ရေးသားသူ – Andrew Soe
အရှေ့ဖက် ကမ်းစပ် နိုင်းမြစ်ကြောင်းတလျှောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅,၀၀၀) ကျော် ၃၂ ရာစု ဘီစီကစလို့ ကားနက်ခ် ဘုရားကျောင်းတွေ (Karnak Temple) အစီအရီ ယနေ့ထိ ရှိနေတဲ့ ဖာရိုဘုရင် (Pharaoh ) တွေ အုပ်စိုးခဲ့တဲ့ ခေတ်ကြီးတခေတ်ရှိခဲ့ဖူးပါတယ်။
ရှေး အီဂျစ်တွေရဲ့ လူ့အဖွဲ့အစည်းအရ ဖာရိုဘုရင် ဆိုတာ စံထားစရာ အမြင့်မြတ်ဆုံး လူသား ဖြစ်တာကြောင့် သူတို့ကိုပဲ ပြည်သူ ပြည်သားတွေက အခြား ကိုးကွယ်စရာတွေထက်ဦးစားပေး အစဉ်အဆက် ကိုးကွယ်ကြလေ့ရှိပါတယ်။
ဒီအလေ့အထနှင့် သူတို့အပေါ်ကိုးကွယ်မှုဟာ နှစ်ထောင်ချီမက ရှိခဲ့ပြီ ဖြစ်သော်လည်း ဖာရိုဘုရင်တပါး အာဏာရလာပြီးနောက်မှာ အရာ ရာဟာ ပြောင်းလဲခဲ့ရပါတော့တယ်။ ဒီဘုရင့် နာမည်ကတော့ အာခီနာတန် (Akhenaton) ပဲ ဖြစ်ပါတယ်။ သူဟာ နာဖာတီတီရဲ့ခင်ပွန်း ၊ တူတန်ခမန်ဘုရင်လေးရဲ့ ဖခင် ဖြစ်ပါတယ်။
အီဂျစ် ရာဇဝင်တွေကို နှစ်ပေါင်းများစွာ လေ့လာသိရှိ နားလည်ခဲ့တဲ့ ပညာရှင်တွေရဲ့ အဆိုအရ အာခီနာတန်ဟာ ကောင်းကင် ကြယ်တာရာစုပေါ်က ဆင်းသက်လာပြီး သူဘုရင် ဖြစ်တဲ့ အချိန်ကစ၍ ဘုရားအစုစု ကိုးကွယ်မှုတွေကို ဆိတ်သုဉ်းစေခဲ့တယ်လို့ ဆိုပါတယ်။
နတ် ဒေဝါ ရုပ်ထု အသီးသီးကိုးကွယ်မှုတွေကို ဖယ်ရှားပြီး ကောင်းကင်ယံထက်မှ နေဘုရားတစ်ပါးထဲကိုသာ ကိုးကွယ်ရမယ်ဆိုပြီး အစားထိုး ပြောင်းလဲခဲ့ပါတယ်။ အဲဒီ တပါးတည်းသာ လောကမှာ ရှိတယ် ဆိုတဲ့ “ဘုရား” ရဲ့ အမည်ကတော့ “အတ်တန် (Aten)” ဖြစ်ပါသတဲ့။
အာခီနာတန် ဘုရင်ကို လေ့လာကြည့်ရင် မိမိတို့ လူသားနဲ့ မတူကြောင်း ချက်ချင်း သတိထားမိမယ် ထင်ပါတယ်။ ဦးခေါင်းက ရှည်လွန်းလှပြီး ကို့ရို့ကားယားနိုင်သော ခန္ဓာကိုယ်နဲ့ ကြက်ခြေထောက်လို သေးသေးကွေးကွေးနိုင်သော ခြေအစုံနဲ့ ဖြစ်နေလို့ပါ။ သူ့ မိန်းမ (Queen Nefertiti) ဟာလည်း သူ့လို ပုံပန်း သဏ္ဍန် ရှိရုံမက သားသမီးတွေလည်း ထိုပုံစံ အတိုင်း ဖြစ်နေပါတယ်။
အာခီနာတန် ဘုရင်ဟာ အခြား ကြယ်တာရာစုတွေနှင့် အဆက်အသွယ်ပြုနိုင်ယုံမက “အတ်တန်” ဘုရားသခင်ရဲ့ ညွှန်ကြားမှုအောက်ကနေ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဲဒီ တဆူတည်းသော ဘုရားသခင် ဆိုတာ မိမိတို့ ဂြိုလ်ကမ္ဘာက မဟုတ်တဲ့ အတွက်ပြင်ပ ကမ္ဘာဂြိုလ်က ဂြိုလ်သား (သို့) အေလီယန် လို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ ရနေပါတယ်။
နောက်တခုက အာခီနာတန်ဟာ မိမိတို့ လူသားပုံစံနဲ့ အသွင်အပြင်ကွဲပြားနေတဲ့အတွက် သူကိုယ်တိုင်ပင်လျှင် မူရင်း မျိုးစေ့က အေလီယန် ဖြစ်နေတယ်လို့ သုံးသပ်ရင်လည်း မမှားလောက်ပါ။
အာခီနာတန် ဘုရင်ဟာ (၁၇) နှစ်တာ အချိန်တိုအတွင်း အုပ်ချုပ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက် သူတည်ဆောက်ခဲ့တဲ့မြို့ပြကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ “အတ်တန်” ဘုရား အယူဝါဒရဲ့ သက်သေ သာဓက တွေကိုလည်း နောက်တက်တဲ့ ဘုရင်က ရှင်းလင်း ဖျောက်ကွယ် ဖုံးဖိခဲ့ပါတယ်။
သို့သော် သူစတင်ခဲ့တဲ့ “တဆူတည်း” သော ယုံကြည် ကိုးကွယ်မှု အယူဝါဒ ကတော့ ပုံစံ အမျိုးမျိုးနဲ့ ကမ္ဘာမှာ ယနေ့အထိ ပျံ့နှံ့နေပါတော့တယ်။
Andrew Soe
Via : Mgmg Kyawzan