• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိန္ဒိယရဲ့ အာကာသ အမျိုးသမီး (သို့) အနူရာဒါ

by Thutamm
August 17, 2019
Reading Time: 1min read
0
အိန္ဒိယရဲ့ အာကာသ အမျိုးသမီး (သို့) အနူရာဒါ
Share on FacebookShare on Twitter

ကမ္ဘာ့အာကာသသိပ္ပံနည်းပညာလောကမှာ လူသားတွေအနေနဲ့နည်းပညာမြှင့်တင်မှုတွေ တစ်နေ့တစ်ခြားမြှင့်တင်နေခဲ့ရာ ယခုချိန်မှာတော့ အရှိန်အဟုန်နဲ့တိုးတက်နေတာအားလုံးအသိဖြစ်ပါတယ်။ မျက်မှောက်ခေတ်ရေစီးအရ အာကာသသိပ္ပံဆိုင်ရာစူးစမ်းမှုတွေဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေရဲ့ power balance ကို တိုင်းတာရာမှာ အဓိကနေရာကနေပါဝင်လာတာကြောင့် နိုင်ငံတိုင်းကလည်း သူတို့ရဲ့အားအကောင်းဆုံးသော ပညာရှင်တွေနဲ့ အာကာသသိပ္ပံကဏ္ဍကို အကောင်အထည်ဖော်စေပါတယ်။

ဦးဆောင်ပညာရှင်အများစုက အမျိုးသားတွေဖြစ်ကြတာကို အားလုံးသတိထားမိကြမှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရတဲ့ လုပ်ငန်းခွင်အခြေအနေအရလည်း အမျိုးသမီးပညာရှင်တွေအနေနဲ့ ဦးဆောင်သူနေရာကနေပါဝင်ဖို့ ခဲယဉ်းလို့နေပါတယ်။ ဒါပေမဲ့အိန္ဒိယအမျိုးသမီးတစ်ဦးကတော့ အဲဒီကွဲ ပြားချက်ကို အကောင်းဆုံးဖောက်ထွက်ပြပြီး အိန္ဒိယအာကာသ သိပ္ပံလောကဂြိုလ်တုစီမံကိန်းရဲ့ ပထမဆုံးသောအမျုးိသမီးဒါရိုက်တာဖြစ်လာပါတယ်။ သူမကတော့ India’s Space Woman လို့ လူသိများတဲ့ အိန္ဒိယအမျိုးသမီးသိပ္ပံပညာရှင် အနူရာဒါ ဖြစ်ပါတယ်။

အနူရာဒါ တီ ကေ(Anuradha TK) ဟာ အိန္ဒိယသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ၏ စီမံကိန်းဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ဆက်သွယ်ရေးဂြိုဟ်တုပိုင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး ဆက်သွယ်ရေးဂြိုဟ်တု GSAT-12 နှင့် GSAT-10 တို့ လွှတ်တင်ခြင်းကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် မှာ အာကာသအေဂျင်စီကို စတင်ဝင်ရောက်ခဲ့ပြီး ISRO ကို အစောဆုံးဝင်ရောက်ခဲ့တဲ့ အမျိုးသမီးသိပ္ပံပညာရှင်ဖြစ်တဲ့အပြင် ဂြိုဟ်တုစီမံကိန်း၏ ပထမဆုံးအမျိုးသမီး ဒါရိုက်တာလည်း ဖြစ်လာခဲ့ပါတယ်။

အနူရာဒါကို ၁၉၆၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့မှာ အိန္ဒိယနိုင်ငံ မိုင်ဆိုးပြည်နယ် (ယခုအခေါ်ကာနက်တကာပြည်နယ်) ဘန်ကလောမြို့မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘန်ကလောမြို့မှာပဲ အခြေချနေထိုင်လျက်ရှိပါတယ်။ မွေးဖွားရာမြို့လေးမှာရှိတဲ့ အင်ဂျင်နီယာတက္ကသိုလ် (Visvesveraya) မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းတွင် အတန်းဖော်အများစုလို မဟုတ်ဘဲ အိန္ဒိယမှာသာဆက်လက် နေထိုင်ပြီး သူမ ဝါသနာပါရာ အလုပ်ကိုသာ တစိုက်မတ်မတ် အာရုံစိုက်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ပါတယ်။

သူမကိုးနှစ်သမီးအရွယ် Neil Armstrong လကမ္ဘာကို ပထမဆုံးခြေချတဲ့ အပိုလိုလွှတ်တင်ချိန်မှာ သူမဟာ လကမ္ဘာပေါ်ခြေချသူအကြောင်း ကဗျာတစ်ပုဒ်ကို ကန်နဒါ ဘာသာစကား (သူမနေထိုင်ရာပြည်နယ်ရဲ့ဘာသာစကား) နဲ့ ရေးစပ်ခဲ့ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူမဟာ ငယ်စဉ်ကတည်းက ဂြိုဟ်တုနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို စိတ်ပါဝင်စားခဲ့သူဖြစ်ခဲ့တယ်ဆိုတာ သိရှိရပါတယ်။

သူမရဲ့လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေကတော့ ISRO ၏ ဂြိုဟ်တုစင်တာ မှာ Geosat ပရိုဂရမ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ တယ်လီဖုန်းလိုင်းတွေ၊ ဒေတာတွေချိတ်ဆက်ရာမှာ အသက်တမျှအရေးပါတဲ့ geo-synchronous satellites နယ်ပယ်မှာ ဆောင်ရွက်ခဲ့တဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ မြောက်မြားစွာသော အာကာသပရိုဂရမ်တွေမှာလဲ ဦးဆောင်ပုံရိပ်တစ်ခုအဖြစ် တည်ရှိပါတယ်။

အနူရာဒါဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ Satish Dhawan Space Centre မှ လွှတ်တင်ခဲ့တဲ့ ဆက်သွယ်ရေးဂြိုဟ်တု GSAT-12 ၏ အစိတ်အပိုင်းတွေကို တပ်ဆင်ခြင်းနဲ့ လွှတ်တင်ခြင်းမှာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အင်ဂျင်နီယာ အယောက် (၂၀) ပါတဲ့ နည်းပညာအဖွဲ့ကို ဦးဆောင်ပြီး ကြီးကြပ်ကွပ်ကဲရတာဖြစ် ပါတယ်။ GSAT-12 ဂြိုဟ်တုကို ဟတ်ဆန်မှာရှိတဲ့ ISRO ရဲ့ Master Control Facilities ကနေ `၎င်းရဲ့ နောက်ဆုံးပတ်လမ်းအထိရောက်ရှိအောင် လွှတ်တင်ရာမှာ Pramoda Hedge နဲ့ Anuradha Prakash တို့နဲ့အတူ အမျိုးသမီး သုတေသနအဖွဲ့ကို ကြီးကြပ် ဦးဆောင်ခဲ့ပါတယ်။

GSAT-12 ကို လွှတ်တင်ပြီးနောက်မှာ ပိုကြီးတဲ့ဆက်သွယ်ရေးဂြိုဟ်တု GSAT-10 ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ လွှတ်တင်နိုင်ဖို့အတွက် ဦးဆောင် ဆောင်ရွက်ခဲ့ ပါသေးတယ်။ ဆက်သွယ်ရေးဂြိုဟ်တုများ GSAT-9, GSAT-17 & GSAT-18 တို့ လွှတ်တင်နိုင် ရန်အတွက် စောင့်ကြည့်လမ်းညွှန်မှုများကိုလည်း စီမံကိန်းဒါရိုက်တာ တစ်ယောက်အနေနဲ့ မပျက်မကွက် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ အသက် ၅၉နှစ်ရှိနေပြီဖြစ်တဲ့ သူမဟာ စီမံကိန်းမန်နေဂျာ၊ ဒုတိယစီမံကိန်းဒါရိုက်တာနဲ့ တွဲဘက်စီမံကိန်းဒါရိုက်တာအဖြစ် အိန္ဒိယ ရီမုတ်အာရုံခံစနစ်နဲ့ ဒေသတွင်းအချက်ပြဂြိုဟ်တုစနစ် အစီအစဉ်မှာ တာဝန်ထမ်းဆောင် လျက်ရှိပါတယ်။ သူမအထူးကျွမ်းကျင်တဲ့အပိုင်းကတော့ အာကာသထဲမှာရှိနေတဲ့ ဂြိုဟ်တုရဲ့ လုပ်ဆောင်ချက်တွေကိုလေ့လာဆန်းစစ်ခြင်းစနစ် ကိုဖြစ်ပါတယ်။

သူမရရှိခဲ့တဲ့ ဂုဏ်ထူးဆောင်ထူးချွန်ဆုတွေကတော့ ၂၀၀၃ ခုနှစ်မှာ အာကာသသိပ္ပံနယ်ပယ်ဆောင်ရွက်ချက်တွေအတွက် အိန္ဒိယအာကာသအဖွဲ့အစည်းမှ ချီးမြှင့်သော ရွှေတံဆိပ်ဆု၊ ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်အဆင့်ဒီဇိုင်းနဲ့ သုတေသန ဖိုရမ် (NDRF) မှ ချီးမြှင့်သော Suman Sharma ဆု၊ ၂၀၁၂ ခုနှစ်မှာ ASI-ISRO Merit Award for Realisation of Indigenous Communication Aircraft & ISRO Team Award for being leader for the realization of GSAT-12 တို့ပဲဖြစ်ပါတယ်။

Tags: scienceworld people
Next Post
အမေရိကန်က ကမ္ဘာအကြီးဆုံး လေဟာနယ်အခန်းကြီး

အမေရိကန်က ကမ္ဘာအကြီးဆုံး လေဟာနယ်အခန်းကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!