တာဝန်ပေးပြီဆိုရင် နောက်ခံ အထောက်အပံ့နည်းနည်းနဲ့ တာဝန် ထမ်းဆောင်ရသူတွေဖြစ်ပြီး အခု ကျောင်းကလည်း စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ အထပ်ထပ် လုပ်ဆောင်ပြီးမှ ရွေးချယ် လေ့ကျင့်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆို သူတို့ ဘယ်လို လေ့ကျင့်ပေးကြပါသလဲ။

တနှစ်ကို လက်ဖြောင့်တပ်သား ၃၀၀ လောက် အဆိုပါသင်တန်းမှာ ၇ ပတ်ကြာ တက်ရောက်နေကြပါတယ်။ နှစ်စဉ် သြဂုတ်လဆန်းပိုင်းမှာ စစ်သား ၄၆ ယောက်ကို လက်တွေ့သင်ကြားမှု ပေးတယ်၊ မြေပုံဖတ်ရှုနည်းပညာတွေကနေ အကွာအဝေး တွက်ချက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေ မေးမြန်းခြင်းတွေပါ ပါရှိပါတယ်။

နှစ်ယောက်တတွဲ ပုံစံနဲ့ တွဲဖက်စေပြီး သူတို့ရဲ့ လက်မောင်း ထိန်းချုပ်နိုင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ်တွေကို စစ်ဆေးတယ်၊ ဒီအဆင့်မှာတင် တဦးတယောက်က ကျော်ဖြတ်နိုင်မှုမရှိရင် သင်တန်းကနေ ထုတ်ပယ်ခံရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ပထမနေ့အတွင်း အထက်မှာ ပြောခဲ့တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး နောက်တရက်မှာ သင်တန်းသားတွေဟာ ရုပ်ဖျက်ပြီး ဝတ်စုံတွေ ဝတ်ဆင်ကြရပါတယ်။ ပြီးရင်တော့ သူတို့အတွက် စိန်ခေါ်မှုတခု ပေးလိုက်ပါတယ်။ မြက်ပင်ရှည်တွေ၊ ရေတွေနဲ့ ပြည့်နေတဲ့ ဗွက်နွံတွေ၊ ကျောက်သားလမ်းတွေနဲ့ အသီးအနှံခင်းတွေကိုဖြတ်ပြီး ပေပေါင်း ရာချီတဲ့ အကွာအဝေးတခုကို ဝမ်းဗိုက်နဲ့ ဝမ်းလျားမှောက် တွားသွားလာရပါတယ်။

ဒါ့အပြင် အချို့နေရာတွေမှာ မတ်တပ်ရပ်သွားရမှာဖြစ်ပြီး နှစ်ယောက်တတွဲ အနေအထားမှာ တယောက်ကို တယောက် ထမ်းပြီး တစ်လှည့်စီ သွားရမယ်၊ ဒါက သူတို့အနေနဲ့ ကိုယ့်ရဲ့ တပ်ဖွဲ့သားကို ဘယ်လောက်ထိအောင် စိတ်ရှည်ရှည်သယ်မယ်၊ ဘယ်လောက်ထိအောင် ကြံ့ကြံ့ခံ သယ်နိုင်မယ် ဆိုတာတွေ စစ်ဆေးခြင်းလည်း ဖြစ်ပါတယ်။ လေ့ကျင့်ပေးသူ Moran ကတော့ ဒီလို သင်ကြားမှု ပေးခြင်းက လက်ဖြောင့်တပ်သား တယောက်အနေနဲ့ ခက်ခဲတဲ့ ဘဝကိုလည်း ရင်ဆိုင်ရမယ်၊ အထူးသဖြင့် ပေကျံနေတဲ့ ပတ်ဝန်းကျင်မှာကိုပဲ နေနိုင်၊ တာဝန်ထမ်းနိုင်ရမယ် ဆိုတာ သိဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

လေ့ကျင့်ရေးကာလ ဒုတိယအပတ်ထဲမှာတော့ သူတို့ကို စမ်းသပ် စစ်မြေပြင်ထဲ ပို့တော့မှာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးစစ်သားတွေအနေနဲ့ စိတ်ရှည်ရပါမယ်၊ ရည်မှန်းချက်ကို အောင်မြင်အောင် ထမ်းဆောင်ဖို့ လိုအပ်လာပါပြီ။ လက်နက်တွေကိုလည်း သေနတ်အစစ်တွေလို ပုံစံတူ ဖန်တီးထားတဲ့ လက်နက်တွေ ပေးအပ်လိုက်ပါတယ်။ ပြီးတော့ လက်ဖြောင့်တပ်သားတွေရဲ့ လိုက်နာရမယ့် စည်းကမ်းချက်အတိုင်း လိုက်နာဖို့ သင်ကြားမှတ်သားစေတယ်။ မိုရန်ရဲ့ အဆိုအရတော့ ဒီစည်းကမ်းတွေကို အားလုံး လိုက်နာနိုင်မှုမရှိလို့ သင်တန်းသားအများစုဟာ ၎င်းအဆင့်မှာတင် လျော့ချခံရမှုများတယ်လို့ ဆိုပါတယ်။

အဆိုပါ သီတင်းပတ်အတွင်း စမ်းသပ်စစ်မြေပြင်မှာ ကွင်းဆင်းတိုက်ပွဲဝင်နေရင်း စစ်ပွဲအခြေအနေကို ပြန်လည် သတင်းပို့တဲ့ ပညာရပ်လည်း သင်ပေးတယ်လို့ ဆိုပါတယ်။ တာဝန်ရပ်တိုင်းမှာ လက်ဖြောင့်တပ်သားတွေအနေနဲ့ နောက်က ထောက်ပံ့ပေးမှု နည်းနည်းပဲရမယ်၊ ဒါပေမယ့် တာဝန်ကိုတော့ မပျက်တမ်း ထမ်းဆောင်ရမယ်၊ ပြောရရင် လက်ဖြောင့်တပ်သားဆိုတာ တာဝန်စုံ ထမ်းဆောင်ရတဲ့ စစ်သားတွေပါပဲလို့ မိုရန်က ဆိုပါတယ်။

တတိယသီတင်းပတ်မှာတော့ အကွာအဝေး သတ်မှတ်ချက်အလိုက် ပစ်မှတ်ကို မှန်ကန်အောင် ပစ်ခတ်လေ့ကျင့်မှုတွေ ပါရှိလာပါပြီ။ ပစ်မှတ်အကွာအဝေးနဲ့ မိမိရဲ့လက်နက်နဲ့ ထိရောက်အောင် ပစ်ခတ်နိုင်စွမ်းတွေကို သင်ပေးတယ်လို့ ဆိုပါတယ်။ အဆိုပါကာလအတွင်း သင်တန်းသား တယောက်ဟာ တရက်ကို ပစ်ခတ်မှု အကြိမ် ၈၀ ကနေ ၁၂၀ အတွင်း မီတာ ၃၀၀ ကနေ ၈၀၀ အတွင်းရှိ ပစ်မှတ်တွေကို ပစ်ခတ်လေ့ကျင့်စေတယ်လို့ သိရပါတယ်။

တတိယ သီတင်းပတ် အတွင်း လက်ဖြောင့်တပ်သားတွေဟာ နှစ်ယောက်တွဲပုံစံ အဖွဲ့လိုက်ဖြစ်သွားပြီး တယောက်က သေနတ်ကိုင်မယ်၊ နောက်တယောက် ပစ်မှတ်ရှာ၊ အတည်ပြုတဲ့အလုပ်ကို လုပ်ဆောင်ရပါတယ်။ သူတို့ နှစ်ယောက်ဟာ ပစ်မှတ်ကို ခြေရာခံ ရှာဖွေချေမှုန်းမှုရော မိမိကိုယ်ကို လုံခြုံအောင် ကာကွယ်နေထိုင်မှုကိုပါ ပူးပေါင်း လုပ်ဆောင်လေ့ကျင့်ကြရပါတယ်။

တတိယ သီတင်းပတ် လေ့ကျင့်မှု အပြီးမှာတော့ ရုပ်ပိုင်းဆိုင်ရာကနေ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး အပိုင်းကို ရောက်လာပါတယ်။ ၄ပတ်မြောက်အတွင်း ညဘက် စ်ခတ်မှု လေ့ကျင့်ရေး ပါလာပါတယ်။ မြင်ကွင်းတို ပစ်ခတ်မှု လေ့ကျင့်ရေးတွေ ပါရှိလာပါတယ်။ နှစ်ယောက်တွဲ လက်ဖြောင့်သမားတွေကို အချိန် ၇ မိနစ်ပေးတယ်၊ ပစ်မှတ်ကို ရှာဖွေ ပစ်ခတ်စေပြီး မှတ်တမ်းတင် အမှတ်ပေးမှုတွေ လုပ်ဆောင်တာလည်း တွေ့ရပါတယ်။ ဖိအားများလာပြီး အခုနှစ် သင်တန်းကာလအတွင်း ဒီအဆင့်မှာတင် အိမ်ပြန်ရောက်သွားတဲ့ သင်တန်းသား ၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။

၅ ပတ်မြောက်မှာ လက်တွေ့ပစ်ခတ်မှု လေ့ကျင့်ရေး လုပ်ဆောင်လာပြီး အရင်လို ပစ်မှတ်ရဲ့ တည်နေရာ အကွာအဝေးကို သတ်မှတ်ထားမှု မရှိတော့ဘဲ မိမိ ကိုယ်တိုင် အကွာအဝေး သတ်မှတ်ပစ်ခတ်ပြီး မှန်ကန်အောင် ချေမှုန်းမှု လုပ်ဆောင်လာရပါတယ်။ တချို့ပစ်မှတ်တွေက ရွေ့နေမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါမှလည်း အခြေအနေမျိုးစုံမှာ အကွာအဝေး ခန့်မှန်း၊ တိုင်းတာနိုင်ခြင်းနဲ့ ပစ်မှတ်မျိုးစုံ(တည်ငြိမ်၊ ရွေ့လျား) အားလုံးကို ပစ်ခတ်နိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆင့်မှာလည်း ၂ ယောက်မကတဲ့ သင်တန်းသားတွေ အိမ်ပြန်သွားရတယ်လို့ မိုရန်က ပြောပါတယ်။

၆ ပတ်မြောက် သင်တန်းကာလမှာတော့ သင်တန်းသားတွေကို လက်နက်အသစ်တွေ ပေးကိုင်လာပါတယ်။ M9 ပစ္စတိုလို သေနတ်တွေ၊ M107 .50 လက်ဖြောင့် ရိုက်ဖယ်လို သေနတ်တွေ ဖြစ်ပါတယ်။ ဒီလက်နက်တွေနဲ့ပါ မတည်ငြိမ်တဲ့ ပစ်မှတ်ကို ပစ်ခတ်နိုင်ဖို့နဲ့ တည်နေရာ အတိအကျမသိတဲ့ ပစ်မှတ်တွေကို မှန်ကန်အောင် ပစ်ခတ်နိုင်ဖို့ သင်ကြားပေးတာ ဖြစ်ပါတယ်။

၇ ပတ်မြောက်ကာလကိုတော့ အလုပ်ခန့်တဲ့ ကာလလို့ ခေါ်ရပါမယ်။ ဒီကာလအတွင်းမှာ သင်တန်းသားတွေကို တာဝန် အနေနဲ့ပဲ ပေးလိုက်တယ်၊ ကိုယ်တိုင် အစီအစဉ်ချ၊ အောင်မြင်အောင် လုပ်ဆောင်စေပါတယ်၊ ကျနော်တို့က ရလဒ်ကိုပဲ ထိုင်ကြည့်နေလိုက်တယ်လို့ မိုရန်က ပြောပါတယ်။ ဒီ အဆင့်ကို အောင်မြင်ရင်တော့ သူဟာ ကျနော်တို့ အသိအမှတ်ပြုတဲ့ လက်ဖြောင့်တပ်သား ဖြစ်ပါပြီလို့ဆိုပါတယ်။ ဒီနေရာမှာ အဆိုပါ တာဝန်ပေးပြီး ကိုယ်တိုင် ဆောင်ရွက်စေမှုအတွင်း အချိန်ကန့်သတ်ချက်ပေးထားပါတယ်၊ ပစ်မှတ်တခုအတွက် ကျည် ၂ တောင့်ပဲ သုံးခွင့်ရှိပါတယ်၊ မပစ်ခင် ပစ်မှတ် အကွာအဝေးကို တွက်ချက်ပြီး မှတ်တမ်းတင်ရပါမယ်၊ ဆရာတွေက အဆိုပါ အကွာအဝေး မှန်၊မမှန် စစ်ဆေးကာ ဒီလို အဖက်ဖက်က ရမှတ်တွေနဲ့ သူတို့ကို အောင်လက်မှတ် အဆင့်တွေ ခွဲခြား ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့မှာ သူတို့ကို အောင်လက်မှတ်ထုတ်ပေးပါတယ်၊ အစက ၃၀၀ ဝင်ခွင့်လာဖြေကြပြီး ၄၆ ယောက် ဝင်ခွင့်ရပါတယ်။ တဆင့်ချင်း စစ်ဆေးလာခဲ့ရာကနေ အောင်လက်မှတ် ရသူ ၄၆ ယောက်ထဲက ၄ ယောက်ပဲ ကျန်တယ်လို့ ဆိုပါတယ်။ အမှတ် ၁ ကြည်းတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ပြီး Stephen Ray က အဆိုပါ လက်ဖြောင့် သင်တန်းကျောင်းကနေ Top Gun အဆင့်သတ်မှတ်ချက် အဆင့် ၁ နဲ့ အောင်မြင်ခဲ့သူဖြစ်ပြီး စစ်တပ်အတွင်း လေ့ကျင့်ရေး သင်တန်းပေါင်းများစွာ တက်ရောက်အောင်မြင်ခဲ့ကာ အခု လက်ဖြောင့်သင်တန်းဟာ အကောင်းဆုံး လက်တွေ့ သင်ကြားပေးတဲ့ ကျောင်းပါလို့ ဆိုပါတယ်။

VIDEO

www.businessinsider.com တွင်ဖော်ပြထားတဲ့ Take a look at the grimy and grueling training the Army uses to turn soldiers into snipers ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ချစ်ဖေ (တောင်တွင်းမြေ)
Irrawaddy Burmese

Tags: militaryworld knowledge
Next Post
မော်တော်ကားတွေရဲ့ အရေးကြီးအစိတ်အပိုင်း ဝိုက်ပါ ရဲ့ သမိုင်းကြောင်း

မော်တော်ကားတွေရဲ့ အရေးကြီးအစိတ်အပိုင်း ဝိုက်ပါ ရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!