Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိန္ဒိယက လူသိနည်းတဲ့ စိတ်ဝင်စားစရာ နေရာ ၈ ခု

by Thutamm
August 11, 2019
Reading Time: 1min read
0
အိန္ဒိယက လူသိနည်းတဲ့ စိတ်ဝင်စားစရာ နေရာ ၈ ခု
Share on FacebookShare on Twitter

နာမည်ကျော်သိပ္ပံပညာရှင်အများစုဟာ စိတ်ရှုပ်စရာကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းကာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အံ့သြသင့်ဖွယ်ရာလျို့ဝှတ်သည်းဖို အရပ်တွေဆီကိုရောက်လာလေ့ ရှိကြပါတယ်။ တခါတရံအပြင်မှာ တကယ်ရှိတဲ့အရာတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုထူးဆန်းပါသေးတယ်။

အခုမျှဝေမယ့် အဆန်းတကြယ် နေရာတွေဟာ ဘာကြောင့်ဖြစ်လာတယ်ဆိုတာတော့ ယုတ္တိဗေဒသဘောနဲ့ တိတိကျကျခွဲခြမ်းထားတာတော့မရှိပါဘူး။ ရှင်းရှင်းလင်းလင်းသိချင်ရင်တော့ အိန္ဒိယကိုသွားမဲ့လေယာဉ်လက်မှတ် တစ်စောင်ကိုဝယ်ပြီး ကိုယ်တိုင်သွားလေ့လာမှသာ ရပါလိမ့်မယ်။

(၁) မြွေရွာ

အိန္ဒိယနိုင်ငံ မဟာရာစထရာပြည်နယ်၊ ဆိုလဖာမြို့ကလေးမှာရှိတဲ့ ရှီပယ်ဆိုတဲ့ရွာလေးကတော့ ထူးခြားဆန်းပြားတဲ့အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့လူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့မြွေဟောက်တွေနဲ့ နှီးနွယ်ဆက်စပ်နေလို့ပါ။ ဒီရွာလေးရဲ့အိမ်တိုင်းမှာ မြွေဟောက်တွေကိုထားတဲ့ ပခြုပ် တွေကိုထားရှိပါတယ်။ ကလေးအရွယ်မှစလို့ အသက်အရွယ်အတန်းအစားအားလုံး မြွေဟောက်အပါအဝင် အဆိပ်ရှိမြွေအမျိုးမျိုးနဲ့ လက်ပွန်းတတီးအနီးကပ် နေထိုင်ကြတာပါ။

ဒါကလည်း သူတို့ရဲ့နတ်ဘုရား Lord Siddheshwar ကမြွေကိုက်ခံရရင်လည်း အသက်ရှင်အောင်ပြန်လည်ကုသပေးနိုင်တဲ့ စွမ်းအင်ကို ပေးနိင်တယ်လို့ယုံကြည်လို့ပါ။ ဒီရွာမှာတစ်နေ့တစ်ခြား မြွေကောင်ရေအလွန်များပြားလာပေမယ့် ဒီရွာကသူတွေကို မြွေကိုက်ခံရလို့ အသက်ဆုံးပါးရပါတယ်ဆိုတဲ့မှတ်တမ်းတော့ ခုထိမရှိသေးပါဘူး။ သိပ္ပံနည်းပညာရပ်နဲ့လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် အတော်ခေါင်းခြောက်စရာပါ။

(၂) ခွေးဘုရားကျောင်း

ခွေးတွေဟာလူတွေအတွက် အကောင်းဆုံးသောမိတ်ဆွေတွေဖြစ်တယ် ဆိုတာ သံသယဖြစ်စရာမလို ပါဘူး။ သစ္စာရှိခြင်း၊ ကျေးဇူးသိတတ်ခြင်း စတဲ့ မြင့်မြတ်တဲ့လက္ခဏာတွေကြောင့်ပါ။ ဂျပန်နိုင်ငံမျာဆိုရင် လည်း Hachiko ခွေးရုပ်တုဟာ သစ္စာရှိတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ အလွန်ထင်ရှားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ဒီလိုအမြင်ရှိပါတယ်။

အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ ကာနာတကာပြည်နယ် ချန်ပါတနာမြို့မှာ ခွေးနတ်ဘုရားကိုပူဇော်ဓလေ့ရှိပြီး သူရဲ့သစ္စာသမာဓိ အပေါ်လေးစားမှုနဲ့ပူဇော်ကြပါတယ်။ ဒီလိုပူဇော်ရခြင်းဟာ ဒီခွေးနတ်ဘုရားဟာ ရွာစောင့်နတ်၊ မြို့စောင့်နတ်တွေနဲ့ ပူးပေါင်းပြီး မြို့၊ရွာတွေကို စောင့်ရှောက်ကာကွယ်ပေးနိုင်တယ်လို့ယုံကြည်တဲ့အတွက်ပါ။

(၃) သံလိုက်တောင်ကုန်း

ဒီနေရာကတော့ အိန္ဒိယနိုင်ငံ Ladakh ဒေသမှာ တည်ရှိတဲ့တောင်တက်လမ်းတစ်ခုဖြစ်ပါတယ်။ တကယ်လို့များ ကားတစ်စီးကို ဂီယာဖြုတ်ပြီး အောက်ဖက်မှာရပ်ထားမယ်ဆိုရင် ကားဟာ သူ့အလိုလို တောင်ပေါ်ကိုတက်သွားမှာဖြစ်ပါတယ်။ ဒီနေရာကိုတော့ သံလိုက်တောင်ကုန်းလို့ခေါ်ကြပါတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ဒီလိုသံလိုက်တောင်ကုန်းတွေရှိတတ်ပါတယ်။ နေပြည်တော်လယ်ဝေးလမ်းမှာလည်း တစ်ခုရှိတယ်လို့ သိရပါတယ်။

(၄) သေခြင်းတရားနဲ့ညစာစားရမဲ့ စားသောက်ဆိုင်

အိန္ဒိယနိုင်ငံ အယ်မာဒါဘတ်မြို့က New Luckyစားသောက်ဆိုင်ကတော့ တကယ်ဆန်းကြယ်ပါတယ်။ ဒီဆိုင်ဟာ Sufi Saint သချိုင်းမြေပေါ်မှာ တည်ရှိနေတာပါ။ ဒီစားသောက်ဆိုင်ပိုင်ရှင် Krishna Kuttiဟာ Valar Morghulis to that ဆိုတဲ့ ဟိန္ဒူစကားအတိုင်း သချိုင်းမြေဟာ သူ့ကိုကံကောင်းခြင်းတွေ ယူဆောင်ပေးတယ်လို့ယုံကြည်လို့ပါ။

(၅) တံခါးမထားတဲ့ရွာ(Shani Shingnapur)

Ahmednagar မြို့နယ်ထဲက Shani Shingnapur ဆိုတဲ့ကျေးရွာလေးဟာ Lord Shanti နတ်ဘုရားရဲ့ ဆုတောင်မေတ္တာပို့သမှုကြောင့် ဒုစရိုက်မှုတွေလုံးဝမဖြစ်ပွားတဲ့နေရာတစ်ခုအဖြစ် လူသိများထင်ရှားပြီး ဘုရားဖူးများစွာလာရောက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

နတ်ဘုရားတွေအပေါ် ဒေသခံတစ်ဦးတစ်ယောက်၊ အစုအဝေးမှသည် ရွာလုံးကျွတ်ယုံကြည်ကြတဲ့အတွက် အိမ်တွေ၊ ဈေးဆိုင်တွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေအထိ တံခါးတွေကိုထည့်သွင်းတည်ဆောက်ကြခြင်းမရှိပါဘူး။ UCO ဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုတောင် ဒီကျေးရွာမှာဖွင့်ထားပြီး သော့မထားတဲ့စနစ်ကိုပဲကျင့်သုံးပါတယ်။

(၆) အရိုးစုကန်

အိန္ဒိယနိုင်ငံ Uttarakhand ဒေသTrishal တောင်ရဲ့ အမြင့်ပေ ၁၆၅၀၀ မှာတော့ ဒီအရိုးစုကန်တည်ရှိပါတယ်။ဒီနေရာဟာ အချိန်တိုင်းနှင်းတွေနဲ့ ဝေနေတာပါ။ ဒီတောင်မှာ နှင်းတွေအရည်ပျော်တဲ့အခါအရိုးစုတွေကိုဖုံးလွှမ်းသွားပါတယ်။

အရိုးစုပေါင်း(၆၀၀)ခန့်ဟာ နတ်ဘုရားLatuရဲ့ ဒေါသကြောင့်ဖန်တီးလိုက်တဲ့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ မိုးသီးမုန်တိုင်းကြောင့်သေဆုံးခဲ့ရတယ်လို့အဆိုရှိကြပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရတော့ ဒီအရိုးစုတွေဟာ ၉ရာစုဝန်းကျင်မှာ သေဆုံးသွားကြတဲ့သူတွေလို့ ဆိုပါတယ်။

(၇) အမွှာကျေးရွာ

အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ် Malappuram ခရိုင်ထဲက Kodini ကျေးရွာလေးဟာ အံ့သြစရာကောင်းလောက်အောင် အမွှာအရေအတွက် အလွန်များတဲ့နေရာလေးဖြစ်ပါတယ်။ ကျေးရွာလူဦးရေ (၂၀၀၀) ဝန်းကျင်လောက်မှာ ချွတ်စွပ်တူတဲ့အမွှာ (၃၅၀) လောက်ရှိပါတယ်။ ဒီကျေးရွာရဲ့ မိသားစုတိုင်းမှာ အမွှာအနည်းဆုံးတစ်တွဲတော့ မွေးဖွားကြပါတယ်။

(၈) မော်တော်ဆိုင်ကယ်နတ်ဘုရား

ယောင်္ကျားလေးတော်တော်များများဟာ သူတို့ရဲ့မော်တော်ဆိုင်ကယ်တွေကို သူတို့ရဲ့အချစ်ဦး မိန်းကလေးအဖြစ်ခိုင်းနိူင်းတတ်ကြတဲ့အထိ မြတ်နိုးတွယ်တာကြပါတယ်။ ရာဂျာစတန် ပြည်နယ် ဂျောပါးခရိုင်ထဲမှာ ရှိနေတဲ့ မြို့ငယ်လေး ဘန်ဒီ မြို့လေးမှာတော့ Bullet မော်တော်ဆိုင်ကယ်တစ်စီးကိုအလေးအမြတ်ထားကိုးကွယ်တဲ့ဓလေ့ရှိနေတာပါ။ အဲဒီဒေသက ထင်ရှားတဲ့ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ Om Sight Rathore (Om Banna) ဟာ Bullet မော်တော်ဆိုင်ကယ်(ယခုကိုးကွယ်နေတဲ့ဆိုင်ကယ်)နဲ့ သစ်ပင်ကိုဝင်တိုက်မိတဲ့အတွက် ကွယ်လွန်သွားခဲ့ပါတယ်။

ရဲတွေရဲ့အလုပ်သဘောအရ တိုက်မိတဲ့ယင်းဆိုင်ကယ်ကို ရဲစခန်းသို့ယူသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်မှာတော့ ဒီဆိုင်ကယ်ဟာ ရဲစခန်းကနေပျောက်ဆုံးသွားခဲ့ပြီး မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကို ပြန်ရောက်နေပါတယ်။ ရဲတွေကတော့ တစ်ယောက်ယောက်ရွှေ့သွားတယ်လို့ယူဆပြီး ရဲစခန်းကိုနောက်တစ်ခေါက်ပြန်ယူကာ ဆီတိုင်ကီ နဲ့ ချိန်းကြိုးတွေကို ဖြုတ်ပစ်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ နောက်တစ်နေ့မနက်မှာ ဆိုင်ကယ်ဟာ ပျောက်ဆုံးသွားပြီး အရင်နေရာကိုပဲ ပြန်ရောက်သွားပြန်ပါတယ်။ ဒေသခံတွေအတွက် အရမ်းထူးဆန်းတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Omm Baba အမည်နဲ့နတ်ကွမ်းတစ်ခုကိုတည်ဆောက်ပြီး သူစီးခဲ့တဲ့ Bullet မော်တော်ဆိုင်ကယ်ကို အဲဒီနေရာမှာထားရှိကိုးကွယ်ကြပါတယ်။ Omm Baba ရဲ့ ဝိညာဉ်ဟာ ယာဉ်စီးခရီးသည်တွေရဲ့အသက်တွေကို ကာကွယ်ပေးနေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒေသခံတွေဟာ ယာဉ်နဲ့ ပတ်သတ်တဲ့အရေးကြီးအကြောင်း အရာပေါ်ပေါက်လာပါက ယင်းမော်တော်ဆိုင်ကယ်နတ်ကွန်းကိုလာရောက်ပြီး ပန်းတွေနဲ့အချိုရည်တွေကို လာရောက်ပူဇော်ကြပါတယ်။ အများစုကအောင်မြင်ကြတယ်လို့ ဆိုကြပါတယ်။ Dhanak ဆိုတဲ့ နာမည်ကြီး ဘောလီးဝုဒ်ရုပ်ရှင်ဇာက်ကားမှာ ဒီနေရာကိုထည့်သွင်းပြသခဲ့တဲ့အထိ အိန္ဒိယနိုင်ငံမှာလူစိတ်ဝင်စားမှုများတဲ့နေရာဖြစ်တယ်။

သုတဇုန်

Tags: kaung htetworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က အာဇာနည်သူရဲကောင်းတစ်ယောက်

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က အာဇာနည်သူရဲကောင်းတစ်ယောက်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!