• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိန္ဒိယရဲ့ အံ့ဖွယ်ပုဂ္ဂိုလ် သူဌေးကြီး အဇင်မ်ပရမ်ဂျီ

by Thutamm
November 29, 2020
Reading Time: 2min read
0
အိန္ဒိယရဲ့ အံ့ဖွယ်ပုဂ္ဂိုလ် သူဌေးကြီး အဇင်မ်ပရမ်ဂျီ
Share on FacebookShare on Twitter

လူသားတစ်ယောက်ရဲ့တန်ဖိုးဟာ သူချန်ရစ်ခဲ့တဲ့ သမိုင်းကြောင်းဖြစ်တယ်လို့ ဆိုကြပါ တယ်။ အိန္ဒိယနိုင်ငံသား၊သန်းကြွယ်သူဌေးကြီး အဇင်မ်ပရမ်ဂျီ ကတော့ ရှင်သန်နေစဉ်အတွင်းမှာပဲ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကာ အိန္ဒိယနိုင်ငံသားတွေရဲ့စံပြပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ အဇင်မ်ပရမ်ဂျီ ဟာ ဆိုရင်အိန္ဒိယနိုင်ငံရဲ့အိုင်တီနည်းပညာလောကကို အောင်မြင်စွာ ချဲ့ထွင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံရဲ့အလှူအတန်း အပေးအကမ်းအရက်ရောဆုံးသော သူဌေးတစ်ယောက် အဖြစ်လည်း လူသိများ ထင်ရှားပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ အဇင်မ်ပရမ်ဂျီ ရဲ့စိတ်ဝင်စားစရာအချက်အလက်အချို့ဖြစ်ပါတယ်။

ကမ္ဘာကျော်သူဌေးကြီးတွေဖြစ်တဲ့ဘီဂိတ်နဲ့ ဝါရင့်ဘတ်တို့ကစတင်ခဲ့တဲ့ The Giving Pledge ပရဟိတလှုပ်ရှားမှု ဟာဆိုရင် ကမ္ဘာတဝန်းက သူကြွယ်ကြီး အတော်များများကို တတ်စွမ်းသလောက် မျှဝေပေးကမ်းဖို့ အစဉ်တွန်းအား ပေးလျက်ရှိနေပါ တယ်။ အဇင်မ်ပရမ်ဂျီ ဟာ ဆိုရင် အဆိုပါ ပရဟိတလုပ်ငန်းတွေမှာပါဝင်ဖို့ပထမဆုံးလက်မှတ်ရေးထိုးခဲ့တဲ့ အိန္ဒိယနိုင်ငံသားအဖြစ်သာမက တတိယမြောက်အမေရိကန် နိုင်ငံသားမဟုတ်ဘဲ ယင်းမျှဝေရေးစီမံကိန်းမှာပါဝင်ခဲ့သူအဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။ ယင်းပရဟိတလုပ်ငန်းတွေအတွင်း အဇင်မ်ပရမ်ဂျီ ဟာသူပိုင်ဆိုင်မှုရဲ့ လေးပုံ တစ်ပုံကျော်အထိ The Giving Pledge အသင်းထံ ပေးလှူခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းက Rs. 10 crore အထက် လှူဒါန်းသူ သူဌေးကြီး ၃၆ ယောက်ရဲ့ စုစုပေါင်းလှူဒါန်းမှုရဲ့ ၈၀% ဟာ Azim Hashim Premji တယောက်တည်းက လှူဒါန်းထားတာဖြစ်ပါတယ်။

နာမည်ကျော်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Wipro နဲ့အတူအောင်မြင်မှုများစွာပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ အဇင်မ်ပရမ်ဂျီ ဟာ ပရဟိတလုပ်ငန်းပိုင်းတွေကို စတင်စိတ်ပါဝင်စားလာခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ အဇင်မ်ပရမ်ဂျီ ဟာ အိန္ဒိယနိုင်ငံရဲ့ပညာရေးကဏ္ဍအတွက် လိုအပ်တဲ့အခြေခံပရဟိတလုပ်ငန်းတွေကိုစတင်ပြုလုပ်လာခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ အခြားသော ကဏ္ဍများစွာဟာ ပညာရေးကဏ္ဍအပေါ်မှာသာ မှီတည်နေကြောင်းကို ကောင်းကောင်းနားလည်တဲ့ အဇင်မ်ပရမ်ဂျီ ဟာ အိန္ဒိယရဲ့အဆင်းရဲဆုံးသောဒေသတွေမှာ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းများစွာကို တည်ထောင်ခြင်းလုပ်ငန်းတွေကို (၂၀၀၀)ပြည့်နှစ်ကာလကနေ စတင်ပြီး စတင် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းသင်တန်းကျောင်းတွေကနေပဲ ဆရာ၊ဆရာမတွေ၊ ကျွမ်းကျင်ပညာရှင်နဲ့ဝန်ထမ်းများစွာပေါ်ထွန်းလာခဲ့ပြီး အိန္ဒိယနိုင်ငံစားသင်ကျောင်းတွေအတွက် အားထားရတဲ့ သင်တန်းဆရာများစွာ ဖြစ်ထွန်းစေခဲ့ပါတယ်။ အရေအတွက်အားဖြင့် ရာနဲ့ချီတဲ့သင်ကြားရေးဆရာ/ဆရာမတွေဟာ အိန္ဒိယရဲ့အဆင်းရဲဆုံးသောပြည်နယ်(၈)ခုအတွင်းက အရေအတွက်များစွာသော ပညာတတ်လူငယ်တွေကို (၂၀၀၀)ပြည့်နှစ်ကာလကနေ စတင်ပြီး နှစ်စဉ်မွေးထုတ်နိုင်ခဲ့ပါတယ်။

အဇင်မ်ပရမ်ဂျီ ဟာဆိုရင် သူရဲ့ကောင်းမွန်ပြီး နည်းစနစ်ကျနတဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကြောင့် သက်တမ်းတလျှောက်များစွာသော ဆုတံဆိပ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူရရှိခဲ့တဲ့ဆုတံဆိပ်တွေမှာဆိုရင်အိန္ဒိယ ရဲ့နိုင်ငံသားတွေကိုချီးမြှင့်လေ့ရှိတဲ့ ဒုတိယမြောက်အမြင့်ဆုံးဆုတံဆိပ်လို့ဆိုရမဲ့ Padma Vibhushan တံဆိပ်တွေအထိ ပါဝင်ခဲ့ပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ အဇင်မ်ပရမ်ဂျီ ကို Wipro နည်းပညာကုမ္ပဏီကိုအမြင့်ဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ အကြီးကျယ်ဆုံးသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံထားရပါတယ်။

(၂၀၁၇)ခုနှစ်စာရင်းတွေအရတော့ အဇင်မ်ပရမ်ဂျီ ဟာ အိန္ဒိယနိုင်ငံရဲ့ နဝမ မြောက် သြဇာအာဏာအရှိဆုံးသူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး (၂၀၀၅)ခုနှစ်ကာလကဆိုရင် သူရဲ့ထူးခြားပြောင်မြောက်တဲ့စီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်မှတ်တမ်းနဲ့ အထင်ရှားဆုံးသော ပရဟိတလုပ်ငန်းတွေကြောင့် Padma Vibhushan ဘွဲ့တံဆိပ်ကိုချီးမြှင့်ပေးခဲ့ပါတယ်။ ဒါအပြင် ကမ္ဘာသြဇာအာဏာအရှိဆုံးသောလူ ပုဂ္ဂိုလ်(၁၀၀)စာရင်းမှာလည်း အဇင်မ်ပရမ်ဂျီ ဟာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီးနောက်မှာတော့ အဇင်မ်ပရမ်ဂျီ ဟာ Wipro သတင်းအချက်အလက်နဲ့ နည်းပညာကုမ္ပဏီကိုလွှဲပြောင်းရယူခဲ့ပါတယ်။ ယင်းမတိုင်ခင်ကတော့ အဇင်မ်ပရမ်ဂျီ ဟာလန်ဒန်မှာရှိတဲ့ စတန်းဖိုဒ်တက္ကသိုလ်မှာ ပညာသင်ယူနေတာဖြစ်ပြီး အင်ဂျင်နီယာပညာရပ်သင်ကြားမယ့် အစီအစဉ်ကိုဖျက်ကာ စီးပွားရေးလုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။ ယင်းကာလက Wipro ဆိုတဲ့အမည် မဟုတ်သေးဘဲ Western Indian vegetable product limited ဆိုတဲ့အမည်သာရှိပါသေးတယ်။ (သူလက်လွှတ်ခဲ့ရတဲ့ အင်ဂျင်နီယာဘွဲ့ကိုတော့ နောက်နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်)

အသက်(၂၁)နှစ်အရွယ်လူငယ်လေး အဇင်မ်ပရမ်ဂျီ ဟာ ယင်းကုမ္ပဏီကို လက်လွှဲယူခဲ့ချိန်မှာတော့ ရှယ်ယာရှင်အချို့ရဲ့ကန့်ကွက်မှုတွေရှိခဲ့ပါသေးတယ်။ ကုမ္ပဏီဥက္ကဌဖြစ်လာပြီးချိန် မှာတော့ အဇင်မ်ပရမ်ဂျီ ဟာ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ဟိုက်ဒရောလစ်ဆလင်ဒါ ၊ ဆပ်ပြာ၊ လျှပ်စစ်မီးနဲ့ဆိုင်တဲ့ ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။ ယင်းနောက်မှာ တော့ မူလက Western Indian vegetable product ကနေ Wipro ဆိုတဲ့အမည် ကို (၁၉၇၇)ခုနှစ်ကာလမှာ ပြောင်းလဲခဲ့ပါတယ်။

(၁၉၈၀)ခုနှစ်ရောက်ချိန်မှာတော့ Wipro ဟာ IT နည်းပညာပိုင်းကိုကူးပြောင်းလာခဲ့ပြီး ဆေးဝါး၊မီးအိမ်နဲ့ပေါင်ဒါစတာ တွေကိုထုတ်လုပ်ရောင်းချခဲ့ပြန်ပါတယ်။ ယင်းကနေ Wipro ဟာအကျိုးအမြတ်များ စွာရရှိခဲ့ပြီး မူလက တန်ကြေးအမေရိကန်ဒေါ်လာ (၂)သန်းသာရှိတဲ့ကုမ္ပဏီငယ်လေးဟာ အဇင်မ်ပရမ်ဂျီ ဦးဆောင်မှုနဲ့အတူ ဘီလီချီတဲ့ ကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပရိဘောဂ ၊ လျှပ်စစ်ထုတ်ကုန် ၊ လူသုံးကုန် နဲ့ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့အပြင် ဆော့ဝဲ နဲ့ အိုင်တီနည်းပညာ ၊ အကြံပေး ၊ Outsourcing နဲ့ Managed ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နေပြီး ၂၀၂၀ ခုနှစ်ဝင်ငွေဟာ အမေရိကန် ၉ ဘီလျံ ဖြစ်ပါတယ်။

အဇင်မ်ပရမ်ဂျီ ကပေးခဲ့တဲ့ ဘဝသင်ခန်းစာတွေကတော့

အဇင်မ်ပရမ်ဂျီ ဟာ အသက်(၂၁)နှစ်အရွယ်မှာ ကုမ္ပဏီပိုင်ရှင်ဖြစ်လာခဲ့ပေမဲ့ ယုံကြည်မှုအပြည့်နဲ့ ခေါင်းဆောင်ရည်စွမ်းရည်ပိုင်းမြင့်မားသူဖြစ်ပါတယ်။ စိန်ခေါ်မှုများစွာ ၊ဝေဖန်မှုများစွာကနေ အဇင်မ်ပရမ်ဂျီ ရဲ့ဦးဆောင်မှုစွမ်းရည်ရဲ့ရလဒ်မှာ ယခု Wipro ဆိုပြီးဖြစ်လာခဲ့တာဖြစ်ပါတယ်။

မင်းအနေနဲ့ဘာလုပ်ငန်းကိုပဲလုပ်ကိုင်နေပါစေ၊ ပိုကောင်းပြီးတိုးတက်တဲ့ အခွင့် အရေးရှိနေပါတယ်၊ ထိပ်ဆုံးမှာနေချင်ရင်တော့ မင်းရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို အစဉ်မြှင့်တင်နိုင်ဖို့ကြိုးစားနေရမှာဖြစ်ပါတယ်။

မင်းအနေနဲ့အရာတိုင်းမဟုတ်ပေမဲ့ အနည်းဆုံးတစ်ခုကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဒါကိုဇာတ်လမ်းတစ်ပုဒ်(ကြယ်ငါးကောက်သူ)နဲ့ ဥပမာပေးချင်ပါတယ်။ နေ့ရက်တိုင်းကမ်းခြေကို သွားရောက်လေ့ရှိသူ တစ်ဦးဟာ တစ်နေ့မှာတော့ ရေကျချိန်မှာကမ်းခြေမှာကျန်ရစ် ခဲ့တဲ့ငါးတစ်ကောင်ကိုကောက်ယူပြီး ပင်လယ်ထဲကိုပြန်ချပေးခဲ့ပါတယ်။ နေ့စဉ်တိုင်း ကမ်းခြေကိုရောက်တဲ့အခါတိုင်းမှာ ဒါဟာသူပြုလုပ်နေရတဲ့အလုပ်တစ်ခုလိုဖြစ်နေခဲ့ တာဖြစ်ပြီး ယင်းနည်းကနေ ငါးအတော်များများအသက်ရှင်ခွင့်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကိုတွေ့တဲ့ လူငယ်တစ်ယောက်က ရေကျချိန်မှာတင်ကျန်ခဲ့တဲ့ငါးအများ အပြားရှိနေကြောင်း အားလုံးကိုကယ်တင်ဖို့တော့ ဦးလေးဟာမစွမ်းဆောင်နိုင်ကြောင်း၊ စကားနိုင်လုပါတော့တယ်။

အဘိုးအိုကတော့ ဝန်းကျင်အနေအထားနဲ့ မိမိအသက် အရွယ်အရ ရေကျချိန်ကမ်းခြေမှာ ပုံစံမျိုးစုံနဲ့ကျန်နေခဲ့တဲ့ ငါးအားလုံးရဲ့ဘဝကိုမကယ်တင်နိုင်တာမှန်ပေမဲ့ မိမိနဲ့ အနီးဆုံးသော(ကူညီနိုင်လောက်တဲ့)ငါးတစ်ကောင်ရဲ့ဘဝကိုတော့ပြောင်းလဲပေးခဲ့ပေးခဲ့ကြောင်း၊ ထိုနည်းတူစွာပဲ ဘဝတစ်လျှောက်မှာ လူသားတွေအနေနဲ့ ပုံစံမျိုးစုံနဲ့ နေ့စဉ်လူမှုဘဝမှာ နေထိုင်လှုပ်ရှားရုန်းကန်နေရမှာဖြစ်ပြီး ယင်းအပြုအမှုတွေကနေပဲ ဖေးမကူညီမှုတစ်ခုကနေပဲ တစ်စုံတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ဖြစ်စဉ်တွေရှိနေကြောင်း ၊တစ်ယောက်တည်းကအများ ပြောင်းလဲဖို့မစွမ်းသာတာမှန်ပေမဲ့ စိတ်ထားတတ်တဲ့လူသားဦးရေများလာခဲ့ရင်တော့ အားလုံးဟာပြောင်းလဲသွားမှာဖြစ်တယ်လို့ ပြန်ကြားခဲ့ပါတယ်။ ဒါဟာ ကျွနု်ပ်တို့နေ့ စဉ်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေက သေးငယ်တဲ့ကူညီဖေးမမှုလေးတွေကပဲ လူတစ်ယောက်ရဲ့ဘဝကိုအပြောင်းလဲကြီးပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ်။

အဇင်မ်ပရမ်ဂျီ ဟာဒီနည်းစဉ်အတိုင်းကိုကျင့်သုံးပြီး အိန္ဒိယမှသည် ကမ္ဘာကြီးကို massage ပေးပို့ခဲ့တာဖြစ်ပါတယ်။ ငါယုံကြည်တာကတော့ ကြွယ်ဝသူတွေ၊ ပိုလျှံသူတွေရဲ့ ဖေးမမှုဟာ သန်းနဲ့ချီတဲ့ လူသားတွေ(ဆင်းရဲသူများကိုရည်ညွှန်း) အတွက်ပိုကောင်းတဲ့ ဘဝတွေကိုဖန်တီးနိုင်ဖို့ အကျိုးရလဒ်ကြီးကြီးမားမားထောက်ကူနေတာဖြစ်တယ်လို့ အဇင်မ်ပရမ်ဂျီ က ယုံကြည်နေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ သူဌေးကြီး အဇင်မ်ပရမ်ဂျီ ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံ ဖြစ်ပါတယ်။ ဒါပေမယ့် သူလှူဒါန်းခဲ့တဲ့ပမာဏကို သိရင် အနည်းငယ် အံသြသွားနိုင်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ ၁၀ ဘီလျံတောင် မချမ်းသာပေမယ့် အိန္ဒိယ နိုင်ငံအပြင် ကမ္ဘာအရပ်ရပ်က ပညာရေး ၊ ကျန်းမာရေး ကဏ္ဍတွေအတွက် သူလှူဒါန်းပြီးခဲ့တဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၂၁ ဘီလျံ ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုထက် ၃ဆလောက်ကို လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာပေါ်မှာ သူ့ထက်ပိုလှူဒါန်းခဲ့သူဆိုရင်တော့ ဘီဂိတ်စ် နဲ့ ဝါရင်းဘတ်ဖတ် တို့နှစ်ဦးပဲ ရှိပါတယ်။

Tags: world people
Next Post
ရေခဲခေတ်က အစွယ်ကွေးကျား တွေ အကြောင်း

ရေခဲခေတ်က အစွယ်ကွေးကျား တွေ အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!