Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အီဂျစ် နတ်ဘုရားများအကြောင်း

by Thutamm
May 23, 2020
Reading Time: 3min read
0
အီဂျစ် နတ်ဘုရားများအကြောင်း
Share on FacebookShare on Twitter

(Unicode)

ဂရိနိုင်ငံကဲ့သို့ပင် အီဂျစ်နိုင်ငံသည်လည်း နတ်ဘုရားပေါင်း ရာနဲ့ချီပြီးရှိခဲ့ပါတယ်။ နှစ်ထောင်ပေါင်းများစွာ ရှည်ကြာခဲ့သည့်နိုင်ငံဖြစ်တာနဲ့ အညီ လူနေ့မှုစနစ်အမျိုးမျိုးနှင့် အတူ နတ်ဘုရားအမျိုးမျိုးလည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။

ဘုရင်အဆက်ဆက် နတ်ဘုရား နတ်ဘုရားမ ပေါင်းအမျိုးမျိုးကိုပြောင်းလဲကိုးကွယ်ခဲ့ပါတယ်။ နတ်ဘုရားပေါင်းများစွာထဲမှ အထင်ကရ နတ်ဘုရား ၁၇ပါးကို ဖော်ပြရသည်ရှိသော်

Amun – အာမန်

သိုးချို လို ပုံစံ ရှိတဲ့ ဦးထုပ် ကို ဆောင်းထားတဲ့ အီဂျစ် လူမျိုးတွေ ရဲ့ တန်ခိုးကြီး နတ်ဘုရား တစ်ပါး ပါ။ သူ့ကို နတ်ဘုရားတွေ ရဲ့ ဘုရင် လို့လည်း ခေါ်ပါတယ်။ သူဟာ အီဂျစ်တွေ ရဲ့ ဒဏ္ဍာရီ သမိုင်းမှာ ထင်ရှား ကျော်ကြားတဲ့ နတ်ဘုရား ဖြစ်ရုံမျှမက နေနတ်ဘုရား ရာ ( Ra ) နဲ့ ပေါင်းစပ်ပြီး ရှင်သန်တဲ့အခါ အာမန်ရာ ( Amun-Ra ) ဆိုပြီး ပိုမို တန်ခိုးကြီးတဲ့ နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ ပါတယ်။

Anubis – အနုဘစ်

ခွေး – ဝံပလွေ ခေါင်းရှိတဲ့ လူ ပုံစံ နဲ့ နတ်ဘုရား တစ်ပါးပါ။ အသေကောင် တွေကို စီမံ အုပ်ချုပ်ရတဲ့ နတ်ဘုရား တစ်ပါး လို့လည်း တစ်ချို့က ဆိုပါတယ်။ တော်ဝင်မျိုးနွယ် တွေ သေသွားတဲ့ အခါ မံမီ ရုပ်အလောင်း အဖြစ် စီမံခြင်း နဲ့ အသေကောင် တွေနဲ့ သက်ဆိုင်တဲ့ အရာ အားလုံးကို သူက ပဲ ကြိုးကိုင် ရပါတယ်။ ယခု အချိန်ထိ အီဂျစ် ဘုန်းတော်ကြီး တစ်ချို့ဟာ အသုဘ အခမ်းအနား တွေမှာ အနုဘစ် ရဲ့ မျက်နှာဖုံး ခေါင်းဆောင်းတွေ ဝတ်ဆင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

Atum – အက်တမ်

သရဖူ နှစ်ခု ဆောင်းထားတဲ့ အမျိုးသား ပုံစံ နဲ့ နတ်ဘုရား ဖြစ်ပါတယ်။ သူ့နာမည် ရဲ့ အဓိပ္ပါယ် ကတော့ အရာအားလုံး ပြီး ပြည့်စုံခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ သူက ကမ္ဘာ လောက ရဲ့ ပထမဦးဆုံး နတ်ဘုရားလည်း ဖြစ်ပါတယ်။ သူကပဲ အခြား နတ်ဘုရား တွေ အားလုံးကို ဖန်ဆင်းခဲ့တာလို့လည်း ယုံကြည် ကြပါတယ်။

Bastet – ဘေးစတက်

ကြောင်ခေါင်း နဲ့ အမျိုးသမီး ပုံစံ ရှိတဲ့ နတ်ဘုရားမ ပါ။ နူးညံ ညင်သာပြီး အကာ အကွယ် ပေးတတ်တဲ့ နတ်ဘုရားမ လို့ လည်း ယုံကြည် ကြ ပါတယ်။ ကြောင်တွေ ဟာလည်း သူမ ရဲ့ သင်္ကေတ ပါဘဲ။ သူမ ဟာ နေနတ်ဘုရား ရာ ရဲ့ သမီးတော် ဖြစ်ပြီး လူတွေ ကို အကျိုးပြု ကာကွယ် စောင့်ရှောက် တတ်သူ လို့လည်း ဆိုပါတယ်။

Geb – ဂက်ဘ်

ကောင်းကင် နတ်ဘုရားမ နပ် အောက်မှာ လဲလျှောင်း နေတဲ့ နတ်ဘုရား ပါ။ တစ်ခါ တစ်ရံ မှာ ခေါင်းပေါ်မှာ ဝန်ကို တင်ထားတဲ့ ပုံစံ လည်း ရှိပါတယ်။ ဂက်ဘ် ဟာ ကမ္ဘာမြေကြီး ရဲ့ နတ်ဘုရား လည်း ဖြစ်ပါတယ်။ကောင်းကင်နတ် ဘုရားမ နပ် ရဲ့ မောင်တော်သူလည်း ဖြစ်ပါတယ်။ သူ ရယ်မော လိုက်ရင် မြေငလျှင် တွေ လှုပ်ခတ်သွား တတ်တယ် လို့ အယူရှိကြ ပါတယ်။

Thoth – သိအိုထိ

ခရုစုပ် ငှက်ခေါင်း နဲ့ လူကိုယ် ရှိတဲ့ နတ်ဘုရား ဖြစ်ပြီး စာရေး ကိရိယာ တစ်ချို့ကို ကိုင်ထားလေ့ ရှိပါတယ်။ သူ ဟာ စာအရေးအသား နဲ့ ဉာဏ်ပညာ ရဲ့ နတ်ဘုရား ဖြစ်သလို လ ကို ကိုယ်စားပြုတယ် လို့လည်း ဆိုပါတယ်။

Tawaret – တာဝါရတ်

ရေမြင်းခေါင်း ၊ ခြင်္သေ့ ခြေလေးချောင်း ၊ မိကျောင်း အမြီး ကိုယ်ဝန်ဆောင် မိန်းမဗိုက် ကိုယ်ထည် ရှိတဲ့ နတ်ဘုရားမ ပါ။ သူမ ဟာ မိန်းမတွေ ရဲ့ ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွား ချိန်မှာ စောင့်ရှောက်ပေးတဲ့ နတ်ဘုရားမ ဖြစ်ပါတယ်။ တာဝါရတ် နဲ့ ဘက်စ် တို့လို နတ်ဘုရား တွေကို လူတွေ က အိမ်တွင်း မှာသာ ကိုးကွယ် ထားရှိကြပြီး တခြား နတ်ဘုရားများ ကိုတော့ နန်းဆောင် အဆောက်အဦးတွေ တည်ဆောက် ကိုးကွယ်လေ့ ရှိတယ် လို့ဆိုပါတယ်။

Bes – ဘက်စ်

ခြင်္သေခေါင်း နဲ့ လူပုလေး ကိုယ်ထည် ရှိတဲ့ နတ်ဘုရားငယ် တစ်ပါး ဖြစ်ပါတယ်။ သူဟာ ကိုယ်ဝန်ဆောင် နဲ့ ကလေးငယ်တွေ ကို စောင့်ရှောက်ပေးတဲ့ သူလည်း ဖြစ်ပါတယ်။ သူဟာ မြွေတွေ နဲ့ ကင်းမြီးကောက် ရန်ကနေ ကာကွယ်ပေးနိုင်တယ် လို့လည်း တချို့တွေ က အယူရှိကြ ပါတယ်။

Seth – ဆက်သ်

အမျိုးအမည် ဖော်ပြလို့ မရတဲ့ သတ္တဝါ ဦးခေါင်း နဲ့ လူ ကိုယ်ထည် ရှိတဲ့ နတ်ဘုရား ဖြစ်ပါတယ်။ သူဟာ အိုဆိုင်းရစ် နဲ့ အိစစ် တို့ရဲ့ မွေးခြင်း မောင်နှမ ဖြစ်ပြီး ငြိမ်းခြမ်းမှု့ မရှိခြင်း နဲ့ ပရမ်းပတာ ဖြစ်ခြင်း တို့ရဲ့ နတ်ဘုရား လည်း ဖြစ်ပါတယ်။ ဒဏ္ဍာရီ အဆိုအရ သူဟာ သူ့အကို အိုဆိုင်းရစ် ကို သတ်ပြီး တူ ဖြစ်သူ ( အိုဆိုင်းရစ် သားတော် ) ဟောရက်စ် နဲ့ စစ်ခင်းကာ လူ့လောက ကို အုပ်ချုပ်ချင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

Osiris – အိုဆိုင်းရစ်

ဂရိနတ်များအနက် အရေးပါဆုံးနတ်ဟု ဆိုနိုင်ပါတယ်။ မြေအောက်ကမ္ဘာ၏ နတ်ဘုရားဖြစ်ပြီး သေဆုံးခြင်း ၊ ရှင်သန်ထမြောက်ခြင်း နှင့် နိုင်းမြစ်ရေကိုအလိုလျှောက် အတိုးအလျှော့လုပ်နိုင်ခြင်း စသည်တို့ကိုပိုင်စိုးသည့် နတ်ဘုရားဖြစ်သည်။ မံမီ ပုံစံ ဝတ်ဆင်ထားပြီး ခေါင်းပေါ်မှာ ငှက်မွှေးပါ ခေါင်းဆောင်း တစ်ခု ကို ဆောင်းထားသည်။ အိစစ်(Isis) နတ်ဘုရားမ ရဲ့ အကို လည်း ဖြစ်ပါတယ်။ သူဟာ မံမီဘုရင်ကို ကိုယ်စားပြုပြီး အစိမ်းရောင်အသားအရေဖြစ်နေတဲ့ မျက်နှာနဲ့ လက်ကလွဲရင် တစ်ကိုယ်လုံးကို မံမီကဲ့သို့ထုတ်ပိုးထားပါတယ်။

Nut – နပ်

ကြယ်တွေ ကို စီချယ် ထားတဲ့ဝတ်စုံ ကို ဝတ်ဆင်ထား တဲ့ အမျိုးသမီး တစ်ဦး ကောင်းကင် ကို ကျောပေးပြီး မှောက်လျှက် နေနေတဲ့ ပုံစံ ရှိပါတယ်။ ဆိုလိုရင်း ကတော့ သူမ ဟာ ကောင်းကင် နဲ့ စကြာဝဠာ ရဲ့ နတ်ဘုရားမ ဖြစ်ပြီး သူမ ရဲ့ ကိုယ်ထည် ဟာ ကမ္ဘာပေါ် ကို ဖုံးလွှမ်းကာ မိုးကောင်းကင် ဖြစ်လာတယ် လို့ ဆိုလိုပါတယ် ။ အီဂျစ် တွေရဲ့ ယုံကြည်ချက် အရ သူမ ဟာ ည အချိန်မှာ နေနတ်ဘုရား ကို မျိုချပြီး နေ့အချိန်မှာ ပြန်လည် မွှေးဖွားပေးလေ့ ရှိတယ် လို့ ဆိုပါတယ်။

Ma’at – မေးရတ်

ဦးခေါင်းပေါ်မှာ ငှက်မွှေး ပန်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက် ပုံစံ ရှိပါတယ်။ သူမ ဟာ အမှန်တရား တရားမျှတခြင်း ရဲ့ နတ်ဘုရားမ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ အရာတိုင်း နဲ့ ကိစ္စ အားလုံး ကို ညီမျှမှု ရှိအောင် ဆောင်ရွက်ပေး ရပါတယ်။ သူမ ဟာ လည်း နေနတ်ဘုရား ရာ ရဲ့ သမီး ဖြစ် ပါတယ်။

Isis – အိစစ်

မင်းပုလ္လင် ပုံစံ ခေါင်းဆောင်း ဆောင်းထားပြီး လက်ထဲမှာ တုတ်တံရှည် တစ်ခုကို ကိုင်ထားလေ့ ရှိပါတယ်။ သူမ ဟာ တန်ခိုးစွမ်းအား ကြီးမားတဲ့ အစီအရင်တွေ နဲ့ လူတွေ ကို ကာကွယ် ပေးလေ့ရှိသူ ပါ။ ဟောရပ်စ် ရဲ့ မိခင် ဖြစ်ပြီး အလွန် အရေးပါတဲ့ နတ်ဘုရားမ လည်း ဖြစ်ပါတယ်။

Horus – ဟောရပ်စ်

ကောင်းကင် နဲ့ လေနတ်ဘုရား ဖြစ်ပါတယ်။ သူ့နာမည်က အပေါ်ဆုံးမှာ ရှိသူလို့ အဓိပ္ပါယ် ရပါတယ်။ သိမ်းငှက် ဦးခေါင်း နဲ့ လူပုံစံ ရှိပြီး အီဂျစ် ကို ကာကွယ် စောင့်ရှောက်တဲ့ အဓိက အုပ်ချုပ်သူ လည်း ဖြစ်ပါတယ်။ အီဂျစ် တွေက ဖာရိုဘုရင် ကို သက်ရှိထင်ရှား ဟောရပ်စ် နတ်ဘုရား အဖြစ် သတ်မှတ် ကြပါတယ်။ ဟောရပ်စ် ဟာ စစ်ပွဲ အတွင်း မျက်စိ တစ်ဖက် ကွယ်သွား ခဲ့ရပြီး သူရဲ့ မျက်လုံး ကို အစွဲပြုကာ မျက်လုံး တစ်ဖက် ပုံစံ သင်္ကေတ တွေနဲ့ ရှေး အီဂျစ် တွေဟာ အကာအကွယ် တွေ စီမံလေ့ ရှိကြ ပါတယ်။

Hathor – ဟက်သာ

ဦးခေါင်း တွင် နွား နားရွက် အစုံရှိပြီး နေပုံစံ ရှိတဲ့ အဝိုင်းပြား တစ်ခုကို ခေါင်းပေါ် မှာ တင်ထား ပါတယ်။ သူမ ဟာ ချစ်ခြင်း နဲ့ ပျော်ရွှင်ခြင်း ကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ ဖြစ်ပြီး လူတွေ ကို စောင့်ရှောက်တဲ့ နတ်ဘုရားမ လည်း ဖြစ်ပါတယ်။ တချို့ ကတော့ သူမ ဟာ ဖာရိုဘုရင် ရဲ့ မိခင် ဖြစ်တယ် လို ဆိုကြ ပါတယ်။

Hapy- ဟပီး

ရေကြီးခြင်း နဲ့ သီးနှံလယ်ယာ ဖြစ်ထွန်းခြင်း ကို စောင်ရွက်ပေးတဲ့ နတ်ဘုရား တစ်ပါး ဖြစ်ပါတယ်။ ဗိုက်ပူပူ နဲ့ ခေါင်းပေါ် မှာ ကန်စွန်းရွက် တွေကို ပန်ဆင် ထားလေ့ ရှိပါတယ်။ သူဟာ အီဂျစ် လူမျိုးတွေ အတွက် အလွန် အရေးပါတဲ့ နတ်ဘုရား တစ်ပါးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ် နှစ်တိုင်း ရေ ရရှိပြီး သီးနှံတွေ ဖြစ်ထွန်းလာအောင် သူကပဲ တန်ခိုး နဲ့ ဖန်ဆင်း စွမ်းဆောင်ပေး နိုင်တယ် လို့ ဆိုပါတယ်။

လောကီဝိဇ္ဇာ မှ

——— ———- ———-

(Zawgyi)

အီဂ်စ္ နတ္ဘုရားမ်ားအေၾကာင္းး

ဂရိႏိုင္ငံကဲ့သို႔ပင္ အီဂ်စ္ႏိုင္ငံသည္လည္း နတ္ဘုရားေပါင္း ရာနဲ႔ခ်ီၿပီးရွိခဲ့ပါတယ္။ ႏွစ္ေထာင္ေပါင္းမ်ားစြာ ရွည္ၾကာခဲ့သည့္ႏိုင္ငံျဖစ္တာနဲ႔ အညီ လူေန႔မႈစနစ္အမ်ိဳးမ်ိဳးႏွင့္ အတူ နတ္ဘုရားအမ်ိဳးမ်ိဳးလည္းေပၚေပါက္ခဲ့ျခင္းျဖစ္ပါတယ္။

ဘုရင္အဆက္ဆက္ နတ္ဘုရား နတ္ဘုရားမ ေပါင္းအမ်ိဳးမ်ိဳးကိုေျပာင္းလဲကိုးကြယ္ခဲ့ပါတယ္။ နတ္ဘုရားေပါင္းမ်ားစြာထဲမွ အထင္ကရ နတ္ဘုရား ၁၇ပါးကို ေဖာ္ျပရသည္ရွိေသာ္

Amun – အာမန္

သိုးခ်ိဳ လို ပုံစံ ရွိတဲ့ ဦးထုပ္ ကို ေဆာင္းထားတဲ့ အီဂ်စ္ လူမ်ိဳးေတြ ရဲ႕ တန္ခိုးႀကီး နတ္ဘုရား တစ္ပါး ပါ။ သူ႔ကို နတ္ဘုရားေတြ ရဲ႕ ဘုရင္ လို႔လည္း ေခၚပါတယ္။ သူဟာ အီဂ်စ္ေတြ ရဲ႕ ဒ႑ာရီ သမိုင္းမွာ ထင္ရွား ေက်ာ္ၾကားတဲ့ နတ္ဘုရား ျဖစ္႐ုံမွ်မက ေနနတ္ဘုရား ရာ ( Ra ) နဲ႔ ေပါင္းစပ္ၿပီး ရွင္သန္တဲ့အခါ အာမန္ရာ ( Amun-Ra ) ဆိုၿပီး ပိုမို တန္ခိုးႀကီးတဲ့ နတ္ဘုရား တစ္ပါး ျဖစ္လာခဲ့ ပါတယ္။

Anubis – အႏုဘစ္

ေခြး – ဝံပေလြ ေခါင္းရွိတဲ့ လူ ပုံစံ နဲ႔ နတ္ဘုရား တစ္ပါးပါ။ အေသေကာင္ ေတြကို စီမံ အုပ္ခ်ဳပ္ရတဲ့ နတ္ဘုရား တစ္ပါး လို႔လည္း တစ္ခ်ိဳ႕က ဆိုပါတယ္။ ေတာ္ဝင္မ်ိဳးႏြယ္ ေတြ ေသသြားတဲ့ အခါ မံမီ ႐ုပ္အေလာင္း အျဖစ္ စီမံျခင္း နဲ႔ အေသေကာင္ ေတြနဲ႔ သက္ဆိုင္တဲ့ အရာ အားလုံးကို သူက ပဲ ႀကိဳးကိုင္ ရပါတယ္။ ယခု အခ်ိန္ထိ အီဂ်စ္ ဘုန္းေတာ္ႀကီး တစ္ခ်ိဳ႕ဟာ အသုဘ အခမ္းအနား ေတြမွာ အႏုဘစ္ ရဲ႕ မ်က္ႏွာဖုံး ေခါင္းေဆာင္းေတြ ဝတ္ဆင္ေလ့ ရွိတယ္လို႔ ဆိုပါတယ္။

Atum – အက္တမ္

သရဖူ ႏွစ္ခု ေဆာင္းထားတဲ့ အမ်ိဳးသား ပုံစံ နဲ႔ နတ္ဘုရား ျဖစ္ပါတယ္။ သူ႔နာမည္ ရဲ႕ အဓိပၸါယ္ ကေတာ့ အရာအားလုံး ၿပီး ျပည့္စုံျခင္း လို႔ အဓိပၸါယ္ ရပါတယ္။ သူက ကမာၻ ေလာက ရဲ႕ ပထမဦးဆုံး နတ္ဘုရားလည္း ျဖစ္ပါတယ္။ သူကပဲ အျခား နတ္ဘုရား ေတြ အားလုံးကို ဖန္ဆင္းခဲ့တာလို႔လည္း ယုံၾကည္ ၾကပါတယ္။

Bastet – ေဘးစတက္

ေၾကာင္ေခါင္း နဲ႔ အမ်ိဳးသမီး ပုံစံ ရွိတဲ့ နတ္ဘုရားမ ပါ။ ႏူးညံ ညင္သာၿပီး အကာ အကြယ္ ေပးတတ္တဲ့ နတ္ဘုရားမ လို႔ လည္း ယုံၾကည္ ၾက ပါတယ္။ ေၾကာင္ေတြ ဟာလည္း သူမ ရဲ႕ သေကၤတ ပါဘဲ။ သူမ ဟာ ေနနတ္ဘုရား ရာ ရဲ႕ သမီးေတာ္ ျဖစ္ၿပီး လူေတြ ကို အက်ိဳးျပဳ ကာကြယ္ ေစာင့္ေရွာက္ တတ္သူ လို႔လည္း ဆိုပါတယ္။

Geb – ဂက္ဘ္

ေကာင္းကင္ နတ္ဘုရားမ နပ္ ေအာက္မွာ လဲေလွ်ာင္း ေနတဲ့ နတ္ဘုရား ပါ။ တစ္ခါ တစ္ရံ မွာ ေခါင္းေပၚမွာ ဝန္ကို တင္ထားတဲ့ ပုံစံ လည္း ရွိပါတယ္။ ဂက္ဘ္ ဟာ ကမာၻေျမႀကီး ရဲ႕ နတ္ဘုရား လည္း ျဖစ္ပါတယ္။ေကာင္းကင္နတ္ ဘုရားမ နပ္ ရဲ႕ ေမာင္ေတာ္သူလည္း ျဖစ္ပါတယ္။ သူ ရယ္ေမာ လိုက္ရင္ ေျမငလွ်င္ ေတြ လႈပ္ခတ္သြား တတ္တယ္ လို႔ အယူရွိၾက ပါတယ္။

Thoth – သိအိုထိ

ခ႐ုစုပ္ ငွက္ေခါင္း နဲ႔ လူကိုယ္ ရွိတဲ့ နတ္ဘုရား ျဖစ္ၿပီး စာေရး ကိရိယာ တစ္ခ်ိဳ႕ကို ကိုင္ထားေလ့ ရွိပါတယ္။ သူ ဟာ စာအေရးအသား နဲ႔ ဉာဏ္ပညာ ရဲ႕ နတ္ဘုရား ျဖစ္သလို လ ကို ကိုယ္စားျပဳတယ္ လို႔လည္း ဆိုပါတယ္။

Tawaret – တာဝါရတ္

ေရျမင္းေခါင္း ၊ ျခေသၤ့ ေျခေလးေခ်ာင္း ၊ မိေက်ာင္း အၿမီး ကိုယ္ဝန္ေဆာင္ မိန္းမဗိုက္ ကိုယ္ထည္ ရွိတဲ့ နတ္ဘုရားမ ပါ။ သူမ ဟာ မိန္းမေတြ ရဲ႕ ကိုယ္ဝန္ေဆာင္ခ်ိန္ နဲ႔ ကေလးေမြးဖြား ခ်ိန္မွာ ေစာင့္ေရွာက္ေပးတဲ့ နတ္ဘုရားမ ျဖစ္ပါတယ္။ တာဝါရတ္ နဲ႔ ဘက္စ္ တို႔လို နတ္ဘုရား ေတြကို လူေတြ က အိမ္တြင္း မွာသာ ကိုးကြယ္ ထားရွိၾကၿပီး တျခား နတ္ဘုရားမ်ား ကိုေတာ့ နန္းေဆာင္ အေဆာက္အဦးေတြ တည္ေဆာက္ ကိုးကြယ္ေလ့ ရွိတယ္ လို႔ဆိုပါတယ္။

Bes – ဘက္စ္

ျခေသၤေခါင္း နဲ႔ လူပုေလး ကိုယ္ထည္ ရွိတဲ့ နတ္ဘုရားငယ္ တစ္ပါး ျဖစ္ပါတယ္။ သူဟာ ကိုယ္ဝန္ေဆာင္ နဲ႔ ကေလးငယ္ေတြ ကို ေစာင့္ေရွာက္ေပးတဲ့ သူလည္း ျဖစ္ပါတယ္။ သူဟာ ေႁမြေတြ နဲ႔ ကင္းၿမီးေကာက္ ရန္ကေန ကာကြယ္ေပးႏိုင္တယ္ လို႔လည္း တခ်ိဳ႕ေတြ က အယူရွိၾက ပါတယ္။

Seth – ဆက္သ္

အမ်ိဳးအမည္ ေဖာ္ျပလို႔ မရတဲ့ သတၱဝါ ဦးေခါင္း နဲ႔ လူ ကိုယ္ထည္ ရွိတဲ့ နတ္ဘုရား ျဖစ္ပါတယ္။ သူဟာ အိုဆိုင္းရစ္ နဲ႔ အိစစ္ တို႔ရဲ႕ ေမြးျခင္း ေမာင္ႏွမ ျဖစ္ၿပီး ၿငိမ္းျခမ္းမႈ႕ မရွိျခင္း နဲ႔ ပရမ္းပတာ ျဖစ္ျခင္း တို႔ရဲ႕ နတ္ဘုရား လည္း ျဖစ္ပါတယ္။ ဒ႑ာရီ အဆိုအရ သူဟာ သူ႔အကို အိုဆိုင္းရစ္ ကို သတ္ၿပီး တူ ျဖစ္သူ ( အိုဆိုင္းရစ္ သားေတာ္ ) ေဟာရက္စ္ နဲ႔ စစ္ခင္းကာ လူ႔ေလာက ကို အုပ္ခ်ဳပ္ခ်င္သူ ျဖစ္တယ္လို႔ ဆိုပါတယ္။

Osiris – အိုဆိုင္းရစ္

ဂရိနတ္မ်ားအနက္ အေရးပါဆုံးနတ္ဟု ဆိုႏိုင္ပါတယ္။ ေျမေအာက္ကမာၻ၏ နတ္ဘုရားျဖစ္ၿပီး ေသဆုံးျခင္း ၊ ရွင္သန္ထေျမာက္ျခင္း ႏွင့္ ႏိုင္းျမစ္ေရကိုအလိုေလွ်ာက္ အတိုးအေလွ်ာ့လုပ္ႏိုင္ျခင္း စသည္တို႔ကိုပိုင္စိုးသည့္ နတ္ဘုရားျဖစ္သည္။ မံမီ ပုံစံ ဝတ္ဆင္ထားၿပီး ေခါင္းေပၚမွာ ငွက္ေမႊးပါ ေခါင္းေဆာင္း တစ္ခု ကို ေဆာင္းထားသည္။ အိစစ္(Isis) နတ္ဘုရားမ ရဲ႕ အကို လည္း ျဖစ္ပါတယ္။ သူဟာ မံမီဘုရင္ကို ကိုယ္စားျပဳၿပီး အစိမ္းေရာင္အသားအေရျဖစ္ေနတဲ့ မ်က္ႏွာနဲ႔ လက္ကလြဲရင္ တစ္ကိုယ္လုံးကို မံမီကဲ့သို႔ထုတ္ပိုးထားပါတယ္။

Nut – နပ္

ၾကယ္ေတြ ကို စီခ်ယ္ ထားတဲ့ဝတ္စုံ ကို ဝတ္ဆင္ထား တဲ့ အမ်ိဳးသမီး တစ္ဦး ေကာင္းကင္ ကို ေက်ာေပးၿပီး ေမွာက္လွ်က္ ေနေနတဲ့ ပုံစံ ရွိပါတယ္။ ဆိုလိုရင္း ကေတာ့ သူမ ဟာ ေကာင္းကင္ နဲ႔ စၾကာဝဠာ ရဲ႕ နတ္ဘုရားမ ျဖစ္ၿပီး သူမ ရဲ႕ ကိုယ္ထည္ ဟာ ကမာၻေပၚ ကို ဖုံးလႊမ္းကာ မိုးေကာင္းကင္ ျဖစ္လာတယ္ လို႔ ဆိုလိုပါတယ္ ။ အီဂ်စ္ ေတြရဲ႕ ယုံၾကည္ခ်က္ အရ သူမ ဟာ ည အခ်ိန္မွာ ေနနတ္ဘုရား ကို မ်ိဳခ်ၿပီး ေန႔အခ်ိန္မွာ ျပန္လည္ ေမႊးဖြားေပးေလ့ ရွိတယ္ လို႔ ဆိုပါတယ္။

Ma’at – ေမးရတ္

ဦးေခါင္းေပၚမွာ ငွက္ေမႊး ပန္ဆင္ထားတဲ့ အမ်ိဳးသမီး တစ္ေယာက္ ပုံစံ ရွိပါတယ္။ သူမ ဟာ အမွန္တရား တရားမွ်တျခင္း ရဲ႕ နတ္ဘုရားမ ျဖစ္ၿပီး ကမာၻေပၚမွာ ရွိတဲ့ အရာတိုင္း နဲ႔ ကိစၥ အားလုံး ကို ညီမွ်မႈ ရွိေအာင္ ေဆာင္႐ြက္ေပး ရပါတယ္။ သူမ ဟာ လည္း ေနနတ္ဘုရား ရာ ရဲ႕ သမီး ျဖစ္ ပါတယ္။

Isis – အိစစ္

မင္းပုလႅင္ ပုံစံ ေခါင္းေဆာင္း ေဆာင္းထားၿပီး လက္ထဲမွာ တုတ္တံရွည္ တစ္ခုကို ကိုင္ထားေလ့ ရွိပါတယ္။ သူမ ဟာ တန္ခိုးစြမ္းအား ႀကီးမားတဲ့ အစီအရင္ေတြ နဲ႔ လူေတြ ကို ကာကြယ္ ေပးေလ့ရွိသူ ပါ။ ေဟာရပ္စ္ ရဲ႕ မိခင္ ျဖစ္ၿပီး အလြန္ အေရးပါတဲ့ နတ္ဘုရားမ လည္း ျဖစ္ပါတယ္။

Horus – ေဟာရပ္စ္

ေကာင္းကင္ နဲ႔ ေလနတ္ဘုရား ျဖစ္ပါတယ္။ သူ႔နာမည္က အေပၚဆုံးမွာ ရွိသူလို႔ အဓိပၸါယ္ ရပါတယ္။ သိမ္းငွက္ ဦးေခါင္း နဲ႔ လူပုံစံ ရွိၿပီး အီဂ်စ္ ကို ကာကြယ္ ေစာင့္ေရွာက္တဲ့ အဓိက အုပ္ခ်ဳပ္သူ လည္း ျဖစ္ပါတယ္။ အီဂ်စ္ ေတြက ဖာ႐ိုဘုရင္ ကို သက္ရွိထင္ရွား ေဟာရပ္စ္ နတ္ဘုရား အျဖစ္ သတ္မွတ္ ၾကပါတယ္။ ေဟာရပ္စ္ ဟာ စစ္ပြဲ အတြင္း မ်က္စိ တစ္ဖက္ ကြယ္သြား ခဲ့ရၿပီး သူရဲ႕ မ်က္လုံး ကို အစြဲျပဳကာ မ်က္လုံး တစ္ဖက္ ပုံစံ သေကၤတ ေတြနဲ႔ ေရွး အီဂ်စ္ ေတြဟာ အကာအကြယ္ ေတြ စီမံေလ့ ရွိၾက ပါတယ္။

Hathor – ဟက္သာ

ဦးေခါင္း တြင္ ႏြား နား႐ြက္ အစုံရွိၿပီး ေနပုံစံ ရွိတဲ့ အဝိုင္းျပား တစ္ခုကို ေခါင္းေပၚ မွာ တင္ထား ပါတယ္။ သူမ ဟာ ခ်စ္ျခင္း နဲ႔ ေပ်ာ္႐ႊင္ျခင္း ကို ကိုယ္စားျပဳတဲ့ နတ္ဘုရားမ ျဖစ္ၿပီး လူေတြ ကို ေစာင့္ေရွာက္တဲ့ နတ္ဘုရားမ လည္း ျဖစ္ပါတယ္။ တခ်ိဳ႕ ကေတာ့ သူမ ဟာ ဖာ႐ိုဘုရင္ ရဲ႕ မိခင္ ျဖစ္တယ္ လို ဆိုၾက ပါတယ္။

Hapy- ဟပီး

ေရႀကီးျခင္း နဲ႔ သီးႏွံလယ္ယာ ျဖစ္ထြန္းျခင္း ကို ေစာင္႐ြက္ေပးတဲ့ နတ္ဘုရား တစ္ပါး ျဖစ္ပါတယ္။ ဗိုက္ပူပူ နဲ႔ ေခါင္းေပၚ မွာ ကန္စြန္း႐ြက္ ေတြကို ပန္ဆင္ ထားေလ့ ရွိပါတယ္။ သူဟာ အီဂ်စ္ လူမ်ိဳးေတြ အတြက္ အလြန္ အေရးပါတဲ့ နတ္ဘုရား တစ္ပါးျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္စဥ္ ႏွစ္တိုင္း ေရ ရရွိၿပီး သီးႏွံေတြ ျဖစ္ထြန္းလာေအာင္ သူကပဲ တန္ခိုး နဲ႔ ဖန္ဆင္း စြမ္းေဆာင္ေပး ႏိုင္တယ္ လို႔ ဆိုပါတယ္။

ေလာကီဝိဇၨာ မွ

Tags: world knowledge
Next Post
မြန်မာ့စစ်တုရင် ဆိုသည်မှာ

မြန်မာ့စစ်တုရင် ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!