• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 28, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စွယ်စုံရတဲ့ အိမ်သုံးဆားရဲ့ လျို့ဝှက်ချက်များ

by Thutamm
August 16, 2019
Reading Time: 1min read
0
စွယ်စုံရတဲ့ အိမ်သုံးဆားရဲ့ လျို့ဝှက်ချက်များ
Share on FacebookShare on Twitter

ဒီတစ်ခါ သုတဇုန် မိတ်ဆွေများအတွက် မျှဝေချင်တဲ့အရာကတော့ အိမ်သုံးဆားရဲ့ အသုံးဝင်ပုံတွေပါ။ ဖော်ပြမယ့် နည်းလမ်းတွေထဲမှာ သိပြီးသားတွေရှိနိုင်သလို မသိရသေးတဲ့နည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သိထားတော့ တကယ်ကြုံလာတဲ့အခါ အသုံးချနိုင်တာပေါ့ဗျာ။ ကဲ ဖတ်ကြည့်ကြပါဦး၏

၁။ စင်းနီတုံး(သို့) စင်းနီတုံးပြားတွေက အညစ်အကြေးတွေကို သန့်ရှင်းစေချရင် ဆား နဲ့ ဆားတို့ထားတဲ့ ရှောက်သီး(သို့) သံပရာသီးတစ်ခြမ်းနဲ့ ပွတ်တိုက်လိုက်ရုံပါပဲ။ (တခြားနေရာက တော်ရုံအညစ်အကြေးလောက်ကို ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်ပါတယ်။)

၂။ အင်္ကျီမှာ စွန်းထင်းနေတဲ့ ချွေးဂျီးကွက် တွေကို သန့်ရှင်းစေချင်တဲ့အခါ ဇလုံတစ်ခုထဲမှာ စွန်းနေတဲ့ အင်္ကျီနဲ့အတူ ဆား စားပွဲတင်ဇွန်း ၄ဇွန်းခန့်ထည့်ပြီး ရေနွေးနဲ့ စိမ်ထားလိုက်ပါ။ တဖြည်းဖြည်းနဲ့ ချွေးကွက် အစွန်းတွေပျောက်သွားပါလိမ့်မယ်။

၃။ ဘယ်လိုတိုက်တိုက် မပျောက်တော့ပါဘူးဆိုတဲ့ ကော်ဖီခွက်(သို့) မတ်ခွက်ထဲက အစွန်းတွေကို သန့်ရှင်းချင်တဲ့အခါ ဆားအနည်းငယ် နဲ့ အဝတ်စိုတစ်ထည်ကို သုံးက ပွတ်တိုက်ကြည့်ပါ။ အညစ်အကြေးတွေ ပြောင်သွားတာ တွေ့ရပါလိမ့်မယ်။

၄။ လိုက်ကာစတွေ လျှော်တဲ့အခါမှာလည်း ပုံမှန်ထက်ပို သန့်ရှင်းတောက်ပြောင်ချင်ရင် ဆားထည့်ထားတဲ့ ရေနဲ့လျှော်ကြည့်ပါ။
(လက်ကိုင်ပဝါတွေ ၊ အဝတ်အထည်တွေလျှော်တဲ့အခါမှာလည်း ဒီနည်းလမ်းကို သုံးနိုင်ပါတယ်)

၅။ ခြင်ကိုက်လို့ အဖု အပိန့်တွေထလာရင် အဲဒီအဖုအပိန့်ပေါ်မှာ ဆားအနည်းငယ်တင် နဲ့အတူ လက်ညိုးကိုရေစွတ်ကာ ပွတ်ပေးကြည့်ပါ။ ခဏချင်း သက်သာသွားစေမှာပါ။

၆။ ကြေးပစ္စည်းတွေကို အသစ်ကဲ့သို့ တောက်ပြောင်စေချင်ရင်လည်း ဆားကို အသုံးပြုနိုင်ပါတယ်။ ဆား ၊ ရှာလကာရည် ၊ ဂျုံမှုန့် တို့ကိုအနည်းငယ်စီရောစပ်ပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးရုံပါပဲ။

၇။ သစ်သီးတွေကို ခွဲစိတ်ပြီးထားတဲ့အခါ မူလအရောင်ကနေ အညိုရောင်ကို ပြောင်းသွားတာ အားလုံးသိကြမှာပါ။ ဒီလိုမပြောင်းလဲစေချင်ရင်တော့ သစ်သီးစိတ်တွေထည့်ထားတဲ့ ခွက် (သို့) ပန်းကန်ပြား ထဲမှာ ဆားအနည်းငယ်ကိုပါ ထည့်ထားပေးလိုက်ပါတယ်။

၈။ ကြက်ဥတစ်လုံး ကျကွဲပြီး ကြမ်းပြင်ပေါ် မှာ ကြက်ဥ အနှစ်တစ်ခုလုံး ကျနေတယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥ အနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ….နည်းနည်းကြာရင် ပေခြင်းပွခြင်း မရှိဘဲကြက်ဥအနှစ်တွေကို အမှိုက်ဂေါ် နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်။

၉။ ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲ စိမ်ထားပါ… ကြေးခွံတွေ အ လွယ်တကူ ချွတ်နိုင်ပါ လိမ့်မယ်။

၁၀။ ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေ အလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်း ငယ်ရောနှောထည့် ထားပါ။

၁၁။ အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင် ပါတယ်။

၁၂။ ကြက်ဥတွေကောင်းမကောင်း စမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ ခွက်ထဲ စိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့ တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်။

၁၃။ ပန်းကန်စင် ၊ စာအုပ်စင် စတဲ့စင်တွေပေါ် မှာ ပုရွက်ဆိတ်တွေ တက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်။

၁၄။ ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်း ခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေ က သူ့အခွံထဲ မှာပဲရှိနေပါလိမ့်မယ်။

၁၅။ ရှုံ့တွနေတဲ့ ပန်းသီးတွေကို ဆား အတော်အသင့် ခတ်ထားတဲ့ရေထဲ စိမ်ထား လိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်။

၁၆။ မုန့် လုပ်တဲ့ဒယ်ပြား ကို ဆားနဲ့ ပွတ်ပေးထားရင် မုန့်တွေ မကပ်တော့ပါဘူး။

၁၇။ သွားတိုက်တံကို မသုံးခင် ဆားရည်ထဲ စိမ်ထားခြင်းဖြင့် သက်တမ်း ပိုကြာကြာ အသုံးပြုနိုင်ပါတယ်။

၁၈။ ကော်ဖီအိုးကို အရောင်ချွတ်တဲ့ အခါဆားနဲ့ ပွတ်ပြီးချွတ်နိုင်ပါတယ်။

၁၉။ ဆားနဲ့ တာပင်တိုင် ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေ ကို ဖြူအောင်ဆေးနိုင်ပါတယ်။

၂၀။ ဘေစင်မှာ အညစ်အကြေးတွေဆို့ပြီး ရေကောင်းကောင်းမဆင်းနိုင်တဲ့အခါ ဆားလက်တစ်ဆုပ်ကို ရေစစ်ပေါက်ထဲထည့်ပါ။ ခဏကြာရင်တော့ ရေလောင်းလိုက်တဲ့အခါ အညစ်အကြေးတွေ သန့်ရှင်းသွားပါလိမ့်မယ်။

၂၁။ သွားနာ သွားကိုက် သွားကျဉ်တဲ့အခါမျိုးမှာလည်း ဆားကို အသုံးပြုနိုင်ပါတယ်။ ဆားရေနွေးနွေးကို ခဏခဏပလုပ်ကျင်းပေးရုံပါပဲ။

၂၂။ မီးပူတိုက်တဲ့အခါ မီးပူမှာချိုးတွေကပ်နေရင် သတင်းစာတစ်ရွက်ပေါ်မှာ ဆားဖြူးပါ။ အဲဒီဖြူးထားတဲ့ဆားအပေါ်ကို မီးပူနဲ့တိုက်လိုက်ပါ။ ချိုးတွေဟာ ဆားမှာသွားကပ်နေပြီး မီးပူသန့်ရှင်းသွားပါလိမ့်မယ်။

၂၃။ ဒယ်အိုး ၊ ဒန်အိုးတွေမှာ ဆီ၊ ဟင်း ချိုးတွေကပ်နေတဲ့အခါ ဆားအနည်းငယ်ကို အိုးထဲကိုထည့်လိုက်ပါ။ အဲဒီနောက်ရေထည့်ပြီး အိုးကို ဆူအောင်တည်လိုက်ပါ။ ၅မိနစ်ကနေ ၁၀မိနစ်အတွင်းထားပေးလိုက်တဲ့အခါ ချိုးတွေ အလိုလိုကွာသွားပါလိမ့်မယ်။

၂၄။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူတွေကို ခွာတာ လှီးတာတွေပြုလုပ်တဲ့အခါမှာ သူတို့ရဲ့အနံ့ဟာ လက်မှာစွဲနေတတ်ပါတယ်။ ချက်ချင်းအနံ့ပျောက်ချင်ရင်တော့ အရင်ဆုံးလက်ကို ရေဆေးလိုက်ပါ။ ဆားအနည်းငယ်ထည့်ပြီး လက်နှစ်ဖက်နဲ့ ပွတ်လိုက်ပါ။ ကြက်သွန်နံ့တွေပျောက်သွားပါလိမ့်မယ်။ (တခြား အသားငါးတွေ ကိုင်တဲ့အခါမှာလည်း ဒီနည်းလမ်းကို သုံးနိုင်ပါတယ်)

ဒါတွေကတော့ အိမ်သုံးဆားရဲ့ အသုံးဝင်နည်းလမ်းလေးတချို့ဖြစ်ပါတယ်။ အိမ်သုံးဆားကို ဒီလိုနည်းလမ်းတွေအပြင် ကျန်းမာရေးအတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ သုံးနိုင်ပါတယ်။ ဆရာကြည်မြင့်လွင်ရေးထားတဲ့ အိမ်သုံးဆား၏ဆေးဖက်ဝင် အကျိုးကျေးဇူးများ ကို ဝေမျှလိုက်ပါတယ်။

အိမ်သုံးဆား၏ဆေးဖက်ဝင် အကျိုးကျေးဇူးများ

အိမ်သုံးဆားကို ဈေးပေါသည်ဟူ၍ အထင်မသေးနှင့်။ စာရေးသူငယ်စဉ်က ညဘက်လသာသာ တွင် သူငယ်ချင်းများနှင့် ပြေးတန်းလိုက်တန်းဆော့သည်။ အခန့်မသင့်၍ ကစားဖော်တစ်ဦး၏ ဦးခေါင်းနှင့် မျက်နှာချင်းဆိုင်တိုက်မိသည်။ သူက အရပ်နိမ့်သဖြင့် သူ၏ ဦးခေါင်းနှင့် စာရေးသူ၏ ညာဘက်မျက်လုံးမှာ ကွက်တိကျအောင်တိုက်မိသည်။ မျက်စိတွင် ပြာပြီးလဲကျ သွားသည်။ အိမ်ပြန်ရောက်သောအခါ စာရေးသူ ၏ မျက်လုံးအိမ်နှင့် မျက်ခွံပါ ဖူးရောင်နေသည်။ စာရေးသူ၏ အဖွားသည် နံနက်လင်းသည် အထိမစောင့် ချက်ခြင်းပင် မီးဖိုပြီး ရေနွေးအိုးကို ဆူအောင်တည်သည်။ ဆားကို အဝတ်ပါးဖြင့် ထုပ်ပြီး ကြပ်ထုပ်ပြုလုပ် သည်။ (၂) ထုပ်ပြုလုပ်ထားသည်။ ရေနွေးအိုးပေါ်တွင်တင်ပြီး အပူငွေ့ခံသည်။ တစ်ထုပ်အေးလျှင် တစ် ထုပ်ထိုးနိုင်အောင် (၂) ထုပ်ပြုလုပ်ခြင်းဖြစ်သည်။

စာရေးသူ၏ ဖူးရောင်နေသော မျက်ခုန်းနှင့် မျက်လုံးပေါ်တွင် အိမ်တွင်ရှိသာ နှမ်းဆီကို ကြေးဇွန်း တွင်ထည့် မီးအပူပေးပြီး လိမ်းသည်။ ဆားကြပ်ထုပ်ကို ခံနိုင်ရည်ရှိသမျှ ပူပူနွေးနွေးလေးကပ်ကာ ထိုးပေး သည်။ တစ်နေ့လျှင် (၃) ကြိမ်ခန့် ဆားကြပ်ထုပ်ထိုးပေးခြင်းဖြင့် အရောင်ကျသက်သာသွားသည်ကို မှတ်မိ နေပါသည်။

ဆားကြပ်ထုပ်

ဆားကို အသုံးပြုသည့် မြန်မာ့ရိုးရာ ကုထုံးအများအပြားရှိရာ ဆားကြပ်ထုပ်ထိုးခြင်းသည်လည်း ထိခိုက်ဒဏ်ရာများနှင့် အရိုး၊ အကြော၊ အဆစ်များရောင်ခြင်း၊ တင်းခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။ ကြပ်ထုပ်ပြုလုပ်နည်းများစွာ ရှိသည်။ ချင်း၊မိဿလင်၊ ကြောင်ပန်းရွက်၊ တမာရွက်၊ လင်းနေ၊ သက်ရင်း ကြီး၊ မြေဇာမြက် စသည်..ကြပ်ထုပ်ပြုလုပ်နိုင်သည်။ ဆေးဖက်ဝင်အရွက်၊ အမြစ်များစွာရှိသော်လည်း အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံးမှာ ဆားကြပ်ထုပ်ဖြစ်သည်။

ဆားကြပ်ထုပ်ပြုလုပ်ရသည်မှာ အလွန်ပင်လွယ်ကူသည်။ အခြားကြပ်ထုပ်လုပ်နည်းများ ကဲ့သို့ ဆေးဘက်ဝင်အပင်အရွက်များ ရှာနေရန်မလို.. အိမ်တိုင်း၏ မီးဖိုချောင်တွင် ဆားရှိသည်။ ဆားနုဖြစ်စေ၊ ဆားကြမ်းဖြစ်စေ အကြမ်းပန်းကန်တစ်လုံးစာခန့်ကို အဝတ်၊ ပိတ်စ သို့မဟုတ် ပုဆိုးဟောင်းဖြင့် အထုပ်ပြု လုပ်ရုံသာဖြစ်သည်။ အထုပ်၏ အရွယ်မှာ လက်သီးဆုပ်ခန့်ရှိလျှင် ပို၍ ကောင်းသည်။

ဆားကြပ်ထုပ်သည် ထိခိုက်ဒဏ်ကြောင့် ရောင်ခြင်း၊ နာခြင်းအတွက် အလွန်ပင် အစွမ်းထက်ပါ သည်။ နွားကန်ခံရသဖြင့် ခါးနာသော ဘကြီးတစ်ဦးမှာ သက်ရင်းကြီးရွက်ကို ဆားနှင့်ရောထောင်း ကြပ်ထုပ် ပြုလုပ်ပြီး ရေနွေးငွေ့ဖြင့် အပူပေးကာ ကြပ်ထုပ်ထိုးသဖြင့် သက်သာပျောက်ကင်းသည်ကိုလည်း တွေ့ရဖူး ပါသည်။ အလွန်ဒဏ်ကြေသော ဆားကြပ်ထုပ်ဖြစ်ပါသည်။ ရေနွေးငွေ့ ခံရာတွင် ဆူပွက်အောင် တည်ထား သော ရေနွေးငွေ့ကို ဒန်အိုးအဖုံးတွင် အပေါက်ငယ်လေးများ ဖေါက်၍ အငွေ့ထွက်အောင်ပြုလုပ်လျှင် ပို ကောင်းသည်။ အချို့ထမင်းပေါင်းအိုးများတွင် ရေနွေးငွေ့ဖြင့် ထမင်းကို ပြန်နွှေးရန်အတွက် ဆန်ခါပါသည်။ ဆားကြပ်ထုပ်ထိုးရာတွင် မလောင်စေရန် အပူငွေ့ကို ချိန်ဆပြီး တိုးပေးသင့်သည်။ အရမ်းပူလွန်းလျှင် အသားကို လောင်နိုင်သည်ကို သတိပြုရမည်။

ဆားဖြင့် ထူးခြားသော ရောဂါပျောက်ကင်းမှုများ

စာရေးသူ၏ မိတ်ဆွေ အသက်(၅၀) ကျော် အရာရှိကြီးတစ်ဦးသည် အသက်အရွယ်နှင့် မလိုက် အောင် ထိပ်ပြောင်ပြီး ခေါင်းချွေးလည်း အထွက်များသည်။ အထူးသဖြင့် ပူအိုက်သောရာသီတွင် ခေါင်းချွေး များစီးကျပြီး လက်ကိုင်ပဝါတစ်ထည်ဖြင့် အမြဲသုတ်နေရသည်။ အဲယားကွန်း ဖွင့်ထားသော အခန်းတွင်သာ နေရတာအဆင်ပြေသည်။ အေးလွန်း၍ ခေါင်းချွေးခြောက်သွားလျှင်လည်း နှာစေးသောရောဂါကို ခံစားရ လေ့ရှိသည်။

ထိုခေါင်းချွေးထွက်သော မိတ်ဆွေနှင့် တစ်လောက တွေ့သောအခါ သူ၏ ခေါင်းချွေးထွက်ရောဂါ နှင့် နှာစေးရောဂါ သက်သာပျောက်ကင်းနေသည်ကိုတွေ့ရှိရသည်။ သူ၏ ပြောပြချက်အရ မြန်မာဆရာ ကြီးတစ်ဦး၏ လမ်းညွှန်မှုဖြင့် ညစဉ် အိပ်ယာမဝင်မီ ခြေဖဝါးကို ဆားပွတ်ပြီး အတော်အသင့် ပူလာသော အခါ ဒူးအထက် ပေါင်လယ်ခန့်မှ အောက်သို့ ရေလောင်း ခြေဆေးပြီးမှ အိပ်ယာဝင်သည်။ ရေကိုလည်း ရေအေးအသုံးပြုပြီး ဖလားဖြင့် (၁၀)ခွက်ခန့် လောင်းဆေးသည်။ ထိုသို့ဆေးပြီး တစ်ပတ်ခန့်ကြာသည့် အချိန်မှစ၍ ခေါင်းချွေးထွက်ခြင်း သက်သာလာသည်ဟုဆိုသည်။

မျက်စိအမြင်ကြည်လင်

ထိုသူတွင် ဆားပွတ် ရေလောင်းခါစက နံနက်အိပ်ယာထလျှင် မျက်ဝတ်များ ထွက်ပြီး မျက်စိကြည့် မကောင်းသလိုဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မျက်ဝတ်မထွက်တော့ဘဲ မျက်စိအမြင်ကြည်လင်ပြီး ပို၍ပင် ကြည့်ကောင်းလာသည်။ တစ်လခန့်ကြာသောအခါ ခေါင်းချွေးထွက်ခြင်း လုံးဝမရှိတော့ဘဲ ခေါင်း ချွေးဖြင့် အအေးပတ်၍ နှာစေးသော ရောဂါပါ ပျောက်ကင်းသွားသည်ဟု ကိုယ်တွေ့ဖြစ်ရပ်ကိုပြောပြ ပါသည်။

ခြေဖဝါးဆားပွတ်ခြင်းနည်းဖြင့် အပူပုပ်ခိုးများ အောက်သို့ဆွဲချသော နည်းရှိသကဲ့သို့ ဆားနင်းခြင်း ဖြင့်လည်း မျက်စိနှင့်ဦးနှောက်အတွင်းသို့ တက်သောအပူအပုပ်အခိုးများကို ဆွဲယူသောနည်းလည်းရှိ သည်။ ဆားနင်းခြင်းသည်လည်း ရေရှည်လုပ်လျှင်ထိရောက်သော ကျန်းမာရေးနည်းလမ်းကောင်း ဖြစ်သည်။

ပင်လယ်ပြင်မှရေကို လယ်ကွက်ကဲ့သို့ ပြန့်ပြူးသောမြေပြင်သို့ သွင်းယူပြီးနောက် နေလှန်းသော အခါ အပူရှိန်ပြင်းသဖြင့် ရေများအငွေ့ပြန်သွားသည်။ ဆားတို့သည် ကျန်နေခဲ့သည်။ ထိုသဘာဝ နေလှန်း ဆားမှာ အဖြူရောင်မဟုတ်၊ ညိုညစ်ညစ်အရောင် ဖြစ်သည်။ သဘာဝဆားကို ချွတ်ဆေးသုံးပြီး ချွတ်လိုက် သောအခါမှသာ ဖြူဖွေးသောဆားကို ရရှိသည်။ တကယ်တမ်း ဆေးဖက်အဖြစ် အသုံးပြုမည် ဆိုလျှင် ချွတ်ဆေးမသုံးသော သဘာဝဆားမှာ ပို၍ဆေးဖက်ဝင်မည်ဖြစ်သည်။

ဆားသည် အပုပ်အစပ်မှန်သမျှ စုဝေးသော ချောင်းမြောင်းတို့မှ လာသော်လည်း အပုပ်အစပ်တို့ကို ပြန်လည်ထိန်းချုပ်ရာတွင် အရေးပါသော ပစ္စည်းဖြစ်သည်။ ငါး၊ပုစွန်စသည်များ ပုပ်သိုးပြီး အနံ့ဆိုးမထွက် စေရန် အကောင်မပျက်စေရန် စီမံရာတွင် ဆားကို အသုံးပြုသည်။ ဆားသည် အပုပ်အခိုးမှန်သမျှကို စုပ်ယူ ရုံသာမက ပျောက်ကွယ်သွားအောင် ချေဖျက်ပစ်နိုင်စွမ်းရှိသည်။

ရှေးက လူကြီးများသည် ဆားနှင့်သွားတိုက်ကြသည်။ ဆားက ပါးစပ်အတွင်းမှ အပုပ်အစပ်များကို စုပ်ယူသွားသဖြင့် ပါးစပ်နံခြင်းကို ပျောက်ကင်းစေသည်။ ဆားရည်ဖြင့် ပလုတ်ကျင်းရုံဖြင့် သွားနာ၊ သွားဖုံး နာ၊ လည်ချောင်းနာ၊ အာခေါင်နာများ ပျောက်ကင်းစေနိုင်သည်ဟုဆိုသည်။
ဆားရည်ကို ပလုတ်ကျင်းရုံသာမက မျက်စဉ်းလည်းခတ်နိုင်သည်။ ဓာတုဗေဒဆေးရည်ဖြင့် ပြုလုပ် သော မျက်စဉ်းအမျိုးမျိုးရှိသော်လည်း ဆားရည်သည် မျက်စိနာနှင့်သင့်သည်။ မတည့်၍ ဘေးဒုက္ခပေးခြင်း မရှိပေ။ အဖျားနှင့် ညောင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ဆားရည်မျက်စဉ်းခတ်ပေးလျှင် သက်သာသည်ဟု ရှေးလူကြီးများက ယူဆကြသည်။

ဆားသည် ကြွက်သားများကိုလည်း အားကောင်းစေသည်။ ချွေးထွက်များလျှင် အားကစားသမား များ ကြွက်တက် တတ်သည်။ ချွေးနှင့်အတူ ဆားဓာတ်ပါသွားသဖြင့် ကြွက်တက်ရခြင်းဖြစ်သည်။ ကြွက် တက်သည်ကို ဆားရည်ဖျော်ပြီး ချက်ချင်းတိုက်ပေးခြင်းဖြင့် ကြွက်တက်ခြင်းကို ပြေလျော့စေနိုင်သည်။ ဝမ်းသွားဖန်များလျှင်လည်း ရေဓာတ်သာမက ဆားဓာတ် ပိုဆုံးရှုံးသွားသဖြင့် ကြွက်တက် တတ်သည်။ ထို့ကြောင့် ဝမ်းသွားသူများကို အချိုရည်နှင့် ရော၍ဓာတ်ဆားရည်ကိုပါ သွင်းပေးရသည့် ကုထုံးရှိသည်။

အိမ်သုံးဆားဖြင့် ရောဂါပျောက်ကင်းနိုင်သော ဆေးနည်းတိုများ-

၁။ ကလေးများ ဥတုအကူးတွင် ချွဲပူထပြီး ချောင်းဆိုးရင်ကြပ်ရောဂါဖြစ်လျှင် အိမ်သုံးဆားကို ကွမ်းရွက်တွင် ကန်တော့ထိုး၍ အထုပ်ငယ်လေးများ ပြုလုပ်ကာ သံပြားပေါ်တွင် တင်၍ မီးအပူပေး ပြာချပါ။ ထိုကွမ်းရွက်+ဆားပြာကို သံပရာရည်ဖြင့် ဖျော်၍ တိုက်ပေး၊ လျက်ပေးလျှင် ချောင်းဆိုးရင်ကြပ်ရောဂါ ပျောက်ကင်းစေနိုင်သည်။

၂။ လူကြီးများ ရေချိုးမှား အပူငုတ်၍ ချောင်းဆိုးလျှင် အိမ်သုံးဆား ဟင်းစားဇွန်း ၁ ဇွန်းကို ဒယ်အိုးဖြင့် နီအောင်လှော် ပူနေတုန်းသံပရာသီးတစ်လုံး အရည်ညှစ်ချဖျော်ပြီး လျက်ပေးပါ။ အပူငုတ်အသံဝင် ချောင်း ဆိုး ပျောက်ကင်းနိုင်သည်။

၃။ ဥတုအကူးအပြောင်းတွင် လေတိုက် အခိုးငုတ်၍ ခန္ဓာကိုယ်အရေပြားတွင် မိတ်ကဲ့သို့ ယားဖုများထွက် လျှင် သနပ်ခါးအမြစ်ကို ဆားဖြင့် ရောသွေးလိမ်းခြင်းဖြင့် သက်သာစေနိုင်သည်။

၄။ မိတ်အိုင်းကဲ့သို့ ယားဖုကြီးများထွက်လျှင် ခရေပွင့်ခြောက်ကို ဆားအနည်းငယ်ဖြင့် သနပ်ခါးကျောက် ပျဉ်တွင် ရောသွေးလိမ်းလျှင် ပျောက်ကင်းနိုင်သည်။

၅။ သာမန်မျက်စိနာ မျက်စိနီရဲသူများ ဆားရည်ဖျော်၍ အရည်ကြည်ကို မျက်စဉ်းခတ်ပေးလျှင် မျက်စိနာ ခြင်း၊ နီရဲခြင်း၊ မျက်သားယားခြင်း ပျောက်ကင်းနိုင်သည်။

၆။ ရုတ်တရက် ရေနွေးငွေ့ဟပ်မိလျှင် ဆီပူလောင်လျှင် ဆားလက်တစ်ဆုပ်ခန့်ကို ရေအေးတစ်ဖလားတွင် ဖျော်ပြီး စိမ်ပေးလျှင် အပူလောင်ဖုမထွက်ဘဲ ပျောက်ကင်းနိုင်သည်။

၇။ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတုပစ္စည်းတစ်မျိုးမျိုး ပါးစပ်ထဲဝင်လျှင် ဆားရည်ဖျော်၍ မတ်ခွက်တစ်လုံးခန့် သောက်ပြီး အာခေါင်သို့ လက်ထိုးအန်ပစ်လျှင် အဆိပ်သင့်ခြင်းမှသက်သာစေနိုင်သည်။

၈။ ခြေဖဝါးအသားမာနှင့် ဂျွတ်တတ်သော ယားနာများကို ရေမချိုးမီ မန်ကျည်းမှည့်နှင့် ဆားရော၍ ပွတ် ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

၉။ ပုရွတ်ဆိတ်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းကြောင့် အရေပြားတွင် အပိန့်များထလျှင် ဆားနှင့် နနွင်းမှုန့်ကို ရော၍ ရေဖျော်လိမ်းပေးလျှင် သက်သာစေသည်။

၁၀။ လေထိုးလေအောင့်ဖြစ်လျှင် ဆားကိုလှော်ပြီး ရှောက်သီးအရည်ဖြင့် အကြမ်းပန်းကန်တစ်လုံးစာ တိုက်ပေးခြင်းဖြင့် ထိုးအောင့်ခြင်းမှ သက်သာစေနိုင်သည်။

ဆရာကြည်လွင်မြင့် (မုဒြာ) – မြန်မာ့အလင်းသတင်းစာ မှ

Tags: health knowledge
Next Post
ဆန္ဒန်လိုဏ်ဂူ အကြောင်း သိကောင်းစရာ

ဆန္ဒန်လိုဏ်ဂူ အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!