ဖလော့ရင့်(Florence) မြို့တော်ဟာဆိုရင် အီတလီနိုင်ငံ အလယ်ပိုင်းမှာတည်ရှိပြီး Tuscany ဒေသရဲ့မြို့တော် ဖြစ်ပါတယ်။ နာမည်ကျော် ရောမမြို့တော်ရဲ့ အနောက်မြောက်ပိုင်း(၁၄၅)မိုင်ခန့်အကွာ က တောင်ကုန်းတောင်တန်းတွေ ဝန်းပတ်တည်ရှိနေတဲ့ ဖလောရင့်မြို့တော်လေးဟာဆိုရင် စိမ်းစိုတဲ့လယ်ယာခင်းတွေ၊ သစ်တောအိမ်ကြီးတွေ၊ စပျစ်ခြံတွေ၊ သစ်ခွပန်းခြံများစွာ တည်ရှိရာအရပ်လည်းဖြစ်ပါတယ်။
(၂၀၁၈)ခုနှစ်နိုင်ဝင်ဘာလစာရင်းတွေအရဆိုရင်တော့ ဖလော့ရင့်မြို့တော်ရဲ့လူဦးရေဟာ (၄၀၀၀၀၀)ဝန်းကျင်အထိရှိနေပြီး မြို့တော်ဧရိယာနေရာအားလုံးကို ထည့်သွင်းရေတွက်မယ်ဆိုရင်တော့ နေထိုင်သူဦးရေဟာ (၁.၅)သန်းအထိ ရှိနေနိုင်ပါတယ်။ အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်း(၃၉)မိုင်ခန့် ကျယ်ဝန်းတဲ့ ဖလောရင့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၁၆၄)ပေခန့်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။
ဘီစီ(၁)ရာစုကာလခန့်ကတော့ ဖလော့ရင့်ဟာ ရောမလက်နက်နိုင်ငံရဲ့ကိုလိုနီနယ်မြေတခု အဖြစ်ရှိနေခဲ့ပြီး အလယ်ခေတ်ကာလက ဥရောပရဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်ထွန်းကားရာ ကမ္ဘာထိပ်တန်းမြို့တော်တခုအဖြစ် လည်းရပ်တည်နိုင်ခဲ့ပါတယ်။ ဥရောပသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဉာဏ်သစ်အရေးတော်ပုံစတင်သန္ဓေတည်ရာ နေရာဖြစ်တာကြောင့် အလယ်ခေတ်ကာလရဲ့အေသင်မြို့ အဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်းခံခဲ့ရပါတယ်။ ဒါအပြင် ဖလော့ရင့်ဟာ (၁၈၆၅) ကနေ (၁၈၇၁)ခုနှစ်ကာလအထိ အီတလီဘုရင့်နိုင်ငံ ရဲ့မြို့တော်လည်း ဖြစ်ခဲ့ပါသေးတယ်။
ခမ်းနားတဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ထွန်းတောက်ခဲ့တဲ့ ဖလော့ရင့်မြို့တော်ဟာဆိုရင် (၁၉၈၂) ခုနှစ်ကာလကတည်းက ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမယ့် သမိုင်းဝင်နယ်မြေအဖြစ် စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ ရှေးခေတ် ရောမလူသားတွေရဲ့အနုပညာ၊ တည်ဆောက်မှုဒီဇိုင်း အရည်အသွေး မည်မျှအထိရှိနေခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ဖလော့ရင့်မှာရှိတဲ့ သမိုင်းအမွေအနှစ်တွေက သက်သေခံလျက်ရှိနေပါတယ်။
ဖလော့ရင့်မြို့တော်ရဲ့နာမည်ကျော်အဆောက်အအုံစာရင်းမှာတော့ The Dumono အမည်ရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ယင်းလိပ်ခုံးပုံ အမိုးပါ ဘုရားကျောင်းကို Catheral of Florence လို့လည်း လူသိများထင်ရှားပြီး Filippo Brunelleschi က တည်ဆောက်ခဲ့ပါတယ်။ ဘုရားကျောင်းရဲ့သက်တမ်းဟာဆိုရင် နှစ်ပေါင်း (၆၀၀)ကျော်ကာလကို လွန်မြောက်ခဲ့ပြီဖြစ်ပြီး အင်္ဂတေနဲ့အုတ်ကို အသုံးပြုတည်ဆောက်ခဲ့တဲ့ ကမ္ဘာပေါ်က ခရစ်ယာန်ဘုရားကျောင်းတွေအနက်မှာတော့ အကြီးဆုံးအမိုးခုံးဘုရားကျောင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ဘုရားကျောင်းကြီးရဲ့ Complex အတွင်းမှာဆိုရင်လည်း Baptistery နဲ့ Giotto’s Campanile တို့လိုသမိုင်းအမွေအနှစ်ဆိုင်ရာတန်ဖိုးကြီးမားတဲ့ အဆောက်အအုံတွေပါဝင်နေပါတယ်။ Catheral of Florence ဘုရားကျောင်းအပါအဝင် ဖော်ပြပါအဆောက်အအုံအားလုံးဟာဆိုရင် ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ် ထိန်းသိမ်းရေး နယ်မြေဖြစ်တဲ့ ဖလော့ရင့်မြို့တော်ရဲ့သမိုင်းအမွေအနှစ်ဆိုင်ရာ အဓိကနယ်မြေအတွင်း ပါဝင်နေပါတယ်။
Piazza della Signoria အဆောက်အအုံဟာဆိုရင်လည်း(၁၄)ရာစုကာလကတည်းက မြို့တော်ဖလော့ရင့်ရဲ့ဗဟိုအချက်အချာကျတဲ့နေရာအဖြစ်ရှိနေခဲ့ပြီး ယနေ့အချိန်ကာလမှာဆိုရင်လည်း အရေးပါတဲ့အစည်းအဝေးများ ကျင်းပရာနေရာ၊ပြည်တွင်း/ပြည်ပခရီးသွားများအဓိက လာရောက်လည်ပတ်ရာနေရာအဖြစ်ရှိနေပါတယ်။ Piazza della Signoria ရဲ့အလယ်မှာ ဆိုရင်လည်း Neptune Fountain(ရေပန်း)တည်ရှိပြီးတဖက်တချက်မှာတော့မြို့တော်ရဲ့ အုပ်ချုပ်ရေးအာဏာပိုင်များရုံးစိုက်ရာ Palazoo Vecchio အဆောက်အအုံတည်ရှိလို့နေပါ တယ်။ Palazoo Vecchio ဟာဆိုရင်လည်းမြို့တော်ရဲ့အခြားနာမည်ကျော်ခရီးသွားများ လာရောက်လည်ပတ်ရာအဆောက်အအုံနဲ့ အစည်းအဝေးခန်းမအဖြစ်လည်း ရှိနေပါတယ်။
ဖလော့ရင့်မြို့တော်က နောက်ထပ်ထင်ရှားတဲ့နေရာကတော့ Uffizi Gallery လို့လူသိများထင်ရှားတဲ့ပြတိုက်ဖြစ်ပြီး Piazza della Signoria အဆောက်အအုံနဲ့ ကပ်လျက်အနေအထားမှာ တည်ရှိပါတယ်။ ယင်းပြတိုက်ဟာဆိုရင် အီတလီရဲ့နာမည်ကျော်ပြတိုက်တွေအနက်က တခုအဖြစ်သာမက ကမ္ဘာပေါ်ကလာရောက်လည်ပတ်သူ အများဆုံး ပြတိုက်စာရင်းမှာလည်း ပါဝင်နေပါတယ်။ ပြတိုက်အတွင်းမှာတော့ ဥရောပသမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ ဉာဏ်သစ်အရေးတော်ပုံခေတ် ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ကြတဲ့ အနုပညာရှင်ကြီးများရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အနုပညာလက်ရာ၊စာပေဆိုင်ရာအမွေအနှစ်များစွာကိုခင်းကျင်းပြသထားပါတယ်။
PalazzoVecchio ဟာဆိုရင်လည်း ဖလော့ရင့်ရဲ့သမိုင်းဝင်အဆောက်အအုံတွေအနက်က လူသိများတဲ့အဆောက်အအုံဖြစ်ပြီး Piazza della Signoria ကိုပဲ အပေါ်စီးကနေအုပ်မိုးထားတဲ့ အနေအထားနဲ့တည်ရှိနေပါတယ်။ တော်ဝင်နန်းတော်တခုဖြစ်ပြီး (၁၂)ရာစုက တည်းကတည်ဆောက်ပြီးစီးခဲ့ကာ ဖလော့ရင့်မြို့တော်ကို(၆)ရာစုလောက်အုပ်စိုးသွားခဲ့တဲ့ အုပ်ချုပ်သူတွေအနက်အဓိကနေရာကနေပါဝင်နေတဲ့ Medici တော်ဝင်မိသားစုနေထိုင်ရာ နန်းတော်လည်းဖြစ်ပါတယ်။ယင်းနန်းတော်ဟာ (၁၈၇၂)ကာလကနေစတင်ပြီး ပြတိုက်အစိတ်အပိုင်းတခုအဖြစ်သာမက မြို့တော်ခန်းမအဖြစ် စတင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဖလော့ရင့်မြို့တော်ရဲ့ ရှေးဟောင်းသမိုင်း အဆောက်အအုံတွေအကြောင်းပြောရရင် မဖြစ်မနေ ထည့်သွင်းရမှာကတော့ အလယ်ခေတ်ကာလက ဖလော့ရင့်မြို့ရဲ့ Arno မြစ်ပေါ်မှာ တည်ဆောက်ခဲ့တဲ့ Ponte Vecchio အမည်ရကျောက်တံတားဖြစ်ပါတယ်။ အီတလီလိုဆို ရင်တော့ တံတားအိုကြီးလို့အမည်ရတဲ့ Ponte Vecchio ဟာဆိုရင်အနောက်တိုင်းဒေသ တခုလုံးမှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ segmental arch တံတားအဖြစ်မှတ်တမ်းဝင်ထားပြီး အလယ်ခေတ်ကာလ ဥရောပရဲ့အင်ဂျင်နီယာစွမ်းဆောင်ရည် အဆင့်အတန်းကိုလည်း လေ့လာနိုင်တဲ့ သမိုင်းဝင်အဆောက်အအုံအဖြစ်လည်းရှိနေတာဖြစ်ပါတယ်။
ဖလော့ရင့်မြို့သားအနုပညာရှင်သည် Dante Alighieri ၊ Petrarch ၊ Giovanni Boccaccio ၊ Niccolo Machiavelli နဲ့ Francesco Guicciardini တို့ရဲ့အနုပညာလက်ရာတွေကြောင့် ဖလော့ရင့်ရဲ့ ဒေသိယအသုံးအနှုန်းတွေဟာ အီတလီတလွှားခေတ်စားခဲ့ကာ အီတလီရဲ့ စံထားတဲ့ ဘာသာစကားအသုံးအနှုန်းပုံစံတွေအထိ ဖြစ်လာခဲ့ပါတယ်။ ဒါအပြင်ဖလော့ရင့်ဟာ အီတလီနိုင်ငံ မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသ ကုန်သွယ်ရေးကို ဆက်သွယ်ပေးတဲ့ အဓိကဗဟိုကုန်သွယ်မှုဈေးကွက်တခုလည်းဖြစ်ပါတယ်။ ဖလော့ရင့်မြို့တော်ရဲ့အဓိကနိုင်ငံခြားဝင်ငွေကိုတော့ နိုင်ငံရပ်ခြားခရီးသွားလုပ်ငန်းတွေနဲ့ ရပ်ဝေးကနေ ပညာလာရောက်သင်ကြားတဲ့ ပြည်ပကျောင်းသားတွေထံကနေရရှိနေပါတယ်။
မှတ်တမ်းတွေမှာတော့ (၁၂၀၀)ပြည့်နှစ်ကာလက ဖလော့ရင့်ရဲ့လူဦးရေဟာ (၁၂၀၀)ဦးသာ ရှိနေခဲ့ပြီး (၁၃၀၀)ပြည့်နှစ်မှာ (၁၂၀၀၀၀)ဦးအထိဆယ်ဆမြင့်တက်ခဲ့ပါတယ်။ ယင်းအချိန်က ဖလော့ရင့်မြို့တည်ရှိရာ Contado ဒေသရဲ့လူဦးရေဟာ (၃၀၀၀၀၀)သာရှိတဲ့ အခြေအ နေမှာရှိနေပါတယ်။ (၁၅၀၀)ပြည့်နှစ်နဲ့ (၁၆၅၀)ကြားမှာတော့ ဖလော့ရင့်ရဲ့လူဦးရေဟာ (၇၀၀၀၀)ဝန်းကျင်သာရှိခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (၁၃၀၀)ပြည့်နှစ်ကာလတွေမှာ ဆိုရင် ဖလော့ရင့်ဟာဥရောပတတိုက်လုံးရဲ့ အထည်လိပ် ကူးသန်းရောင်းဝယ်ရာ ဗဟိုချက်မနေရာအဖြစ်ရပ်တည်ခဲ့ပါတယ်။
ဖလော့ရင့်ရဲ့ကျော်ကြားလူသိများတဲ့ အချက်များစွာရှိတဲ့အနက်က အထင်ရှားဆုံးသောမှတ် တမ်းကတော့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများစွာရဲ့မွေးရပ်မြေဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါ တယ်။ လက်ရှိအချိန်ထိ ကမ္ဘာ့အတော်ဆုံးသော စွယ်စုံရပညာကျော်ကြီးတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ဖလော့ရင့်မြို့သားဖြစ်ပြီး အခြားကမ္ဘာကျော်တွေဖြစ်တဲ့ မိုက်ကယ်အိန်ဂျလို ၊ ဒွန်နယ်တီလို ၊ ပန်းချီကျော် Raphael ၊ ကဗျာဆရာ Dante Alighieri နဲ့ ထင်ရှားတဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Machiavelli ၊ အီတလီရဲ့နာမည်ကျော် Medici တော် ဝင်မိသားစု၊ နာမည်ကျော် နယ်မြေသစ်ရှာဖွေသူ Amerigo Vespucci ၊ ကမ္ဘာမီးအိမ်ရှင် ဖလော့ရင့်နိုက်တင်ဂေးလ် စသူတွေဟာဆိုရင်လည်း ဖလော့ရင့်ရဲ့ဂုဏ်ဆောင်မြို့တော်သူ/မြို့တော်သား တွေပဲဖြစ်ကြပါတယ်။
ဖလော့ရင့်မြို့တော်ဟာ ယဉ်ကျေးမှုမြို့တော်အဖြစ်သာမက ကမ္ဘာ့ထိပ်တန်းဖက်ရှင်မြို့တော်ကြီး(၁၅)ခုစာရင်းမှာ ပါဝင်နေပြီး နိုင်ငံခြားခရီးသွား အများအပြားလာရောက်တဲ့ နေရာဖြစ်တဲ့အပြင် စက်မှုလုပ်ငန်းများစွာ အခြေစိုက်တည်ရှိနေတာကြောင့်လည်း အီတလီနိုင်ငံအတွက် စီးပွားရေးအရအလွန်အရေးပါတဲ့ မြို့တော်အဖြစ်ပါရပ်တည်နေပါတယ်။ ကမ္ဘာကျော် ဖောဘတ်စ်မဂ္ဂဇင်းရဲ့အဆိုအရတော့ သမိုင်း ဝင်ရှားတဲ့ ဗိသုကာအနုပညာဒီဇိုင်းအဆောက်အအုံအမွေအနှစ်တွေနဲ့ တည်ရှိပုံမြေမျက်နှာသွင်ပြင်အရ ဖလော့ရင့်ဟာ ကမ္ဘာအလှဆုံးသောမြို့တွေအနက်က တခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
—— —– ———–
(Zawgyi)
အီတလီရဲ႕ နာမည္ေက်ာ္ ဖေလာ့ရင့္ျမိဳ႕ေတာ္ အေၾကာင္း
ဖေလာ့ရင့္(Florence) ျမိဳ႕ေတာ္ဟာဆိုရင္ အီတလီနိုင္ငံ အလယ္ပုိင္းမွာတည္ရွိၿပီး Tuscany ေဒသရဲ့ျမိဳ႕ေတာ္ ျဖစ္ပါတယ္။ နာမည္ေက်ာ္ ေရာမျမိဳ႕ေတာ္ရဲ့ အေနာက္ေျမာက္ပိုင္း(၁၄၅)မိုင္ခန္႔အကြာ က ေတာင္ကုန္းေတာင္တန္းေတြ ဝန္းပတ္တည္ရွိေနတဲ့ ဖေလာရင့္ျမိဳ႕ေတာ္ေလးဟာဆိုရင္ စိမ္းစိုတဲ့လယ္ယာခင္းေတြ၊ သစ္ေတာအိမ္ၾကီးေတြ၊ စပ်စ္ျခံေတြ၊ သစ္ခြပန္းျခံမ်ားစြာ တည္ရွိရာအရပ္လည္းျဖစ္ပါတယ္။
(၂၀၁၈)ခုနွစ္နိုင္ဝင္ဘာလစာရင္းေတြအရဆိုရင္ေတာ့ ဖေလာ့ရင့္ျမိဳ႕ေတာ္ရဲ့လူဦးေရဟာ (၄၀၀၀၀၀)၀န္းက်င္အထိရွိေနျပီး ၿမိဳ႕ေတာ္ဧရိယာေနရာအားလံုးကို ထည့္သြင္းေရတြက္မယ္ဆိုရင္ေတာ့ ေနထိုင္သူဦးေရဟာ (၁.၅)သန္းအထိ ရွိေနနိုင္ပါတယ္။ အက်ယ္အဝန္းအားျဖင့္ ဧရိယာစတုရန္း(၃၉)မိုင္ခန္႔ က်ယ္ဝန္းတဲ့ ဖေလာရင့္ဟာ ပင္လယ္ေရမ်က္နွာျပင္အထက္အျမင့္ေပ (၁၆၄)ေပခန္႔မွာတည္ရွိေနတာလည္းျဖစ္ပါတယ္။
ဘီစီ(၁)ရာစုကာလခန္႔ကေတာ့ ဖေလာ့ရင့္ဟာ ေရာမလက္နက္နိုင္ငံရဲ့ကိုလိုနီနယ္ေျမတခု အျဖစ္ရွိေနခဲ့ျပီး အလယ္ေခတ္ကာလက ဥေရာပရဲ့ ကူးသန္းေရာင္းဝယ္ေရးနဲ႔ စီးပြားေရးလုပ္ငန္းေတြ အၾကီးအက်ယ္ထြန္းကားရာ ကမာၻထိပ္တန္းျမိဳ႕ေတာ္တခုအျဖစ္ လည္းရပ္တည္နိုင္ခဲ့ပါတယ္။ ဥေရာပသမိုင္းမွာ ထင္ရွားခဲ့တဲ့ ဥာဏ္သစ္အေရးေတာ္ပုံစတင္သေႏၶတည္ရာ ေနရာျဖစ္တာေၾကာင့္ အလယ္ေခတ္ကာလရဲ့ေအသင္ျမိဳ႕ အျဖစ္ ဂုဏ္ျပဳေခၚဆိုျခင္းခံခဲ့ရပါတယ္။ ဒါအျပင္ ဖေလာ့ရင့္ဟာ (၁၈၆၅) ကေန (၁၈၇၁)ခုနွစ္ကာလအထိ အီတလီဘုရင့္နိုင္ငံ ရဲ့ျမိဳ႕ေတာ္လည္း ျဖစ္ခဲ့ပါေသးတယ္။
ခမ္းနားတဲ့ သမိုင္းအေမြအနွစ္ေတြနဲ႔ ထြန္းေတာက္ခဲ့တဲ့ ဖေလာ့ရင့္ျမိဳ႕ေတာ္ဟာဆိုရင္ (၁၉၈၂) ခုနွစ္ကာလကတည္းက ယူနက္စကိုရဲ့ကမာၻအေမြအနွစ္အျဖစ္ ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္ သမိုင္းဝင္နယ္ေျမအျဖစ္ စာရင္းဝင္ခဲ့တာျဖစ္ပါတယ္။ ေရွးေခတ္ ေရာမလူသားေတြရဲ့အနုပညာ၊ တည္ေဆာက္မႈဒီဇိုင္း အရည္အေသြး မည္မ်ွအထိရွိေနခဲ့တယ္ဆိုတဲ့ အေၾကာင္းကိုေတာ့ ဖေလာ့ရင့္မွာရွိတဲ့ သမိုင္းအေမြအနွစ္ေတြက သက္ေသခံလ်က္ရွိေနပါတယ္။
ဖေလာ့ရင့္ျမိဳ႕ေတာ္ရဲ့နာမည္ေက်ာ္အေဆာက္အအံုစာရင္းမွာေတာ့ The Dumono အမည္ရ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းဟာလည္း တခုအပါအဝင္ျဖစ္ပါတယ္။ ယင္းလိပ္ခံုးပံု အမိုးပါ ဘုရားေက်ာင္းကို Catheral of Florence လို႔လည္း လူသိမ်ားထင္ရွားျပီး Filippo Brunelleschi က တည္ေဆာက္ခဲ့ပါတယ္။ ဘုရားေက်ာင္းရဲ့သက္တမ္းဟာဆိုရင္ နွစ္ေပါင္း (၆၀၀)ေက်ာ္ကာလကို လြန္ေျမာက္ခဲ့ျပီျဖစ္ျပီး အဂၤေတနဲ႔အုတ္ကို အသံုးျပဳတည္ေဆာက္ခဲ့တဲ့ ကမာၻေပၚက ခရစ္ယာန္ဘုရားေက်ာင္းေတြအနက္မွာေတာ့ အၾကီးဆံုးအမိုးခုံးဘုရားေက်ာင္းအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။
ဘုရားေက်ာင္းၾကီးရဲ့ Complex အတြင္းမွာဆိုရင္လည္း Baptistery နဲ႔ Giotto’s Campanile တို႔လိုသမိုင္းအေမြအနွစ္ဆိုင္ရာတန္ဖိုးၾကီးမားတဲ့ အေဆာက္အအံုေတြပါဝင္ေနပါတယ္။ Catheral of Florence ဘုရားေက်ာင္းအပါအဝင္ ေဖာ္ျပပါအေဆာက္အအံုအားလံုးဟာဆိုရင္ ယူနက္စကိုိရဲ့ကမာၻအေမြအနွစ္ ထိန္းသိမ္းေရး နယ္ေျမျဖစ္တဲ့ ဖေလာ့ရင့္ျမိဳ႕ေတာ္ရဲ့သမိုင္းအေမြအနွစ္ဆိုင္ရာ အဓိကနယ္ေျမအတြင္း ပါဝင္ေနပါတယ္။
Piazza della Signoria အေဆာက္အအံုဟာဆိုရင္လည္း(၁၄)ရာစုကာလကတည္းက ၿမိဳ႕ေတာ္ဖေလာ့ရင့္ရဲ့ဗဟိုအခ်က္အခ်ာက်တဲ့ေနရာအျဖစ္ရွိေနခဲ့ျပီး ယေန႔အခ်ိန္ကာလမွာဆိုရင္လည္း အေရးပါတဲ့အစည္းအေဝးမ်ား က်င္းပရာေနရာ၊ျပည္တြင္း/ျပည္ပခရီးသြားမ်ားအဓိက လာေရာက္လည္ပတ္ရာေနရာအျဖစ္ရွိေနပါတယ္။ Piazza della Signoria ရဲ့အလယ္မွာ ဆိုရင္လည္း Neptune Fountain(ေရပန္း)တည္ရွိျပီးတဖက္တခ်က္မွာေတာ့ျမိဳ႕ေတာ္ရဲ့ အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ားရံုးစိုက္ရာ Palazoo Vecchio အေဆာက္အအံုတည္ရွိလို႔ေနပါ တယ္။ Palazoo Vecchio ဟာဆိုရင္လည္းျမိဳ႕ေတာ္ရဲ့အျခားနာမည္ေက်ာ္ခရီးသြားမ်ား လာေရာက္လည္ပတ္ရာအေဆာက္အအံုနဲ႔ အစည္းအေဝးခန္းမအျဖစ္လည္း ရွိေနပါတယ္။
ဖေလာ့ရင့္ျမိဳ႕ေတာ္က ေနာက္ထပ္ထင္ရွားတဲ့ေနရာကေတာ့ Uffizi Gallery လို႔လူသိမ်ားထင္ရွားတဲ့ျပတိုက္ျဖစ္ျပီး Piazza della Signoria အေဆာက္အအံုနဲ႔ ကပ္လ်က္အေနအထားမွာ တည္ရွိပါတယ္။ ယင္းျပတိုက္ဟာဆိုရင္ အီတလီရဲ့နာမည္ေက်ာ္ျပတိုက္ေတြအနက္က တခုအျဖစ္သာမက ကမာၻေပၚကလာေရာက္လည္ပတ္သူ အမ်ားဆံုး ျပတိုက္စာရင္းမွာလည္း ပါဝင္ေနပါတယ္။ ျပတိုက္အတြင္းမွာေတာ့ ဥေရာပသမိုင္းေၾကာင္းမွာ ထင္ရွားခဲ့တဲ့ ဥာဏ္သစ္အေရးေတာ္ပုံေခတ္ ကာလအတြင္း ေပၚေပါက္ခဲ့တဲ့ၾကတဲ့ အႏုပညာရွင္ႀကီးမ်ားရဲ႕ တန္ဖိုးမျဖတ္နိုင္တဲ့အနုပညာလက္ရာ၊စာေပဆိုင္ရာအေမြအနွစ္မ်ားစြာကိုခင္းက်င္းျပသထားပါတယ္။
PalazzoVecchio ဟာဆိုရင္လည္း ဖေလာ့ရင့္ရဲ့သမိုင္းဝင္အေဆာက္အအံုေတြအနက္က လူသိမ်ားတဲ့အေဆာက္အအံုျဖစ္ျပီး Piazza della Signoria ကိုပဲ အေပၚစီးကေနအုပ္မိုးထားတဲ့ အေနအထားနဲ ႔တည္ရွိေနပါတယ္။ ေတာ္ဝင္နန္းေတာ္တခုျဖစ္ျပီး (၁၂)ရာစုက တည္းကတည္ေဆာက္ျပီးစီးခဲ့ကာ ဖေလာ့ရင့္ျမိဳ႕ေတာ္ကို(၆)ရာစုေလာက္အုပ္စုိးသြားခဲ့တဲ့ အုပ္ခ်ဳပ္သူေတြအနက္အဓိကေနရာကေနပါဝင္ေနတဲ့ Medici ေတာ္ဝင္မိသားစုေနထိုင္ရာ နန္းေတာ္လည္းျဖစ္ပါတယ္။ယင္းနန္းေတာ္ဟာ (၁၈၇၂)ကာလကေနစတင္ျပီး ျပတိုက္အစိတ္အပိုင္းတခုအျဖစ္သာမက ျမိဳ႕ေတာ္ခန္းမအျဖစ္ စတင္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။
ဖေလာ့ရင့္ျမိဳ႕ေတာ္ရဲ့ ေရွးေဟာင္းသမိုင္း အေဆာက္အအံုေတြအေၾကာင္းေျပာရရင္ မျဖစ္မေန ထည့္သြင္းရမွာကေတာ့ အလယ္ေခတ္ကာလက ဖေလာ့ရင့္ျမိဳ႕ရဲ့ Arno ျမစ္ေပၚမွာ တည္ေဆာက္ခဲ့တဲ့ Ponte Vecchio အမည္ရေက်ာက္တံတားျဖစ္ပါတယ္။ အီတလီလိုဆို ရင္ေတာ့ တံတားအိုၾကီးလို႕အမည္ရတဲ့ Ponte Vecchio ဟာဆိုရင္အေနာက္တိုင္းေဒသ တခုလံုးမွာ ပထမဆံုးတည္ေဆာက္ခဲ့တဲ့ segmental arch တံတားအျဖစ္မွတ္တမ္းဝင္ထားျပီး အလယ္ေခတ္ကာလ ဥေရာပရဲ့အင္ဂ်င္နီယာစြမ္းေဆာင္ရည္ အဆင့္အတန္းကိုလည္း ေလ့လာနိုင္တဲ့ သမိုင္းဝင္အေဆာက္အအံုအျဖစ္လည္းရွိေနတာျဖစ္ပါတယ္။
ဖေလာ့ရင့္ျမိဳ႔သားအနုပညာရွင္သည္ Dante Alighieri ၊ Petrarch ၊ Giovanni Boccaccio ၊ Niccolo Machiavelli နဲ႔ Francesco Guicciardini တို႔ရဲ့အနုပညာလက္ရာေတြေၾကာင့္ ဖေလာ့ရင့္ရဲ့ ေဒသိယအသံုးအနႈန္းေတြဟာ အီတလီတလႊားေခတ္စားခဲ့ကာ အီတလီရဲ့ စံထားတဲ့ ဘာသာစကားအသံုးအႏႈန္းပံုစံေတြအထိ ျဖစ္လာခဲ့ပါတယ္။ ဒါအျပင္ဖေလာ့ရင့္ဟာ အီတလီနိုင္ငံ ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္းေဒသ ကုန္သြယ္ေရးကို ဆက္သြယ္ေပးတဲ့ အဓိကဗဟိုကုန္သြယ္မႈေစ်းကြက္တခုလည္းျဖစ္ပါတယ္။ ဖေလာ့ရင့္ျမိဳ႕ေတာ္ရဲ့အဓိကနိုင္ငံျခားဝင္ေငြကိုေတာ့ နိုင္ငံရပ္ျခားခရီးသြားလုပ္ငန္းေတြနဲ႔ ရပ္ေဝးကေန ပညာလာေရာက္သင္ၾကားတဲ့ ျပည္ပေက်ာင္းသားေတြထံကေနရရွိေနပါတယ္။
မွတ္တမ္းေတြမွာေတာ့ (၁၂၀၀)ျပည့္နွစ္ကာလက ဖေလာ့ရင့္ရဲ့လူဦးေရဟာ (၁၂၀၀)ဦးသာ ရွိေနခဲ့ျပီး (၁၃၀၀)ျပည့္နွစ္မွာ (၁၂၀၀၀၀)ဦးအထိဆယ္ဆျမင့္တက္ခဲ့ပါတယ္။ ယင္းအခ်ိန္က ဖေလာ့ရင့္ျမိဳ႕တည္ရွိရာ Contado ေဒသရဲ့လူဦးေရဟာ (၃၀၀၀၀၀)သာရွိတဲ့ အေျခအ ေနမွာရွိေနပါတယ္။ (၁၅၀၀)ျပည့္နွစ္နဲ႔ (၁၆၅၀)ၾကားမွာေတာ့ ဖေလာ့ရင့္ရဲ့လူဦးေရဟာ (၇၀၀၀၀)ဝန္းက်င္သာရွိခဲ့တာကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ (၁၃၀၀)ျပည့္နွစ္ကာလေတြမွာ ဆိုရင္ ဖေလာ့ရင့္ဟာဥေရာပတတိုက္လံုးရဲ့ အထည္လိပ္ ကူးသန္းေရာင္းဝယ္ရာ ဗဟိုခ်က္မေနရာအျဖစ္ရပ္တည္ခဲ့ပါတယ္။
ဖေလာ့ရင့္ရဲ့ေက်ာ္ၾကားလူသိမ်ားတဲ့ အခ်က္မ်ားစြာရွိတဲ့အနက္က အထင္ရွားဆံုးေသာမွတ္ တမ္းကေတာ့ ကမာၻေက်ာ္ ပုဂၢဳိလ္ၾကီးမ်ားစြာရဲ့ေမြးရပ္ေျမျဖစ္တယ္ဆိုတဲ့ အခ်က္ျဖစ္ပါ တယ္။ လက္ရွိအခ်ိန္ထိ ကမာၻ႔အေတာ္ဆံုးေသာ စြယ္စံုရပညာေက်ာ္ၾကီးတေယာက္အျဖစ္ သတ္မွတ္ခံထားရတဲ့ လီယိုနာဒိုဒါဗင္ခ်ီဟာ ဖေလာ့ရင့္ျမိဳ႕သားျဖစ္ျပီး အျခားကမာၻေက်ာ္ေတြျဖစ္တဲ့ မုိက္ကယ္အိန္ဂ်လုိ ၊ ဒြန္နယ္တီလုိ ၊ ပန္းခ်ီေက်ာ္ Raphael ၊ ကဗ်ာဆရာ Dante Alighieri နဲ႔ ထင္ရွားတဲ့ နိုင္ငံေရးအေတြးအေခၚပညာရွင္ေတြျဖစ္တဲ့ Machiavelli ၊ အီတလီရဲ့နာမည္ေက်ာ္ Medici ေတာ္ ဝင္မိသားစု၊ နာမည္ေက်ာ္ နယ္ေျမသစ္ရွာေဖြသူ Amerigo Vespucci ၊ ကမာၻမီးအိမ္ရွင္ ဖေလာ့ရင့္ႏုိက္တင္ေဂးလ္ စသူေတြဟာဆိုရင္လည္း ဖေလာ့ရင့္ရဲ့ဂုဏ္ေဆာင္ျမိဳ႕ေတာ္သူ/ျမိဳ႕ေတာ္သား ေတြပဲျဖစ္ၾကပါတယ္။
ဖေလာ့ရင့္ျမိဳ႕ေတာ္ဟာ ယဥ္ေက်းမႈၿမဳိ႕ေတာ္အျဖစ္သာမက ကမာၻ႔ထိပ္တန္းဖက္ရွင္ျမိဳ႕ေတာ္ၾကီး(၁၅)ခုစာရင္းမွာ ပါဝင္ေနျပီး နိုင္ငံျခားခရီးသြား အမ်ားအျပားလာေရာက္တဲ့ ေနရာျဖစ္တဲ့အျပင္ စက္မႈလုပ္ငန္းမ်ားစြာ အေျခစိုက္တည္ရွိေနတာေၾကာင့္လည္း အီတလီနိုင္ငံအတြက္ စီးပြားေရးအရအလြန္အေရးပါတဲ့ ျမိဳ႕ေတာ္အျဖစ္ပါရပ္တည္ေနပါတယ္။ ကမာၻေက်ာ္ ေဖာဘတ္စ္မဂၢဇင္းရဲ့အဆိုအရေတာ့ သမိုင္း ဝင္ရွားတဲ့ ဗိသုကာအနုပညာဒီဇိုင္းအေဆာက္အအံုအေမြအနွစ္ေတြနဲ႔ တည္ရွိပံုေျမမ်က္နွာသြင္ျပင္အရ ဖေလာ့ရင့္ဟာ ကမာၻအလွဆံုးေသာျမိဳ႔ေတြအနက္က တခုအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။
Discussion about this post