Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိန္ဒိယမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓ ကျောက်သားရုပ်ပွားတော်

by Thutamm
August 7, 2019
Reading Time: 1min read
0
အိန္ဒိယမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓ ကျောက်သားရုပ်ပွားတော်
Share on FacebookShare on Twitter

ဟိုက်ရာဘဒ်ဗုဒ္ဓရုပ်ပွားတော် သည် အိန္ဒိယနိုင်ငံတွင် တည်ရှိသည့် ကျောက်ဖြင့် တည်ထားသော ရုပ်ပွားတော် ဖြစ်သည်။ ထိုဗုဒ္ဓရုပ်ပွားတော်သည့် ကျောက်ဖြင့်ပြုလုပ်ထားသည့် ရုပ်ပွားတော်များတွင် ကမ္ဘာ့အမြင့်ဆုံး ဖြစ်သည်။

ဟိုက်ဒီရာဘဒ်သည် အိန္ဒိယတောင်ပိုင်း Telangana ပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၈၉ ကြားတွင် N. T. Rama Rao သည် Andhra Pradesh ၏ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။ သူ၏ သက်တမ်းကာလတွင် ဒေသ၏ နိုင်ငံရေး၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် ဆိုင်သော ရုပ်တုများကို တည်ဆောက်ရန် ငွေပမာဏများစွာ သုံးစွဲခဲ့သည်။ သူသည် နယူးယောက်သို့ အလည်အပတ်သွားရာတွင် လေဘာတီရုပ်တုကို တွေ့ရှိခဲ့သည်။ ထိုအခါ သူသည် ရုပ်ပွားတော်ကို ပြုလုပ်ရန်ရန် ဆန္ဒရှိခဲ့သည်။

“ကျွန်တော် ထိုရုပ်တုကဲ့သို့သော ဟာမျိုးလုပ်ဖို့ ဆန္ဒရှိပါတယ် …… အဲဒါက ကျွန်တော့်ရဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်မှု ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

Rama Rao သည် ဂေါတမဘုရားရှင်ကို ဖော်ပြကာ ရွေးချယ်ခဲ့သည်။ သူ၏ ရွေးချယ်ရသည့် အကြောင်းရင်းမှာ ဗုဒ္ဓသည် လူသားချင်းစာနာမှု ရှိသူဖြစ်သည်။ သူသည် လေကအမှန်တရားများကို လူသားများ နားလည်အောင် ပြောကြားခဲ့သည်။ သူသည် ကျွန်တော်တို့အားလုံး၏ ဂုဏ်ယူစရာ ဖြစ်သည် ဟု ပြောခဲ့သည်။ သူသည် အချိန်ကြာကြာ ရှာဖွေမှုများ ပြလုပ်ပြီးသည့်အခါ ဟိုက်ရာဘဒ် အပြင်ဘက် ၄၆ ကီလိုမီတာရှိ Raigiri, Bhongir(Nalgonda District) တွင် အဖြူရောင်နှမ်းဖတ်ကျောက်တုံးကို တွေ့ခဲ့သည်။

၁၉၈၅ ခုနှစ်၊ အောက်တိုဘာလတွင် NTR က တည်ဆောက်မှုလုပ်ငန်းများကို စတင်ခဲ့သည်။ တစ်နှစ်ကျော် ကြာချိန်တွင် ရာနှင့်ချီသော လုပ်သားများသည် ဘုရားကျောင်း၏ ဗိသုကာလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခဲ့သည်။ အိန္ဒိယဗိသုကာပညာရှင်ကြီး S.M.Ganapathi Sthapati သည် ရုပ်ပွားတော်ကို ဦးဆောင် တည်ဆောက်သည်။

ငါးနှစ်ကြာသေအခါ ရုပ်ပွားတော်သည် ၅၈ ပေ (၁၈ မီတာ) ပြီးစီးခဲ့သည်။ အလေးချိန်သည် ၃၅၀ တန် ရှိသည်။ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၃ သန်း ကုန်ကျခဲ့သည်။ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် အောက်ခံခုံသည် ၁၅ ပေ(၄.၆ မီတာ) ရှိသည်။ ယခုအခါတွင် Rock of Gibraltar အဖြစ် ရည်ညွှန်းကြသည်။ မြို့တော်ရှိ လမ်းများကိုလည်း ချဲ့ခဲ့သည်။

ရုပ်ပွားတော်သည် Hussain Sagar ကျွန်းရှိ လုမ္ဗနီဥယျာဉ်တွင် တည်ရှိသည်။ လှေစီးကာ သွားနိုင်ပြီး ၁၅ မိနစ် ကြာသည်။

မတော်တဆမှု ဖြစ်ပွားခြင်း

၁၉၈၉ ခုနှစ်တွင် Andhra Pradesh အစိုးရကို N. T. Rama Rao က ဦးဆောင်ကာ ဖြုတ်လိုက်သည်။ နောက်နှစ်တွင် ရုပ်ပွားတော် တည်ထားကိုးကွယ်ရန် အသင့်ဖြစ်ခဲ့သည်။ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ABC ကုမ္ပဏီသည် ရုပ်ပွားတော်ကို ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် အောက်ခံခုံနေရာသို့ ပြောင်းရွေ့ရန် တာဝန်ယူခဲ့သည်။

နောက်တွဲယာဉ်များကို အသုံးပြုကာ ရုပ်ပွားတော်ကို Hussain Sagar ကမ်းစပ်သို့ ယူဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကုမ္ပဏီမှ အလုပ်သမားများသည် ရုပ်ပွားတော်ကို ဝမ်းပြားရေယာဉ်ပေါ်သို့ ရွေ့ပြောင်းခဲ့သည်။ ၁၀၀ ကိုက် (၉၁ မီတာ) ခန့် ရွေ့ပြောင်းပြီးနောက် ရုပ်ပွားတော်သည် ကန်ထဲသို့ ကျသွားခဲ့သည်။ ထိုမတော်တဆမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်။

ဆယ်ယူမှုများကို ၂-နှစ် ပြုလုပ်ခဲ့ပြီးနောက် ရုပ်ပွားတော်ကို ကန်ထဲမှ ဆယ်ယူနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုပ်ပွားတော်ကို အောက်ခံခုံပေါ်သို့ အောင်မြင်စွာ ထားရှိနိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဒလိုင်းလားမားသည် ရုပ်ပွားတော်အား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Buddha Statue Sinks Barge, Drowning 10
Buddha of the Lake Bottom
Myanmar Wikipedia

Tags: world knowledgeworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!