အိန္ဒိယနိုင်ငံရဲ့ သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုလ် အဖြစ်ကျော်ကြားသူကတော့ Mir Osman Ali Khan ဖြစ်ပါတယ်။ သူဟာ Hyderabad ရဲ့ Nizam (အုပ်ချုပ်သူ)တပါးဖြစ်ပြီး ကမ္ဘာအချမ်းသာဆုံးစာရင်းထိ အောင်ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဗြိတိသျှ နာမည်ကြီးသတင်းစာ independent ရဲ့အဆို အရတော့ ဟိုက်ဒရာဘတ်ပြည်နယ် ရဲ့နောက်ဆုံး Nizam ဖြစ်တဲ့ Mir Osman Ali Khan ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ(၂၃၆)ဘီလီလျံအထိတောင်ရှိတယ်လို့သိရပါတယ်။ ယင်းပမာဏဟာ ယနေ့ခေတ် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတွေထက်တောင်ပိုများနေတာပါ။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ Mir Osman Ali Khan နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်အလက်အချို့ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးချိန်အထိ အိန္ဒိယနိုင်ငံဟာ ဌာနေအလိုက်တိုင်းရင်းသားပြည်နယ်ငယ်ပေါင်း (၅၆၅) ခုအထိကွဲပြားတည်ရှိနေခဲ့ပါတယ်။ Mir Osman Ali Khan ရဲ့ Hyderabad ပြည်နယ်၊ Junagadh၊ Bhopal နဲ့ Kashmir ပြည်နယ်တွေကလွဲလို့ကျန်တဲ့ ပြည်နယ်အားလုံးကတော့ အိန္ဒိယဖက်ဒရေးရှင်းနိုင်ငံအဖြစ်ပူးပေါင်းရပ်တည်ဖို့ဆန္ဒရှိနေကြပါတယ်။ Mir Osman Ali Khan နန်းစိုက်ရာ Hyderabad ပြည်နယ်ဟာဆိုရင် Deccan လွင်ပြင်ဒေသမှာတည်ရှိပြီး အလွန်ပင်ဥစ္စာဓနပေါကြွယ်ဝတဲ့ဒေသတခုအဖြစ်ရပ်တည်နေပါတယ်။ Hyderabad ပြည်နယ်ရဲ့အရွယ်အစားဟာ ဥရောပက အီတလီနိုင်ငံရဲ့အရွယ်အစားတူညီနေပြီး နောက်ဆုံးစိုးစံသူဟာ Mir Osman Ali Khan ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း Hyderabad ဟာ Telangana နဲ့ Andhra Pradesh ရဲ့မြို့တော်အဖြစ်လည်းရှိနေဆဲပါ။
Mir Osman Ali Khan ဟာ Hyderabad ရဲ့နောက်ဆုံး Nizam (ဘုရင်) ဖြစ်ပြီး သူဟာ အသက် (၂၅)နှစ်အရွယ်(၁၉၁၁)ခုနှစ်ကနေ (၁၉၄၈)ခုနှစ်ကာလအထိထီးနန်းစိုးစံခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်ပုဂ္ဂိုလ်ကြီးဟာဆိုရင် ထီးနန်းစည်းစိမ်ကို (၃၇)နှစ်လောက်ကြာအောင် Asfajahi မင်းဆက်ရဲ့နောက်ဆုံး Nizam တစ်ယောက်အဖြစ်ရပ်တည်ခဲ့ပါတယ်။ ဗြိတိသျှသတင်းစာ The independent ရဲ့ဖော်ပြမှုအရ Hyderabadရဲ့ Nizam ပိုင်ဆိုင်တဲ့ငွေကြေးဟာ အမေရိကန်ဒေါ်လာ(၂၃၆)ဘီလျံအထိ ရှိနေတယ်လို့ပြဆိုထားတာကြောင့် (၂၀၁၈)ခုနှစ် Forbes မဂ္ဂဇင်းမှာပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ(၄၉)ဘီလီလျံနဲ့ ကမ္ဘာနံပါတ်(၁၉)အချမ်းသာဆုံးဖြစ်တဲ့အိန္ဒိယသား Mukesh Ambani ထက်များစွာသာလွန်နေတာကိုတွေ့ရမှာဖြစ်သလို (၂၀၁၈)ခုနှစ်ကပဲ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ Jeff Bezos တောင်စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုးကအမေရိကန်ဒေါ်လာသန်း(၁၁၂)သန်းသာရှိတာမို့ Mir Osman Ali Khan နဲ့ယှဉ်မယ်ဆိုရင်အတော်ကိုကွာနေတာကိုလည်းသတိပြုမိကြမှာဖြစ်ပါတယ်။
Mir Osman Ali Khanဟာဘယ်လောက်ကြွယ်ဝတဲ့သူလည်းဆိုရင် သူရဲ့အမိန့်တွေ၊ပြန် တမ်းတွေထုတ်ပြန်တဲ့စက္ကူစာရွက်တွေကိုလေတိုက်ရင်လွှင့်မသွားစေရန်ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာသန်း(၂၀၀) (အိန္ဒိယနိုင်ငံသုံးရူပီးငွေ ၁၃၄၀ crores) လောက်တန် စိန် တုံးတွေကိုဝယ်ပြီး paperweight အဖြစ်အသုံးပြုခဲ့ပါတယ်။
(၁၉၁၁)ခုနှစ်မှာတော့ အိန္ဒိယရဲ့ Knight Grand Commander of the Star ဆိုတဲ့ဘွဲ့ထူးကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဒါအပြင် (၁၉၁၇)ခုနှစ်မှာလည်း အင်္ဂလိပ်တွေကပေးအပ်တဲ့ Knight Grand Commander of the British Empire ဆုနဲ့ (၁၉၄၆)ခုနှစ်မှာ Royal Victoria Chain ဂုဏ်ပြုဆုတံဆိပ်တွေကိုလည်းပိုင်ဆိုင်နိုင်ခဲ့သူပါ။ သူအုပ်စိုးစဉ်(၃၇) နှစ်ကာလမှာ ခေတ်နောက်ကျလွန်းတဲ့အိန္ဒယပြည်သူတွေအတွက် သိပ္ပံနဲ့နည်းပညာ ဆိုင်ရာပညာရပ်တွေနဲ့မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ လျှပ်စစ်မီးသွယ်တန်းရေးတွေ၊မီးရထား၊လေကြောင်းလမ်းနဲ့ခေတ်မီလမ်းသစ်ကြီးများစွာကိုဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
Mir Osman Ali Khan တည်ထောင်ပေးခဲ့တဲ့အရာတွေအနက် Osmania University ၊ Osmania Hospital ၊ Hyderabab ပြည်နယ်ဘဏ်၊ Begumpet လေဆိပ် နဲ့ Hyderabad ပြည်နယ်တရားရုံးလို ပြည်သူတွေရဲ့လူနေမှုဘဝကိုတဆစ်ချိုးပြောင်းလဲသွားစေတဲ့ အရာတွေပါဝင်တာကိုကြည့်ခြင်းအားဖြင့် သူရဲ့ဉာဏ်ရည်၊ဉာဏ်သွေးအပေါ် အကဲဖြတ်နိုင်ပါတယ်။ ဒါအပြင် မြို့တော် Hyderabab ရဲ့ရေကြီးမှုဒဏ်ကိုကာကွယ်ပေးဖို့ Osman Sagar နဲ့ Himayat အမည်ရရေလှောင်ကန်ကြီး(၂)ကန်ကိုလည်းတည် ဆောက်ပေးခဲ့ပါသေးတယ်။
ဒါအပြင်(၁၉၆၅)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံနဲ့စစ်ရေးအားပြိုင်မှုတွေမှာ ခေတ်နောက်ကျနေတဲ့ အိန္ဒိယစစ်တပ်ကိုလက်နက်တပ်ဆင်ဖို့ အတွက်လည်း Mir Osman Ali Khan ဟာရွှေတန်ချိန်(၅၀၀၀) ကီလိုဂရမ်ကို ထောက်ပံ့ကူညီပေးခဲ့ပြန်ပါတယ်။ ဒါဟာ မူလက အိန္ဒိယဖက်ဒရယ် ပြည်ထောင်စုဖြစ်ခဲ့ရင် တန်ခိုးအာဏာများစွာကျဆင်းသွားမယ့်အရေးကြောင့် ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ သက်ဦးဆံပိုင်ဘုရင်တစ်ပါးရဲ့ နိုင်ငံတော်အပေါ်ပေးဆပ်မှုအဖြစ်သမိုင်းမှာ လူသိများထင်ရှားခဲ့ပါတယ်။
Mir Osman Ali Khan နဲ့ ပတ်သက်ပြီးထူးဆန်းတဲ့အချက်ကတော့ သူဟာ တချို့နေရာတွေမှာတော့ အလွန်ချွေတာသူ ကပ်စေးနည်းသူဖြစ်ပါသတဲ့။ သူသာအလိုရှိခဲ့ရင် အရာတိုင်းကိုစိန်စီရွှေချထားနိုင်သူဖြစ်ပေမယ့် သာမန်ဦးထုပ်တစ်လုံးကိုပဲ(၃၅)နှစ်လောက် စွဲစွဲမြဲမြဲဆောင်းခဲ့ပါတယ်။ စားသောက်တဲ့အခါမှာလည်းသံပန်းကန်ပြားနဲ့သာ စားသောက် လေ့ရှိကာဈေးအပေါဆုံးစီးကရက်ကိုတောင် ကိုယ်ဘာနေဝယ်တာမျိုးသိပ်မလုပ်ဘဲ မိတ်ဆွေတွေဆီကနေပဲ တောင်းသောက်လေ့ရှိပါတယ်။ အံ့သြသင့်စရာကောင်းလောက် အောင်ပဲ သူစီးကရက်မဖြစ်မနေဝယ်ခဲ့ရရင်တောင် ဘူးလိုက်မဝယ်ပဲ တစ်လိပ်၊နှစ်လိပ် လောက်သာဝယ်ယူသောက်သုံးလေ့ရှိတဲ့အကျင့်ပါ။
အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှာတော့ Mir Osman Ali Khanဟာသူရဲ့ထီးနန်းကိုရုတ်သိမ်းပြီး ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်ကာနန်းစွန့်ခဲ့ပါတယ်။ သူထီးနန်းစွန့်ခွာပြီးချိန်မှာတောင် Mir Osman Ali Khan မှာမိဖုရား(၉) ယောက်၊အထိန်းတော်(၄၂) ယောက်၊သားသမီး(၂၀၀)နဲ့အစေခံ (၃၀၀) လောက်ကျန်နေခဲ့တယ်လို့သိရပါတယ်။
Mir Osman Ali Khan ရဲ့ Hyderabad ပြည်နယ်ဟာ အိန္ဒိယနိုင်ငံပိုင်နယ်မြေဖြစ်သွားပြီးနောက်မှာတော့ ဘုရင်အာဏာအားလုံးကို စွန့်လွှတ်လိုက်ရတာကြောင့် သူတို့မိသားစုအတွက်ဝင်ငွေဟာလည်းမရှိတော့ပါဘူး။(လစဉ်ရနေတဲ့အခွန်၊ဘဏ္ဍာအားလုံးကိုစွန့်လွှတ်လိုက်ရတာမျိုးပါ)၊ သူအာဏာစွန့်ပြီး(၁၉၅၁)ခုနှစ်မှာတော့ Nizam Orthopedic hospital (ယခု NIMS) ကိုစတင်တည်ဆောက်ပြီးအစိုးရထံကိုတစ်လကို Re .1 နှုန်းနဲ့(၉၉)နှစ်တာအငှားနဲ့ပေးအပ်ခဲ့ပါတယ်။ ဒါအပြင်သူပိုင်ဆိုင်တဲ့မြေဧက (၁၄၀၀၀)လောက်ကိုလည်း မြေယာမဲ့လယ်သမားတွေကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။
Mir Osman Ali Khan ဟာ သူ့မိသားစုနဲ့အတူ King Kothi နန်းတော်မှာပဲဆက်လက်နေ ထိုင်ခဲ့ပြီး (၁၉၆၇)ခုနှစ်၊ဖေဖော်ဝါရီလ(၂၄)ရက်နေ့၊သောကြာနေ့မှာတော့ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ Mir Osman Ali Khanရဲ့အသက်ဟာ(၈၀)နှစ်အရွယ်ရှိပြီးသူနေထိုင်ရာ King Kothi နန်းတော်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ သူမိခင်မြှုပ်နှံထားရာ Masjid-e Judi မှာပဲ သဂြိုလ်ခဲ့ပါတယ်။ Hyderabad က King Kothi နန်းတော်မှာပြင်ဆင်ထားတဲ့ သူရဲ့ဈာပနအခမ်းအနားကိုမြင်ရဖို့ အိန္ဒိယနိုင်ငံတဝှမ်းကပြည်သူသန်းနဲ့ချီပြီး ရထားတွေကားတွေနဲ့လာရောက်ခဲ့ကြတာကြောင့် အလွန်ခမ်းနားတဲ့ ဈာပနအခမ်းအနားဖြစ်ခဲ့ပါတယ်။
ပြည်နယ်အစိုးရကလည်း Mir Osman Ali Khanရဲ့ နိုင်ငံတော်အပေါ် ပေးဆပ်မှုတွေအတွက် သူကိုသဂြိုလ်တဲ့နေ့မှာ ပြည်နယ်အတွင်းအစိုးရဌာနအားလုံးမှာရှိတဲ့နိုင်ငံတော်အလံကို တဝက်ချ၊ဝမ်းနည်းမှု အထိမ်းအမှတ်ပြုလုပ်ဂုဏ်ပြုပေးခဲ့ပါတယ်။ Mir Osman Ali Khan ရဲ့ မိသားစုဟာ နောက်ပိုင်းမှာတော့ အိန္ဒိယကိုစွန့်ခွာသွားခဲ့ပါ တော့တယ်။ လျို့ဝှက်သတင်းတွေမှာတော့ Mir Osman Ali Khan တို့မိသားစုတွေဟာ ဥရောပက တူရကီနိုင်ငံ ကိုပြောင်းရွေသွားတာဖြစ်ပြီး ယင်းကမြို့ရွာလေးတစ်မြို့မှာပဲ ယနေ့တိုင်မထင်မရှားဇာတ်မြုပ်နေ ထိုင်နေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။
—— —— ——–
(Zawgyi)
အိႏၵိယႏိုင္ငံရဲ႕ သမိုင္းတေလွ်ာက္ အခ်မ္းသာဆုံးပုဂၢိဳလ္
အိႏၵိယႏိုင္ငံရဲ႕ သမိုင္းတေလွ်ာက္ အခ်မ္းသာဆုံးပုဂၢိဳလ္ အျဖစ္ေက်ာ္ၾကားသူကေတာ့ Mir Osman Ali Khan ျဖစ္ပါတယ္။ သူဟာ Hyderabad ရဲ႕ Nizam (အုပ္ခ်ဳပ္သူ)တပါးျဖစ္ၿပီး ကမာၻအခ်မ္းသာဆုံးစာရင္းထိ ေအာင္ပါဝင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ၿဗိတိသွ် နာမည္ႀကီးသတင္းစာ independent ရဲ႕အဆို အရေတာ့ ဟိုက္ဒရာဘတ္ျပည္နယ္ ရဲ႕ေနာက္ဆုံး Nizam ျဖစ္တဲ့ Mir Osman Ali Khan ရဲ႕ ပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ(၂၃၆)ဘီလီလ်ံအထိေတာင္ရွိတယ္လို႔သိရပါတယ္။ ယင္းပမာဏဟာ ယေန႔ေခတ္ ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီးေတြထက္ေတာင္ပိုမ်ားေနတာပါ။ ဒီေနရာမွာမွ်ေဝေပးခ်င္တာကေတာ့ Mir Osman Ali Khan နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာအခ်က္အလက္အခ်ိဳ႕ျဖစ္ပါတယ္။
လြတ္လပ္ေရးရၿပီးခ်ိန္အထိ အိႏၵိယႏိုင္ငံဟာ ဌာေနအလိုက္တိုင္းရင္းသားျပည္နယ္ငယ္ေပါင္း (၅၆၅) ခုအထိကြဲျပားတည္ရွိေနခဲ့ပါတယ္။ Mir Osman Ali Khan ရဲ႕ Hyderabad ျပည္နယ္၊ Junagadh၊ Bhopal နဲ႔ Kashmir ျပည္နယ္ေတြကလြဲလို႔က်န္တဲ့ ျပည္နယ္အားလုံးကေတာ့ အိႏၵိယဖက္ဒေရးရွင္းႏိုင္ငံအျဖစ္ပူးေပါင္းရပ္တည္ဖို႔ဆႏၵရွိေနၾကပါတယ္။ Mir Osman Ali Khan နန္းစိုက္ရာ Hyderabad ျပည္နယ္ဟာဆိုရင္ Deccan လြင္ျပင္ေဒသမွာတည္ရွိၿပီး အလြန္ပင္ဥစၥာဓနေပါႂကြယ္ဝတဲ့ေဒသတခုအျဖစ္ရပ္တည္ေနပါတယ္။ Hyderabad ျပည္နယ္ရဲ႕အ႐ြယ္အစားဟာ ဥေရာပက အီတလီႏိုင္ငံရဲ႕အ႐ြယ္အစားတူညီေနၿပီး ေနာက္ဆုံးစိုးစံသူဟာ Mir Osman Ali Khan ျဖစ္ပါတယ္။ လက္ရွိကာလမွာလည္း Hyderabad ဟာ Telangana နဲ႔ Andhra Pradesh ရဲ႕ၿမိဳ႕ေတာ္အျဖစ္လည္းရွိေနဆဲပါ။
Mir Osman Ali Khan ဟာ Hyderabad ရဲ႕ေနာက္ဆုံး Nizam (ဘုရင္) ျဖစ္ၿပီး သူဟာ အသက္ (၂၅)ႏွစ္အ႐ြယ္(၁၉၁၁)ခုႏွစ္ကေန (၁၉၄၈)ခုႏွစ္ကာလအထိထီးနန္းစိုးစံခဲ့ပါတယ္။ ဒါေၾကာင့္ ကမာၻအခ်မ္းသာဆုံးစာရင္းဝင္ပုဂၢိဳလ္ႀကီးဟာဆိုရင္ ထီးနန္းစည္းစိမ္ကို (၃၇)ႏွစ္ေလာက္ၾကာေအာင္ Asfajahi မင္းဆက္ရဲ႕ေနာက္ဆုံး Nizam တစ္ေယာက္အျဖစ္ရပ္တည္ခဲ့ပါတယ္။ ၿဗိတိသွ်သတင္းစာ The independent ရဲ႕ေဖာ္ျပမႈအရ Hyderabadရဲ႕ Nizam ပိုင္ဆိုင္တဲ့ေငြေၾကးဟာ အေမရိကန္ေဒၚလာ(၂၃၆)ဘီလီလ်ံအထိ ရွိေနတယ္လို႔ျပဆိုထားတာေၾကာင့္ (၂၀၁၈)ခုႏွစ္ Forbes မဂၢဇင္းမွာပိုင္ဆိုင္မႈတန္ဖိုး အေမရိကန္ေဒၚလာ(၄၉)ဘီလီလ်ံနဲ႔ ကမာၻနံပါတ္(၁၉)အခ်မ္းသာဆုံးျဖစ္တဲ့အိႏၵိယသား Mukesh Ambani ထက္မ်ားစြာသာလြန္ေနတာကိုေတြ႕ရမွာျဖစ္သလို (၂၀၁၈)ခုႏွစ္ကပဲ ကမာၻအခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္ခဲ့တဲ့ Jeff Bezos ေတာင္စုစုေပါင္း ပိုင္ဆိုင္မႈတန္ဖိုးကအေမရိကန္ေဒၚလာသန္း(၁၁၂)သန္းသာရွိတာမို႔ Mir Osman Ali Khan နဲ႔ယွဥ္မယ္ဆိုရင္အေတာ္ကိုကြာေနတာကိုလည္းသတိျပဳမိၾကမွာျဖစ္ပါတယ္။
Mir Osman Ali Khanဟာဘယ္ေလာက္ႂကြယ္ဝတဲ့သူလည္းဆိုရင္ သူရဲ႕အမိန႔္ေတြ၊ျပန္ တမ္းေတြထုတ္ျပန္တဲ့စကၠဴစာ႐ြက္ေတြကိုေလတိုက္ရင္လႊင့္မသြားေစရန္ရည္႐ြယ္ၿပီး အေမရိကန္ေဒၚလာသန္း(၂၀၀) (အိႏၵိယႏိုင္ငံသုံး႐ူပီးေငြ ၁၃၄၀ crores) ေလာက္တန္ စိန္ တုံးေတြကိုဝယ္ၿပီး paperweight အျဖစ္အသုံးျပဳခဲ့ပါတယ္။
(၁၉၁၁)ခုႏွစ္မွာေတာ့ အိႏၵိယရဲ႕ Knight Grand Commander of the Star ဆိုတဲ့ဘြဲ႕ထူးကိုပိုင္ဆိုင္ခဲ့ပါတယ္။ ဒါအျပင္ (၁၉၁၇)ခုႏွစ္မွာလည္း အဂၤလိပ္ေတြကေပးအပ္တဲ့ Knight Grand Commander of the British Empire ဆုနဲ႔ (၁၉၄၆)ခုႏွစ္မွာ Royal Victoria Chain ဂုဏ္ျပဳဆုတံဆိပ္ေတြကိုလည္းပိုင္ဆိုင္ႏိုင္ခဲ့သူပါ။ သူအုပ္စိုးစဥ္(၃၇) ႏွစ္ကာလမွာ ေခတ္ေနာက္က်လြန္းတဲ့အိႏၵယျပည္သူေတြအတြက္ သိပၸံနဲ႔နည္းပညာ ဆိုင္ရာပညာရပ္ေတြနဲ႔မိတ္ဆက္ေပးႏိုင္ခဲ့ပါတယ္။ လွ်ပ္စစ္မီးသြယ္တန္းေရးေတြ၊မီးရထား၊ေလေၾကာင္းလမ္းနဲ႔ေခတ္မီလမ္းသစ္ႀကီးမ်ားစြာကိုဖြင့္လွစ္ေပးႏိုင္ခဲ့ပါတယ္။
Mir Osman Ali Khan တည္ေထာင္ေပးခဲ့တဲ့အရာေတြအနက္ Osmania University ၊ Osmania Hospital ၊ Hyderabab ျပည္နယ္ဘဏ္၊ Begumpet ေလဆိပ္ နဲ႔ Hyderabad ျပည္နယ္တရား႐ုံးလို ျပည္သူေတြရဲ႕လူေနမႈဘဝကိုတဆစ္ခ်ိဳးေျပာင္းလဲသြားေစတဲ့ အရာေတြပါဝင္တာကိုၾကည့္ျခင္းအားျဖင့္ သူရဲ႕ဉာဏ္ရည္၊ဉာဏ္ေသြးအေပၚ အကဲျဖတ္ႏိုင္ပါတယ္။ ဒါအျပင္ ၿမိဳ႕ေတာ္ Hyderabab ရဲ႕ေရႀကီးမႈဒဏ္ကိုကာကြယ္ေပးဖို႔ Osman Sagar နဲ႔ Himayat အမည္ရေရေလွာင္ကန္ႀကီး(၂)ကန္ကိုလည္းတည္ ေဆာက္ေပးခဲ့ပါေသးတယ္။
ဒါအျပင္(၁၉၆၅)ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံနဲ႔စစ္ေရးအားၿပိဳင္မႈေတြမွာ ေခတ္ေနာက္က်ေနတဲ့ အိႏၵိယစစ္တပ္ကိုလက္နက္တပ္ဆင္ဖို႔ အတြက္လည္း Mir Osman Ali Khan ဟာေ႐ႊတန္ခ်ိန္(၅၀၀၀) ကီလိုဂရမ္ကို ေထာက္ပံ့ကူညီေပးခဲ့ျပန္ပါတယ္။ ဒါဟာ မူလက အိႏၵိယဖက္ဒရယ္ ျပည္ေထာင္စုျဖစ္ခဲ့ရင္ တန္ခိုးအာဏာမ်ားစြာက်ဆင္းသြားမယ့္အေရးေၾကာင့္ ခါးခါးသီးသီး ျငင္းဆန္ခဲ့တဲ့ သက္ဦးဆံပိုင္ဘုရင္တစ္ပါးရဲ႕ ႏိုင္ငံေတာ္အေပၚေပးဆပ္မႈအျဖစ္သမိုင္းမွာ လူသိမ်ားထင္ရွားခဲ့ပါတယ္။
Mir Osman Ali Khan နဲ႔ ပတ္သက္ၿပီးထူးဆန္းတဲ့အခ်က္ကေတာ့ သူဟာ တခ်ုိ႕ေနရာေတြမွာေတာ့ အလြန္ေခြၽတာသူ ကပ္ေစးနည္းသူျဖစ္ပါသတဲ့။ သူသာအလိုရွိခဲ့ရင္ အရာတိုင္းကိုစိန္စီေ႐ႊခ်ထားႏိုင္သူျဖစ္ေပမယ့္ သာမန္ဦးထုပ္တစ္လုံးကိုပဲ(၃၅)ႏွစ္ေလာက္ စြဲစြဲၿမဲၿမဲေဆာင္းခဲ့ပါတယ္။ စားေသာက္တဲ့အခါမွာလည္းသံပန္းကန္ျပားနဲ႔သာ စားေသာက္ ေလ့ရွိကာေဈးအေပါဆုံးစီးကရက္ကိုေတာင္ ကိုယ္ဘာေနဝယ္တာမ်ိဳးသိပ္မလုပ္ဘဲ မိတ္ေဆြေတြဆီကေနပဲ ေတာင္းေသာက္ေလ့ရွိပါတယ္။ အံ့ၾသသင့္စရာေကာင္းေလာက္ ေအာင္ပဲ သူစီးကရက္မျဖစ္မေနဝယ္ခဲ့ရရင္ေတာင္ ဘူးလိုက္မဝယ္ပဲ တစ္လိပ္၊ႏွစ္လိပ္ ေလာက္သာဝယ္ယူေသာက္သုံးေလ့ရွိတဲ့အက်င့္ပါ။
အိႏၵိယႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္မွာေတာ့ Mir Osman Ali Khanဟာသူရဲ႕ထီးနန္းကို႐ုတ္သိမ္းၿပီး ျပည္ေထာင္စုနယ္ေျမအျဖစ္သတ္မွတ္ကာနန္းစြန႔္ခဲ့ပါတယ္။ သူထီးနန္းစြန႔္ခြာၿပီးခ်ိန္မွာေတာင္ Mir Osman Ali Khan မွာမိဖုရား(၉) ေယာက္၊အထိန္းေတာ္(၄၂) ေယာက္၊သားသမီး(၂၀၀)နဲ႔အေစခံ (၃၀၀) ေလာက္က်န္ေနခဲ့တယ္လို႔သိရပါတယ္။
Mir Osman Ali Khan ရဲ႕ Hyderabad ျပည္နယ္ဟာ အိႏၵိယႏိုင္ငံပိုင္နယ္ေျမျဖစ္သြားၿပီးေနာက္မွာေတာ့ ဘုရင္အာဏာအားလုံးကို စြန႔္လႊတ္လိုက္ရတာေၾကာင့္ သူတို႔မိသားစုအတြက္ဝင္ေငြဟာလည္းမရွိေတာ့ပါဘူး။(လစဥ္ရေနတဲ့အခြန္၊ဘ႑ာအားလုံးကိုစြန႔္လႊတ္လိုက္ရတာမ်ိဳးပါ)၊ သူအာဏာစြန႔္ၿပီး(၁၉၅၁)ခုႏွစ္မွာေတာ့ Nizam Orthopedic hospital (ယခု NIMS) ကိုစတင္တည္ေဆာက္ၿပီးအစိုးရထံကိုတစ္လကို Re .1 ႏႈန္းနဲ႔(၉၉)ႏွစ္တာအငွားနဲ႔ေပးအပ္ခဲ့ပါတယ္။ ဒါအျပင္သူပိုင္ဆိုင္တဲ့ေျမဧက (၁၄၀၀၀)ေလာက္ကိုလည္း ေျမယာမဲ့လယ္သမားေတြကိုေပးအပ္လႉဒါန္းခဲ့ပါတယ္။
Mir Osman Ali Khan ဟာ သူ႔မိသားစုနဲ႔အတူ King Kothi နန္းေတာ္မွာပဲဆက္လက္ေန ထိုင္ခဲ့ၿပီး (၁၉၆၇)ခုႏွစ္၊ေဖေဖာ္ဝါရီလ(၂၄)ရက္ေန႔၊ေသာၾကာေန႔မွာေတာ့ကြယ္လြန္ခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာေတာ့ Mir Osman Ali Khanရဲ႕အသက္ဟာ(၈၀)ႏွစ္အ႐ြယ္ရွိၿပီးသူေနထိုင္ရာ King Kothi နန္းေတာ္ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ သူမိခင္ျမႇဳပ္ႏွံထားရာ Masjid-e Judi မွာပဲ သၿဂိဳလ္ခဲ့ပါတယ္။ Hyderabad က King Kothi နန္းေတာ္မွာျပင္ဆင္ထားတဲ့ သူရဲ႕ဈာပနအခမ္းအနားကိုျမင္ရဖို႔ အိႏၵိယႏိုင္ငံတဝွမ္းကျပည္သူသန္းနဲ႔ခ်ီၿပီး ရထားေတြကားေတြနဲ႔လာေရာက္ခဲ့ၾကတာေၾကာင့္ အလြန္ခမ္းနားတဲ့ ဈာပနအခမ္းအနားျဖစ္ခဲ့ပါတယ္။
ျပည္နယ္အစိုးရကလည္း Mir Osman Ali Khanရဲ႕ႏိုင္ငံေတာ္အေပၚ ေပးဆပ္မႈေတြအတြက္ သူကိုသၿဂိဳလ္တဲ့ေန႔မွာ ျပည္နယ္အတြင္းအစိုးရဌာနအားလုံးမွာရွိတဲ့ႏိုင္ငံေတာ္အလံကို တဝက္ခ်၊ဝမ္းနည္းမႈ အထိမ္းအမွတ္ျပဳလုပ္ဂုဏ္ျပဳေပးခဲ့ပါတယ္။ Mir Osman Ali Khan ရဲ႕ မိသားစုဟာ ေနာက္ပိုင္းမွာေတာ့ အိႏၵိယကိုစြန႔္ခြာသြားခဲ့ပါ ေတာ့တယ္။ လ်ိဳ႕ဝွက္သတင္းေတြမွာေတာ့ Mir Osman Ali Khan တို႔မိသားစုေတြဟာ ဥေရာပက တူရကီႏိုင္ငံ ကိုေျပာင္းေ႐ြသြားတာျဖစ္ၿပီး ယင္းကၿမိဳ႕႐ြာေလးတစ္ၿမိဳ႕မွာပဲ ယေန႔တိုင္မထင္မရွားဇာတ္ျမဳပ္ေန ထိုင္ေနၾကဆဲျဖစ္တယ္လို႔ဆိုပါတယ္။
Discussion about this post