အိမ်နံရံခေါက်တာကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ မြေအောက်မြို့တော် (သို့) ဒါရင်ကူယူမြေအောက်မြို့ - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိမ်နံရံခေါက်တာကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ မြေအောက်မြို့တော် (သို့) ဒါရင်ကူယူမြေအောက်မြို့

by Thutamm
July 27, 2019
1 min read
0
အိမ်နံရံခေါက်တာကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ မြေအောက်မြို့တော် (သို့) ဒါရင်ကူယူမြေအောက်မြို့
Share on FacebookShare on Twitter

ဒီမြေအောက်မြို့တော်ဟာ တူရကီနိုင်ငံ Nevşehirနယ် ဒါရင်ကူယူ ခရိုင်မှာ တည်ရှိတာကြောင့် ဒါရင်ကူယူမြေအောက်မြို့တော်လို့ ခေါ်ပါတယ်။  ဒီမြို့တော်ကို ၁၉၆၃ခုနှစ်က Nevşehir မှာနေတဲ့လူတစ်ယောက်က တွေ့ရှိခဲ့တာပါ။ သူ့ရဲ့အိမ်နံရံကိုခေါက်ရင်း လှိုဏ်သံကြားရတဲ့အတွက် မသင်္ကာလို့ တူးကြည့်ရာကနေ လှိုဏ်ခေါင်းလမ်းကြောင်းတွေ အခန်းတွေနဲ့အသေအချာတည်ဆောက်ထားတဲ့ ဒီမြို့တော်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြေအောက်မြို့တော် Derinkuyu ကိုတွေ့ရှိခြင်းအစ ဖြစ်ပါတယ်။

ဒီမြေအောက်မြို့တော်ထဲကို ဝင်ကြည့်တဲ့အခါမှာတော့ လျို့ဝှက်ထားတဲ့ဝင်ပေါက်တွေ ၊ လေဝင်လေထွက်ကောင်းမွန်အောင်ဖန်တီးထားတဲ့အပေါက်တွေ ၊ ရေတွင်းတွေ နဲ့ လှိုဏ်ခေါင်းတစ်ခုကနေ တစ်ခုကို လွယ်ကူစွာသွားလာနိုင်တဲ့ လမ်းကြောင်းတွေကိုပါတွေ့ရှိခဲ့ရပါတယ်။

ပညာရှင်များ လေ့လာမှုအရ ဒီမြို့တော်ဟာ တူရကီနိုင်ငံမှာရှိတဲ့ ရှေးမြေအောက်မြို့တော်တွေထဲက တစ်ခုဖြစ်ပြီး ပျောက်ကွယ်နေခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့သိရပါတယ်။ Derinkuyu မြေအောက်မြို့တော်ဟာ အကြီးဆုံးမြေအောက်မြို့တော်မဟုတ်ပေမယ့် အထပ်ပေါင်း ၁၈ထပ်ရှိတာကြောင့် အနက်ဆုံးမြေအောက်မြို့လို့ဆိုနိုင်ပါတယ်။

အာရပ်မွတ်စလင်တွေနဲ့ဖြစ်တဲ့ အာရပ်-ဘိုင်ဇင်တိုင်စစ်ပွဲတွေကြား ကြီးမားတဲ့စစ်ပွဲတွေဖြစ်နေတဲ့အချိန် အေဒီ ၇၈၀- ၁၁၈၀ အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စစ်ပွဲကနေ ရှောင်ရှားဖို့နဲ့ ကပ်ရောဂါဆိုးတွေကို ကာကွယ်ဖို့ ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်တော့ ၁၄ရာစုမှာ ခရစ်ယာန်တွေဟာ မွန်ဂိုတွေရဲ့ရန်ကြောင့် ဒီမြို့တော်မှာရှောင်တိမ်းနေထိုင်ခဲ့ကြပါသေးတယ်။ အဲဒီနောက်တော့တဖြည်းဖြည်းနေထိုင်သူနည်းပါးသွားပြီး တစ်စစနဲ့ပျောက်ကွယ်သွားခဲ့ရတာပါ။

မြေအောက် အနက်ပေ ၂၀၀ ဝန်းကျင်ခန့်ထိနက်တဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့တော်မှာ လူ ၂၀၀၀၀ အတူတကွနေနိုင်တဲ့ နေရာတွေနဲ့ သူတို့အတွက် စားနပ်ရိက္ခာတွေ ထားတဲ့အခန်းတွေ ပါရှိသလို ကျောက်တံခါးမကြီးတွေလည်း တပ်ဆင်ထားပါတယ်။ လေဝင်လေထွက်ကောင်းစေတဲ့ အပေါက်ပေါင်း ၁၅၀၀၀ခန့်လည်းပါရှိတာကြောင့် ပုံမှန်အတိုင်း သက်တောင့်သက်သာစွာနေနိုင်ပါတယ်။

ရေတွင်းတွေကိုတော့ ပြင်ပကနေ အဆိပ်ခတ်တာတွေမလုပ်နိုင်အောင် အထူးကာကွယ်ထားပါတယ်။ အဲဒီမှာ ဈေးဆိုင်တွေ ၊ ဂူတွေ ၊ တိရစ္ဆာန်မွေးမြူရေးခန်းတွေ ၊ သီးခြားစီဖွဲ့ထားတဲ့အခန်းစုတွေ ၊ လက်နက်ခဲယမ်းတိုက်တွေ ၊ စုပေါင်းခန်းမတွေ နဲ့ အရေးပေါ်ထွက်ပြေးဖို့လမ်းကြောင်းတွေကိုပါ တည်ဆောက်ထားတာကို အံသြဖွယ်တွေ့ရှိခဲ့ရပါတယ်။ ဒါအပြင် စာသင်ခန်းမတစ်ခုပါတဲ့ ကျောင်းတစ်ကျောင်းကိုလည်းတွေ့ရပါသေးတယ်။

တူရကီရဲ့ ဒီရှေးဟောင်းမြို့တော်ကို ၁၉၆၉ခုနှစ်မှာ လာရောက်လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်ထိ သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ ဒီမြေအောက်မြို့တော်ကို အထူးထိမ်းသိမ်းထားပြီး လည်ပတ်သူတွေကတော့ မြို့တော် ၈ထပ်အထိ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ တူရကီရဲ့နာမည်ကျော် Cappadocia ရှေးဟောင်းနယ်မြေထဲမှာ Derinkuyu မြေအောက်မြို့အပြင် အခြားမြေအောက်မြို့ပေါင်းများစွာလည်း တည်ရှိနေပါသေးတယ်။

VIDEO

Tags: world places
Next Post
ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန် တို့ နည်းပညာရပ်များ နှင့် ဂျာမန်ဒုံးပျံပညာရှင် ဝါနာဗွန်ဘရောင်း

ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန် တို့ နည်းပညာရပ်များ နှင့် ဂျာမန်ဒုံးပျံပညာရှင် ဝါနာဗွန်ဘရောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!