• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အိန္ဒိယရဲ့ နာမည်ကျော် မူရူဂျန်ဂျီးယာခံတပ်

by Thutamm
September 19, 2020
Reading Time: 3min read
0
အိန္ဒိယရဲ့ နာမည်ကျော် မူရူဂျန်ဂျီးယာခံတပ်
Share on FacebookShare on Twitter

ရေးသားသူ – Aung kaung htet (GAD)

ဒေသအခေါ်အဝေါ် Murud-Janjira မူရူဂျန်ဂျီးယာလို့အမည်ရတဲ့ အဆောက်အအုံကတော့အိန္ဒိယနိုင်ငံမှာ သာမကအာရှရဲ့နာမည်ကျော် ခံတပ်ဟောင်းတစ်ခုဖြစ်ပါတယ်။ ယခုချိန်မှာတော့ နိုင်ငံခြားခရီးသွားများလာရောက်လေ့လာရာ အထင်ကရနေရာအဖြစ်ရှိနေပြီး အိန္ဒိယနိုင်ငံ၊ မဟာရသျှတြရပြည်နယ်၊ ရိုင်ဂတ်ခရိုင် ပင်လယ်ကမ်းရိုးတန်းမြို့ မူရူရဲ့ကမ်းလွန်ပင် လယ်ပြင်မှာတည်ရှိပါတယ်။ ဂျန်ဂျီးယာ ဆိုတဲ့စကားဟာအိန္ဒိယဘာသာကနေဆင်းသက်လာ မဟုတ်ဘဲ အာရေဗီဘာသာစကား Jazeera ကနေဆင်းသက်လာတာဖြစ်ပြီး ကျွန်းလို့အဓိ ပ္ပါယ်ရပါတယ်။

Raja Ram Rao Patil အမည်ရတဲ့ ဂျန်ဂျီးယာဒေသ Kolis မျိုးနွယ်စုတွေရဲ့အကြီးအကဲဟာ (၁၆)ရာစုကာလကတည်းက ဂျန်ဂျီးယာ ခံတပ်ကို စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ မျိုးနွယ်စုတွေကိုပင်လယ်ဓါးပြတွေရန်ကနေကာကွယ်ပေးဖို့ အတွက်ဖြစ်ပါတယ်။ ယင်းအတွက်သူဟာ Ahmadnagar Sultanate မင်းဆက်ရဲ့ ဆူလ်တန်ဘုရင်ကျောထောက်နောက်ခံပြုပြီး ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့ကျွန်းပေါ်မှာဂျန်ဂျီးယာခံတပ်မြို့တော်ကိုစတင်တည်ဆောက်ခဲ့ပါတော့တယ်။

နောက်ပိုင်းမှာတော့ Raja Ram Rao Patil ဟာ ဆူလ်တန်ရဲ့အမိန့်ကိုမနာခံတော့ပဲ တသီးတခြားရပ်တည်ဖို့ကြိုးစားလာခဲ့တာကြောင့် ဆူလ်တန်ဘုရင်ဟာ ရေတပ်ဗိုလ်ချုပ် Piram Khan ကို စေလွှတ်ပြီး ဂျန်ဂျီးယာကို သိမ်းပိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဂျန်ဂျီးယာခံတပ်မြို့တော်ရဲ့ခံစစ်စည်းကြောင့် Piram Khanရဲ့တပ် တွေဟာအလွယ်တကူ မြို့တော်ကိုသိမ်းပိုက်နိုင်ခြင်းမျိုးတော့ မရှိပါဘူး။ ယင်းအတွက် Piram Khan ဟာ ကုန်သည်ယောင်ဆောင်ပြီး သူရဲ့စစ်သည်တွေကို စည်ကြီးတွေအတွင်း ထည့်ကာ ဂျန်ဂျီးယာမှာ ကုန်ကူးသန်းလိုတာကြောင့် တညတာတည်းခိုခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျန်ဂျီးယာအာဏာပိုင်တွေကလည်း အလွယ်တကူခွင့်ပြုပေးခဲ့ပြီး Piram Khan ကျင်းပပေးတဲ့ ညပါတီပွဲတော်ကိုတောင်တက်ရောက်အားပေးခဲ့ကြပါတယ်။ Janjira ခေါင်းဆောင်ကြီး Patil ကိုယ်တိုင်ယင်းပါတီပွဲကိုတက်ရောက်ပြီးကျန်ခေါင်းဆောင်အားလုံးနဲ့အတူမူးယစ်သွားချိန်မှာတော့ အရက်စည်တွေအတွင်း လျှို့ဝှက် သယ်ဆောင်လာခဲ့တဲ့ Piram Khan ရဲ့တပ် တွေဟာထွက်ပေါ်လာခဲ့ပြီး Janjiraတစ်ကျွန်းလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မူရူဂျန်ဂျီးယာ ခံတပ်မြို့တော်ဟာဆိုရင် မြို့တော်မွန်ဘိုင်းရဲ့တောင်ဘက်(၁၀၃)မိုင်ခန့်အကွာ Murud ပင်လယ်ကမ်းခြေမြို့ကမ်းလွန်မှာရှိတဲ့ အာရေဗီးယားပင်လယ်အတွင်းက ဘဲဥပုံသဏ္ဍန်တည်ရှိနေပါတယ်။Janjiraကိုတော့ အိန္ဒိယရဲ့သမိုင်းဝင်ခံတပ်တွေအနက်မှာအခိုင်မာဆုံးသောခံတပ်တခုအဖြစ် သတ်မှတ်ကြပြီး ကျွန်းကိုလာရောက်တဲ့သင်္ဘောတွေကိုတော့ Rajapuri Jetty ကနေချဉ်းနင်းဝင်ရောက်ကြရပါတယ်။ မူရူဂျန်ဂျီးယာခံတပ်ကြီးရဲ့ပင်မဝင်ပေါက်တွေဟာ ဆိုရင် ကမ်းခြေမှာပဲ Rajapuri နဲ့မျက်နှာချင်းဆိုင်အနေအထားမှာတည်ရှိနေတာဖြစ်ပြီး (၁၂) မိုင်အကွာကနေ တောင်ယင်းဝင်ပေါက်ကြီးတွေကိုမြင်နိုင်မှာဖြစ်ပါတယ်။

ဝင်ပေါက်နေရာတွေမှာပဲ ပင်လယ်ပြင်ကိုထွက်တဲ့ သေးငယ်တဲ့သင်္ဘောဆိပ်ငယ်လေးတွေကိုတွေ့မြင်နိုင်ပါတယ်။ ခံတပ်ကြီးမှာတော့ ပြအိုးပေါင်း၂၄ခုလောက်ကို ပတ်လျက်အနေအထားနဲ့ တည်ဆောက်ထားပြီးပြည်တွင်းနဲ့ဥရောပဖြစ်အမြောက်လက်နက်များစွာလည်းရှိနေပါတယ်။ ယခုလို ကာလကြာမြင့်တဲ့အနေအထားမှာတောင် အပျက်အစီးတွေကြားမှာပဲ နန်းတော်တွေ၊အမှုထမ်းတွေနေထိုင်ရာရပ်ကွက်တွေ၊ဗလီတွေ၊(၁၈)မီတာလောက်အနက်ရှိတဲ့ သဘာဝရေကန်တခုကိုလည်း မူရူဂျန်ဂျီးယာ ခံတပ်မြို့တော်ကြီးအတွင်းမှာတွေ့မြင်နိုင်ပါတယ်။ ခံတပ်မြို့တံတိုင်းရဲ့အပြင်ဘက်နံရံတွေမှာဆိုရင်လည်း ဆင်ရုပ်၊ကျားရုပ်တွေကို အနုပညာလက်ရာမြောက်စွာခြယ်မှုန်းထုဆစ်ထားကို တွေ့မြင်ရမှာဖြစ်ပါတယ်။

မူရူဂျန်ဂျီးယာခံတပ်ကြီးရဲ့ထင်ရှားတဲ့အစိတ်အပိုင်းအတွင်းမှာတော့ အလွန်ကြီးမားတဲ့ အမြောက်လက်နက်ကြီးတွေဖြစ်တဲ့ Kalalbangdi ၊ Chavri နဲ့ Landa Kasam တို့ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါအပြင်ခံတပ်ရဲ့အနောက်ပိုင်းမှာ ပင်လယ်ပြင်ကိုမျက်နှာချင်း ဆိုင်အနေအထားနဲ့တည်ရှိနေတဲ့ Darya Darwaza ဂိတ်ဆိုရင်လည်း မူရူဂျန်ဂျီးယာရဲ့ ထင်ရှားတဲ့အစိတ်အပိုင်းနေရာတွေဖြစ်ပါတယ်။ မူရူဂျန်ဂျီးယာရဲ့အရှေဘက်မိုင်(၂၀)အကွာလောက်မှာတည်ရှိတဲ့တောင်ကုန်းပေါ်မှာဆို ရင်တော့ Ghosalgad အမည်ရခံတပ်ဟောင်းတစ်ခုထပ်မံတည်ရှိနေပါတယ်။ ဂျန်ဂျီးယာကို အုပ်ချုပ်သူ အဆက်ဆက်ကတော့ ယင်းခံတပ်နယ်စပ်စောင့်ကြည့်ရေးတပ်စခန်း တစ်ခုအဖြစ်အသုံးပြုခဲ့ကြပါတယ်။

မူရူဂျန်ဂျီးယာ ခံတပ် ကောင်းစားစဉ်ကာလက မြို့ရိုးရဲ့ပတ်ပတ်လည်မှာတင်အမြောက် လက်နက်ပေါင်း (၅၇၂)လက်အထိရှိနေခဲ့ပါတယ်။ လာရောက်လေ့လာသူတွေအနေနဲ့ ခံတပ်တည်ရှိရာ ဂျန်ဂျီးယာကျွန်းကို ကမ်းရိုးတန်းဒေသကရွာငယ်လေးတစ်ခုဖြစ်တဲ့ Rajapuri ကနေ အများဆုံးလာရောက်လေ့ရှိပါတယ်။ ယင်းကနေ စက်တပ်လှေငယ်လေးတွေနဲ့အချိန် အနည်းငယ်သင်္ဘောစီးနင်းသွားမည်ဆိုရင်ပဲ Janjiraရဲ့အဓိကဝင်ပေါက်နေရာတွေကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

မူရူဂျန်ဂျီးယာခံတပ်နံရံတွေဟာဆိုရင်ပေ(၄၀)လောက်မြင့်မားပြီး ဆင်ဝင်ပေါင်း (၁၉)ခု လောက်အထိရှိနေကာ နာမည်ကျော် Kalaal Baangadi အမြောက်လက်နက်အပြင် အခြားသော အမြောက်တွေကိုလည်း ယနေ့ထိမြင်တွေ့နိုင်ပါတယ်။ အထူးသဖြင့်တော့အမြောက် တွေဟာ ပင်လယ်ကိုဖြတ်ကျော်ဝင်ရောက်လာနိုင်တဲ့ ရန်သူတွေကို ချိန်ရွယ်ထားတာပါ။ ခံတပ်ကြီးအတွင်းမှာဆိုရင်လည်း နန်းတော်၊ဗလီအဆောက်အအုံအစိတ်အပိုင်းတွေ၊ နန်းတွင်း သူတွေရဲ့ရေချိုးဆောင်တွေ၊ ရေချိုရရှိတဲ့အဝီစိတွင်းကြီးတွေကို အပျက်အစီးတွေ၊ချုံနွယ် တွေအကြားကနေပဲ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

မူရူဂျန်ဂျီးယာ ကို မဂိုအင်ပါယာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ Sibbis မျိုးနွယ်စုတွေလက်ထက်မှာတော့ ပေါ်တူဂီ၊အင်္ဂလိပ်နဲ့မာရာသာမျိုးနွယ်စုတွေ လာရောက်တိုက်ခိုက်ခဲ့ကြပေမဲ့ မူရူဂျန်ဂျီးယာ ရဲ့ခံစစ်တံတိုင်းကိုတော့ ကျော်ဖြတ်နိုင်ခြင်းမျိုးတော့မရှိခဲ့ပါဘူး။ (၁၆၇၆) ခုနှစ်ကဆိုရင် Moro Pandit ကစစ်သည် (၁၀၀၀၀)လောက် မူရူဂျန်ဂျီးယာ ကိုလာရောက်တိုက်ခိုက်ခဲ့ကြပေမဲ့ အောင်မြင်မှုတော့မရခဲ့ပါဘူး။ မာရာသာမျိုးနွယ်စုတွေကလည်းစစ်ကဲ Shivaji ခေါင်းဆောင်မှုနဲ့ (၃၉)ပေလောက်မြင့်မားတဲ့ မူရူဂျန်ဂျီးယာ ခံတပ်ကိုဖြတ် ကျော်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ပေမဲ့လည်း အရေးနိမ့်ခဲ့ရပါတယ်။ သူရဲ့သားတော် Sambhaji ဆိုရင် မြေအောက်ကနေလိုဏ်ခေါင်းတူးပြီး မူရူဂျန်ဂျီးယာကို သိမ်းပိုက်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပေမဲ့လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။

(၁၇၃၆)ခုနှစ်မှာတော့ မူရူဂျန်ဂျီးယာ ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Siddis မျိုးနွယ်စုတွေဟာ မာရာသာစစ်သူကြီး Baji Rao ခေါင်းဆောင်တဲ့စစ်သည်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ယင်းနှစ် ဧပြီ(၁၉)ရက်နေ့မှာတော့ မာရာသာစစ်သူရဲ Chimaji Appa ခေါင်းဆောင်တဲ့ စစ် သည်တွေဟာ Rewas အနီးမှာအထိုင်ချနေတဲ့ Siddis မျိုးနွယ်တွေရဲ့စစ်စခန်းတွေကိုဝင် ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ယင်းတိုက်ပွဲမှာပဲ မျိုးနွယ်စုခေါင်းဆောင် Siddis Sat အပါအဝင် မူရူဂျန်ဂျီးယာ စစ်သည်(၁၅၀၀)လောက် ကျဆုံးသွားခဲ့ရပါတယ်။ အဲဒီနှစ်အတွင်းမှာပဲ မူရူဂျန်ဂျီးယာ ဒေသဟာလည်း Janjira ၊ Gowalkot နဲ့ Anjanwel ဆိုပြီးနယ်မြေတွေ ကွဲသွားခဲ့ပြီး ဒေသတွင်းအာဏာသက်ရောက်မှုလည်းအတော်ကိုလျော့နည်းသွားရတဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မူရူဂျန်ဂျီးယာ ခံတပ်မြို့ကတော့ရန်သူထံ ကျဆုံးသွားတာမျိုးတော့မရှိဘဲ (၁၉၄၇)ခုနှစ်ရောက်ချိန်မှသာ ဗြိတိသျှတွေဆီက လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့နယ်မြေတစ်ခုအဖြစ် ပါဝင်သွားခဲ့ပါတယ်။

——- —— ————

(Zawgyi)

အိႏၵိယရဲ႕ နာမည္ေက်ာ္ မူ႐ူဂ်န္ဂ်ီးယာခံတပ္

ေရးသားသူ – Aung kaung htet (GAD)

ေဒသအေခၚအေဝၚ Murud-Janjira မူ႐ူဂ်န္ဂ်ီးယာလို႔အမည္ရတဲ့ အေဆာက္အအုံကေတာ့အိႏၵိယႏိုင္ငံမွာ သာမကအာရွရဲ႕နာမည္ေက်ာ္ ခံတပ္ေဟာင္းတစ္ခုျဖစ္ပါတယ္။ ယခုခ်ိန္မွာေတာ့ ႏိုင္ငံျခားခရီးသြားမ်ားလာေရာက္ေလ့လာရာ အထင္ကရေနရာအျဖစ္ရွိေနၿပီး အိႏၵိယႏိုင္ငံ၊ မဟာရသွ်ၾတရျပည္နယ္၊ ႐ိုင္ဂတ္ခ႐ိုင္ ပင္လယ္ကမ္း႐ိုးတန္းၿမိဳ႕ မူ႐ူရဲ႕ကမ္းလြန္ပင္ လယ္ျပင္မွာတည္ရွိပါတယ္။ ဂ်န္ဂ်ီးယာ ဆိုတဲ့စကားဟာအိႏၵိယဘာသာကေနဆင္းသက္လာ မဟုတ္ဘဲ အာေရဗီဘာသာစကား Jazeera ကေနဆင္းသက္လာတာျဖစ္ၿပီး ကြၽန္းလို႔အဓိ ပၸါယ္ရပါတယ္။

Raja Ram Rao Patil အမည္ရတဲ့ ဂ်န္ဂ်ီးယာေဒသ Kolis မ်ိဳးႏြယ္စုေတြရဲ႕အႀကီးအကဲဟာ (၁၆)ရာစုကာလကတည္းက ဂ်န္ဂ်ီးယာ ခံတပ္ကို စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ရည္႐ြယ္ခ်က္ကေတာ့ မ်ိဳးႏြယ္စုေတြကိုပင္လယ္ဓါးျပေတြရန္ကေနကာကြယ္ေပးဖို႔ အတြက္ျဖစ္ပါတယ္။ ယင္းအတြက္သူဟာ Ahmadnagar Sultanate မင္းဆက္ရဲ႕ ဆူလ္တန္ဘုရင္ေက်ာေထာက္ေနာက္ခံျပဳၿပီး ကမ္းလြန္ပင္လယ္ျပင္မွာရွိေနတဲ့ကြၽန္းေပၚမွာဂ်န္ဂ်ီးယာခံတပ္ၿမိဳ႕ေတာ္ကိုစတင္တည္ေဆာက္ခဲ့ပါေတာ့တယ္။

ေနာက္ပိုင္းမွာေတာ့ Raja Ram Rao Patil ဟာ ဆူလ္တန္ရဲ႕အမိန႔္ကိုမနာခံေတာ့ပဲ တသီးတျခားရပ္တည္ဖို႔ႀကိဳးစားလာခဲ့တာေၾကာင့္ ဆူလ္တန္ဘုရင္ဟာ ေရတပ္ဗိုလ္ခ်ဳပ္ Piram Khan ကို ေစလႊတ္ၿပီး ဂ်န္ဂ်ီးယာကို သိမ္းပိုက္ေစခဲ့ပါတယ္။ ဒါေပမဲ့ ဂ်န္ဂ်ီးယာခံတပ္ၿမိဳ႕ေတာ္ရဲ႕ခံစစ္စည္းေၾကာင့္ Piram Khanရဲ႕တပ္ ေတြဟာအလြယ္တကူ ၿမိဳ႕ေတာ္ကိုသိမ္းပိုက္ႏိုင္ျခင္းမ်ိဳးေတာ့ မရွိပါဘူး။ ယင္းအတြက္ Piram Khan ဟာ ကုန္သည္ေယာင္ေဆာင္ၿပီး သူရဲ႕စစ္သည္ေတြကို စည္ႀကီးေတြအတြင္း ထည့္ကာ ဂ်န္ဂ်ီးယာမွာ ကုန္ကူးသန္းလိုတာေၾကာင့္ တညတာတည္းခိုခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဂ်န္ဂ်ီးယာအာဏာပိုင္ေတြကလည္း အလြယ္တကူခြင့္ျပဳေပးခဲ့ၿပီး Piram Khan က်င္းပေပးတဲ့ ညပါတီပြဲေတာ္ကိုေတာင္တက္ေရာက္အားေပးခဲ့ၾကပါတယ္။ Janjira ေခါင္းေဆာင္ႀကီး Patil ကိုယ္တိုင္ယင္းပါတီပြဲကိုတက္ေရာက္ၿပီးက်န္ေခါင္းေဆာင္အားလုံးနဲ႔အတူမူးယစ္သြားခ်ိန္မွာေတာ့ အရက္စည္ေတြအတြင္း လွ်ိဳ႕ဝွက္ သယ္ေဆာင္လာခဲ့တဲ့ Piram Khan ရဲ႕တပ္ ေတြဟာထြက္ေပၚလာခဲ့ၿပီး Janjiraတစ္ကြၽန္းလုံးကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

မူ႐ူဂ်န္ဂ်ီးယာ ခံတပ္ၿမိဳ႕ေတာ္ဟာဆိုရင္ ၿမိဳ႕ေတာ္မြန္ဘိုင္းရဲ႕ေတာင္ဘက္(၁၀၃)မိုင္ခန႔္အကြာ Murud ပင္လယ္ကမ္းေျခၿမိဳ႕ကမ္းလြန္မွာရွိတဲ့ အာေရဗီးယားပင္လယ္အတြင္းက ဘဲဥပုံသ႑န္တည္ရွိေနပါတယ္။Janjiraကိုေတာ့ အိႏၵိယရဲ႕သမိုင္းဝင္ခံတပ္ေတြအနက္မွာအခိုင္မာဆုံးေသာခံတပ္တခုအျဖစ္ သတ္မွတ္ၾကၿပီး ကြၽန္းကိုလာေရာက္တဲ့သေဘၤာေတြကိုေတာ့ Rajapuri Jetty ကေနခ်ဥ္းနင္းဝင္ေရာက္ၾကရပါတယ္။ မူ႐ူဂ်န္ဂ်ီးယာခံတပ္ႀကီးရဲ႕ပင္မဝင္ေပါက္ေတြဟာ ဆိုရင္ ကမ္းေျခမွာပဲ Rajapuri နဲ႔မ်က္ႏွာခ်င္းဆိုင္အေနအထားမွာတည္ရွိေနတာျဖစ္ၿပီး (၁၂) မိုင္အကြာကေန ေတာင္ယင္းဝင္ေပါက္ႀကီးေတြကိုျမင္ႏိုင္မွာျဖစ္ပါတယ္။

ဝင္ေပါက္ေနရာေတြမွာပဲ ပင္လယ္ျပင္ကိုထြက္တဲ့ ေသးငယ္တဲ့သေဘၤာဆိပ္ငယ္ေလးေတြကိုေတြ႕ျမင္ႏိုင္ပါတယ္။ ခံတပ္ႀကီးမွာေတာ့ ျပအိုးေပါင္း၂၄ခုေလာက္ကို ပတ္လ်က္အေနအထားနဲ႔ တည္ေဆာက္ထားၿပီးျပည္တြင္းနဲ႔ဥေရာပျဖစ္အေျမာက္လက္နက္မ်ားစြာလည္းရွိေနပါတယ္။ ယခုလို ကာလၾကာျမင့္တဲ့အေနအထားမွာေတာင္ အပ်က္အစီးေတြၾကားမွာပဲ နန္းေတာ္ေတြ၊အမႈထမ္းေတြေနထိုင္ရာရပ္ကြက္ေတြ၊ဗလီေတြ၊(၁၈)မီတာေလာက္အနက္ရွိတဲ့ သဘာဝေရကန္တခုကိုလည္း မူ႐ူဂ်န္ဂ်ီးယာ ခံတပ္ၿမိဳ႕ေတာ္ႀကီးအတြင္းမွာေတြ႕ျမင္ႏိုင္ပါတယ္။ ခံတပ္ၿမိဳ႕တံတိုင္းရဲ႕အျပင္ဘက္နံရံေတြမွာဆိုရင္လည္း ဆင္႐ုပ္၊က်ား႐ုပ္ေတြကို အႏုပညာလက္ရာေျမာက္စြာျခယ္မႈန္းထုဆစ္ထားကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

မူ႐ူဂ်န္ဂ်ီးယာခံတပ္ႀကီးရဲ႕ထင္ရွားတဲ့အစိတ္အပိုင္းအတြင္းမွာေတာ့ အလြန္ႀကီးမားတဲ့ အေျမာက္လက္နက္ႀကီးေတြျဖစ္တဲ့ Kalalbangdi ၊ Chavri နဲ႔ Landa Kasam တို႔ဟာလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒါအျပင္ခံတပ္ရဲ႕အေနာက္ပိုင္းမွာ ပင္လယ္ျပင္ကိုမ်က္ႏွာခ်င္း ဆိုင္အေနအထားနဲ႔တည္ရွိေနတဲ့ Darya Darwaza ဂိတ္ဆိုရင္လည္း မူ႐ူဂ်န္ဂ်ီးယာရဲ႕ ထင္ရွားတဲ့အစိတ္အပိုင္းေနရာေတြျဖစ္ပါတယ္။ မူ႐ူဂ်န္ဂ်ီးယာရဲ႕အေရွဘက္မိုင္(၂၀)အကြာေလာက္မွာတည္ရွိတဲ့ေတာင္ကုန္းေပၚမွာဆို ရင္ေတာ့ Ghosalgad အမည္ရခံတပ္ေဟာင္းတစ္ခုထပ္မံတည္ရွိေနပါတယ္။ ဂ်န္ဂ်ီးယာကို အုပ္ခ်ဳပ္သူ အဆက္ဆက္ကေတာ့ ယင္းခံတပ္နယ္စပ္ေစာင့္ၾကည့္ေရးတပ္စခန္း တစ္ခုအျဖစ္အသုံးျပဳခဲ့ၾကပါတယ္။

မူ႐ူဂ်န္ဂ်ီးယာ ခံတပ္ ေကာင္းစားစဥ္ကာလက ၿမိဳ႕႐ိုးရဲ႕ပတ္ပတ္လည္မွာတင္အေျမာက္ လက္နက္ေပါင္း (၅၇၂)လက္အထိရွိေနခဲ့ပါတယ္။ လာေရာက္ေလ့လာသူေတြအေနနဲ႔ ခံတပ္တည္ရွိရာ ဂ်န္ဂ်ီးယာကြၽန္းကို ကမ္း႐ိုးတန္းေဒသက႐ြာငယ္ေလးတစ္ခုျဖစ္တဲ့ Rajapuri ကေန အမ်ားဆုံးလာေရာက္ေလ့ရွိပါတယ္။ ယင္းကေန စက္တပ္ေလွငယ္ေလးေတြနဲ႔အခ်ိန္ အနည္းငယ္သေဘၤာစီးနင္းသြားမည္ဆိုရင္ပဲ Janjiraရဲ႕အဓိကဝင္ေပါက္ေနရာေတြကို ေရာက္ရွိႏိုင္မွာျဖစ္ပါတယ္။

မူ႐ူဂ်န္ဂ်ီးယာခံတပ္နံရံေတြဟာဆိုရင္ေပ(၄၀)ေလာက္ျမင့္မားၿပီး ဆင္ဝင္ေပါင္း (၁၉)ခု ေလာက္အထိရွိေနကာ နာမည္ေက်ာ္ Kalaal Baangadi အေျမာက္လက္နက္အျပင္ အျခားေသာ အေျမာက္ေတြကိုလည္း ယေန႔ထိျမင္ေတြ႕ႏိုင္ပါတယ္။ အထူးသျဖင့္ေတာ့အေျမာက္ ေတြဟာ ပင္လယ္ကိုျဖတ္ေက်ာ္ဝင္ေရာက္လာႏိုင္တဲ့ ရန္သူေတြကို ခ်ိန္႐ြယ္ထားတာပါ။ ခံတပ္ႀကီးအတြင္းမွာဆိုရင္လည္း နန္းေတာ္၊ဗလီအေဆာက္အအုံအစိတ္အပိုင္းေတြ၊ နန္းတြင္း သူေတြရဲ႕ေရခ်ိဳးေဆာင္ေတြ၊ ေရခ်ိဳရရွိတဲ့အဝီစိတြင္းႀကီးေတြကို အပ်က္အစီးေတြ၊ခ်ဳံႏြယ္ ေတြအၾကားကေနပဲ ရွာေတြ႕ႏိုင္မွာျဖစ္ပါတယ္။

မူ႐ူဂ်န္ဂ်ီးယာ ကို မဂိုအင္ပါယာနဲ႔ မဟာမိတ္ဖြဲ႕ထားတဲ့ Sibbis မ်ိဳးႏြယ္စုေတြလက္ထက္မွာေတာ့ ေပၚတူဂီ၊အဂၤလိပ္နဲ႔မာရာသာမ်ိဳးႏြယ္စုေတြ လာေရာက္တိုက္ခိုက္ခဲ့ၾကေပမဲ့ မူ႐ူဂ်န္ဂ်ီးယာ ရဲ႕ခံစစ္တံတိုင္းကိုေတာ့ ေက်ာ္ျဖတ္ႏိုင္ျခင္းမ်ိဳးေတာ့မရွိခဲ့ပါဘူး။ (၁၆၇၆) ခုႏွစ္ကဆိုရင္ Moro Pandit ကစစ္သည္ (၁၀၀၀၀)ေလာက္ မူ႐ူဂ်န္ဂ်ီးယာ ကိုလာေရာက္တိုက္ခိုက္ခဲ့ၾကေပမဲ့ ေအာင္ျမင္မႈေတာ့မရခဲ့ပါဘူး။ မာရာသာမ်ိဳးႏြယ္စုေတြကလည္းစစ္ကဲ Shivaji ေခါင္းေဆာင္မႈနဲ႔ (၃၉)ေပေလာက္ျမင့္မားတဲ့ မူ႐ူဂ်န္ဂ်ီးယာ ခံတပ္ကိုျဖတ္ ေက်ာ္တိုက္ခိုက္ဖို႔ႀကိဳးပမ္းခဲ့ေပမဲ့လည္း အေရးနိမ့္ခဲ့ရပါတယ္။ သူရဲ႕သားေတာ္ Sambhaji ဆိုရင္ ေျမေအာက္ကေနလိုဏ္ေခါင္းတူးၿပီး မူ႐ူဂ်န္ဂ်ီးယာကို သိမ္းပိုက္ဖို႔ အျပင္းအထန္ႀကိဳးပမ္းခဲ့ေပမဲ့လည္း ေအာင္ျမင္မႈမရရွိခဲ့ပါဘူး။

(၁၇၃၆)ခုႏွစ္မွာေတာ့ မူ႐ူဂ်န္ဂ်ီးယာ ရဲ႕ပိုင္ရွင္ေတြျဖစ္တဲ့ Siddis မ်ိဳးႏြယ္စုေတြဟာ မာရာသာစစ္သူႀကီး Baji Rao ေခါင္းေဆာင္တဲ့စစ္သည္ေတြနဲ႔တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ယင္းႏွစ္ ဧၿပီ(၁၉)ရက္ေန႔မွာေတာ့ မာရာသာစစ္သူရဲ Chimaji Appa ေခါင္းေဆာင္တဲ့ စစ္ သည္ေတြဟာ Rewas အနီးမွာအထိုင္ခ်ေနတဲ့ Siddis မ်ိဳးႏြယ္ေတြရဲ႕စစ္စခန္းေတြကိုဝင္ ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ယင္းတိုက္ပြဲမွာပဲ မ်ိဳးႏြယ္စုေခါင္းေဆာင္ Siddis Sat အပါအဝင္ မူ႐ူဂ်န္ဂ်ီးယာ စစ္သည္(၁၅၀၀)ေလာက္ က်ဆုံးသြားခဲ့ရပါတယ္။ အဲဒီႏွစ္အတြင္းမွာပဲ မူ႐ူဂ်န္ဂ်ီးယာ ေဒသဟာလည္း Janjira ၊ Gowalkot နဲ႔ Anjanwel ဆိုၿပီးနယ္ေျမေတြ ကြဲသြားခဲ့ၿပီး ေဒသတြင္းအာဏာသက္ေရာက္မႈလည္းအေတာ္ကိုေလ်ာ့နည္းသြားရတဲ့ အေျခအေန ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ မူ႐ူဂ်န္ဂ်ီးယာ ခံတပ္ၿမိဳ႕ကေတာ့ရန္သူထံ က်ဆုံးသြားတာမ်ိဳးေတာ့မရွိဘဲ (၁၉၄၇)ခုႏွစ္ေရာက္ခ်ိန္မွသာ ၿဗိတိသွ်ေတြဆီက လြတ္လပ္ေရးရခဲ့တဲ့ အိႏၵိယႏိုင္ငံရဲ႕နယ္ေျမတစ္ခုအျဖစ္ ပါဝင္သြားခဲ့ပါတယ္။

Tags: world places
Next Post
၈နှစ်သားကလေးရဲ့ အကျိုးရှိတဲ့ စိန်ခေါ်မှု

၈နှစ်သားကလေးရဲ့ အကျိုးရှိတဲ့ စိန်ခေါ်မှု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!